ကို႐ိုနာဗုိင္းရပ္စ္ႏွင့္ အေမရိကန္ျပည္နယ္တခ်ိဳ႕က ျမန္မာအသိုင္းအ၀ိုင္း

ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ ကာကြယ္ႏုိင္ေရး ႏွာေခါင္းစည္း တပ္ဆင္ထားသည့္ ခ်ီကာဂုိေလဆိပ္ေရာက္ ခရီးသည္အခ်ဳိ႕။ (ဇန္နဝါရီ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ျပည္နယ္ Seattle ၿမိဳ႕မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ စေနေန႔က ပထမဆံုး အမ်ဳိးသားလူနာတဦး ေသဆံုးခဲ့ၿပီးေနာက္ပိုင္း အထက္တန္းေက်ာင္းတခ်ဳိ႕ကို ပိတ္ထားလိုက္ေၾကာင္း Seattle ၿမိဳ႕မွာ ေနထိုင္ေနတဲ့ ျမန္မာႏြယ္ဖြားတဦးက ဗီြအိုေအကို ေျပာပါတယ္။ အေမရိကန္ အေနာက္ဘက္ျခမ္း ျပည္နယ္ေတြတေလွ်ာက္ ေရာဂါကူးစက္ ပ်ံ႕ႏွံ႔လာတဲ့အေပၚ ျမန္မာႏြယ္ဖြားေတြရဲ႕ အေတြ႔အႀကံဳေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

Seattle ၿမိဳ႕မွာ စေနေန႔က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ အသက္ ၅၀ ေက်ာ္အရြယ္ လူနာအမ်ဳိးသားတဦး ေဆး႐ုံမွာ ေသဆံုးခဲ့ၿပီးေနာက္ ၿမိဳ႕မွာ ေနထိုင္သူေတြ အေတာ္ေလး စိုးရိမ္ထိတ္လန္႔သြားၾကတဲ့အေၾကာင္း Seattle ၿမိဳ႕မွာ ေနထိုင္ေနတဲ့ ကိုမွဴးသာက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ေဆး႐ုံမွာ ပထမေတာ့ သူက ေကာင္းမလုိလိုနဲ႔ ေနာက္ေတာ့ ဆုံးသြားတယ္။ အဲဒီမွာ လူေတြက မေန႔က အထိတ္တလန္႔ေတြ ျဖစ္ၾကတာေပါ့။ တ႐ုတ္ျပည္နဲ႔ အဆက္အစပ္မရွိဘဲနဲ႔ ဆုံးသြားတာ။ တ႐ုတ္ျပည္က ျပန္လာတာလည္း မဟုတ္ဘူး၊ တ႐ုတ္လူမ်ဳိးလည္း မဟုတ္ဘူး။ ဒီဗုိင္းရပ္စ္က ဘယ္လိုေရာက္လာလဲဆုိတာ သူတုိ႔က အဲဒါကို သံသယျဖစ္ေနၾကတာေပါ့ေလ။”

Seattle ၿမိဳ႕က ေက်ာင္းသားမိဘေတြကို ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေက်ာင္းေတြပိတ္သင့္မသင့္ ေနာက္ဆံုးအေျခအေနေတြကို အဆက္မျပတ္ အေၾကာင္းၾကားေနၿပီး တခ်ဳိ႕ အထက္တန္းေက်ာင္းေတြကိုေတာ့ ပိတ္လိုက္တဲ့အေၾကာင္း ကိုမွဴးသာက ေျပာပါတယ္။

“တခ်ဳိ႕ေက်ာင္းေတြက Bellevue မွာ ပိတ္လိုက္တယ္။ ေနာက္ Everett High School တခု ပိတ္တယ္။ ေနာက္ Bothell က High School တခု ပိတ္ထားတယ္။ ၿပီးေတာ့ အခု သူတုိ႔ အၿမဲတမ္း ေက်ာင္းသားမိဘေတြကို မက္ေဆ့ခ်္နဲ႔ Update အၿမဲတမ္း ပို႔ေပးေနတာေပါ့၊ ေက်ာင္းဖြင့္မဖြင့္၊ ပိတ္မပိတ္၊ ဘယ္ေက်ာင္းေတြ ပိတ္မယ္၊ ဘယ္ေက်ာင္းေတြ ဖြင့္မယ္၊ ဘယ္ေက်ာင္းေတြကေတာ့ Alert လုပ္ထားတယ္။ ေနာက္ ကေလးေတြကို Sanitizer တို႔ Mask တုိ႔ အိမ္မွာ ျပင္ထားဖုိ႔ မက္ေဆ့ခ်္ေတြေတာ့ ပုိ႔ေနတာေပါ့။ Awareness ေတာ့ လုပ္ေနတာေပါ့ေလ။”
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား

