ေက်ာက္ေတာ္မွာ လက္နက္ႀကီးက်ည္က်ၿပီး ရပ္႐ြာေတြထဲက ေနအိမ္အလုံး ၁၀၀ ေက်ာ္မီးေလာင္၊ ႐ြာလုံးကြၽတ္ထြက္ေျပးၾက

(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္၊ မတ္ ၁၂- ၂၀၂၀

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ တပ္မေတာ္နဲ႔ေအေအတို႔တိုက္ပြဲျပင္းထန္ေနတဲ့အနီးတစ္ဝိုက္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ရပ္႐ြာေတြမွာ လက္နက္ႀကီးက်ည္ေတြက်ေရာက္ေပါက္ကြဲတဲ့အတြက္ ဒီရက္ပိုင္း မတ္လ ၁၀ ရက္ေန႔ကေန ဒီကေန႔အထိ ေနအိမ္အလုံး ၁၀၀ ေက်ာ္မီးေလာင္ပ်က္စီးသြားၿပီး ေဒသခံေတြ႐ြာလုံးကြၽတ္ထြက္ေျပးသြားတယ္လို႔ သတင္းရရွိပါတယ္။

လက္နက္ႀကီးက်ေရာက္ေပါက္ကြဲၿပီးေတာ့ မီးေလာင္မႈအမ်ားဆုံးျဖစ္တဲ့ ေက်း႐ြာေတြဟာ မုန္႔သန္းျပင္ေက်း႐ြာမွာ အိမ္ေျခ ၁၀၀ ေက်ာ္ရွိတဲ့အနက္ ၆၆ အိမ္ခန္႔မီးေလာင္ၿပီး ၿပိဳင္းတိုင္းေက်း႐ြာမွာ အိမ္ေျခ ၂၀၀ ေက်ာ္ရွိရာ ေနအိမ္ ၄၄ လုံးခန္႔ မီးေလာင္သြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေက်း႐ြာေတြအတြင္း လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ မီးေလာင္ပ်က္စီးရာမွာ အျခား႐ြာေတြကလည္း ပါဝင္ၿပီး အထက္ကေဖာ္ျပခဲ့တဲ့ ႐ြာႏွစ္႐ြာမွာ အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့အနီးအနားက ေက်း႐ြာ ၆ ႐ြာေလာက္ဟာ ႐ြာလုံးကြၽတ္ထြက္ေျပးၾကရၿပီး ထြက္ေျပးစဥ္ ပစ္ခတ္ခံရမႈေတြေၾကာင့္ ဒဏ္ရာရရွိသူေတြလည္းရွိကာ ထြက္ေျပးၾကတဲ့ေဒသခံေတြဟာ ေက်ာက္ေတာ္ၿမိဳ႕ေပၚနဲ႔ ေဘးအႏၲရာယ္ကင္းတယ္လို႔ ယူဆရတဲ့႐ြာေတြကို ေျပးေနၾကရတယ္လို႔ ထြက္ေျပးလာတဲ့ေဒသခံေတြက ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမႀကီးေက်း႐ြာမွာ မေန႔ကတိုက္ပြဲေတြေၾကာင့္ ေက်း႐ြာေဒသခံ ၁၀၀ ေက်ာ္ေလာက္ ထြက္ေျပးလာၾကၿပီးျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တင္းမႀကီးေက်း႐ြာသားတစ္ဦးက" အခုတင္းမႀကီးဖက္မွာ ဆက္သြယ္လို႔ရတဲ့ ဖုန္းနံပါတ္ေတြမရွိဘူး။ အားလုံးလိုင္းျဖတ္ထားတယ္လို႔ေျပာတယ္။ မေန႔က ထြက္ေျပးလာၾကတာကေတာ့ အေယာက္ ၁၀၀ ေက်ာ္ေလာက္လို႔ေျပာတယ္။ မတ္လ ၁၀၊ ၁၁ ရက္ေန႔ဆိုရင္ အမ်ားအျပားရွိမယ္။ ထြက္ေျပးတာကေတာ့ မာလာ၊ ေ႐ႊျပည္၊ ေမ်ာက္ေတာင္၊ သာစည္ စတဲ့႐ြာေတြက နီးစပ္ေဆြမ်ိဳးအသ္ိအိမ္ေတြမွာေနၾကတာေပါ့။ ရည္ရွည္အတြက္က မသင့္ေတာ္ဘူး။ ကို႔ေဒသကလူေတြ အခုလိုမ်ိဳး အိမ္မီးေလာင္၊ ထြက္ေျပး လာရတယ္ဆိုေတာ့ စိတ္ထဲမွာမေကာင္းဘူး။" လို႔ ေျပာပါတယ္။

အလားတူ ၿပိဳင္းတိုင္းေက်း႐ြာမွာလည္း ႐ြာလုံးကြၽတ္ထြက္ေျပးလာရာ စစ္ေဘးေရွာင္ေတြရဲ႕ေနအိမ္မီးေလာင္သြားတဲ့အျပင္ လူအိုေတြသာက်န္ခဲ့ၾကၿပီး ေက်း႐ြာတြင္းက အသက္စြန္႔ၿပီးေျပးလာရတာျဖစ္တယ္လို႔ ၿပိဳင္းတိုင္း႐ြာခံ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

