ေနျပည္ေတာ္ စားေသာက္ဆိုင္အားလုံး ထုတ္ပိုးသယ္ယူစနစ္နဲ႔သာ ေရာင္းခြင့္ျပဳ


ကမာၻတဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္ပြားကတည္းက ျမန္မာအစိုးရအေနနဲ႔ တုံ႔ျပန္မႈေႏွးေကြးတယ္လို႔ ေဝဝဖန္ခံခဲ့ရပါတယ္။ ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူေတြ ေတြ႕ရွိလာရအၿပီးမွာေတာ့  ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္း ကူးစက္ျပန႔္ပြားမႈမရွိေအာင္  စားေသာက္ဆိုင္အားလုံး ဆိုင္မွာစားသုံးခြင့္မျပဳဖို႔၊  အိမ္သယ္ ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်ဖို႔နဲ႔ မတ္လ ၂၆ ရက္ မေန႔က ရက္စြဲနဲ႔ ေနျပည္ေတာ္ ေကာင္စီက အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

ေနျပည္ေတာ္ေကာင္စီ ၫႊန္ၾကားေရးမႉး ဦးထြန္းထြန္းဝင္းက ထုတ္ျပန္ခ်က္ မလိုက္နာရင္ အေရးယူမယ္လို႔ ေျပာပါတယ္။

“ဒါက မေန႔ကေတာ့ ထြက္ထားၿပီေလ။ ၿမိဳ႕နယ္ေတြ၊ ခ႐ိုင္ေတြ၊ စည္ပင္တို႔က ဆက္ၿပီး ေအာက္ေျခအထိ ၫႊန္ၾကားမွာေပါ့ဗ်ာ။ ပါဆယ္စနစ္နဲ႔ စားေသာက္ဆိုင္ေတြ အမိန႔္ထုတ္ထားၿပီးသားပဲေလ ဟုတ္ၿပီလား။ ဒါကိုေတာ့ လိုက္နာဖို႔လိုတာေပါ့ဗ်ာ”

ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ပါဝင္တဲ့ ဥပေဒနဲ႔အညီ ထိေရာက္စြာ အေရးယူမယ္လို႔ ပါဝင္ၿပီး ဘယ္လိုအေရးယူ မလဲလို႔ RFA က ေမးျမန္းခ်က္ကိုေတာ့ ဦးထြန္းထြန္းဝင္းက ေျဖၾကားတာ မရွိပါဘူး။

ဘာသာေရး၊ လူမႈေရး ပြဲလမ္းသဘင္ အခမ္းအနားေတြကို ေ႐ႊ႕ဆိုင္းဖို႔ ေနျပည္ေတာ္ေကာင္စီက မတ္လ ၁၈ ရက္ေန႔ ရက္စြဲနဲ႔ အမိန႔္ေၾကညာခ်က္ ထုတ္ျပန္ခဲ့ေပမယ့္ အလႉ၊ မဂၤလာေဆာင္၊ ပြဲလမ္းအခမ္းအနားေတြ က်င္းပတာကို ေတြ႕ေနေသးတဲ့အတြက္ လိုက္နာမႈမရွိသူေတြကို အေရးယူဖို႔လည္း ၫႊန္ၾကားခ်က္မွာ ပါဝင္ပါတယ္။ ဒီေၾကညာ ခ်က္နဲ႔ ပိတ္ပင္မႈဟာ ဘယ္အခ်ိန္ကာလအထိ ၾကာမလဲဆိုတာေတြ ေဖာ္ျပမထားပါဘူး။

ေနျပည္ေတာ္ ဇမၺဴသီရီၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္မွာရွိတဲ့ ဧရာဝတီလမ္းေပၚက စားေသာက္ဆိုင္၊ ဘီယာဆိုင္ ေတြ အားလုံးနီးပါးလည္း ဒီေန႔ကစလို႔ ပါဆယ္စနစ္နဲ႔သာ ေရာင္းခ်တာကို ေတြ႕ရပါတယ္။ Mr . BBQ စားေသာက္ ဆိုင္က တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ကိုသီဟက ေရာင္းအား ေလးပုံတစ္ပုံခန႔္အထိ က်ဆင္းသြားတယ္လို႔ ေျပာပါတယ္။