ကုန္တိုက္ေတြမွာ စားေသာက္ကုန္ပစၥည္းေတြ ၀ယ္ယူစုေဆာင္းမႈေတြ ရွိလာေပမယ့္ တ႐ုတ္ေစ်းတန္းေတြမွာေတာ့ လူအ၀င္အထြက္ အေတာ္ေလး နည္းသြားေၾကာင္းလည္း ကိုမွဴးသာက ဆိုပါတယ္။

“Mask ေတြ ဝယ္ၾကတယ္၊ Cosco တုိ႔ Shopping Center ေတြမွာ Mask ရတယ္။ ဒါေပမယ့္ တ႐ုတ္ Market ေတြမွာေတာ့ ဝယ္တဲ့သူ မရွိေတာ့ဘူးေပါ့။ ေနက္ ေလယာဥ္ေတြမွာလည္း သြားတဲ့လာတဲ့သူ မရွိေတာ့ဘူး။ ေလယာဥ္တစီးလုံးဆုိ ၁၀ ေယာက္၊ ၁၅ ေယာက္ေလာက္ပဲ တက္လာတာမ်ားတယ္။”

၀ါရွင္တန္ျပည္နယ္နဲ႔ ကပ္ေနတဲ့ Oregon ျပည္နယ္က ေက်ာင္းတေက်ာင္းမွာလည္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံေနရသူတဦး ေတြ႔ရွိခဲ့တဲ့အတြက္ ေက်ာင္းသားမိဘေတြ အပါအ၀င္ ေဒသခံေတြ စိုးရိမ္ထိတ္လန္႔မႈေတြ ရွိခဲ့တဲ့အေၾကာင္း Portland ၿမိဳ႕မွာ ေနထိုင္တဲ့ ကိုထြန္းထြန္းက အခုလိုေျပာပါတယ္။

“Forest Hill ဆိုတဲ့ေက်ာင္းမွာ ဝန္ထမ္းတေယာက္က COVID-19 ေတြ႔ရပါၿပီဆုိၿပီး တရားဝင္ ေၾကညာတယ္။ အဲဒီသတင္းလည္း ထြက္လာေရာ လူေတြက ေတာ္ေတာ္ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတယ္။ Mask ေတြ ဝယ္ၾကတာေပါ့ေလ။ အခုဆုိ ကုန္တုိက္ေတြမွာ Mask ေတြ မရွိေတာ့ဘူး။ အဲတေယာက္ကုိ သီးျခားခြဲထားတယ္တဲ့။ ေနာက္ အဲဒီေက်ာင္းကို ပိတ္လိုက္တယ္။ သတင္းစာရွင္းလင္းပြဲ ၿပီးတာနဲ႔ ပိတ္လိုက္ၿပီးေတာ့ ကေလးေတြအကုန္လုံး အိမ္မွာေနခုိင္းတယ္၊ ဝန္ထမ္းေတြ အကုန္လုံး အိမ္မွာေနခုိင္းတယ္။ အဲဒါကို Special Investigate လုပ္ေနတယ္။ ေက်ာင္းကုိၾကေတာ့ Deep Cleaning လုပ္ပစ္တယ္။ လုပ္ပစ္ၿပီး Update သတင္းေတြကုိ ေန႔တုိင္း ေသခ်ာေၾကညာေပးေနတယ္။ ဒါေပမယ့္ ေတြ႔တဲ့တေယာက္က ထူးျခားတာက ဘယ္ႏုိင္ငံကိုမွ ခရီးသြားမထားဘူး။ အဲဒါေၾကာင့္ သူတို႔ ေလာေလာဆယ္ အၾကမ္းဖ်င္း သတ္မွတ္တာက Human Exposure ေပါ့၊ လူလူခ်င္း ကူးစက္တယ္လို႔ သူတုိ႔ထင္တယ္။ ဒါေပမယ့္ အဲဒါက Unknown Origin အဆင့္ သတ္မွတ္ထားတယ္။ အဲဒီအဆင့္မွာရွိတယ္။”