သူက" မီးေလာင္တာ ၿပိဳင္းတိုင္းမွာ အိမ္ေျခ ၄၀ ေက်ာ္ေလာက္ပါသြားၿပီ။ မုန္႔သန္းျပင္မွာက ၃ ေဆာင္ေလာက္ပဲက်န္ခဲ့တယ္လို႔ေျပာတယ္။ လယ္ယာဥ္နဲ႔လာပစ္တာ။ ေက်ာ္႐ႊီျပင္႐ြာမွာလည္း ၅ ေဆာင္ေလာက္ေလာင္သြားတယ္လို႔ၾကားတယ္။ အခုက ႐ြာေပါင္း ၁၀ ေလာက္ဒုကၡေရာက္ေနတာ။ ႐ြာကထြက္ေျပးရင္လည္း လိုက္ပစ္ခံရတယ္။ ေခ်ာင္းကူး၊ ျမစ္ကူး၊ ေတာင္တက္၊ ေျမာင္ေတြကိုေက်ာ္ၿပီး က်ိတ္က်ိတ္တိုးလို႔ေျပးလာၾကတယ္။ ကေလးေတြက တစ္ဖက္နဲ႔ ဘာမွမပါဘူး။ ခါးဝတ္တစ္ထည္တည္းနဲ႔ ေျပးလာရတာ။ သက္ႀကီး႐ြယ္အိုေတြလည္း ထမ္းမရ ပိုးမရနဲ႔႐ြာမွာက်န္ခဲ့တယ္။ ေသလို႔ေပ်ာက္လို႔ အဲ့ဒီလိုၾကားတယ္။ ဘုန္းႀကီးေက်ာင္းလည္း မက်န္ဘူး။ အားလုံးမီးေလာင္တယ္။ " လို႔ ေျပာပါတယ္။

လက္နက္က်ေရာက္မႈေၾကာင့္ ေနအိမ္ေတြမီးေလာင္သြားၿပီး ေဒသခံေတြစစ္ေဘးေရွာင္အျဖစ္ထြက္ေျပးရတဲ့ ေက်း႐ြာေတြမွာ မုန္႔သန္းျပင္၊ ၿပိဳင္းတိုင္း၊ ေက်ာ္႐ႊီျပင္႐ြာတို႔ျဖစ္ကာ ႐ြာသားေတြထြက္ေျပးရတဲ့ ႐ြာေတြမွာ အထက္ကေဖာ္ျပခဲ့တဲ့ ၃ ႐ြာအျပင္ တင္းမႀကီး႐ြာနဲ႔ ေအာင္သာယာ႐ြာတို႔ျဖစ္တယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဖက္ကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖဆိုမႈမရွိခဲ့တာေၾကာင့္ ေအေအဖက္ကိုဆက္သြယ္ရာမွာလည္း ေအေအျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ေနာက္ထပ္ ၁၅ မိနစ္ေနရင္ျပန္ဆက္သြယ္ေပးဖို႔ ေျပာပါတယ္။

ခိုင္လင္းစံ(VOM)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
ကျောက်တော်မှာ လက်နက်ကြီးကျည်ကျပြီး ရပ်ရွာတွေထဲက နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်၊ ရွာလုံးကျွတ်ထွက်ပြေးကြ

ကျောက်တော်၊ မတ် ၁၂- ၂၀၂၀

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တပ်မတော်နဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့အနီးတစ်ဝိုက် ကျောက်တော်မြို့နယ်က ရပ်ရွာတွေမှာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတဲ့အတွက် ဒီရက်ပိုင်း မတ်လ ၁၀ ရက်နေ့ကနေ ဒီကနေ့အထိ နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်ပျက်စီးသွားပြီး ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးတော့ မီးလောင်မှုအများဆုံးဖြစ်တဲ့ ကျေးရွာတွေဟာ မုန့်သန်းပြင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အနက် ၆၆ အိမ်ခန့်မီးလောင်ပြီး ပြိုင်းတိုင်းကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိရာ နေအိမ် ၄၄ လုံးခန့် မီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာတွေအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးရာမှာ အခြားရွာတွေကလည်း ပါဝင်ပြီး အထက်ကဖော်ပြခဲ့တဲ့ ရွာနှစ်ရွာမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အနီးအနားက ကျေးရွာ ၆ ရွာလောက်ဟာ ရွာလုံးကျွတ်ထွက်ပြေးကြရပြီး ထွက်ပြေးစဉ် ပစ်ခတ်ခံရမှုတွေကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိကာ ထွက်ပြေးကြတဲ့ဒေသခံတွေဟာ ကျောက်တော်မြို့ပေါ်နဲ့ ဘေးအန္တရာယ်ကင်းတယ်လို့ ယူဆရတဲ့ရွာတွေကို ပြေးနေကြရတယ်လို့ ထွက်ပြေးလာတဲ့ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာမှာ မနေ့ကတိုက်ပွဲတွေကြောင့် ကျေးရွာဒေသခံ ၁၀၀ ကျော်လောက် ထွက်ပြေးလာကြပြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တင်းမကြီးကျေးရွာသားတစ်ဦးက" အခုတင်းမကြီးဖက်မှာ ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်တွေမရှိဘူး။ အားလုံးလိုင်းဖြတ်ထားတယ်လို့ပြောတယ်။ မနေ့က ထွက်ပြေးလာကြတာကတော့ အယောက် ၁၀၀ ကျော်လောက်လို့ပြောတယ်။ မတ်လ ၁၀၊ ၁၁ ရက်နေ့ဆိုရင် အများအပြားရှိမယ်။ ထွက်ပြေးတာကတော့ မာလာ၊ ရွှေပြည်၊ မျောက်တောင်၊ သာစည် စတဲ့ရွာတွေက နီးစပ်ဆွေမျိုးအသိအိမ်တွေမှာနေကြတာပေါ့။ ရည်ရှည်အတွက်က မသင့်တော်ဘူး။ ကို့ဒေသကလူတွေ အခုလိုမျိုး အိမ်မီးလောင်၊ ထွက်ပြေး လာရတယ်ဆိုတော့ စိတ်ထဲမှာမကောင်းဘူး။" လို့ ပြောပါတယ်။

