ရခိုင္ေျမာက္ပိုင္းမွာ အရပ္သားမ်ား အကာအကြယ္မဲ့ေန

(Zawgyi)⤵⤵⤵
ေျမာက္ဦးၿမိဳ႕နယ္အေရွ႕ဘက္ ေက်ာက္တြင္းကုန္းေက်း႐ြာနဲ႔ ႏွစ္ဖာလုံေလာက္အကြာမွာ ဒီေန႔မနက္က တပ္မေတာ္စစ္ေၾကာင္းကို ေအေအအဖြဲ႕က မိုင္းခြဲတိုက္ခိုက္ရာကေန ပစ္ခတ္မႈေတြ ေပၚေပါက္လာတယ္လို႔ ေဒသခံေက်း႐ြာသားေတြက ေျပာပါတယ္။

ပစ္ခတ္မႈေၾကာင့္ ေနအိမ္အခ်ိဳ႕ ပ်က္စီးသြားတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်ာက္တြင္းကုန္း ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

“ပိုးျဖဴကြၽန္း႐ြာမွာ တပ္မေတာ္စစ္ေၾကာင္းက နားတယ္။ ပန္းေျမာင္း႐ြာဘက္ကို စက္ေလွနဲ႔ကူးတာေပါ့။ ပထမစက္ေလွက လူ ၅၀ ေလာက္ပို႔ၿပီးေတာ့ ျပန္လာတာေပါ့။ ေနာက္တစ္စီးအသြားမွာေတာ့ ေပါက္ကြဲသံကို ဒီကေန ၾကားရတယ္ေပါ့ေနာ္။ အဲဒီလိုေပါက္ကြဲသံၾကားတာနဲ႔ တစ္ၿပိဳင္နက္တည္း လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ၾကတာေပါ့။ ႐ြာသားေတြဆီကိုေတာ့ မထိဘူး။ အိမ္ေတြဘာေတြကိုေတာ့ ထိသြားတယ္။ သူတို႔က ေပါက္ကြဲသံထြက္တဲ့ဘက္ကို လွမ္းပစ္တယ္လို႔ထင္တာပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႐ြာဘက္ကိုလည္း က်ည္ေတြဘာေတြက လာက်ပါတယ္။ ႐ြာသားေတြကေတာ့ အကုန္လုံးပုန္းေနၾကတာေပါ့”

႐ြာရဲ႕အေရွ႕ဘက္ကမ္း ပန္းေျမာင္းဘက္မွာ တပ္စြဲထားတဲ့ တပ္မေတာ္ဘက္က လက္နက္ႀကီး ပစ္ကူေပးတာေတြ ရွိခဲ့ၿပီး ေက်ာက္တြင္းကုန္းနဲ႔ ႐ြာခ်င္းကပ္ေနတဲ့ ပိုးျဖဴကြၽန္း၊ ျမရိပ္ကြၽန္းစတဲ့ေက်း႐ြာေတြက ႐ြာသားအခ်ိဳ႕ ေၾကာက္လန႔္ထြက္ေျပးခဲ့ရပါတယ္။

ဒီမနက္ကျဖစ္စဥ္ေၾကာင့္ ပန္းေျမာင္း အထက္တန္းေက်ာင္းမွာ ဒီေန႔စတင္စစ္ေဆးရမယ့္ အလယ္တန္းနဲ႔ နဝမတန္း စာေမးပြဲေတြကိုပါ ရပ္ဆိုင္းခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္ စညႇင္းေက်း႐ြာမွာ ၁၁ ရက္ေလာက္အထိ ၾကာျမင့္လာၿပီျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေရးနဲ႔ မသက္ဆိုင္တဲ့ ေဒသခံေက်း႐ြာသားေတြ အခက္ေတြ႕ေနပါတယ္။

တပ္မေတာ္ေျပာခြင့္ရသူေတြက တပ္မေတာ္ဟာ အရပ္သားေတြနစ္နာေအာင္ မလုပ္ဘူးလို႔ ေျပာဆိုထား ၾကပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့လက စညႇင္းေက်း႐ြာဘက္မွာ ျဖစ္ခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ႐ြာလုံးကြၽတ္ ထြက္ေျပးသြားၾကခ်ိန္ တပ္မေတာ္က ႐ြာထဲဝင္ေရာက္ၿပီး ေနအိမ္ေတြက ပစၥည္းေတြကို ဖ်က္ဆီးခဲ့တယ္လို႔ ႐ြာသားေတြကေျပာပါတယ္။