မအင္ၾကင္းႏုိင္ - ျမန္မာအသိုုင္းအ၀ိုင္းေရာ စိုးရိမ္မႈေတြ ဘယ္ေလာက္ထိ ရွိေနလဲရွင့္။

ကိုထြန္းထြန္း - “ျမန္မာမိသားစုေတြ ေတာ္ေတာ္မ်ားမ်ားက အဲဒါကို စုိးရိမ္ၾကတယ္။ စုိးရိမ္ၾကေတာ့ တခ်ဳိ႕လည္း Mask ေတြ လုိက္ဝယ္တာလည္း မရဘူး။ မရေတာ့ သူတုိ႔ တေယာက္နဲ႔တေယာက္ ျပန္မွ်ၿပီး ေျပာၾက ဆုိၾက ေနၾကေပါ့။ တေယာက္နဲ႔တေယာက္ သိတဲ့ဟာေလးေတြလည္း အႀကံေပးၾက။ လက္ဘယ္လိုေဆးရမယ္၊ ႏွာေခါင္းကို ဘယ္လိုကာရမယ္၊ တကယ္လို႔ ေနမေကာင္းရင္ အိမ္မွာပဲေနရမယ္။ က်န္းမာေရးဌာနကို အေၾကာင္းၾကားရမယ္။ အဲဒါေတြေတာ့ ဒီ Community ထဲမွာ တေယာက္နဲ႔တေယာက္ တုိင္ပင္ၿပီး ေျပာေနၾကတယ္။”

အလားတူ အိမ္နီးခ်င္းျပည္နယ္ ကယ္လီဖိုးနီးယားက ဆန္ဖရန္စစၥကိုၿမိဳ႕မွာလည္း ေရာဂါကူးစက္ခံရသူ မေတြ႔ရေသးေပမယ့္ ဗိုင္းရပ္စ္ပိုးကူးစက္မႈကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ၿမိဳ႕ေတာ္၀န္ကေန ၿပီးခဲ့တဲ့ သီတင္းပတ္က အေရးေပၚအေျခအေန ေၾကညာခဲ့ပါတယ္။ လူအမ်ားစုဟာ အေရးေပၚ စားေသာက္ကုန္ေတြကို စုေဆာင္းေနၾကေၾကာင္း ဆန္ဖရန္စစၥကုိ ေဘးဧရိယာမွာ ေနထိုင္တဲ့ ပရဟိတအေရး လုပ္ကိုင္ေနတဲ့ ကိုေက်ာ္ႏိုင္က ဗီြအိုေအကို ေျပာပါတယ္။

“Costco တုိ႔ Target တုိ႔ Walmart တုိ႔မွာရွိေနတဲ့ အစားအေသာက္ေတြ သန္႔ရွင္းေရးအတြက္ သုံးတဲ့ ပစၥည္းေတြ၊ Mask ေတြ အဲဒါေတြကအစ ဝယ္ရတာ ခက္ခက္ခဲခဲျဖစ္လာတယ္။ မေန႔ကဆုိရင္ Costco မွာ တန္းစီၿပီးဝယ္ရတဲ့ အဆင့္မ်ဳိး ေရာက္လာတယ္။ ေနာက္တခ်က္က Target မွာဆုိရင္ Sanitizer လက္ကုိေဆးတဲ့ အရက္ပ်ံေတြကအစ ဝယ္ရတာ မရွိေတာ့ဘူး ျဖစ္သြားတယ္။ တခ်ဳိ႕ အစားအေသာက္ေတြဆုိ ျပတ္လာတဲ့ အေနအထားမ်ဳိးအထိ ျဖစ္လာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြက ျပင္ဆင္ပါဆုိတဲ့ ၿမိဳ႕ေတာ္ဝန္ရဲ႕ ေျပာဆုိခ်က္နဲ႔အတူ ၾကားရွိေနတဲ့ သတင္းေတြအရ အားလုံးက ေတာ္ေတာ္မ်ားမ်ား ျပင္ဆင္တယ္။ တလစာ ႏွစ္လစာ ဝယ္တဲ့ ျပင္ဆင္တာေတြ ျမင္ေနရပါတယ္။”

    ကုိ႐ုိနာဗုိင္းရ္စ္အႏၱရာယ္ ကာကြယ္ေရး WHO ထပ္မံသတိေပး သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ေနာက္ဆံုးရရွိတဲ့ သတင္းေတြအရ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ လူနာတဦး ပထမဆံုး ေသဆံုးခဲ့တဲ့ ၀ါရွင္တန္ျပည္နယ္မွာ ေရာဂါကူးစက္ခံရသူေပါင္း ၈ ဦး ရွိသြားၿပီျဖစ္ေၾကာင္း ျပည္နယ္က်န္းမာေရး တာ၀န္ရွိသူေတြက တနဂၤေႏြေန႔က ေၾကညာခဲ့ပါတယ္။ အေမရိကန္မွာ အမ်ားဆံုး ကူးစက္ခံရတဲ့ ျပည္နယ္ကေတာ့ ကယ္လီဖိုနီးယားျဖစ္ၿပီး ေရာဂါပိုးေတြ႔ရွိသူေပါင္း ၁၁ ဦးထိ ရွိေနပါတယ္။