“ဒီေတာ္ေတာ္မ်ားမ်ားပဲ ပိတ္သြားၾကၿပီ။ ပါဆယ္ေတာ့ ထုတ္ခြင့္ရွိတယ္။ ေတာ္ေတာ္မ်ားမ်ားဆိုတာ အကုန္လုံးနီးပါးပါပဲ။ စာထုတ္လိုက္ၿပီးေတာ့ မပိတ္လို႔က အဆင္မေျပေတာ့ဘူး။ ပါဆယ္ေလာက္ပဲဗ်။ ဒီအထဲမွာ ဧည့္သည္ကို အလာမခံေတာ့တာ။ ဒီထဲကလူကလည္း အျပင္ထြက္ခြင့္ မေပးေတာ့ဘူး။ ထိခိုက္ပါတယ္။ ထိခိုက္တယ္ဆိုတာက ပါဆယ္က်ေတာ့ ေတာ္ေတာ္မ်ားမ်ားက မလာၾကေတာ့ဘူး။ ကိုယ့္ဟာကို အိမ္မွာပဲေနၾကတာဆိုေတာ့။ လာႏႈန္းက နည္းသြားၿပီ။ နည္းသြားတဲ့အတြက္ ၂၅% ေလာက္ပဲ ေရာင္းရတယ္ ပုံမွန္ေရာင္းေၾကးထက္ေလ”

ေမာခမ္းႏြမ္ (၂ ) စားေသာက္ဆိုင္က မန္ေနဂ်ာ ကိုသန႔္ဇင္ဝင္းက ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ အျပည့္အဝ လိုက္နာမယ္လို႔ ေျပာပါတယ္။

“က်ေတာ္တို႔ကေတာ့ မေရာက္ခင္ကလည္း က်န္းမာေရးဌာနက ၫႊန္ၾကားထားတဲ့ ၫႊန္ၾကားခ်က္ေတြ အတိုင္းပဲ က်ေတာ္တို႔ဆီမွာ Covid 19 ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ ေလးေတြေတာ့ ဝန္ထမ္းမွာေရာ၊ ဧည့္သည္အတြက္ေရာ ဆိုင္တြင္းမွာေရာ လုပ္ေဆာင္ထားတာေတြ ရွိပါတယ္။ တကယ္လို႔ ဒီေဒသႏၲရ အမိန႔္ကို ရခဲ့မယ္ဆိုရင္ အျပည့္အ၀ လိုက္နာသြားမွာပါ။ အခုအေနအထားမွာလည္း က်ေနတယ္။ အဲလို အေနအထားမွာလည္း ပိုၿပီးက်မယ္လို႔ေတာ့ က်ေတာ္ေတာ့ ယူဆပါတယ္”

သေျပကုန္းေဈးအနီးမွာ ဖြင့္လွစ္ထားတဲ့ Excellent လက္ဖက္ရည္ဆိုင္က မန္ေနဂ်ာ ကိုသက္ခိုင္ဦးကေတာ့ ဆိုင္ခြဲေတြကိုပါ တစ္လဝန္းက်င္ ပိတ္သြားမယ္လို႔ ေျပာပါတယ္။