အခုေတာ့ အရင္လိုဖ်က္ဆီးခံရမွာကို စိုးရိမ္လို႔ ထြက္မေျပးဘဲ ေနၾကရာကေန စားဝတ္ေနေရး အခက္အခဲေတြ အထိ ႀကဳံေတြ႕ေနရတယ္လို႔ စညႇင္း႐ြာခံ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ေဒၚေ႐ႊသန္းေအးက ေျပာပါတယ္။

“႐ြာမွာလူမရွိရင္ သူတို႔ဝင္လာတယ္။ ေတြ႕တဲ့ဟာကိုဖ်က္ဆီးတယ္။ ဒါေၾကာင့္ ထြက္မေျပးဘဲ ကုပ္ကပ္ၿပီး ေနၾကရပါတယ္။ မေန႔ကဆိုရင္ တိုက္ပြဲက ႐ြာနားေလး တစ္မိုင္ေလာက္ အကြာမွာျဖစ္တာ။ လက္နက္ႀကီးေတြ က ႐ြာအနီးပတ္လည္ တဂ်ိန္းဂ်ိန္းနဲ႔ လာက်ပါတယ္။ ဒီေန႔မနက္ကလည္း လက္နက္ႀကီးေတြဟာ ႐ြာနားေတြ ကို လာက်ပါတယ္။ အဲဒီလက္နက္ႀကီးေတြကို ေၾကာက္ေနရလို႔ ဗုံးခိုက်င္းေတြထဲ ဝင္ၿပီးပုန္းေနၾကရတယ္။ ေခ်ာင္းထဲလည္းမဆင္းရ၊ ေတာင္ေတြကိုမသြားရနဲ႔ ဘယ္မွမသြားမလာရနဲ႔ အစားအေသာက္အခက္အခဲေတြ ႀကဳံေနရပါတယ္”

ၿပီးခဲ့တဲ့ ႏွစ္ဆန္းပိုင္းကေန ဒီေန႔အထိ ရခိုင္စစ္ေရးကာလမွာ အရပ္သားေသဆုံးမႈ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာ ရသူေပါင္း ၃၀၀ ေက်ာ္အထိရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC)က ေျပာဆို ထားပါတယ္။

RFA က ရရွိခဲ့တဲ့အခ်က္အလက္ေတြအရလည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ရက္ကေန မေန႔က မတ္လ ၃ ရက္ေန႔ အထိ အခ်ိန္ ၇ ရက္အတြင္းမွာ ေသဆုံးတဲ့အရပ္သား ၁၄ ဦးနဲ႔ ဒဏ္ရာရသူ ၂၅ ဦးထက္ မနည္းရွိေနပါတယ္။

ဒီအထဲကျဖစ္စဥ္အမ်ားဆုံးဟာ တပ္မေတာ္ရဲ႕လက္ခ်က္ေၾကာင့္လို႔ ေဒသခံေတြက ေျပာဆိုၾကေပမယ့္ တပ္မေတာ္ဘက္ကေတာ့ ျငင္းဆိုထားၾကပါတယ္။

ရခိုင္စစ္ေရးကာလတစ္ေလွ်ာက္ အရပ္သားေတြ ထိခိုက္မႈအတြက္ လက္နက္ကိုင္ ႏွစ္ဖြဲ႕စလုံးမွာ တာဝန္ရွိတယ္လို႔ ေထာက္ျပသူက ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး (REC)ရဲ႕ အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္း ပါ။

“တခ်ိဳ႕တိုက္ပြဲေတြက ကြၽန္ေတာ္တို႔ ၾကားေနရတာရွိပါတယ္။ ေက်း႐ြာေတြနဲ႔ အနီးအနားေတြမွာ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္တာမ်ိဳးေတြကိုလည္း ၾကားရပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ေတြ အေနနဲ႔လည္းပဲ တိုက္ပြဲေတြကို ေဖာ္ေဆာင္တာေရာ၊ စစ္ေၾကာင္းလႈပ္ရွားတာေတြေရာ အရပ္သားျပည္သူေတြ ေနထိုင္တဲ့ေက်း႐ြာနဲ႔ အနီးအနားမွာ မေဖာ္ေဆာင္သင့္ပါဘူး။ ဆိုေတာ့ အကုန္လုံးဘက္မွာေတာ့ တာဝန္ေတြရွိေနတာပါ”

