တ႐ုတ္ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျပန္ျမင့္တက္လာ

ဝူဟန္ၿမိဳ႕ ေဆး႐ုံတြင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံ လူနာတဦးအား ျပဳစုကုသေနသည့္ က်န္းမာေရးဝန္ထမ္းတဦး။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ခံရမႈေတြ ျပန္ျမင့္တက္လာတယ္လို႔ တ႐ုတ္က်န္းမာေရး အာဏာပိုင္ေတြက ေျပာလုိက္ပါတယ္။

စေနေန႔က ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ ၅၇၃ ေယာက္ရွိခဲ့ၿပီး အဲဒီမတုိင္ခင္ ေသာၾကာေန႔ကေတာ့ ေရာဂါကူးစက္ခံရသူ ၄၂၇ ေယာက္ ရွိခဲ့တာေၾကာင့္ စေနေန႔က ေရာဂါကူးစက္မႈ အေရအတြက္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းမွာ အမ်ားဆုံးျဖစ္တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ အမ်ားစုဟာ ဟူေဘးျပည္နယ္ ၀ူဟန္ၿမိဳ႕ကျဖစ္ၿပီး အဲဒီတၿမိဳ႕တည္းမွာ ေရာဂါကူးစက္ခံရသူ ၅၆၅ ေယာက္ရွိတာေၾကာင့္ စေနေန႔က ျဖစ္တဲ့သူ အားလုံးရဲ႕ ၉၉ ရာခုိင္ႏႈန္းက အဲဒီၿမိဳ႕က ျဖစ္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏုိင္ငံမွာ စေနေန႔က ေနာက္ထပ္ ေသဆုံးသူ အေရအတြက္ဟာ စုစုေပါငး္ ၃၅ ေယာက္ရွိတာေၾကာင့္ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလအတြင္းမွာ လူေသဆုံးမႈ ဒုတိယေျမာက္ အနည္းဆုံးေန႔ ျဖစ္ပါတယ္။ ေသာၾကာေန႔တုန္းကေတာ့ ေသဆုံးသူ အေရအတြက္ဟာ ၄၇ ေယာက္ ရွိခဲ့တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ အခုဆုိရင္ တ႐ုတ္ႏုိင္ငံမွာ ေသဆုံးသူအေရအတြက္ဟာ ၂၈၇၀ ထက္မနည္း ရွိသြားခဲ့ၿပီျဖစ္တယ္လို႔ တ႐ုတ္ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။

ဟူေဘးျပည္နယ္ အျပင္ဘက္မွာေတာ့ ေရာဂါကူးစက္ခံရသူ ၃ ေယာက္ရွိခဲ့ၿပီး ဒါဟာ ေရာဂါျဖစ္ပြားခ်ိန္ကစလို႔ ေရာဂါကူးစက္ခံရသူ အနည္းဆုံးျဖစ္တယ္လို႔ ေျပာပါတယ္။

အခုဆုိရင္ ကမာၻတ၀ွမ္းမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္းဟာ ၈ ေသာင္း ၆ ေထာင္ေက်ာ္သြားၿပီျဖစ္ၿပီး အဲဒီထဲက ၇ ေသာင္း ၉ ေထာင္ေက်ာ္က တ႐ုတ္ႏုိင္ငံ ျပည္မႀကီးက ျဖစ္ပါတယ္။

-----------------------------------------

(Unicode)

တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုတွေ ပြန်မြင့်တက်လာတယ်လို့ တရုတ်ကျန်းမာရေး အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

စနေနေ့ကနောက်ထပ် ရောဂါကူးစက်ခံရသူ ၅၇၃ ယောက်ရှိခဲ့ပြီး အဲဒီမတိုင်ခင် သောကြာနေ့ကတော့ ရောဂါကူးစက်ခံရသူ ၄၂၇ ယောက် ရှိခဲ့တာကြောင့် စနေနေ့က ရောဂါကူးစက်မှု အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အများဆုံးဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

နောက်ထပ် ရောဂါကူးစက်ခံရသူ အများစုဟာ ဟူဘေးပြည်နယ် ဝူဟန်မြို့ကဖြစ်ပြီး အဲဒီတမြို့တည်းမှာ ရောဂါကူးစက်ခံရသူ ၅၆၅ ယောက်ရှိတာကြောင့် စနေနေ့က ဖြစ်တဲ့သူ အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းက အဲဒီမြို့က ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ စနေနေ့က နောက်ထပ် သေဆုံးသူ အရေအတွက်ဟာ စုစုပေါင်း ၃၅ ယောက်ရှိတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ လူသေဆုံးမှု ဒုတိယမြောက် အနည်းဆုံးနေ့ ဖြစ်ပါတယ်။ သောကြာနေ့တုန်းကတော့ သေဆုံးသူ အရေအတွက်ဟာ ၄၇ ယောက် ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုဆိုရင် တရုတ်နိုင်ငံမှာ သေဆုံးသူအရေအတွက်ဟာ ၂၈၇၀ ထက်မနည်း ရှိသွားခဲ့ပြီဖြစ်တယ်လို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။

ဟူဘေးပြည်နယ် အပြင်ဘက်မှာတော့ ရောဂါကူးစက်ခံရသူ ၃ ယောက်ရှိခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားချိန်ကစလို့ ရောဂါကူးစက်ခံရသူ အနည်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းဟာ ၈ သောင်း ၆ ထောင်ကျော်သွားပြီဖြစ်ပြီး အဲဒီထဲက ၇ သောင်း ၉ ထောင်ကျော်က တရုတ်နိုင်ငံ ပြည်မကြီးက ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျပန္ျမင့္တက္လာ တ႐ုတ္ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျပန္ျမင့္တက္လာ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.