COVID-19 သက္ေရာက္မႈေၾကာင့္ ထိခိုက္မႈရွိေနေသာ စီးပြားေရးလုပ္ငန္းမ်ား မတ္ ၃၀ ရက္မွ စ၍ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ ေခ်းေငြေလွ်ာက္ထားႏိုင္

ကုန္သည္စက္မႈအသင္းခ်ဳပ္ ၏ ထုတ္ျပန္ခ်က္အား ေတြ႕ရစဥ္ (ဓာတ္ပုံ-- UMFCCI)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)

    COVID-19 သက္ေရာက္မႈေၾကာင့္ ထိခိုက္မႈရွိေနေသာ စီးပြားေရးလုပ္ငန္းမ်ားအား COVID-19 Fund မွထုတ္ေပးမည့္ေခ်းေငြမ်ား ကို မတ္၃၀ ရက္ မွ စတင္ေလွ်ာက္ထားႏိုင္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) က မတ္ ၂၉ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္သည္ Coronavirus Disease 2019 (COVID-19) ေၾကာင့္ျဖစ္ေပၚ လာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရႏွင့္ အတူ လက္တြဲပူးေပါင္းေဆာင္႐ြက္ကာ COVID-19 ေၾကာင့္ လတ္တေလာ စီးပြားေရး ထိခိုက္မႈ အမ်ားဆုံး ခံစားရသည့္လုပ္ငန္းက႑မ်ားအား COVID-19 Fund မွ ေခ်းေငြမ်ား ထုတ္ေခ်းေပးရာတြင္ ကူညီ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ပါရွိသည္။

အဆိုပါေခ်းေငြကို ဦးစားေပးကုစားရမည့္ က႑မ်ားတြင္အက်ဳံးဝင္သည့္ စီးပြားေရး လုပ္ငန္း မ်ားကို အတိုးႏႈန္း၁ရာခိုင္ႏႈန္း၊ ေခ်းေငြကာလတစ္ႏွစ္သတ္မွတ္၍ ေခ်းေငြ ထုတ္ေပး သြားမည္ျဖစ္ရာ ဉီးစားေပးကုစားရမည့္ က႑မ်ားရွိ ပူးတြဲပါအခ်က္မ်ားႏွင့္ ကိုက္ညီသည့္ စီးပြားေရးလုပ္ငန္းမ်ား အေနျဖင့္ ေခ်းေငြမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို၂၀၂၀ျပည့္ႏွစ္ မတ္၃၀ရက္ မွ ဧၿပီ၉ရက္ အတြင္း ေန႔စဥ္ နံနက္ ၀၉:၃၀ မွ ညေန ၀၄:၃၀ အခ်ိန္အတြင္း လက္ခံသြားမည္ျဖစ္ေၾကာင္း၊ ေနာက္ဆုံးသတ္မွတ္ရက္ ျဖစ္သည့္ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလ ၉ ရက္အထိေနာက္ဆုံးထား ေလွ်ာက္ထားရန္ လိုအပ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို ပူးတြဲပါ႐ုံးဌာနမ်ားႏွင့္Website အသီးသီးတြင္ ရယူႏိုင္ေၾကာင္း၊ သက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ား Link ႏွင့္ ေလွ်ာက္လႊာမ်ား ကို - https://bit.ly/3asoevU တြင္ရယူႏိုင္ေၾကာင္း၊ ေခ်းေငြေလွ်ာက္ထားျခင္းႏွင့္ပတ္သက္၍ အေသးစိတ္သိရွိလိုပါက၀၁ - ၂၃၀၂၄၈၅၊၀၁ - ၂၃၀၁၅၆၂covid-19@umfcci.com.mm ၊ www.umfcci.com.mm  ဆက္သြယ္ႏိုင္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲ တြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများ မတ် ၃၀ ရက်မှ စ၍ ကုန်သည်စက်မှုအသင်းချုပ်တွင် ချေးငွေလျှောက်ထားနိုင်

ကုန်သည်စက်မှုအသင်းချုပ် ၏ ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)
    ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

    COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများ ကို မတ်၃၀ ရက် မှ စတင်လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က မတ် ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်းကဏ္ဍများအား COVID-19 Fund မှ ချေးငွေများ ထုတ်ချေးပေးရာတွင် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင်အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်း များကို အတိုးနှုန်း၁ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေ ထုတ်ပေး သွားမည်ဖြစ်ရာ ဉီးစားပေးကုစားရမည့် ကဏ္ဍများရှိ ပူးတွဲပါအချက်များနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာများကို၂၀၂၀ပြည့်နှစ် မတ်၃၀ရက် မှ ဧပြီ၉ရက် အတွင်း နေ့စဉ် နံနက် ၀၉:၃၀ မှ ညနေ ၀၄:၃၀ အချိန်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်အထိနောက်ဆုံးထား လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

လျှောက်လွှာများကို ပူးတွဲပါရုံးဌာနများနှင့်Website အသီးသီးတွင် ရယူနိုင်ကြောင်း၊ သက်ဆိုင်ရာ စာရွက်စာတမ်းများ Link နှင့် လျှောက်လွှာများ ကို - https://bit.ly/3asoevU တွင်ရယူနိုင်ကြောင်း၊ ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက၀၁ - ၂၃၀၂၄၈၅၊၀၁ - ၂၃၀၁၅၆၂covid-19@umfcci.com.mm ၊ www.umfcci.com.mm  ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
COVID-19 သက္ေရာက္မႈေၾကာင့္ ထိခိုက္မႈရွိေနေသာ စီးပြားေရးလုပ္ငန္းမ်ား မတ္ ၃၀ ရက္မွ စ၍ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ ေခ်းေငြေလွ်ာက္ထားႏိုင္ COVID-19 သက္ေရာက္မႈေၾကာင့္ ထိခိုက္မႈရွိေနေသာ စီးပြားေရးလုပ္ငန္းမ်ား မတ္ ၃၀ ရက္မွ စ၍ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ ေခ်းေငြေလွ်ာက္ထားႏိုင္ Reviewed by THITHTOOLWIN on 05:19 Rating: 5
Powered by Blogger.