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက အရပ္သားေတြရဲ႕ေနရာအနီးမွာ တိုက္ပြဲေဖာ္တာ မရွိဘူးလို႔ RFA ကို ယခင္က ေျပာဆိုဖူးပါတယ္။

ေအေအအဖြဲ႕အေနနဲ႔ အရပ္သားေတြကို အတတ္ႏိုင္ဆုံး အကာအကြယ္ေပးတယ္လို႔လည္း ခိုင္သုခက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဘက္ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အရပ္သားျပည္သူေတြကို ကြၽန္ေတာ္တို႔တတ္ႏိုင္သေလာက္ ေတာ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံးအကာအကြယ္ေပးသြားဖို႔ ကြၽန္ေတာ္တို႔မွာ စီစဥ္ၿပီးသားရွိတယ္။ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ တိုက္ပြဲနဲ႔မဆိုင္တဲ့ အခုလို အရပ္သားျပည္သူေတြကို လူမ်ိဳးေရးအရ အၿငိဳးအေတးေတြအေပၚမွာ အေျခခံၿပီးေတာ့ သတ္ျဖတ္ေနတဲ့ဥစၥာေတြကို ေနာက္ထပ္ဆက္လက္ၿပီးေတာ့ က်ဴးလြန္လာမယ္ဆိုလို႔ရွိရင္ေတာ့ ရခိုင္ေတြဘက္ကလည္းပဲ သည္းခံႏိုင္တဲ့အတိုင္းအတာ ကုန္သြားလို႔ရွိရင္ ေတာ့ တန္ျပန္သက္ေရာက္မႈေတြက အမ်ားႀကီးျဖစ္လာႏိုင္တယ္ဆိုတာေတာ့ ကြၽန္ေတာ္တို႔က ျမန္မာစစ္တပ္ နဲ႔ ျမန္မာအစိုးရကို ရွင္းရွင္းလင္းလင္းသတိေပးလိုတာရွိတယ္”

တပ္မေတာ္ေျပာခြင့္ရသူေတြကလည္း အရပ္သားေတြ ထိခိုက္မႈမရွိေအာင္ တပ္မေတာ္က စည္းမ်ဥ္းစည္းကမ္းေတြ နဲ႔အညီ ေဆာင္႐ြက္ေနတာလို႔ ေျပာဆိုထားၾကပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက တပ္မေတာ္ဟာ ေအေအအဖြဲ႕ စတင္ပစ္ခတ္တဲ့ေနရာကို ျပန္လည္ပစ္ခတ္တာလို႔ RFA ကို မေန႔ကေျပာပါတယ္။

“တိုက္ပြဲမျဖစ္ဘဲနဲ႔ ဘယ္တပ္ကမွ က်ည္ဆံအကုန္ခံၿပီး ပစ္မွာမဟုတ္ဘူး။ ဒါကရွင္းရွင္းေလးရယ္။ တိုက္ပြဲျဖစ္လို႔ ပစ္ခတ္တာေတြပဲရွိတယ္။ လမ္းေဘးတစ္ေလွ်ာက္မွာ ျဖစ္ခဲ့တာေတြေရာ မိုင္းေထာင္မိုင္းဆြဲ တိုက္ခိုက္တာေတြေရာသည္ သူတို႔ဆီကေနစခဲ့လို႔ ျဖစ္ခဲ့တဲ့ဇာတ္လမ္းေတြပဲျဖစ္တယ္။ တပ္မေတာ္အေနနဲ႔ ကေတာ့ လာပစ္ရင္ေတာ့ ျပန္ပစ္မွာပဲ။ ပစ္တဲ့ေနရာကို ျပန္လည္ပစ္ခတ္ရမွာပဲျဖစ္တယ္”

လက္ေတြ႕ ေျမျပင္အေျခအေနေတြမွာေတာ့ ရခိုင္စစ္ေရးကာလတစ္ေလွ်ာက္မွာ အရပ္သားေတြအေပၚ  ထိခိုက္မႈကေတာ့ ေန႔စဥ္လိုလိုရွိေနတာပါ။

အရပ္သားေတြ ထိခိုက္မႈနဲ႔ပတ္သက္ၿပီး အစိုးရဘက္ကေရာ၊ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ကပါ အေလးထားေျပာဆိုတာ မေတြ႕ရပါဘူး။

