ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာက သံသယလူနာေတြ ဆက္တိုက္ေသေနတာ ဘာေၾကာင့္လဲ

 ေစာင့္ၾကည့္လူနာျဖစ္ၿပီးေတာ့ မၾကာခဏေသတယ္ဆိုတာက (bacterial innfection) မူလေရာဂါရဲ႕ ဘက္တီးရီးယား ေၾကာင့္ ေသတာမ်ားပါတယ္။
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာလို႔ ေစာင့္ၾကည့္ခံရသူေတြထဲကေန ေသဆုံးခဲ့တဲ့အေရအတြက္က မတ္လ ၂၀ရက္ေန႔အထိဆိုရင္ ၈ ေယာက္အထိရွိေနပါၿပီ။

အဲဒီလို ေသဆုံးတာေတြ ရွိေပမယ့္လည္း မတ္လ ၂၀ရက္ေန႔ မနက္ပိုင္းအထိေတာ့ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ တေယာက္မွ မရွိေသးဘူးလို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳ ထုတ္ျပန္ ထားပါတယ္။

အဲဒီလိုမရွိဘူးလို႔ ေျပာေနေပမယ့္ သံသယလူနာေတြထဲက ဗိုင္းရပ္စ္ပိုးမကူးစက္ခံရဘဲ အခုလိုေသဆုံးမႈ ေတြရွိေနတဲ့အေပၚလည္း အမ်ားျပည္သူက စိုးရိမ္မႈေတြရွိေနပါတယ္။

"ေစာင့္ၾကည့္လူနာျဖစ္ၿပီးေတာ့ မၾကာခဏေသတယ္ဆိုတာက (bacterial infection) မူလေရာဂါရဲ႕ ဘက္တီးရီးယားေၾကာင့္ ေသတာမ်ားပါတယ္။ ဘတ္တီးရီးယားဆိုတာကေတာ့လဲ ေရာဂါပိုးဘဲ၊ ဗိုင္းရပ္စ္ဆိုတာ ကေတာ့လည္း ပိုးပါဘဲ။ ဒါကို ရွင္းရွင္းလင္းလင္းသိေစခ်င္ပါတယ္။" လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီး ကေျပာပါတယ္။

သူတို႔ေသဆုံးရတဲ့ ေရာဂါလကၡဏာေတြကလည္း ႏွလုံး၊ ေက်ာက္ကပ္၊ အဆုတ္ပြတာ၊ ေသြးဆိပ္တက္တာ၊ အသက္ရႈလမ္းေၾကာင္းပိုးဝင္တာ၊ ဝမ္းေလွ်ာတာ အစရွိတဲ့ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြေၾကာင့္လို႔ က်န္းမာ ေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

အိႏၵိယႏိုင္ငံလို႔ ႏိုင္ငံႀကီးမွာေတာင္ ေရာဂါပိုးရွိမရွိ စစ္ေဆးႏိုင္ဖို႔ စြမ္းအားအျပည့္အဝမရွိတဲ့အတြက္ ေသဆုံး သြားေပမယ့္လည္း ဗိုင္းရပ္စ္ေၾကာင့္ဟုတ္မဟုတ္ဆိုတာကို သတ္မွတ္ႏိုင္ဖို႔ ခက္ခဲတဲ့အေျခအေနကို ရင္ဆိုင္ ေနရသလိုပဲ ျမန္မာႏိုင္ငံမွာလည္း အလားတူ စမ္းသပ္၊ စစ္ေဆးတာ၊ ေစာင့္ၾကည့္ေရး အစရွိတဲ့ လုပ္ငန္းေတြမွာအျပည့္အဝ လုပ္ကိုင္ႏိုင္တာမ်ိဳး မရွိဘူးလို႔ နာေရးကူညီမႈအသင္းရဲ႕ အႀကံေပးျဖစ္သူ ေဒါက္တာထူး ေမာင္အုန္းက ေထာက္ျပပါတယ္။

