ထုိင္းေရာက္ ျမန္မာအလုပ္သမားႏွစ္ဦး COVID-19 ကူးစက္ခံထားရ

ထိုင္းႏိုင္ငံရွိ စက္ရံုတခုတြင္ အလုပ္လုပ္ေနေသာ ျမန္မာအလုပ္သမားမ်ား (မွတ္တမ္းဓာတ္ပံု - စက္တင္ဘာ ၂၃၊ ၂၀၀၈)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသား ႏွစ္ဦးဆီမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ ထိုင္းႏိုင္ငံ ျပည္သူ႔က်န္းမာေရးဌာနကေန ျမန္မာႏိုင္ငံကို အေၾကာင္းၾကားလာပါတယ္။ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာအလုပ္သမားအမ်ားအျပား ျမန္မာႏိုင္ငံဆီ ျပန္လာေနၾကတာမို႔ ျပန္၀င္လာသူေတြကို ေရာဂါရိွ၊ မရိွ အေသအခ်ာစီစစ္ဖို႔ ပိုၿပီး လိုအပ္လာတယ္လို႔ က်န္းမာေရး ကြ်မ္းက်င္သူေတြက ယူဆပါတယ္။ ဒီ သတင္းကိုေတာ့ ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားတာပါ။

ထိုင္းမွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ႏွစ္ဦးဆီမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ေတြ႔ရိွတယ္လို႔ ထိုင္းက်န္းမာေရးဌာန အရာရိွ တဦးက သူ႔လူမႈကြန္ယက္ေပၚ ထုတ္ျပန္လိုက္တဲ့ေနာက္ ထိုင္းမွာရိွတဲ့ ျမန္မာေတြအတြက္ အေတာ္ေလး အထိတ္တလန္႔ ျဖစ္ခဲ့ပါတယ္။

ထိုင္းႏိုင္ငံဘက္က တရား၀င္ထုတ္ျပန္ခ်က္ထဲမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ တိုးလာတဲ့အေရအတြက္ ေဖာ္ျပေပမဲ့ အတိအက်အားျဖင့္ အမည္ ႏိုင္ငံသား ေဖာ္ျပျခင္း မရိွပါဘူး။ ဒါေပမဲ့ ဒီကိစၥနဲ႔ ပတ္သက္လို႔ ထိုင္းက်န္းမာေရးဌာနဘက္က ျမန္မာႏိုင္ငံဘက္ကို ဒီကေန႔မွာ အေၾကာင္းၾကားလာတယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကို အတည္ျပဳေျပာပါတယ္။

"ျမန္မာႏိုင္ငံသား တဦးနဲ႔ ျမန္မာႏိုင္ငံသူ တဦးတို႔ဟာ COVID-19 ျဖစ္ေနလို႔ ထုိင္းႏိုင္ငံမွာရွိတဲ့ ကူးစက္ေဆးရံုမွာ ကုသမႈ ေပးေနပါတယ္ ဆိုတဲ့အေၾကာင္း သတင္းျပန္ၾကားလာပါတယ္။ သူတို႔ဟာ ထိုင္းႏုိင္ငံမွာ အလုပ္လုပ္ေနသူေတြပါ။ ျမန္မာႏိုင္ငံ ဘယ္လိပ္စာ၊ ဘယ္ေနရာ ဘယ္ျပည္နယ္ကဆိုတာ သူတုိ႔ မေမးထားပါဘူး။ ဒါေပမဲ့ ဒီလူေတြဟာ ထုိင္းႏိုင္ငံ ဘန္ေကာက္မွာ အလုပ္လာလုပ္ေနၾကသူေတြပဲ ျဖစ္ပါတယ္။"

ထိုင္းျမန္မာနယ္စပ္ ျမ၀တီဘက္မွာေတာ့ ဒီရက္ပုိင္းအတြင္း ေနရပ္ျပန္တဲ့ အလုပ္သမား ၅,၀၀၀ ထက္မနည္းရွိေနတယ္လို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုပါတယ္။

ေနရပ္ျပန္သူေတြဟာ အလုပ္ျပဳတ္လို႔ ျပန္သူေတြရိွသလို သၾကၤန္ကာလ ေခတၱျပန္သူေတြလည္း ရိွေနတာပါ။ ဒီထဲကမွ ဘန္ေကာက္က ျပန္လာသူေတြကို အဓိက ထားစစ္ေနတယ္လို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ဆိုပါတယ္။