ရခိုင္လူ႔အခြင့္အေရးကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕က ေရွ႕ေန ဦးေဇာ္ေဇာ္မင္းကေတာ့ အရပ္သားေတြအေပၚ  ထိခိုက္တာေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ ေအေအ အဖြဲ႕နဲ႔ ေျပလည္ေအာင္ေဆြးေႏြးဖို႔ လိုတယ္လို႔ သုံးသပ္ပါတယ္။

“လက္နက္ကိုင္အဖြဲ႕ေတြကို တပ္မေတာ္ဘက္က ဆြဲေခၚသင့္တယ္။ အစိုးရဘက္ကလည္း ဒီဟာကို တတ္ႏိုင္တဲ့ဘက္က ညႇိၿပီးေတာ့လုပ္ေစခ်င္တယ္။ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းဆီကို ေခၚၿပီးမွသာလွ်င္ ဒီဟာက ေအးခ်မ္းလာမယ္လို႔ ကြၽန္ေတာ္တို႔ျမင္တယ္။ စစ္ဆင္ေရးကာလထဲမွာေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ အရပ္သား ထိခိုက္ေသဆုံးမႈေတြ၊ သံသယနဲ႔ဖမ္းဆီးခံရမႈေတြ ေတာ္ေတာ္ေလး ဆိုး႐ြားေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီစစ္ဆင္ေရးေတြဟာ ျပည္သူေတြနဲ႔ ဒီႏိုင္ငံအတြက္ ေကာင္းတဲ့အရာေတြ မဟုတ္ဘူးလို႔ ကြၽန္ေတာ္တို႔ကေတာ့ ျမင္ပါတယ္”

စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးရသူအေရအတြက္ဟာလည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔အထိ တစ္သိန္းသုံးေသာင္းနီးပါး တိုးလာေနၿပီလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းမှာ အရပ်သားများ အကာအကွယ်မဲ့နေ

မြောက်ဦးမြို့နယ်အရှေ့ဘက် ကျောက်တွင်းကုန်းကျေးရွာနဲ့ နှစ်ဖာလုံလောက်အကွာမှာ ဒီနေ့မနက်က တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာကနေ ပစ်ခတ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တွင်းကုန်း ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ပိုးဖြူကျွန်းရွာမှာ တပ်မတော်စစ်ကြောင်းက နားတယ်။ ပန်းမြောင်းရွာဘက်ကို စက်လှေနဲ့ကူးတာပေါ့။ ပထမစက်လှေက လူ ၅၀ လောက်ပို့ပြီးတော့ ပြန်လာတာပေါ့။ နောက်တစ်စီးအသွားမှာတော့ ပေါက်ကွဲသံကို ဒီကနေ ကြားရတယ်ပေါ့နော်။ အဲဒီလိုပေါက်ကွဲသံကြားတာနဲ့ တစ်ပြိုင်နက်တည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကြတာပေါ့။ ရွာသားတွေဆီကိုတော့ မထိဘူး။ အိမ်တွေဘာတွေကိုတော့ ထိသွားတယ်။ သူတို့က ပေါက်ကွဲသံထွက်တဲ့ဘက်ကို လှမ်းပစ်တယ်လို့ထင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရွာဘက်ကိုလည်း ကျည်တွေဘာတွေက လာကျပါတယ်။ ရွာသားတွေကတော့ အကုန်လုံးပုန်းနေကြတာပေါ့”

ရွာရဲ့အရှေ့ဘက်ကမ်း ပန်းမြောင်းဘက်မှာ တပ်စွဲထားတဲ့ တပ်မတော်ဘက်က လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိခဲ့ပြီး ကျောက်တွင်းကုန်းနဲ့ ရွာချင်းကပ်နေတဲ့ ပိုးဖြူကျွန်း၊ မြရိပ်ကျွန်းစတဲ့ကျေးရွာတွေက ရွာသားအချို့ ကြောက်လန့်ထွက်ပြေးခဲ့ရပါတယ်။

ဒီမနက်ကဖြစ်စဉ်ကြောင့် ပန်းမြောင်း အထက်တန်းကျောင်းမှာ ဒီနေ့စတင်စစ်ဆေးရမယ့် အလယ်တန်းနဲ့ နဝမတန်း စာမေးပွဲတွေကိုပါ ရပ်ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ် စညှင်းကျေးရွာမှာ ၁၁ ရက်လောက်အထိ ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဒေသခံကျေးရွာသားတွေ အခက်တွေ့နေပါတယ်။