"အေမရိကန္မွာေတာင္ စစ္ႏိုင္တာ နည္းတယ္လို႔ သူတို႔ကိုယ္တိုင္ေျပာေနၾကတာ၊ အိႏၵိယမွာလည္း စစ္ႏိုင္တာ နည္းတယ္၊ နည္းတဲ့အတြက္ေၾကာင့္ ေတြ႕တဲ့အေရအတြက္ နည္းတယ္။ ကြၽန္ေတာ္တို႔ဆီမွာလည္း အဲဒီလိုမ်ိဳးပဲ ေကာက္ခ်က္ခ်မယ္ဆိုရင္ မမွားဘူး" လို႔ သူကေျပာပါတယ္။

ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာ မတ္ ၂၀ ရက္ေန႔အထိ မရွိေသး
ေသဆုံးသူ ၈ ဦးထဲမွာေတာ့ ေနာက္ဆုံးေသဆုံးတဲ့ ပဲခူးက လူနာ၂ ဦးရဲ႕ နမူနာတို႔ဖတ္ စစ္ေဆးမႈအေျဖကိုေတာ့ မသိရေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက ဘီဘီစီကိုေျပာပါတယ္။

ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ တစ္ဦးျဖစ္တဲ့ ရွမ္းျပည္နယ္ ရပ္ေစာက္ ၿမိဳ႕နယ္က အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ လားရႈိးၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ သံသယလူနာအျဖစ္ သတ္မွတ္ ေစာင့္ၾကည့္ေနတဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံက ေစာင့္ၾကည့္လူနာ ျဖစ္တဲ့ မဟာေအာင္ေျမၿမိဳ႕နယ္က အသက္ ၆၈ ႏွစ္အ႐ြယ္ နဲ႔ ၂၂ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ ပဲခူးတိုင္းက အသက္ ၇၀ေက်ာ္နဲ႔ ၄၀ ေက်ာ္ အမ်ိဳးသား၂ဦး အပါအဝင္ အားလုံးေပါင္း ၈ဦး ေသဆုံး ၿပီးပါၿပီ။

အသက္ရႈေမာၾကပ္တဲ့သူ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေဝဒနာခံစားေနရသူ၊ အဆုတ္ နဲ႔ ပတ္သက္တဲ့ ေရာဂါမ်ိဳးေတြရွိတဲ့သူေတြကို အဲဒီလူေတြ တ႐ုတ္ႏိုင္ငံကို သြားခဲ့သည္ျဖစ္ေစ၊ မသြားခဲ့သည္ျဖစ္ေစ၊ ဘယ္လို လူမ်ိဳးမဆို အခုလို ခံစားရတဲ့သူေတြကို ေစာင့္ၾကည့္လူနာအျဖစ္ ထားရွိတာလို႔ ေဒါက္တာ ခင္ခင္ႀကီးက ဘီဘီစီကိုေျပာပါတယ္။

ဒါကလည္း ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕က ထုတ္ျပန္သတ္မွတ္ထားတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ ျဖစ္စဥ္ဆိုင္ရာ သတ္မွတ္ခ်က္ေတြအရျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတဦးတေယာက္မွ မရွိေသးေပမယ့္လည္း ၿဗိတိန္၊ ၾသစေၾတးလ်နဲ႔ အခ်ိဳ႕ ဥေရာပ ႏိုင္ငံေတြက ျမန္မာႏိုင္ငံေရာက္ သူတို႔ႏိုင္ငံသားေတြ ကိုယ့္ႏိုင္ငံကို အျမန္ဆုံးျပန္လာၾကဖို႔ ဒီအပတ္အတြင္းမွာဘဲ ျပန္လည္ေခၚယူၾကပါတယ္။ အေၾကာင္းရင္းကေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈခ်ိဳ႕တဲ့ တဲ့ႏိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။

အခုထိေတာ့ ဥေရာပအတြင္း ႏိုင္ငံေပါင္းအားလုံးနီးပါးကို ကူးစက္ပ်ံ႕ႏွံ႔ၿပီး၊ ပထမဆုံးစျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံထက္ေတာင္ အီတလီႏိုင္ငံက ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္က ၃၀၀၀ ေက်ာ္အထိ ရွိလာၿပီး ပိုမ်ားေနပါၿပီ။

