ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ ေလဆိပ္မ်ား၌ ျပည္ပခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ၁၄ ရက္ ရပ္ဆိုင္းမည္

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္အတြင္း ခရီးသြားမ်ားအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)

    ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မ်ား၌ မတ္လ ၃၀ရက္ ည ၁၂နာရီမွ စ၍ ဧၿပီ ၁၄ ရက္ ည ၁၂ နာရီထိ ၁၄ ရက္ၾကာ အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ေလဆိပ္အား စီမံခန႔္ခြဲဝန္ေဆာင္မႈ ေပးေနသာ Yangon Aerodrome Company Limited (YACL) ၏ ယေန႔ မတ္ ၂၉ ရက္ ညပိုင္းတြင္ ထုတ္ျပန္ေသာ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ ေလေၾကာင္းပို႔ေဆာင္ ေရးၫႊန္ၾကားမႈဦးစီးဌာနတို႔၏ ထုတ္ျပန္ခ်က္ႏွင့္အညီ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ႏွင့္ ျမန္မာႏိုင္ငံရွိ မည္သည့္ေလဆိပ္၌မဆို အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ကို ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

COVID-19 ေရာဂါျပန႔္ပြားမႈကာကြယ္ေရးႀကိဳတင္စီမံခ်က္အေနျဖင့္ ျမန္မာႏိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ ေလေၾကာင္းပို႔ေဆာင္ ေရးၫႊန္ၾကားမႈဦးစီးဌာနတို႔သည္ ယခင္က ဆင္းသက္ပ်ံသန္းခြင့္ျပဳထားေသာ ႏိုင္ငံတကာ ေလေၾကာင္းခရီးစဥ္မ်ားအားလုံးကို ဆိုင္းငံ့လိုက္ေၾကာင္း သိရသည္။

အဆိုပါ ယာယီဆိုင္းငံ့ခ်က္သည္ ကယ္ဆယ္ေရးေလယာဥ္မ်ား၊ ကုန္တင္ေလယာဥ္မ်ား၊ ေဆးဘက္ဆိုင္ရာ ကယ္ဆယ္ေရးေလယာဥ္မ်ားႏွင့္ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ အထူးခြင့္ျပဳမည့္ အထူးေလယာဥ္မ်ားအေပၚ သက္ေရာက္မႈ ရွိမည္ မဟုတ္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ေလယာဥ္မ်ားအေနျဖင့္ ညရပ္နားမႈမ်ားရွိခဲ့ပါက ထိုေလယာဥ္တြင္ လိုက္ပါလာေသာ ေလယာဥ္အမႈထမ္း၊ ဝန္ထမ္းမ်ားသည္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ သတ္မွတ္ခ်က္မ်ားႏွင့္ အညီ သီးသန႔္ေစာင့္ၾကည္မႈကို လိုက္နာရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ ျပည္တြင္းခရီးစဥ္ေတြေတာ့ ပုံမွန္အတိုင္းရွိေနမွာပါ၊ ျပည္ပေလေၾကာင္းေတြပဲ ယာယီရပ္နားလိုက္တာပါ” ဟု ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သည္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း ၃၇ ခု ႏွင့္ အျပည္ျပည္ဆိုင္ရာ ခရီးစဥ္ ၃၈ ခုအား ခ်ိတ္ဆက္ဝန္ေဆာင္မႈ ေပးလ်က္ရွိသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/26909-2020-03-29-13-50-33
---------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များ၌ ပြည်ပခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ၁၄ ရက် ရပ်ဆိုင်းမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ခရီးသွားများအားတွေ့ရစဉ်(ဆင်ဟွာ)

    ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတစ်ဝှမ်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ မတ်လ ၃၀ရက် ည ၁၂နာရီမှ စ၍ ဧပြီ ၁၄ ရက် ည ၁၂ နာရီထိ ၁၄ ရက်ကြာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ၏ ယနေ့ မတ် ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့်လေဆိပ်၌မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

COVID-19 ရောဂါပြန့်ပွားမှုကာကွယ်ရေးကြိုတင်စီမံချက်အနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့သည် ယခင်က ဆင်းသက်ပျံသန်းခွင့်ပြုထားသော နိုင်ငံတကာ လေကြောင်းခရီးစဉ်များအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

အဆိုပါ ယာယီဆိုင်းငံ့ချက်သည် ကယ်ဆယ်ရေးလေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထူးခွင့်ပြုမည့် အထူးလေယာဉ်များအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း သိရသည်။

သို့သော်လည်း လေယာဉ်များအနေဖြင့် ညရပ်နားမှုများရှိခဲ့ပါက ထိုလေယာဉ်တွင် လိုက်ပါလာသော လေယာဉ်အမှုထမ်း၊ ဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ သီးသန့်စောင့်ကြည်မှုကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ပြည်တွင်းခရီးစဉ်တွေတော့ ပုံမှန်အတိုင်းရှိနေမှာပါ၊ ပြည်ပလေကြောင်းတွေပဲ ယာယီရပ်နားလိုက်တာပါ” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၇ ခု နှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၈ ခုအား ချိတ်ဆက်ဝန်ဆောင်မှု ပေးလျက်ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/26909-2020-03-29-13-50-33
ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ ေလဆိပ္မ်ား၌ ျပည္ပခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ၁၄ ရက္ ရပ္ဆိုင္းမည္ ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ ေလဆိပ္မ်ား၌ ျပည္ပခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ ၁၄ ရက္ ရပ္ဆိုင္းမည္ Reviewed by THITHTOOLWIN on 05:23 Rating: 5
Powered by Blogger.