

(Zawgyi)⤵⤵⤵



(Xinhua)
-----------
(Unicode)⤵⤵⤵
ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်း

ရန်ကုန်တက္ကသိုလ်ပညာရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တက္ကသိုလ်)

    ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

    ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ ၏ အရေးပေါ်ဆုံးဖြတ်ချက်အရ  ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်းလိုက်ကြောင်း  ရန်ကုန်တက္ကသိုလ်၊ ပညာရေးအဖွဲ့ က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ မတ် ၂၃ ရက် ည ၁၁း၄၅ နာရီ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံ နှင့် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံတို့ ၌ စောင့်ကြပ်ကြည့်ရှုခြင်း ခံထားရသော လူနာ ၂ ဦးတို့တွင် COVID-19 ရောဂါပို့ တွေ့ရှိရကြောင်း ထုတ်ပြန်ချက် ကြောင့် ယခု ကဲ့သို့စာမေးပွဲများအားလုံးရပ်ဆိုင်းရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။ဆောင်ရွက်မည့် အစီအစဉ်များအား ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်း ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်း Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.