တပ်မတော်ပြောခွင့်ရသူတွေက တပ်မတော်ဟာ အရပ်သားတွေနစ်နာအောင် မလုပ်ဘူးလို့ ပြောဆိုထား ကြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လက စညှင်းကျေးရွာဘက်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးသွားကြချိန် တပ်မတော်က ရွာထဲဝင်ရောက်ပြီး နေအိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

အခုတော့ အရင်လိုဖျက်ဆီးခံရမှာကို စိုးရိမ်လို့ ထွက်မပြေးဘဲ နေကြရာကနေ စားဝတ်နေရေး အခက်အခဲတွေ အထိ ကြုံတွေ့နေရတယ်လို့ စညှင်းရွာခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ရွှေသန်းအေးက ပြောပါတယ်။

“ရွာမှာလူမရှိရင် သူတို့ဝင်လာတယ်။ တွေ့တဲ့ဟာကိုဖျက်ဆီးတယ်။ ဒါကြောင့် ထွက်မပြေးဘဲ ကုပ်ကပ်ပြီး နေကြရပါတယ်။ မနေ့ကဆိုရင် တိုက်ပွဲက ရွာနားလေး တစ်မိုင်လောက် အကွာမှာဖြစ်တာ။ လက်နက်ကြီးတွေ က ရွာအနီးပတ်လည် တဂျိန်းဂျိန်းနဲ့ လာကျပါတယ်။ ဒီနေ့မနက်ကလည်း လက်နက်ကြီးတွေဟာ ရွာနားတွေ ကို လာကျပါတယ်။ အဲဒီလက်နက်ကြီးတွေကို ကြောက်နေရလို့ ဗုံးခိုကျင်းတွေထဲ ဝင်ပြီးပုန်းနေကြရတယ်။ ချောင်းထဲလည်းမဆင်းရ၊ တောင်တွေကိုမသွားရနဲ့ ဘယ်မှမသွားမလာရနဲ့ အစားအသောက်အခက်အခဲတွေ ကြုံနေရပါတယ်”

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ရခိုင်စစ်ရေးကာလမှာ အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရသူပေါင်း ၃၀၀ ကျော်အထိရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ပြောဆို ထားပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မနေ့က မတ်လ ၃ ရက်နေ့ အထိ အချိန် ၇ ရက်အတွင်းမှာ သေဆုံးတဲ့အရပ်သား ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၂၅ ဦးထက် မနည်းရှိနေပါတယ်။

ဒီအထဲကဖြစ်စဉ်အများဆုံးဟာ တပ်မတော်ရဲ့လက်ချက်ကြောင့်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ ငြင်းဆိုထားကြပါတယ်။

ရခိုင်စစ်ရေးကာလတစ်လျှောက် အရပ်သားတွေ ထိခိုက်မှုအတွက် လက်နက်ကိုင် နှစ်ဖွဲ့စလုံးမှာ တာဝန်ရှိတယ်လို့ ထောက်ပြသူက ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ပါ။

“တချို့တိုက်ပွဲတွေက ကျွန်တော်တို့ ကြားနေရတာရှိပါတယ်။ ကျေးရွာတွေနဲ့ အနီးအနားတွေမှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာမျိုးတွေကိုလည်း ကြားရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့လည်းပဲ တိုက်ပွဲတွေကို ဖော်ဆောင်တာရော၊ စစ်ကြောင်းလှုပ်ရှားတာတွေရော အရပ်သားပြည်သူတွေ နေထိုင်တဲ့ကျေးရွာနဲ့ အနီးအနားမှာ မဖော်ဆောင်သင့်ပါဘူး။ ဆိုတော့ အကုန်လုံးဘက်မှာတော့ တာဝန်တွေရှိနေတာပါ”

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက အရပ်သားတွေရဲ့နေရာအနီးမှာ တိုက်ပွဲဖော်တာ မရှိဘူးလို့ RFA ကို ယခင်က ပြောဆိုဖူးပါတယ်။