ျမန္မာႏိုင္ငံမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရသူ တဦးတေယာက္မွမရွိေသးေပမယ့္၊ သံသယအျဖစ္ထားရွိကာ ေစာင့္ၾကည့္ခဲ့သူ ၁၇၅ ဦးရွိပါတယ္။ အဲဒီထဲမွာ ေရာဂါပိုး မေတြ႕ရွိသူ ၁၅၇ ဦးအထိရွိပါတယ္။ က်န္တဲ့ ၁၈ ဦးကေတာ့ စစ္ေဆးဖို႔ ေစာင့္ဆိုင္းသူေတြနဲ႔၊ မစစ္ေဆးရေသးသူေတြျဖစ္ပါတယ္။

ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္မွာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈရွိေနေပမယ့္လည္း ျမန္မာအပါအဝင္အျခား ကူးစက္ခံရတာမရွိေသးတဲ့ ႏိုင္ငံေပါင္း ၃၀ ေက်ာ္ရွိေနပါေသးတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - မြန်မာက သံသယလူနာတွေ ဆက်တိုက်သေနေတာ ဘာကြောင့်လဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption စောင့်ကြည့်လူနာဖြစ်ပြီးတော့ မကြာခဏသေတယ်ဆိုတာက (bacterial innfection) မူလရောဂါရဲ့ ဘက်တီးရီးယား ကြောင့် သေတာများပါတယ်။

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာလို့ စောင့်ကြည့်ခံရသူတွေထဲကနေ သေဆုံးခဲ့တဲ့အရေအတွက်က မတ်လ ၂၀ရက်နေ့အထိဆိုရင် ၈ ယောက်အထိရှိနေပါပြီ။

အဲဒီလို သေဆုံးတာတွေ ရှိပေမယ့်လည်း မတ်လ ၂၀ရက်နေ့ မနက်ပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တယောက်မှ မရှိသေးဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန် ထားပါတယ်။

အဲဒီလိုမရှိဘူးလို့ ပြောနေပေမယ့် သံသယလူနာတွေထဲက ဗိုင်းရပ်စ်ပိုးမကူးစက်ခံရဘဲ အခုလိုသေဆုံးမှု တွေရှိနေတဲ့အပေါ်လည်း အများပြည်သူက စိုးရိမ်မှုတွေရှိနေပါတယ်။

"စောင့်ကြည့်လူနာဖြစ်ပြီးတော့ မကြာခဏသေတယ်ဆိုတာက (bacterial infection) မူလရောဂါရဲ့ ဘက်တီးရီးယားကြောင့် သေတာများပါတယ်။ ဘတ်တီးရီးယားဆိုတာကတော့လဲ ရောဂါပိုးဘဲ၊ ဗိုင်းရပ်စ်ဆိုတာ ကတော့လည်း ပိုးပါဘဲ။ ဒါကို ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။" လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

သူတို့သေဆုံးရတဲ့ ရောဂါလက္ခဏာတွေကလည်း နှလုံး၊ ကျောက်ကပ်၊ အဆုတ်ပွတာ၊ သွေးဆိပ်တက်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာ၊ ဝမ်းလျှောတာ အစရှိတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်လို့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံလို့ နိုင်ငံကြီးမှာတောင် ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ စွမ်းအားအပြည့်အဝမရှိတဲ့အတွက် သေဆုံး သွားပေမယ့်လည်း ဗိုင်းရပ်စ်ကြောင့်ဟုတ်မဟုတ်ဆိုတာကို သတ်မှတ်နိုင်ဖို့ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင် နေရသလိုပဲ မြန်မာနိုင်ငံမှာလည်း အလားတူ စမ်းသပ်၊ စစ်ဆေးတာ၊ စောင့်ကြည့်ရေး အစရှိတဲ့ လုပ်ငန်းတွေမှာအပြည့်အဝ လုပ်ကိုင်နိုင်တာမျိုး မရှိဘူးလို့ နာရေးကူညီမှုအသင်းရဲ့ အကြံပေးဖြစ်သူ ဒေါက်တာထူး မောင်အုန်းက ထောက်ပြပါတယ်။

