မိုးမိတ္မွာ တပ္နဲ႔ တအာန္း တိုက္ပြဲေၾကာင့္ ႐ြာလုံးကြၽတ္ေျပး


(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုးမိတ္ၿမိဳ႕နယ္ ေ႐ႊေညာင္ပင္ေက်း႐ြာမွာ မတ္ ၁၀ ရက္ေန႔ မနက္ပိုင္း ဆယ္နာရီေလာက္ က တပ္မေတာ္နဲ႔ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕TNLA တိုက္ပြဲျဖစ္ပြားလို႔ ႐ြာသားႏွစ္ရာေက်ာ္ ေနရပ္ စြန႔္ခြာထြက္ေျပးေနရပါတယ္။ ထြက္ေျပးေနရသူေတြဟာ ေ႐ႊေညာင္ပင္႐ြာနဲ႔ သဲလိန္႐ြာသားေတြပါ။

ေ႐ႊေညာင္ပင္႐ြာကေန ျပန္ထြက္လာတဲ့ TNLA တပ္ေတြနဲ႔ ႐ြာထဲဝင္လာတဲ့ မိုးမိတ္အေျခစိုက္ စစ္ဗ်ဴဟာ လက္ေအာက္ခံတပ္ေတြ တိုက္ပြဲျဖစ္တာလို႔ မ်က္ျမင္ေတြ႕ခဲ့တဲ့ ေဒသခံတစ္ဦးက RFA ကို ဒီေန႔ မတ္ ၁၂ ရက္ေန႔မွာ ေျပာပါတယ္။ တိုက္ပြဲျပင္းထန္လာလို႔ ထြက္ေျပးခဲ့ၾကတာလို႔ ေ႐ႊေညာင္ပင္႐ြာခံ ေဒၚၿငိမ္းဆာ က ေျပာပါတယ္။

တိုက္ပြဲေၾကာင့္အနီးက သဲလိန္႐ြာသားေတြလည္း မိုးမိတ္ၿမိဳ႕နယ္ လြယ္ဆာ႐ြာ ဘုန္းႀကီးေက်ာင္းကို ထြက္ေျပးေန ရပါတယ္။ ဘုန္းႀကီးေက်ာင္းကို ေရာက္ရွိလာသူ ၁၁၅ ေယာက္ရွိတယ္လို႔ ထြက္ေျပးလာသူေတြကို အကူအညီေပး ေနတဲ့ လြယ္ဆာ႐ြာက ပရဟိတအဖြဲ႕ဝင္ ကိုေက်ာ္ႏိုင္ဝင္း က ေျပာပါတယ္။

မေန႔ကေတာ့ ႐ြာမွာက်န္ခဲ့တဲ့ အမ်ိဳးသားအေယာက္ႏွစ္ဆယ္ကို တပ္မေတာ္က ေခၚယူစစ္ေဆးၿပီး ျပန္လႊတ္ေပး ခဲ့သလို တပ္မေတာ္ရဲ႕ လမ္းျပအျဖစ္ေခၚသြားခံရတဲ့ ပေလာင္နဲ႔ လီဆူတိုင္းရင္းသား ႏွစ္ေယာက္ကိုလည္း ျပန္လႊတ္ေပးခဲ့တယ္လို႔ ေဒသခံကေျပာပါတယ္။

ထြက္ေျပးလာၾကတဲ့ေဒသခံေတြအတြက္ စားစရာေတြ အေရးေပၚလိုအပ္ေနတယ္လို႔ ကိုေက်ာ္ႏိုင္ဝင္း က ေျပာပါတယ္။

႐ြာအနီးက TNLA တပ္ေတြ ျပန္ဆုတ္ခြာသြားၿပီး ျဖစ္ေပမယ့္ တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရးအတြက္ စစ္ကားႏွစ္စီးနဲ႔ အင္အားေတြထပ္ျဖည့္ထားလို႔ ေဒသခံေတြ ေနရပ္ျပန္ဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

တပ္မေတာ္ဘက္က ထိုးစစ္ေတြေၾကာင့္ တိုက္ပြဲျဖစ္တာလို႔ TNLA က အဲဒီေန႔က သတင္းထုတ္ျပန္ပါတယ္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီရက္ပိုင္းမွာ TNLA နဲ႔ တိုက္ပြဲမရွိဘူးလို႔ ဒီေန႔မနက္က ေျပာပါတယ္။