အလားတူ ပြိုင်းတိုင်းကျေးရွာမှာလည်း ရွာလုံးကျွတ်ထွက်ပြေးလာရာ စစ်ဘေးရှောင်တွေရဲ့နေအိမ်မီးလောင်သွားတဲ့အပြင် လူအိုတွေသာကျန်ခဲ့ကြပြီး ကျေးရွာတွင်းက အသက်စွန့်ပြီးပြေးလာရတာဖြစ်တယ်လို့ ပြိုင်းတိုင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူက" မီးလောင်တာ ပြိုင်းတိုင်းမှာ အိမ်ခြေ ၄၀ ကျော်လောက်ပါသွားပြီ။ မုန့်သန်းပြင်မှာက ၃ ဆောင်လောက်ပဲကျန်ခဲ့တယ်လို့ပြောတယ်။ လယ်ယာဉ်နဲ့လာပစ်တာ။ ကျော်ရွှီပြင်ရွာမှာလည်း ၅ ဆောင်လောက်လောင်သွားတယ်လို့ကြားတယ်။ အခုက ရွာပေါင်း ၁၀ လောက်ဒုက္ခရောက်နေတာ။ ရွာကထွက်ပြေးရင်လည်း လိုက်ပစ်ခံရတယ်။ ချောင်းကူး၊ မြစ်ကူး၊ တောင်တက်၊ မြောင်တွေကိုကျော်ပြီး ကျိတ်ကျိတ်တိုးလို့ပြေးလာကြတယ်။ ကလေးတွေက တစ်ဖက်နဲ့ ဘာမှမပါဘူး။ ခါးဝတ်တစ်ထည်တည်းနဲ့ ပြေးလာရတာ။ သက်ကြီးရွယ်အိုတွေလည်း ထမ်းမရ ပိုးမရနဲ့ရွာမှာကျန်ခဲ့တယ်။ သေလို့ပျောက်လို့ အဲ့ဒီလိုကြားတယ်။ ဘုန်းကြီးကျောင်းလည်း မကျန်ဘူး။ အားလုံးမီးလောင်တယ်။ " လို့ ပြောပါတယ်။

လက်နက်ကျရောက်မှုကြောင့် နေအိမ်တွေမီးလောင်သွားပြီး ဒေသခံတွေစစ်ဘေးရှောင်အဖြစ်ထွက်ပြေးရတဲ့ ကျေးရွာတွေမှာ မုန့်သန်းပြင်၊ ပြိုင်းတိုင်း၊ ကျော်ရွှီပြင်ရွာတို့ဖြစ်ကာ ရွာသားတွေထွက်ပြေးရတဲ့ ရွာတွေမှာ အထက်ကဖော်ပြခဲ့တဲ့ ၃ ရွာအပြင် တင်းမကြီးရွာနဲ့ အောင်သာယာရွာတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ တပ်မတော်ဖက်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုမှုမရှိခဲ့တာကြောင့် အေအေဖက်ကိုဆက်သွယ်ရာမှာလည်း အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက နောက်ထပ် ၁၅ မိနစ်နေရင်ပြန်ဆက်သွယ်ပေးဖို့ ပြောပါတယ်။

ခိုင်လင်းစံ(VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေက်ာက္ေတာ္မွာ လက္နက္ႀကီးက်ည္က်ၿပီး ရပ္႐ြာေတြထဲက ေနအိမ္အလုံး ၁၀၀ ေက်ာ္မီးေလာင္၊ ႐ြာလုံးကြၽတ္ထြက္ေျပးၾက ေက်ာက္ေတာ္မွာ လက္နက္ႀကီးက်ည္က်ၿပီး ရပ္႐ြာေတြထဲက ေနအိမ္အလုံး ၁၀၀ ေက်ာ္မီးေလာင္၊ ႐ြာလုံးကြၽတ္ထြက္ေျပးၾက Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.