“က်ေတာ္တို႔ဆီေတာ့ အဲစာ႐ြက္ေတြက မေရာက္ေသးဘူးဗ်။ ဒါေပမဲ့ က်ေတာ္တို႔ကေတာ့ လကုန္ရင္ ပိတ္မယ္။ တစ္ရက္ေန႔ကစၿပီး ပိတ္မွာေပါ့။ အခု ဧရာဝတီလမ္းမေပၚမွာရွိတဲ့ ဆိုင္လည္း ပိတ္လိုက္ၿပီေပါ့ စားေသာက္ဆိုင္က။ ဆိုင္ခြဲေတြက ပ်ဥ္းမနားမွာလည္းရွိတယ္။ လယ္ေဝးမွာလည္းရွိတယ္။ ဧရာဝတီ လမ္းမေပၚက ဆိုင္ကေတာ့ ပိတ္လိုက္ၿပီ။ က်န္တဲ့ဆိုင္ေတြက လကုန္ တစ္ရက္ေန႔ စပိတ္မယ္။ တစ္လ ေလာက္ေတာ့ ပိတ္ဖို႔ရည္႐ြယ္ထားတယ္”

ဒီၫႊန္ၾကားခ်က္က ဆိုင္ကို ေရာက္မလာေသးလို႔ အတိအက် မသိေသးေပမယ့္ ဆိုင္မွာ မထိုင္ေတာ့ဘဲ ပါဆယ္ဆြဲတဲ့သူေတြေတာ့ ရွိသူေနၿပီ ကိုသက္ခိုင္ဦးက ေျပာပါတယ္။

စားေသာက္ဆိုင္နဲ႔ လက္ဖက္ရည္ဆိုင္တခ်ိဳ႕မွာ ဝန္ထမ္းေတြ အိမ္ျပန္ခ်င္ရင္ ျပန္ခြင့္ျပဳထားၿပီး ဆိုင္မွာပဲ ေနခ်င္တယ္ဆိုရင္လည္း ေနထိုင္ခြင့္ေပးထားတယ္လို႔ သိရပါတယ္။

အလားတူ မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာဇံၿမိဳ႕နယ္၊ မဟာေဇယ်ာဘုံ ရပ္ကြက္မွာရွိတဲ့ စားသုံးဆိုင္ေတြ၊ လက္ဖက္ရည္ ဆိုင္ေတြနဲ႔ ေခါက္ဆြဲဆိုင္အားလုံးမွာ ဆိုင္ထိုင္မဟုတ္ဘဲ ပါဆယ္စနစ္နဲ႔သာေရာင္းခ်ဖို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက မတ္လ ၂၄ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

မတ္လ ၂၆ ရက္ေန႔ ညပိုင္းအထိ ဓာတ္ခြဲစစ္ေဆးမႈအေျဖအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ေနာက္ထပ္ႏွစ္ဦး ေတြ႕ရွိတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕သူ ငါးဦး ရွိပါတယ္။

ေနျပည္ေတာ္က ေဆး႐ုံေတြမွာလည္း ထိုင္းႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံ အပါအဝင္ ျပည္ပႏိုင္ငံေတြက ျပန္လာ ၁ဝ၂ ဦးကို သီးသန႔္ခြဲထားၿပီး ေစာင့္ၾကည့္ေနတယ္လို႔ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ေရး လူမႈဝန္ထမ္းအဖြဲ႕ (NCVT) က  RFA ကို မတ္လ ၂၆ ရက္ေန႔က ေျပာထားပါတယ္။

သီဟထြန္း
RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-naypyitaw-03272020072315.html

------------------------------------------------------

နေပြည်တော် စားသောက်ဆိုင်အားလုံး ထုတ်ပိုးသယ်ယူစနစ်နဲ့သာ ရောင်းခွင့်ပြု

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ပွားကတည်းက မြန်မာအစိုးရအနေနဲ့ တုံ့ပြန်မှုနှေးကွေးတယ်လို့ ဝေဝဖန်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတွေ တွေ့ရှိလာရအပြီးမှာတော့  နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကူးစက်ပြန့်ပွားမှုမရှိအောင်  စားသောက်ဆိုင်အားလုံး ဆိုင်မှာစားသုံးခွင့်မပြုဖို့၊  အိမ်သယ် ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့နဲ့ မတ်လ ၂၆ ရက် မနေ့က ရက်စွဲနဲ့ နေပြည်တော် ကောင်စီက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ထုတ်ပြန်ချက် မလိုက်နာရင် အရေးယူမယ်လို့ ပြောပါတယ်။

