ဘဂၤလာေဒ့ရွ္ ေကာ့စ္ဘဇားတြင္ ကိုရိုနာဗုိင္းရပ္စ္ Positive လူနာေတြ႕

(Zawgyi)⤵⤵⤵

နိရဥၥရာ၊ မတ္ ၂၄/ ၂၀၂၀

ရခိုင္ျပည္နယ္ႏွင့္ ကပ္ရပ္တည္ရွိေနသည့္ ဘဂၤလာေဒ့ရွ္ ႏိုင္ငံ ေကာ့စ္ဘဇားျမိဳ႕ အေထြေထြ ေဆးရံုတြင္ တက္ေရာက္ကုသေနသည့္ လူနာ အမ်ိဳးသမီးတစ္ဦး၌ ကိုရိုနာဗုိင္းရပ္စ္ Positive ‌ေတြ႕ရွိသျဖင့္ ေဆးရံုမွ ဆရာ၀န္ ၈ ဦးအပါအ၀င္ လူေပါင္း ၂၀ ဦးကို သူတို႕ေနအိမ္မ်ားတြင္ ေရာဂါ မကူးစက္ေစရန္ သီးသန္႕ ေနခိုင္ထားသည္ဟု သတင္းရရွိသည္။

၎လူနာအား ေဆးကုသမႈျပဳခဲ့သူ ေဆးရံုမွ သူနာျပဳရွစ္ဦးႏွင့္ ေဆး႐ုံ၏အေစာင့္ေလး ဦးကိုလည္း ေနအိမ္တြင္ ေနထိုင္ခိုင္းထားေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။

၎ကိုရိုနာဗိုင္းရပ္စ္ ေတြ႕ရွိသည့္ လူနာသည္ အသက္ ၆၈ ႏွစ္ရွိေသာ အမ်ိဳးသမီး တစ္ဦးျဖစ္ျပီး ေကာစ္ဘဇား အစုိးရ အေထြေထြ ေဆးရံုတြင္ မတ္လ ၁၈ ရက္ေန႕ကတည္း အသက္ရွဴ က်ပ္မႈေၾကာင့္ တက္ေရာက္ေဆးကုသမႈ ခံယူသူ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးသည္ မတ္လ ၁၃ ရက္ေန႕က ေဆာ္ဒီအေရဗီးယားႏိုင္ငံမွ (Umra) ဘုရားဖူး ျပီးျပန္လာသူ ျဖစ္ေသာ္လည္း သူမ၏ ဘုရားဖူးသြားျခင္းကို ဖုံးကြယ္ထားခဲ့သည္ဟု က်န္မာေရး အရာရွိက ေျပာသည္။ သူမသည္ ေဆာ္ဒီအေရဗီးယားႏိုင္ငံမွ ျပန္လာသူ ျဖစ္ေၾကာင္း ေဆြမ်ိဳးမ်ားကို ေမးျမန္းရာမွ သိရွိျခင္းျဖစ္သည္ဟု ၎က ရွင္းလင္း ေျပာဆိုသည္။

သူမ၏ေသြးနမူနာမ်ားကို IEDCR သို႔မတ္လ ၂၂ ရက္တြင္ပို႔ခဲ့ရာ ၎လူနာသည္ ကိုရိုနာ ဗိုင္းရပ္စ္ positive ေတြ႕ရွိသည့္ရလဒ္ျဖင့္ ယေန႕တြင္ ေကာ့စ္ဘဇား ေဆး႐ုံသို႔ အေၾကာင္းျပန္စာ ျပန္လည္ေရာက္ရွိခဲ့သည္ဟုဆိုသည္။

အေၾကာင္းျပန္စာကို ရရွိျပီးေနာက္ ထိုအမ်ိဳးသမီးကို ခ်က္ခ်င္း ေဆး႐ုံရွိ သီးသန္႕အခန္းသို႕ ေျပာင္းေရႊ႕ခဲ့ျပီး သူမအား ေဆးကုသခဲ့ရာတြင္ ပါ၀င္ခဲ့သည့္ ဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားကိုလည္း ေဆး႐ုံသို႔ မလာဘဲ အိမ္တြင္ေနထိုင္ရန္ ေျပာၾကားခဲ့သည္။

ျပီးေနာက္ ၎ရပ္ကြက္ကို Lockdown လုပ္ေၾကာင္း သက္ဆိုင္ရာက မြန္းလြဲ ၂ နာရီ ၃၀ တြင္ ေက်ညာျပီး အလံနီမ်ားကို သက္ဆိုင္ရာက ၎ေနရာတြင္ လြင့္ထူခဲ့သည္။