"အဓိကေတာ့ fever surveillance လုပ္တယ္။ အဲဒါကုိ မသိရင္ေတာ့ ကိုယ္အပူခ်ိန္တိုင္းတာေလာက္ပဲ သိတာေပါ့။ သူရဲ ့ကုိယ္ေရးအက်ဥ္းေပါ့။ အမည္၊ အသက္၊ ဘယ္ကလာလဲ၊ ဘယ္ကုိသြားမလဲ။ အဓိက အဲဒါကုိ fever surveillance လုပ္တာေပါ့။ ဒီသတင္းမထြက္ခင္ကတည္းက ဒီဟာက confirm မျဖစ္ေသးဘူးေနာ္။ အဓိက ဘန္ေကာက္ကျပန္လာတဲ့သူကုိ အာရံုစိုက္တယ္။ အဓိက ထိုင္းက ျပန္လာတာ ျဖစ္တာလည္း ဘန္ေကာက္ကတ၀ုိက္ဆုိေတာ့ မဲေဆာက္ဘက္က မျဖစ္ဘူး။ ဘန္ေကာက္ကလာတဲ့ သူတို ့ပုိျပီး လုပ္တယ္။က်ေနာ္တို႔မွာ စာရင္းရွိတယ္။ ဘားအံသြားမလား၊ သူတို႔ ဘယ္သြားမလဲ၊ ျမ၀တီသြားလား၊ ေကာ့ကရိပ္သြားမလား၊ အဲဒါေတြကို ေက်းရြာေတြမွာ က်န္းမာေရး သတိေပးခ်က္လုပ္ထားတယ္။ က်န္းမာေရး၀န္ထမ္းေတြနဲ႔အတူ ဖ်ားနာတယ္ဆုိတာနဲ႔ သူတုိ႔ လကၡဏာၾကည့္ လို႔ ရတာေပါ့။"

ထိုင္းျမန္မာနယ္စပ္က မယ္ေတာ္ေဆးခန္းကို တည္ေထာင္သူ ေဒါက္တာစင္သီယာေမာင္ကေတာ့ ေနရပ္ျပန္ ျမန္မာအလုပ္သမားေတြကုိ ေသခ်ာေသြးစစ္ေဆးမႈ မလုပ္ႏိုင္ရင္ေတာ့
ျမန္မာဘက္မွာ အခ်ိန္မေရြးျဖစ္လာႏုိင္တယ္လို႔ အခုလိုေျပာပါတယ္။

"အဲဒါကေျပာဖို႔ ခက္တယ္။ ခရီးသြားလာမႈ ရွိမယ္ဆုိရင္ ေနရာတိုင္းမွာ ေသြးစစ္ဖို႔လည္း ေနရာတုိင္းမွာ မရွိေတာ့ ျဖစ္မယ္ဆုိလည္း အဲဒီမွာလည္း အခ်ိန္မေရြး ျဖစ္လာႏုိင္တာေပါ့။ ၀ိုင္းျပီးကာကြယ္ဖို႔ပဲ လိုတယ္။ တခ်ိန္ခ်ိန္မွာ ျဖစ္လာမယ္ဆုိတာ ခရီးသြားလာဖို႔ကေတာ့ ကန္႔သတ္ကေတာ့ အားလံုး၀ိုင္းေဆြးေႏြးျပီးမွ စဥ္းစားေပးရမွာေပါ့။ နယ္စပ္ဆုိေတာ့ ခရီးသြားလာမႈကေတာ့ အျမဲရွိေနတာေပါ့။"

ထိုင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား သံုးသန္းထက္မနည္း အလုပ္လုပ္ကုိင္ေနတာပါ။ မတ္လ ၁၇ ရက္ေန႔ ေနာက္ဆံုးထားျပီး ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ သြားၾကမယ့္ ျမန္မာဘက္က အလုပ္သမား ေစလြတ္မႈတြကို ပိတ္ပင္ထားလိုက္ပါတယ္။ ဒါ့အျပင္ ထိုင္းဘက္ကလည္း အလုပ္သမားေတြအတြက္ သက္တမ္းတုိးတဲ့ စင္တာေတြကိုလည္း ပိတ္ထားပါတယ္။

[Unicode Version]

ထိုင်းရောက် မြန်မာအလုပ်သမားနှစ်ဦး COVID-19 ကူးစက်ခံထားရ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနကနေ မြန်မာနိုင်ငံကို အကြောင်းကြားလာပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားအများအပြား မြန်မာနိုင်ငံဆီ ပြန်လာနေကြတာမို့ ပြန်ဝင်လာသူတွေကို ရောဂါရှိ၊ မရှိ အသေအချာစီစစ်ဖို့ ပိုပြီး လိုအပ်လာတယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ယူဆပါတယ်။ ဒီ သတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားတာပါ။

ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား နှစ်ဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ ထိုင်းကျန်းမာရေးဌာန အရာရှိ တဦးက သူ့လူမှုကွန်ယက်ပေါ် ထုတ်ပြန်လိုက်တဲ့နောက် ထိုင်းမှာရှိတဲ့ မြန်မာတွေအတွက် အတော်လေး အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဘက်က တရားဝင်ထုတ်ပြန်ချက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တိုးလာတဲ့အရေအတွက် ဖော်ပြပေမဲ့ အတိအကျအားဖြင့် အမည် နိုင်ငံသား ဖော်ပြခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းကျန်းမာရေးဌာနဘက်က မြန်မာနိုင်ငံဘက်ကို ဒီကနေ့မှာ အကြောင်းကြားလာတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"မြန်မာနိုင်ငံသား တဦးနဲ့ မြန်မာနိုင်ငံသူ တဦးတို့ဟာ COVID-19 ဖြစ်နေလို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကူးစက်ဆေးရုံမှာ ကုသမှု ပေးနေပါတယ် ဆိုတဲ့အကြောင်း သတင်းပြန်ကြားလာပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေပါ။ မြန်မာနိုင်ငံ ဘယ်လိပ်စာ၊ ဘယ်နေရာ ဘယ်ပြည်နယ်ကဆိုတာ သူတို့ မမေးထားပါဘူး။ ဒါပေမဲ့ ဒီလူတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလုပ်လာလုပ်နေကြသူတွေပဲ ဖြစ်ပါတယ်။"