“ဒါက မနေ့ကတော့ ထွက်ထားပြီလေ။ မြို့နယ်တွေ၊ ခရိုင်တွေ၊ စည်ပင်တို့က ဆက်ပြီး အောက်ခြေအထိ ညွှန်ကြားမှာပေါ့ဗျာ။ ပါဆယ်စနစ်နဲ့ စားသောက်ဆိုင်တွေ အမိန့်ထုတ်ထားပြီးသားပဲလေ ဟုတ်ပြီလား။ ဒါကိုတော့ လိုက်နာဖို့လိုတာပေါ့ဗျာ”

ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူမယ်လို့ ပါဝင်ပြီး ဘယ်လိုအရေးယူ မလဲလို့ RFA က မေးမြန်းချက်ကိုတော့ ဦးထွန်းထွန်းဝင်းက ဖြေကြားတာ မရှိပါဘူး။

ဘာသာရေး၊ လူမှုရေး ပွဲလမ်းသဘင် အခမ်းအနားတွေကို ရွှေ့ဆိုင်းဖို့ နေပြည်တော်ကောင်စီက မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းအခမ်းအနားတွေ ကျင်းပတာကို တွေ့နေသေးတဲ့အတွက် လိုက်နာမှုမရှိသူတွေကို အရေးယူဖို့လည်း ညွှန်ကြားချက်မှာ ပါဝင်ပါတယ်။ ဒီကြေညာ ချက်နဲ့ ပိတ်ပင်မှုဟာ ဘယ်အချိန်ကာလအထိ ကြာမလဲဆိုတာတွေ ဖော်ပြမထားပါဘူး။

နေပြည်တော် ဇမ္ဗူသီရီမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာရှိတဲ့ ဧရာဝတီလမ်းပေါ်က စားသောက်ဆိုင်၊ ဘီယာဆိုင် တွေ အားလုံးနီးပါးလည်း ဒီနေ့ကစလို့ ပါဆယ်စနစ်နဲ့သာ ရောင်းချတာကို တွေ့ရပါတယ်။ Mr . BBQ စားသောက် ဆိုင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသီဟက ရောင်းအား လေးပုံတစ်ပုံခန့်အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။

“ဒီတော်တော်များများပဲ ပိတ်သွားကြပြီ။ ပါဆယ်တော့ ထုတ်ခွင့်ရှိတယ်။ တော်တော်များများဆိုတာ အကုန်လုံးနီးပါးပါပဲ။ စာထုတ်လိုက်ပြီးတော့ မပိတ်လို့က အဆင်မပြေတော့ဘူး။ ပါဆယ်လောက်ပဲဗျ။ ဒီအထဲမှာ ဧည့်သည်ကို အလာမခံတော့တာ။ ဒီထဲကလူကလည်း အပြင်ထွက်ခွင့် မပေးတော့ဘူး။ ထိခိုက်ပါတယ်။ ထိခိုက်တယ်ဆိုတာက ပါဆယ်ကျတော့ တော်တော်များများက မလာကြတော့ဘူး။ ကိုယ့်ဟာကို အိမ်မှာပဲနေကြတာဆိုတော့။ လာနှုန်းက နည်းသွားပြီ။ နည်းသွားတဲ့အတွက် ၂၅% လောက်ပဲ ရောင်းရတယ် ပုံမှန်ရောင်းကြေးထက်လေ”

မောခမ်းနွမ် (၂ ) စားသောက်ဆိုင်က မန်နေဂျာ ကိုသန့်ဇင်ဝင်းက ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အပြည့်အဝ လိုက်နာမယ်လို့ ပြောပါတယ်။