Narinjara
https://www.facebook.com/narinjara.info/
-------------
(Unicode)⤵⤵⤵

ဘင်္ဂလာဒေ့ရှ် ကော့စ်ဘဇားတွင် ကိုရိုနာဗိုင်းရပ်စ် Positive လူနာတွေ့

နိရဉ္စရာ၊ မတ် ၂၄/ ၂၀၂၀

ရခိုင်ပြည်နယ်နှင့် ကပ်ရပ်တည်ရှိနေသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားမြို့ အထွေထွေ ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာ အမျိုးသမီးတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် Positive ‌တွေ့ရှိသဖြင့် ဆေးရုံမှ ဆရာဝန် ၈ ဦးအပါအဝင် လူပေါင်း ၂၀ ဦးကို သူတို့နေအိမ်များတွင် ရောဂါ မကူးစက်စေရန် သီးသန့် နေခိုင်ထားသည်ဟု သတင်းရရှိသည်။

၎င်းလူနာအား ဆေးကုသမှုပြုခဲ့သူ ဆေးရုံမှ သူနာပြုရှစ်ဦးနှင့် ဆေးရုံ၏အစောင့်လေး ဦးကိုလည်း နေအိမ်တွင် နေထိုင်ခိုင်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသည့် လူနာသည် အသက် ၆၈ နှစ်ရှိသော အမျိုးသမီး တစ်ဦးဖြစ်ပြီး ကောစ်ဘဇား အစိုးရ အထွေထွေ ဆေးရုံတွင် မတ်လ ၁၈ ရက်နေ့ကတည်း အသက်ရှူ ကျပ်မှုကြောင့် တက်ရောက်ဆေးကုသမှု ခံယူသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် မတ်လ ၁၃ ရက်နေ့က ဆော်ဒီအရေဗီးယားနိုင်ငံမှ (Umra) ဘုရားဖူး ပြီးပြန်လာသူ ဖြစ်သော်လည်း သူမ၏ ဘုရားဖူးသွားခြင်းကို ဖုံးကွယ်ထားခဲ့သည်ဟု ကျန်မာရေး အရာရှိက ပြောသည်။ သူမသည် ဆော်ဒီအရေဗီးယားနိုင်ငံမှ ပြန်လာသူ ဖြစ်ကြောင်း ဆွေမျိုးများကို မေးမြန်းရာမှ သိရှိခြင်းဖြစ်သည်ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။

သူမ၏သွေးနမူနာများကို IEDCR သို့မတ်လ ၂၂ ရက်တွင်ပို့ခဲ့ရာ ၎င်းလူနာသည် ကိုရိုနာ ဗိုင်းရပ်စ် positive တွေ့ရှိသည့်ရလဒ်ဖြင့် ယနေ့တွင် ကော့စ်ဘဇား ဆေးရုံသို့ အကြောင်းပြန်စာ ပြန်လည်ရောက်ရှိခဲ့သည်ဟုဆိုသည်။

အကြောင်းပြန်စာကို ရရှိပြီးနောက် ထိုအမျိုးသမီးကို ချက်ချင်း ဆေးရုံရှိ သီးသန့်အခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး သူမအား ဆေးကုသခဲ့ရာတွင် ပါဝင်ခဲ့သည့် ဆရာဝန်များနှင့် သူနာပြုများကိုလည်း ဆေးရုံသို့ မလာဘဲ အိမ်တွင်နေထိုင်ရန် ပြောကြားခဲ့သည်။

ပြီးနောက် ၎င်းရပ်ကွက်ကို Lockdown လုပ်ကြောင်း သက်ဆိုင်ရာက မွန်းလွဲ ၂ နာရီ ၃၀ တွင် ကျေညာပြီး အလံနီများကို သက်ဆိုင်ရာက ၎င်းနေရာတွင် လွင့်ထူခဲ့သည်။

Narinjara
https://www.facebook.com/narinjara.info/
ဘဂၤလာေဒ့ရွ္ ေကာ့စ္ဘဇားတြင္ ကိုရိုနာဗုိင္းရပ္စ္ Positive လူနာေတြ႕ ဘဂၤလာေဒ့ရွ္ ေကာ့စ္ဘဇားတြင္ ကိုရိုနာဗုိင္းရပ္စ္ Positive လူနာေတြ႕ Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.