အေအေအဖွဲ့အနေနဲ့ အရပ်သားတွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ရဲ့ အရပ်သားပြည်သူတွေကို ကျွန်တော်တို့တတ်နိုင်သလောက် တော့ ကျွန်တော်တို့ အကောင်းဆုံးအကာအကွယ်ပေးသွားဖို့ ကျွန်တော်တို့မှာ စီစဉ်ပြီးသားရှိတယ်။ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ တိုက်ပွဲနဲ့မဆိုင်တဲ့ အခုလို အရပ်သားပြည်သူတွေကို လူမျိုးရေးအရ အငြိုးအတေးတွေအပေါ်မှာ အခြေခံပြီးတော့ သတ်ဖြတ်နေတဲ့ဥစ္စာတွေကို နောက်ထပ်ဆက်လက်ပြီးတော့ ကျူးလွန်လာမယ်ဆိုလို့ရှိရင်တော့ ရခိုင်တွေဘက်ကလည်းပဲ သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်သွားလို့ရှိရင် တော့ တန်ပြန်သက်ရောက်မှုတွေက အများကြီးဖြစ်လာနိုင်တယ်ဆိုတာတော့ ကျွန်တော်တို့က မြန်မာစစ်တပ် နဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်းသတိပေးလိုတာရှိတယ်”

တပ်မတော်ပြောခွင့်ရသူတွေကလည်း အရပ်သားတွေ ထိခိုက်မှုမရှိအောင် တပ်မတော်က စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ ဆောင်ရွက်နေတာလို့ ပြောဆိုထားကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ဟာ အေအေအဖွဲ့ စတင်ပစ်ခတ်တဲ့နေရာကို ပြန်လည်ပစ်ခတ်တာလို့ RFA ကို မနေ့ကပြောပါတယ်။

“တိုက်ပွဲမဖြစ်ဘဲနဲ့ ဘယ်တပ်ကမှ ကျည်ဆံအကုန်ခံပြီး ပစ်မှာမဟုတ်ဘူး။ ဒါကရှင်းရှင်းလေးရယ်။ တိုက်ပွဲဖြစ်လို့ ပစ်ခတ်တာတွေပဲရှိတယ်။ လမ်းဘေးတစ်လျှောက်မှာ ဖြစ်ခဲ့တာတွေရော မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တာတွေရောသည် သူတို့ဆီကနေစခဲ့လို့ ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွေပဲဖြစ်တယ်။ တပ်မတော်အနေနဲ့ ကတော့ လာပစ်ရင်တော့ ပြန်ပစ်မှာပဲ။ ပစ်တဲ့နေရာကို ပြန်လည်ပစ်ခတ်ရမှာပဲဖြစ်တယ်”

လက်တွေ့ မြေပြင်အခြေအနေတွေမှာတော့ ရခိုင်စစ်ရေးကာလတစ်လျှောက်မှာ အရပ်သားတွေအပေါ်  ထိခိုက်မှုကတော့ နေ့စဉ်လိုလိုရှိနေတာပါ။

အရပ်သားတွေ ထိခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကပါ အလေးထားပြောဆိုတာ မတွေ့ရပါဘူး။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းကတော့ အရပ်သားတွေအပေါ်  ထိခိုက်တာတွေ လျှော့ချနိုင်ဖို့ အေအေ အဖွဲ့နဲ့ ပြေလည်အောင်ဆွေးနွေးဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

“လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်ဘက်က ဆွဲခေါ်သင့်တယ်။ အစိုးရဘက်ကလည်း ဒီဟာကို တတ်နိုင်တဲ့ဘက်က ညှိပြီးတော့လုပ်စေချင်တယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီကို ခေါ်ပြီးမှသာလျှင် ဒီဟာက အေးချမ်းလာမယ်လို့ ကျွန်တော်တို့မြင်တယ်။ စစ်ဆင်ရေးကာလထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ သံသယနဲ့ဖမ်းဆီးခံရမှုတွေ တော်တော်လေး ဆိုးရွားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးတွေဟာ ပြည်သူတွေနဲ့ ဒီနိုင်ငံအတွက် ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်”

စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ တစ်သိန်းသုံးသောင်းနီးပါး တိုးလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ေျမာက္ပိုင္းမွာ အရပ္သားမ်ား အကာအကြယ္မဲ့ေန ရခိုင္ေျမာက္ပိုင္းမွာ အရပ္သားမ်ား အကာအကြယ္မဲ့ေန Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.