ေ႐ႊေညာင္ပင္ေက်း႐ြာအုပ္စုမွာ တ႐ုတ္႐ြာ၊ ပေလာင္႐ြာ၊ လီဆူ႐ြာ ဆိုၿပီးရွိတာပါ။ ၂၀၁၄ ခုႏွစ္တုန္းကလည္း ေ႐ႊေညာင္ပင္႐ြာအနီး တပ္မေတာ္နဲ႔ TNLA တိုက္ပြဲျဖစ္လို႔ တ႐ုတ္႐ြာက အမ်ိဳးသားတစ္ေယာက္ ေသဆုံး ခဲ့တဲ့အျပင္ လီဆူ႐ြာက ႐ြာသားတခ်ိဳ႕လည္း ဒဏ္ရာရခဲ့တယ္လို႔  ေဒသခံက RFA ကို ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မိုးမိတ်မှာ တပ်နဲ့ တအာန်း တိုက်ပွဲကြောင့် ရွာလုံးကျွတ်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်း ဆယ်နာရီလောက် က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တိုက်ပွဲဖြစ်ပွားလို့ ရွာသားနှစ်ရာကျော် နေရပ် စွန့်ခွာထွက်ပြေးနေရပါတယ်။ ထွက်ပြေးနေရသူတွေဟာ ရွှေညောင်ပင်ရွာနဲ့ သဲလိန်ရွာသားတွေပါ။

ရွှေညောင်ပင်ရွာကနေ ပြန်ထွက်လာတဲ့ TNLA တပ်တွေနဲ့ ရွာထဲဝင်လာတဲ့ မိုးမိတ်အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံတပ်တွေ တိုက်ပွဲဖြစ်တာလို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ မတ် ၁၂ ရက်နေ့မှာ ပြောပါတယ်။ တိုက်ပွဲပြင်းထန်လာလို့ ထွက်ပြေးခဲ့ကြတာလို့ ရွှေညောင်ပင်ရွာခံ ဒေါ်ငြိမ်းဆာ က ပြောပါတယ်။

တိုက်ပွဲကြောင့်အနီးက သဲလိန်ရွာသားတွေလည်း မိုးမိတ်မြို့နယ် လွယ်ဆာရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးနေ ရပါတယ်။ ဘုန်းကြီးကျောင်းကို ရောက်ရှိလာသူ ၁၁၅ ယောက်ရှိတယ်လို့ ထွက်ပြေးလာသူတွေကို အကူအညီပေး နေတဲ့ လွယ်ဆာရွာက ပရဟိတအဖွဲ့ဝင် ကိုကျော်နိုင်ဝင်း က ပြောပါတယ်။

မနေ့ကတော့ ရွာမှာကျန်ခဲ့တဲ့ အမျိုးသားအယောက်နှစ်ဆယ်ကို တပ်မတော်က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး ခဲ့သလို တပ်မတော်ရဲ့ လမ်းပြအဖြစ်ခေါ်သွားခံရတဲ့ ပလောင်နဲ့ လီဆူတိုင်းရင်းသား နှစ်ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။

ထွက်ပြေးလာကြတဲ့ဒေသခံတွေအတွက် စားစရာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကိုကျော်နိုင်ဝင်း က ပြောပါတယ်။

ရွာအနီးက TNLA တပ်တွေ ပြန်ဆုတ်ခွာသွားပြီး ဖြစ်ပေမယ့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးအတွက် စစ်ကားနှစ်စီးနဲ့ အင်အားတွေထပ်ဖြည့်ထားလို့ ဒေသခံတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

တပ်မတော်ဘက်က ထိုးစစ်တွေကြောင့် တိုက်ပွဲဖြစ်တာလို့ TNLA က အဲဒီနေ့က သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီရက်ပိုင်းမှာ TNLA နဲ့ တိုက်ပွဲမရှိဘူးလို့ ဒီနေ့မနက်က ပြောပါတယ်။

ရွှေညောင်ပင်ကျေးရွာအုပ်စုမှာ တရုတ်ရွာ၊ ပလောင်ရွာ၊ လီဆူရွာ ဆိုပြီးရှိတာပါ။ ၂၀၁၄ ခုနှစ်တုန်းကလည်း ရွှေညောင်ပင်ရွာအနီး တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်လို့ တရုတ်ရွာက အမျိုးသားတစ်ယောက် သေဆုံး ခဲ့တဲ့အပြင် လီဆူရွာက ရွာသားတချို့လည်း ဒဏ်ရာရခဲ့တယ်လို့  ဒေသခံက RFA ကို ပြောပါတယ်။

RFA Burmese
https://www.rfa.org
မိုးမိတ္မွာ တပ္နဲ႔ တအာန္း တိုက္ပြဲေၾကာင့္ ႐ြာလုံးကြၽတ္ေျပး မိုးမိတ္မွာ တပ္နဲ႔ တအာန္း တိုက္ပြဲေၾကာင့္ ႐ြာလုံးကြၽတ္ေျပး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.