“ကျတော်တို့ကတော့ မရောက်ခင်ကလည်း ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေ အတိုင်းပဲ ကျတော်တို့ဆီမှာ Covid 19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် လေးတွေတော့ ဝန်ထမ်းမှာရော၊ ဧည့်သည်အတွက်ရော ဆိုင်တွင်းမှာရော လုပ်ဆောင်ထားတာတွေ ရှိပါတယ်။ တကယ်လို့ ဒီဒေသန္တရ အမိန့်ကို ရခဲ့မယ်ဆိုရင် အပြည့်အ၀ လိုက်နာသွားမှာပါ။ အခုအနေအထားမှာလည်း ကျနေတယ်။ အဲလို အနေအထားမှာလည်း ပိုပြီးကျမယ်လို့တော့ ကျတော်တော့ ယူဆပါတယ်”

သပြေကုန်းဈေးအနီးမှာ ဖွင့်လှစ်ထားတဲ့ Excellent လက်ဖက်ရည်ဆိုင်က မန်နေဂျာ ကိုသက်ခိုင်ဦးကတော့ ဆိုင်ခွဲတွေကိုပါ တစ်လဝန်းကျင် ပိတ်သွားမယ်လို့ ပြောပါတယ်။

“ကျတော်တို့ဆီတော့ အဲစာရွက်တွေက မရောက်သေးဘူးဗျ။ ဒါပေမဲ့ ကျတော်တို့ကတော့ လကုန်ရင် ပိတ်မယ်။ တစ်ရက်နေ့ကစပြီး ပိတ်မှာပေါ့။ အခု ဧရာဝတီလမ်းမပေါ်မှာရှိတဲ့ ဆိုင်လည်း ပိတ်လိုက်ပြီပေါ့ စားသောက်ဆိုင်က။ ဆိုင်ခွဲတွေက ပျဉ်းမနားမှာလည်းရှိတယ်။ လယ်ဝေးမှာလည်းရှိတယ်။ ဧရာဝတီ လမ်းမပေါ်က ဆိုင်ကတော့ ပိတ်လိုက်ပြီ။ ကျန်တဲ့ဆိုင်တွေက လကုန် တစ်ရက်နေ့ စပိတ်မယ်။ တစ်လ လောက်တော့ ပိတ်ဖို့ရည်ရွယ်ထားတယ်”

ဒီညွှန်ကြားချက်က ဆိုင်ကို ရောက်မလာသေးလို့ အတိအကျ မသိသေးပေမယ့် ဆိုင်မှာ မထိုင်တော့ဘဲ ပါဆယ်ဆွဲတဲ့သူတွေတော့ ရှိသူနေပြီ ကိုသက်ခိုင်ဦးက ပြောပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တချို့မှာ ဝန်ထမ်းတွေ အိမ်ပြန်ချင်ရင် ပြန်ခွင့်ပြုထားပြီး ဆိုင်မှာပဲ နေချင်တယ်ဆိုရင်လည်း နေထိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်မှာရှိတဲ့ စားသုံးဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေနဲ့ ခေါက်ဆွဲဆိုင်အားလုံးမှာ ဆိုင်ထိုင်မဟုတ်ဘဲ ပါဆယ်စနစ်နဲ့သာရောင်းချဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မတ်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့သူ ငါးဦး ရှိပါတယ်။

နေပြည်တော်က ဆေးရုံတွေမှာလည်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေက ပြန်လာ ၁ဝ၂ ဦးကို သီးသန့်ခွဲထားပြီး စောင့်ကြည့်နေတယ်လို့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရေး လူမှုဝန်ထမ်းအဖွဲ့ (NCVT) က  RFA ကို မတ်လ ၂၆ ရက်နေ့က ပြောထားပါတယ်။

သီဟထွန်း
RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-naypyitaw-03272020072315.html
ေနျပည္ေတာ္ စားေသာက္ဆိုင္အားလုံး ထုတ္ပိုးသယ္ယူစနစ္နဲ႔သာ ေရာင္းခြင့္ျပဳ ေနျပည္ေတာ္ စားေသာက္ဆိုင္အားလုံး ထုတ္ပိုးသယ္ယူစနစ္နဲ႔သာ ေရာင္းခြင့္ျပဳ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.