"အမေရိကန်မှာတောင် စစ်နိုင်တာ နည်းတယ်လို့ သူတို့ကိုယ်တိုင်ပြောနေကြတာ၊ အိန္ဒိယမှာလည်း စစ်နိုင်တာ နည်းတယ်၊ နည်းတဲ့အတွက်ကြောင့် တွေ့တဲ့အရေအတွက် နည်းတယ်။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုမျိုးပဲ ကောက်ချက်ချမယ်ဆိုရင် မမှားဘူး" လို့ သူကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Ministry of Health and Sports, Myanmar
Image caption ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ မတ် ၂၀ ရက်နေ့အထိ မရှိသေး

သေဆုံးသူ ၈ ဦးထဲမှာတော့ နောက်ဆုံးသေဆုံးတဲ့ ပဲခူးက လူနာ၂ ဦးရဲ့ နမူနာတို့ဖတ် စစ်ဆေးမှုအဖြေကိုတော့ မသိရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် ရပ်စောက် မြို့နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ် သတ်မှတ် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံက စောင့်ကြည့်လူနာ ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်က အသက် ၆၈ နှစ်အရွယ် နဲ့ ၂၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ ပဲခူးတိုင်းက အသက် ၇၀ကျော်နဲ့ ၄၀ ကျော် အမျိုးသား၂ဦး အပါအဝင် အားလုံးပေါင်း ၈ဦး သေဆုံး ပြီးပါပြီ။

အသက်ရှုမောကြပ်တဲ့သူ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသူ၊ အဆုတ် နဲ့ ပတ်သက်တဲ့ ရောဂါမျိုးတွေရှိတဲ့သူတွေကို အဲဒီလူတွေ တရုတ်နိုင်ငံကို သွားခဲ့သည်ဖြစ်စေ၊ မသွားခဲ့သည်ဖြစ်စေ၊ ဘယ်လို လူမျိုးမဆို အခုလို ခံစားရတဲ့သူတွေကို စောင့်ကြည့်လူနာအဖြစ် ထားရှိတာလို့ ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ဒါကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သတ်မှတ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်စဉ်ဆိုင်ရာ သတ်မှတ်ချက်တွေအရဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတဦးတယောက်မှ မရှိသေးပေမယ့်လည်း ဗြိတိန်၊ သြစတြေးလျနဲ့ အချို့ ဥရောပ နိုင်ငံတွေက မြန်မာနိုင်ငံရောက် သူတို့နိုင်ငံသားတွေ ကိုယ့်နိုင်ငံကို အမြန်ဆုံးပြန်လာကြဖို့ ဒီအပတ်အတွင်းမှာဘဲ ပြန်လည်ခေါ်ယူကြပါတယ်။ အကြောင်းရင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှုချို့တဲ့ တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

အခုထိတော့ ဥရောပအတွင်း နိုင်ငံပေါင်းအားလုံးနီးပါးကို ကူးစက်ပျံ့နှံ့ပြီး၊ ပထမဆုံးစဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် အီတလီနိုင်ငံက ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်က ၃၀၀၀ ကျော်အထိ ရှိလာပြီး ပိုများနေပါပြီ။

မြန်မာနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ တဦးတယောက်မှမရှိသေးပေမယ့်၊ သံသယအဖြစ်ထားရှိကာ စောင့်ကြည့်ခဲ့သူ ၁၇၅ ဦးရှိပါတယ်။ အဲဒီထဲမှာ ရောဂါပိုး မတွေ့ရှိသူ ၁၅၇ ဦးအထိရှိပါတယ်။ ကျန်တဲ့ ၁၈ ဦးကတော့ စစ်ဆေးဖို့ စောင့်ဆိုင်းသူတွေနဲ့၊ မစစ်ဆေးရသေးသူတွေဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုရှိနေပေမယ့်လည်း မြန်မာအပါအဝင်အခြား ကူးစက်ခံရတာမရှိသေးတဲ့ နိုင်ငံပေါင်း ၃၀ ကျော်ရှိနေပါသေးတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာက သံသယလူနာေတြ ဆက္တိုက္ေသေနတာ ဘာေၾကာင့္လဲ ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာက သံသယလူနာေတြ ဆက္တိုက္ေသေနတာ ဘာေၾကာင့္လဲ Reviewed by THITHTOOLWIN on 23:50 Rating: 5
Powered by Blogger.