ဂ်ပန္အုိလံပစ္ပြဲေတာ္ တႏွစ္ေရႊ႕ဆုိင္း


(Zawgyi/Unicode)

ဂ်ပန္ႏုိင္ငံမွာ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ၂၀၂၀ ျပည့္ ေႏြရာသီ အုိလံပစ္အားကစားပဲြေတာ္ကုိ ေရွ႕ႏွစ္ ၂၀၂၁ ခုႏွစ္အထိ ေရႊ႕ဆုိင္းလုိက္ေၾကာင္း ၀န္ႀကီးခ်ဳပ္ Shinzo Abe က အဂၤါေန႔မွာပဲ ေၾကညာလုိက္ပါတယ္။

မူလတုန္းက အားကစားပဲြေတြကုိ တုိက်ဳိၿမိဳ႕ေတာ္မွာ ဇူလုိင္လ ၂၄ ရက္ေန႔ စတင္ဖုိ႔ စီစဥ္ထားေပမဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ တႏွစ္ေရႊ႕လုိက္ရတာပါ။ ႏုိင္ငံတကာ အုိလံပစ္ေကာ္မတီ ဥကၠ႒ Thomas Bach နဲ႔ တယ္လီဖုန္းကတဆင့္ ေဆြးေႏြးအၿပီးမွာပဲ ဂ်ပန္၀န္ႀကီးခ်ဳပ္က တႏွစ္ေရႊ႕မယ့္အစီအစဥ္ကုိ ေၾကညာလုိက္တာလည္း ျဖစ္ပါတယ္။

စီစဥ္ထားတဲ့အတုိင္း အားကစားပဲြေတြ အားလုံးကုိ မက်င္းပႏုိင္ဘူး ဆုိရင္ အစီအစဥ္ကုိ မေရႊ႕မျဖစ္ ေရႊ႕ရမွာျဖစ္ေၾကာင္း အေစာပုိင္းမွာလည္း ၀န္ႀကီးခ်ဳပ္က ေျပာဆုိထားတာပါ။ ႏုိင္ငံတခ်ဳိ႕နဲ႔ အားကစားသမားေတြက ဖိအားေတြ တုိးလာရာက ေရႊ႕ဆုိင္းဖုိ႔ ဆုံးျဖတ္ခဲ့ရတာ ျဖစ္ေၾကာင္းလည္း ဂ်ပန္၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ႏုိင္ငံတကာ အုိလံပစ္ေကာ္မတီနဲ႔ ၂၀၂၀ တုိက်ဳိ အုိလံပစ္က်င္းပေရး ေကာ္မတီရဲ႕ ပူးတဲြေၾကညာခ်က္မွာေတာ့ အားကစားသမားေတြနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းရဲ႕ က်န္းမာေရးအတြက္ အကာအကြယ္ေပးဖုိ႔ လုိအပ္ခ်က္အရ ေရႊ႕ဆုိင္းခဲ့ရတာ ျဖစ္ေၾကာင္း ေျပာဆုိခဲ့တာပါ။

မၾကာေသးခင္ကပဲ ကေနဒါႏုိင္ငံက တုိက်ဳိအုိလံပစ္ပဲြေတာ္မွာ ပါ၀င္မွာမဟုတ္ေၾကာင္း ေျပာဆုိုလုိက္သလုိ၊ ၾသစေၾတးလ်ႏုိင္ငံကလည္း အားကစားသမားေတြကုိ လုံလုံေလာက္ေလာက္ ေလ့က်င့္ခ်ိန္မရေၾကာင္း ေျပာဆုိခဲ့ၾကၿပီး ေနာက္မွာပဲ အခုလုိ ေရႊ႕ဆုိင္းဖုိ႔ ဆုံးျဖတ္လုိက္တာလည္း ျဖစ္ပါတယ္။

..........................

ဂျပန်အိုလံပစ်ပွဲတော် တနှစ်ရွှေ့ဆိုင်း

(Unicode)

ဂျပန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၀ ပြည့် နွေရာသီ အိုလံပစ်အားကစားပွဲတော်ကို ရှေ့နှစ် ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ဝန်ကြီးချုပ် Shinzo Abe က အင်္ဂါနေ့မှာပဲ ကြေညာလိုက်ပါတယ်။

မူလတုန်းက အားကစားပွဲတွေကို တိုကျိုမြို့တော်မှာ ဇူလိုင်လ ၂၄ ရက်နေ့ စတင်ဖို့ စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တနှစ်ရွှေ့လိုက်ရတာပါ။ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach နဲ့ တယ်လီဖုန်းကတဆင့် ဆွေးနွေးအပြီးမှာပဲ ဂျပန်ဝန်ကြီးချုပ်က တနှစ်ရွှေ့မယ့်အစီအစဉ်ကို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

စီစဉ်ထားတဲ့အတိုင်း အားကစားပွဲတွေ အားလုံးကို မကျင်းပနိုင်ဘူး ဆိုရင် အစီအစဉ်ကို မရွှေ့မဖြစ် ရွှေ့ရမှာဖြစ်ကြောင်း အစောပိုင်းမှာလည်း ဝန်ကြီးချုပ်က ပြောဆိုထားတာပါ။ နိုင်ငံတချို့နဲ့ အားကစားသမားတွေက ဖိအားတွေ တိုးလာရာက ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ၂၀၂၀ တိုကျို အိုလံပစ်ကျင်းပရေး ကော်မတီရဲ့ ပူးတွဲကြေညာချက်မှာတော့ အားကစားသမားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကျန်းမာရေးအတွက် အကာအကွယ်ပေးဖို့ လိုအပ်ချက်အရ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

မကြာသေးခင်ကပဲ ကနေဒါနိုင်ငံက တိုကျိုအိုလံပစ်ပွဲတော်မှာ ပါဝင်မှာမဟုတ်ကြောင်း ပြောဆိုလိုက်သလို၊ သြစတြေးလျနိုင်ငံကလည်း အားကစားသမားတွေကို လုံလုံလောက်လောက် လေ့ကျင့်ချိန်မရကြောင်း ပြောဆိုခဲ့ကြပြီး နောက်မှာပဲ အခုလို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ဂ်ပန္အုိလံပစ္ပြဲေတာ္ တႏွစ္ေရႊ႕ဆုိင္း ဂ်ပန္အုိလံပစ္ပြဲေတာ္ တႏွစ္ေရႊ႕ဆုိင္း Reviewed by THITHTOOLWIN on 06:58 Rating: 5
Powered by Blogger.