ႏွစ္ သန္း ၁၀၀ ေက်ာ္က ဒိုင္ႏိုေဆာငွက္ ႐ုပ္ၾကြင္း ျမန္မာ႔ပယင္း ထဲေတြ႔႐ွိ


(Zawgyi/Unicode)

သက္တမ္း သန္း ၁၀၀ ေက်ာ္ရွိၿပီလုိ႔ ခန္႔မွန္းရတဲ့ ပ်ံသန္းႏုိင္တဲ့ အေသးငယ္ဆုံး ဒုိင္ႏုိေဆာတေကာင္ကုိ ျမန္မာႏုိင္ငံမွာ ေတြ႔ရွိတဲ့ ပယင္းထဲမွာ မူရင္းပုံစံမပ်က္ ရွိေနတာကုိ သိပၸံပညာရွင္ေတြ ရွာေဖြ ေတြ႔ရွိ ခဲ့ၾကပါတယ္။ အဲဒီ ဒုိင္ႏုိေဆာဟာ ကမၻာ့အေသးဆုံးငွက္တေကာင္ထက္ေတာင္ ေသးငယ္ၿပီး T-Rex လုိ႔ေခၚတဲ့ ဒုိင္ႏုိေဆာအမ်ဳိးအစားထက္ေတာင္ သက္တမ္းပုိရင့္တယ္လုိ႔ ဆုိပါတယ္။

Oculudentavis khaungraae လုိ႔ေခၚတဲ့ အဲဒီ ဒုိင္ႏုိေဆာရဲ႕ ဦးေခါင္းကုိ ျမန္မာႏုိင္ငံမွာေတြ႔တဲ့ ပယင္းထဲမွာ ေကာင္းမြန္စြာ ေတြ႔ရွိခဲ့တာေၾကာင့္ အဲဒီသတၱ၀ါဟာ ဘယ္လုိပုံစံျဖစ္မယ္ဆုိတာကုိ သုေတသီေတြ ရွင္းလင္းစြာ ခန္႔မွန္း တြက္ဆၾကည့္လုိ႔ရႏုိင္တယ္လုိ႔ ဆုိပါတယ္။

သူ႔အေနနဲ႔ အဲဒီ ပယင္းထဲကအေကာင္ကုိ စေတြ႔လုိက္ရတဲ့အခ်ိန္မွာ အလြန္အမင္း အံ့အားသင့္ သြားခဲ့တယ္လုိ႔ တရုတ္သိပၸံအကယ္ဒမီက ေက်ာက္ျဖစ္ရုပ္ႂကြင္းပညာရွင္လည္းျဖစ္၊ Nature ဂ်ာနယ္မွာ ဒီရွာေဖြေတြ႔ရွိမႈအေၾကာင္း ေရးသားခဲ့တဲ့ အဖြဲ႔ေခါင္းေဆာင္လည္းျဖစ္တဲ့ Jingmai O’Connor က ေျပာပါတယ္။

အခုေတြ႔ရွိတဲ့ ဒုိင္ႏုိေဆာငယ္ရဲ႕ဦးေခါင္းဟာ ၇.၁ မီလီမီတာသာ ရွည္လ်ားတာေၾကာင့္ ဒါဟာ ရွာေဖြေတြ႔ရွိၿပီးသမွ် ဒုိင္ႏုိေဆာေတြထဲမွာ အေသးငယ္ဆုံးျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဒီဒုိင္ႏုိေဆာရဲ႕ အရြယ္အစားဟာ လက္ရွိမွာ အေသးငယ္ဆုံးငွက္ျဖစ္တဲ့ ၀တ္ေရစုပ္ငွက္ေလာက္ဘဲ ရွိမယ္လုိ႔ ဆုိပါတယ္။

သန္း ၉၉ ႏွစ္သက္တမ္း ေရ သတၱ၀ါ ရုပ္ၾကြင္းကခ်င္ျပည္နယ္မွာ ေတြ႔ရွိတဲ့သတင္းကိုလည္း ဖတ္ရႈႏိုင္ပါၿပီ။

အရြယ္အစားအားျဖင့္ ေသးငယ္တယ္ဆုိေပမယ့္လည္း အဲဒီ ဒုိင္ႏုိေဆာဟာ သူ႔ရဲ႕ ခၽြန္ထက္တဲ့ သြားေတြ၊ ႀကီးမားတဲ့ မ်က္လုံးေတြကုိ အသုံးျပဳၿပီး ပုိးမႊားေတြကုိ လုိက္လံ ဖမ္းစားခဲ့ပုံရတယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ ဒီ ဒုိင္ႏုိေဆာငွက္ကုိ ဒုိင္ႏုိေဆာလုိ႔ သတ္မွတ္မလား၊ ဒါမွမဟုတ္ ငွက္တေကာင္အျဖစ္ သတ္မွတ္ရမလားဆုိတာေတာ့ မကြဲျပားဘူးလုိ႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

...................

