မေကြးတိုင္းေဒသႀကီး ပုသိမ္ - မုံ႐ြာကားလမ္းတြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္ ၂ ဦးေသ ၈ဦး ဒဏ္ရာရ

ပုသိမ္ - မုံ႐ြာကားလမ္းတြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္မႈအားေတြ႕ရစဥ္(MOI)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၁၂ ရက္ (ဆင္ဟြာ)

    မေကြးတိုင္းေဒသႀကီး ၊ ပြင့္ျဖဴၿမိဳ႕နယ္ ပုသိမ္ - မုံ႐ြာကားလမ္းတြင္ ယေန႔ (မတ္ ၁၂ ရက္)နံနက္ ၆ နာရီခန႔္တြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာလူ ၂ ဦးေသဆုံးၿပီး ၈ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ဆရာေတာ္တစ္ပါးႏွင့္ အမ်ိဳးသမီးတစ္ဦး အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ၿပီး က်န္ခရီးသည္(၈)ဦးတြင္ မစိုးရိမ္ရ ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။ယင္း  လင္ခ႐ူဇာအမ်ိဳးအစား ဘုရားဖူး ယာဥ္ေပၚတြင္ စစ္ကိုင္းၿမိဳ႕နယ္ ေညာင္ပင္ဝန္းေက်း႐ြာ မဟာဓမၼရံသီေက်ာက္တိုက္ ဆရာေတာ္ တစ္ပါး အပါအဝင္ (၁၀)ဦး လိုက္ပါစီးနင္းလာေၾကာင္း၊ အဆိုပါ ဘုရားဖူးယာဥ္သည္ ေ႐ႊစက္ေတာ္ဘုရားဖူးၿပီး ပုသိမ္ - မုံ႐ြာကားလမ္းအတိုင္း ေတာင္မွ ေျမာက္သို႔ ေမာင္းႏွင္လာစဥ္ ယာဥ္တိုက္ေလာ့ျပဳတ္ကာ လမ္းေဘးေခ်ာက္ထဲသို႔ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္ၿပီး ယာဥ္ေမာင္းအား မဆင္မျခင္ ေမာင္းႏွင္မူျဖင့္ပြင့္ျဖဴၿမိဳ႕နယ္ မဲဇလီနယ္ေျမရဲကင္းစခန္းမွ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
မကွေးတိုင်းဒေသကြီး ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက် ၂ ဦးသေ ၈ဦး ဒဏ်ရာရ

ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုအားတွေ့ရစဉ်(MOI)
    ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

    မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ယနေ့ (မတ် ၁၂ ရက်)နံနက် ၆ နာရီခန့်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာလူ ၂ ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဆရာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်ခရီးသည်(၈)ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ယင်း  လင်ခရူဇာအမျိုးအစား ဘုရားဖူး ယာဉ်ပေါ်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မဟာဓမ္မရံသီကျောက်တိုက် ဆရာတော် တစ်ပါး အပါအဝင် (၁၀)ဦး လိုက်ပါစီးနင်းလာကြောင်း၊ အဆိုပါ ဘုရားဖူးယာဉ်သည် ရွှေစက်တော်ဘုရားဖူးပြီး ပုသိမ် - မုံရွာကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် ယာဉ်တိုက်လော့ပြုတ်ကာ လမ်းဘေးချောက်ထဲသို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား မဆင်မခြင် မောင်းနှင်မူဖြင့်ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
မေကြးတိုင္းေဒသႀကီး ပုသိမ္ - မုံ႐ြာကားလမ္းတြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္ ၂ ဦးေသ ၈ဦး ဒဏ္ရာရ မေကြးတိုင္းေဒသႀကီး ပုသိမ္ - မုံ႐ြာကားလမ္းတြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာက္ ၂ ဦးေသ ၈ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.