COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
(၂၈-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၀၀:၁၅) နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၂၇-၃-၂၀၂၀) ရက္ေန႔၊ ည (၁၁:၀၀) နာရီ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြားအလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ လူနာ(၆၂)ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာ လူနာ (၃) ဦး၏ ဓာတ္ခြဲအေျဖ မ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၅၉) ဦး၏ ဓာတ္ခြဲအေျဖမ်ား တြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၂။ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္မွ အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦး သည္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (Case -03) ႏွင့္အတူ ဘာေဘးဒိုးႏိုင္ငံ၊ အဂၤလန္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔မွ (၂၁-၃-၂၀၂၀) ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိ လာေၾကာင္းသိရွိရသျဖင့္ ၎အား ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ (၂၆-၃-၂၀၂၀) ရက္ေန႔မွ စ၍ အသြားအလာတားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈခဲ့ပါသည္။ အဆိုပါလူနာထံမွ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္ ၿမိဳ႕) သို႔ေပးပို႔စစ္ေဆးခဲ့ရာ (၂၇-၃-၂၀၂၀) ရက္ေန႔တြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရပါသည္။


၃။ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ေန အသက္ (၆၀) ႏွစ္အ႐ြယ္ ဧည့္လမ္းၫႊန္ အမ်ိဳးသမီးတစ္ဦးသည္ (၂၅-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ေခ်ာင္းဆိုးျခင္း၊ အန္ျခင္း လကၡဏာ မ်ားျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔(၂၆-၃-၂၀၂၀)ရက္ေန႔တြင္ လာေရာက္ျပသခဲ့ရာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါလကၡဏာမ်ားေတြ႕ရွိရသျဖင့္ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခား ထားရွိၿပီး အထူးၾကပ္မတ္ကုသေပးလ်က္ရွိပါသည္။ ၎မွာ ျပည္ပႏိုင္ငံမ်ားသို႔ လြန္ခဲ့ေသာ (၁၄) ရက္အတြင္း ခရီးသြားရာဇဝင္မရွိေသာ္လည္း ျပင္သစ္ႏိုင္ငံသား ခရီးသြားမ်ားႏွင့္အတူ ဧည့္လမ္းၫႊန္အျဖစ္ ခရီးသြားခဲ့ေၾကာင္းသိရွိရပါသည္။ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ အဆိုပါ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ရာ (၂၇-၃-၂၀၂၀) ရက္ေန႔တြင္ ထုတ္ျပန္သည့္ ဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရပါသည္။

၄။ ေနျပည္ေတာ္မွ အသက္(၅၈)ႏွစ္အ႐ြယ္ ဆြစ္ဇာလန္ႏိုင္ငံသူ အမ်ိဳးသမီးသည္ (၁၇-၃-၂၀၂၀) ရက္ေန႔တြင္ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွ ဘန္ေကာက္ၿမိဳ႕မွတစ္ဆင့္ (၁၈-၃-၂၀၂၀) ရက္ေန႔တြင္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိခဲ့ၿပီး ဟိုတယ္တစ္ခုတြင္ သီးျခားေနထိုင္၍ Hotel Quarantine ေဆာင္႐ြက္စဥ္ (၂၂-၃-၂၀၂၀) ရက္ေန႔တြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဝမ္းသြားျခင္းလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ေနျပည္ေတာ္ ခုတင္ (၁,၀၀၀) ဆံ့ အေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ တက္ေရာက္ ေဆးကုသမႈ ခံယူခဲ့ပါသည္။ အဆိုပါလူနာထံမွ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔ စစ္ေဆးခဲ့ရာ (၂၇-၃-၂၀၂၀) ရက္ေန႔တြင္ ထုတ္ျပန္ေသာဓာတ္ခြဲအေျဖအရ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရပါသည္။ အဆိုပါလူနာသည္ ဆြစ္ဇာလန္ႏိုင္ငံတြင္ ေရာက္ရွိစဥ္ (၁၃-၃-၂၀၂၀) ရက္ေန႔၌ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာျဖစ္ေသာ ၎၏ ဖခင္ႏွင့္ (၂) နာရီၾကာ အနီးကပ္ ထိေတြ႕ခဲ့သည့္ရာဇဝင္ရွိေၾကာင္း သိရွိရပါသည္။

၅။ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာ (၃)ဦးအား သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး လူနာမ်ား၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၆။ ယခင္ေန႔က ထုတ္ျပန္ခဲ့ေသာ COVID-19 လူနာမ်ားထံမွ ဓာတ္ခြဲနမူနာမ်ားအား လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္း ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးခဲ့ရာ ဓာတ္ခြဲအေျဖမ်ား ကိုက္ညီမႈရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္း ဓာတ္ခြဲခန္းမွ အေၾကာင္းျပန္ၾကားခဲ့ပါသည္။

၇။ ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာတားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါ သည္။ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/?epa=SEARCH_BOX
--------------
(Unicode)⤵⤵⤵
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၂၆-၃-၂၀၂၀) ရက်နေ့မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် မြို့) သို့ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

၃။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့(၂၆-၃-၂၀၂၀)ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိပါသည်။ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရပါသည်။ (၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

၄။ နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် (၁၈-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် (၁၃-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရပါသည်။

၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးအား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၆။ ယခင်နေ့က ထုတ်ပြန်ခဲ့သော COVID-19 လူနာများထံမှ ဓာတ်ခွဲနမူနာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းမှ အကြောင်းပြန်ကြားခဲ့ပါသည်။

၇။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/?epa=SEARCH_BOX
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 01:21 Rating: 5
Powered by Blogger.