နှစ် သန်း ၁၀၀ ကျော်က ဒိုင်နိုဆောငှက် ရုပ်ကြွင်း မြန်မာ့ပယင်း ထဲတွေ့ရှိ

(Unicode)

သက်တမ်း သန်း ၁၀၀ ကျော်ရှိပြီလို့ ခန့်မှန်းရတဲ့ ပျံသန်းနိုင်တဲ့ အသေးငယ်ဆုံး ဒိုင်နိုဆောတကောင်ကို မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ပယင်းထဲမှာ မူရင်းပုံစံမပျက် ရှိနေတာကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ အဲဒီ ဒိုင်နိုဆောဟာ ကမ္ဘာ့အသေးဆုံးငှက်တကောင်ထက်တောင် သေးငယ်ပြီး T-Rex လို့ခေါ်တဲ့ ဒိုင်နိုဆောအမျိုးအစားထက်တောင် သက်တမ်းပိုရင့်တယ်လို့ ဆိုပါတယ်။

Oculudentavis khaungraae လို့ခေါ်တဲ့ အဲဒီ ဒိုင်နိုဆောရဲ့ ဦးခေါင်းကို မြန်မာနိုင်ငံမှာတွေ့တဲ့ ပယင်းထဲမှာ ကောင်းမွန်စွာ တွေ့ရှိခဲ့တာကြောင့် အဲဒီသတ္တဝါဟာ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို သုတေသီတွေ ရှင်းလင်းစွာ ခန့်မှန်း တွက်ဆကြည့်လို့ရနိုင်တယ်လို့ ဆိုပါတယ်။

သန်း ၉၉ နှစ်သက်တမ်း ရေ သတ္တဝါ ရုပ်ကြွင်းကချင်ပြည်နယ်မှာ တွေ့ရှိတဲ့သတင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။

သူ့အနေနဲ့ အဲဒီ ပယင်းထဲကအကောင်ကို စတွေ့လိုက်ရတဲ့အချိန်မှာ အလွန်အမင်း အံ့အားသင့် သွားခဲ့တယ်လို့ တရုတ်သိပ္ပံအကယ်ဒမီက ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်လည်းဖြစ်၊ Nature ဂျာနယ်မှာ ဒီရှာဖွေတွေ့ရှိမှုအကြောင်း ရေးသားခဲ့တဲ့ အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ Jingmai O’Connor က ပြောပါတယ်။

အခုတွေ့ရှိတဲ့ ဒိုင်နိုဆောငယ်ရဲ့ဦးခေါင်းဟာ ၇.၁ မီလီမီတာသာ ရှည်လျားတာကြောင့် ဒါဟာ ရှာဖွေတွေ့ရှိပြီးသမျှ ဒိုင်နိုဆောတွေထဲမှာ အသေးငယ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဒိုင်နိုဆောရဲ့ အရွယ်အစားဟာ လက်ရှိမှာ အသေးငယ်ဆုံးငှက်ဖြစ်တဲ့ ဝတ်ရေစုပ်ငှက်လောက်ဘဲ ရှိမယ်လို့ ဆိုပါတယ်။

အရွယ်အစားအားဖြင့် သေးငယ်တယ်ဆိုပေမယ့်လည်း အဲဒီ ဒိုင်နိုဆောဟာ သူ့ရဲ့ ချွန်ထက်တဲ့ သွားတွေ၊ ကြီးမားတဲ့ မျက်လုံးတွေကို အသုံးပြုပြီး ပိုးမွှားတွေကို လိုက်လံ ဖမ်းစားခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ ဒိုင်နိုဆောငှက်ကို ဒိုင်နိုဆောလို့ သတ်မှတ်မလား၊ ဒါမှမဟုတ် ငှက်တကောင်အဖြစ် သတ်မှတ်ရမလားဆိုတာတော့ မကွဲပြားဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ႏွစ္ သန္း ၁၀၀ ေက်ာ္က ဒိုင္ႏိုေဆာငွက္ ႐ုပ္ၾကြင္း ျမန္မာ႔ပယင္း ထဲေတြ႔႐ွိ ႏွစ္ သန္း ၁၀၀ ေက်ာ္က ဒိုင္ႏိုေဆာငွက္ ႐ုပ္ၾကြင္း ျမန္မာ႔ပယင္း ထဲေတြ႔႐ွိ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.