ဂ်ပန္ေရာက္ ျမန္မာအလုပ္သမားအဖြဲ႔နဲ႔ ဂ်ပန္အလုပ္သမား အဖြဲ႔ခ်ဳပ္တုိ႔ ပူးေပါင္း


(Zawgyi/Unicode)

ဂ်ပန္ႏုိင္ငံေရာက္ ျမန္မာအလုပ္သမားေတြအတြက္ အက်ဳိးေဆာင္ေပးေနတဲ့ အလုပ္သမား သမဂၢဟာ ဂ်ပန္ႏုိင္ငံက အႀကီးအဆုံး အလုပ္သမားသမဂၢ အဖဲြ႔ခ်ဳပ္ Rengo ရဲ႕ လက္ေအာက္ခံ အဖဲြ႔တခုနဲ႔ ပူးေပါင္းလုိက္ပါတယ္။

အဖဲြ႔၀င္ ၁၃၀ ေလာက္ရွိတဲ့ ျမန္မာႏုိင္ငံသား အလုပ္သမား သမဂၢအဖဲြ႔ခ်ဳပ္ဟာ ဂ်ပန္ႏုိင္ငံ သတၳဳနဲ႔ စက္မႈလုပ္ငန္း အလုပ္သမားအသင္း (JAM) နဲ႔ ပူးေပါင္းလုိက္ေၾကာင္း ဗုဒၶဟူးေန႔ထုတ္ Nikkei Asia Review သတင္းမွာ ေဖာ္ျပခဲ့တာပါ။

အလုပ္သမား သမဂၢေပါင္း ၁၉၀၀ ေလာက္နဲ႔ အဖဲြ႔၀င္ ၃၉၀,၀၀၀ ေလာက္ရွိတဲ့ JAM အဖဲြ႔ဟာ အရင္ကလည္း ျမန္မာအလုပ္သမား သမဂၢကုိ အားေပးကူညီခဲ့ဖူးပါတယ္။ မၾကာေသးခင္ ႏွစ္ေတြအတြင္း လစာမရတာ၊ အလုပ္အလြန္အကၽြံ ခုိင္းေစခံရတဲ့ အလုပ္သမားေတြရဲ႕ တုိင္တန္းခ်က္ေတြကုိ လက္ခံရရွိထားတဲ့ ျမန္မာအလုပ္သမား သမဂၢ အေနနဲ႔ အေျခအေနေတြ တုိးတက္မႈရေအာင္ JAM နဲ႔ ပူးေပါင္းေဆာင္ ရြက္သြားမွာပါ။

ထင္ရွားတဲ့ အလုပ္သမား သမဂၢနဲ႔ ပူးေပါင္းလုိက္တဲ့အတြက္ အလုပ္သမား အခြင့္အေရးအတြက္ ညွိႏႈိင္းမႈေတြမွာ ပုိၿပီးအသာစီးရလာႏုိင္တယ္လုိ႔လည္း အလုပ္သမားေရးရာ ကၽြမ္းက်င္သူ ဥပေဒပညာရွင္တဦးကုိ ကုိးကားၿပီး သတင္းက ေဖာ္ျပထားပါတယ္။ ဂ်ပန္အလုပ္သမား သမဂၢရဲ႕ ထုတ္ျပန္ခ်က္အရ ေအာက္တုိဘာလအထိ ျပည္ပလုပ္သား ၁ သန္း ၆ သိန္းခဲြ ရွိခဲ့ၿပီး၊ ဒါဟာဆုိရင္ တႏွစ္အတြင္း ၃ ဆ တက္ၿပီး ၁၃.၆ ရာခုိင္ႏႈန္း တုိးသြားခဲ့တာပါ။ ဒီအထဲမွာေတာ့ ျမန္မာႏုိင္ငံသားေတြက ၁၀ ရာခုိင္ႏႈန္းေအာက္မွာ ရွိပါတယ္။

.................

ဂျပန်ရောက်မြန်မာအလုပ်သမားအဖွဲ့နဲ့ ဂျပန်အလုပ်သမား အဖွဲ့ချုပ်တို့ ပူးပေါင်း

(Unicode)

ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ အလုပ်သမား သမဂ္ဂဟာ ဂျပန်နိုင်ငံက အကြီးအဆုံး အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် Rengo ရဲ့ လက်အောက်ခံ အဖွဲ့တခုနဲ့ ပူးပေါင်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၃၀ လောက်ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ဟာ ဂျပန်နိုင်ငံ သတ္ထုနဲ့ စက်မှုလုပ်ငန်း အလုပ်သမားအသင်း (JAM) နဲ့ ပူးပေါင်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် Nikkei Asia Review သတင်းမှာ ဖော်ပြခဲ့တာပါ။

အလုပ်သမား သမဂ္ဂပေါင်း ၁၉၀၀ လောက်နဲ့ အဖွဲ့ဝင် ၃၉၀,၀၀၀ လောက်ရှိတဲ့ JAM အဖွဲ့ဟာ အရင်ကလည်း မြန်မာအလုပ်သမား သမဂ္ဂကို အားပေးကူညီခဲ့ဖူးပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း လစာမရတာ၊ အလုပ်အလွန်အကျွံ ခိုင်းစေခံရတဲ့ အလုပ်သမားတွေရဲ့ တိုင်တန်းချက်တွေကို လက်ခံရရှိထားတဲ့ မြန်မာအလုပ်သမား သမဂ္ဂ အနေနဲ့ အခြေအနေတွေ တိုးတက်မှုရအောင် JAM နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာပါ။

ထင်ရှားတဲ့ အလုပ်သမား သမဂ္ဂနဲ့ ပူးပေါင်းလိုက်တဲ့အတွက် အလုပ်သမား အခွင့်အရေးအတွက် ညှိနှိုင်းမှုတွေမှာ ပိုပြီးအသာစီးရလာနိုင်တယ်လို့လည်း အလုပ်သမားရေးရာ ကျွမ်းကျင်သူ ဥပဒေပညာရှင်တဦးကို ကိုးကားပြီး သတင်းက ဖော်ပြထားပါတယ်။ ဂျပန်အလုပ်သမား သမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလအထိ ပြည်ပလုပ်သား ၁ သန်း ၆ သိန်းခွဲ ရှိခဲ့ပြီး၊ ဒါဟာဆိုရင် တနှစ်အတွင်း ၃ ဆ တက်ပြီး ၁၃.၆ ရာခိုင်နှုန်း တိုးသွားခဲ့တာပါ။ ဒီအထဲမှာတော့ မြန်မာနိုင်ငံသားတွေက ၁၀ ရာခိုင်နှုန်းအောက်မှာ ရှိပါတယ်။

VOA (Burmese)
https://burmese.voanews.com
ဂ်ပန္ေရာက္ ျမန္မာအလုပ္သမားအဖြဲ႔နဲ႔ ဂ်ပန္အလုပ္သမား အဖြဲ႔ခ်ဳပ္တုိ႔ ပူးေပါင္း ဂ်ပန္ေရာက္ ျမန္မာအလုပ္သမားအဖြဲ႔နဲ႔ ဂ်ပန္အလုပ္သမား အဖြဲ႔ခ်ဳပ္တုိ႔ ပူးေပါင္း Reviewed by THITHTOOLWIN on 00:59 Rating: 5
Powered by Blogger.