ထိုင်းမြန်မာနယ်စပ် မြဝတီဘက်မှာတော့ ဒီရက်ပိုင်းအတွင်း နေရပ်ပြန်တဲ့ အလုပ်သမား ၅,၀၀၀ ထက်မနည်းရှိနေတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

နေရပ်ပြန်သူတွေဟာ အလုပ်ပြုတ်လို့ ပြန်သူတွေရှိသလို သင်္ကြန်ကာလ ခေတ္တပြန်သူတွေလည်း ရှိနေတာပါ။ ဒီထဲကမှ ဘန်ကောက်က ပြန်လာသူတွေကို အဓိက ထားစစ်နေတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

"အဓိကတော့ fever surveillance လုပ်တယ်။ အဲဒါကို မသိရင်တော့ ကိုယ်အပူချိန်တိုင်းတာလောက်ပဲ သိတာပေါ့။ သူရဲ့ကိုယ်ရေးအကျဉ်းပေါ့။ အမည်၊ အသက်၊ ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲ။ အဓိက အဲဒါကို fever surveillance လုပ်တာပေါ့။ ဒီသတင်းမထွက်ခင်ကတည်းက ဒီဟာက confirm မဖြစ်သေးဘူးနော်။ အဓိက ဘန်ကောက်ကပြန်လာတဲ့သူကို အာရုံစိုက်တယ်။ အဓိက ထိုင်းက ပြန်လာတာ ဖြစ်တာလည်း ဘန်ကောက်ကတဝိုက်ဆိုတော့ မဲဆောက်ဘက်က မဖြစ်ဘူး။ ဘန်ကောက်ကလာတဲ့ သူတို့ပိုပြီး လုပ်တယ်။ကျနော်တို့မှာ စာရင်းရှိတယ်။ ဘားအံသွားမလား၊ သူတို့ ဘယ်သွားမလဲ၊ မြဝတီသွားလား၊ ကော့ကရိပ်သွားမလား၊ အဲဒါတွေကို ကျေးရွာတွေမှာ ကျန်းမာရေး သတိပေးချက်လုပ်ထားတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ဖျားနာတယ်ဆိုတာနဲ့ သူတို့ လက္ခဏာကြည့် လို့ ရတာပေါ့။"

ထိုင်းမြန်မာနယ်စပ်က မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကတော့ နေရပ်ပြန် မြန်မာအလုပ်သမားတွေကို သေချာသွေးစစ်ဆေးမှု မလုပ်နိုင်ရင်တော့
မြန်မာဘက်မှာ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ အခုလိုပြောပါတယ်။

"အဲဒါကပြောဖို့ ခက်တယ်။ ခရီးသွားလာမှု ရှိမယ်ဆိုရင် နေရာတိုင်းမှာ သွေးစစ်ဖို့လည်း နေရာတိုင်းမှာ မရှိတော့ ဖြစ်မယ်ဆိုလည်း အဲဒီမှာလည်း အချိန်မရွေး ဖြစ်လာနိုင်တာပေါ့။ ဝိုင်းပြီးကာကွယ်ဖို့ပဲ လိုတယ်။ တချိန်ချိန်မှာ ဖြစ်လာမယ်ဆိုတာ ခရီးသွားလာဖို့ကတော့ ကန့်သတ်ကတော့ အားလုံးဝိုင်းဆွေးနွေးပြီးမှ စဉ်းစားပေးရမှာပေါ့။ နယ်စပ်ဆိုတော့ ခရီးသွားလာမှုကတော့ အမြဲရှိနေတာပေါ့။"

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သုံးသန်းထက်မနည်း အလုပ်လုပ်ကိုင်နေတာပါ။ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ သွားကြမယ့် မြန်မာဘက်က အလုပ်သမား စေလွတ်မှုတွကို ပိတ်ပင်ထားလိုက်ပါတယ်။ ဒါ့အပြင် ထိုင်းဘက်ကလည်း အလုပ်သမားတွေအတွက် သက်တမ်းတိုးတဲ့ စင်တာတွေကိုလည်း ပိတ်ထားပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ထုိင္းေရာက္ ျမန္မာအလုပ္သမားႏွစ္ဦး COVID-19 ကူးစက္ခံထားရ ထုိင္းေရာက္ ျမန္မာအလုပ္သမားႏွစ္ဦး COVID-19 ကူးစက္ခံထားရ Reviewed by THITHTOOLWIN on 23:47 Rating: 5
Powered by Blogger.