----------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်နှင့် အမေရိကန်ပြည်နယ်တချို့က မြန်မာအသိုင်းအဝိုင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် Seattle မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် စနေနေ့က ပထမဆုံး အမျိုးသားလူနာတဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အထက်တန်းကျောင်းတချို့ကို ပိတ်ထားလိုက်ကြောင်း Seattle မြို့မှာ နေထိုင်နေတဲ့မြန်မာနွယ်ဖွားတဦးက ဗွီအိုအေကို ပြောပါတယ်။ အမေရိကန် အနောက်ဘက်ခြမ်း ပြည်နယ်တွေတလျှောက် ရောဂါကူးစက် ပျံ့နှံ့လာတဲ့အပေါ် မြန်မာနွယ်ဖွားတွေရဲ့ အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

Seattle မြို့မှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသက် ၅၀ ကျော်အရွယ် လူနာအမျိုးသားတဦး ဆေးရုံမှာ သေဆုံးခဲ့ပြီးနောက် မြို့မှာ နေထိုင်သူတွေ အတော်လေး စိုးရိမ်ထိတ်လန့်သွားကြတဲ့အကြောင်း Seattle မြို့မှာ နေထိုင်နေတဲ့ ကိုမှူးသာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဆေးရုံမှာ ပထမတော့ သူက ကောင်းမလိုလိုနဲ့ နောက်တော့ ဆုံးသွားတယ်။ အဲဒီမှာ လူတွေက မနေ့က အထိတ်တလန့်တွေ ဖြစ်ကြတာပေါ့။ တရုတ်ပြည်နဲ့ အဆက်အစပ်မရှိဘဲနဲ့ ဆုံးသွားတာ။ တရုတ်ပြည်က ပြန်လာတာလည်း မဟုတ်ဘူး၊ တရုတ်လူမျိုးလည်း မဟုတ်ဘူး။ ဒီဗိုင်းရပ်စ်က ဘယ်လိုရောက်လာလဲဆိုတာ သူတို့က အဲဒါကို သံသယဖြစ်နေကြတာပေါ့လေ။”

Seattle မြို့က ကျောင်းသားမိဘတွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေပိတ်သင့်မသင့် နောက်ဆုံးအခြေအနေတွေကို အဆက်မပြတ် အကြောင်းကြားနေပြီး တချို့ အထက်တန်းကျောင်းတွေကိုတော့ ပိတ်လိုက်တဲ့အကြောင်း ကိုမှူးသာက ပြောပါတယ်။

“တချို့ကျောင်းတွေက Bellevue မှာ ပိတ်လိုက်တယ်။ နောက် Everett High School တခု ပိတ်တယ်။ နောက် Bothell က High School တခု ပိတ်ထားတယ်။ ပြီးတော့ အခု သူတို့ အမြဲတမ်း ကျောင်းသားမိဘတွေကို မက်ဆေ့ချ်နဲ့ Update အမြဲတမ်း ပို့ပေးနေတာပေါ့၊ ကျောင်းဖွင့်မဖွင့်၊ ပိတ်မပိတ်၊ ဘယ်ကျောင်းတွေ ပိတ်မယ်၊ ဘယ်ကျောင်းတွေ ဖွင့်မယ်၊ ဘယ်ကျောင်းတွေကတော့ Alert လုပ်ထားတယ်။ နောက် ကလေးတွေကို Sanitizer တို့ Mask တို့ အိမ်မှာ ပြင်ထားဖို့ မက်ဆေ့ချ်တွေတော့ ပို့နေတာပေါ့။ Awareness တော့ လုပ်နေတာပေါ့လေ။”

ကုန်တိုက်တွေမှာ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူစုဆောင်းမှုတွေ ရှိလာပေမယ့် တရုတ်ဈေးတန်းတွေမှာတော့ လူအဝင်အထွက် အတော်လေး နည်းသွားကြောင်းလည်း ကိုမှူးသာက ဆိုပါတယ်။

“Mask တွေ ဝယ်ကြတယ်၊ Cosco တို့ Shopping Center တွေမှာ Mask ရတယ်။ ဒါပေမယ့် တရုတ် Market တွေမှာတော့ ဝယ်တဲ့သူ မရှိတော့ဘူးပေါ့။ နေက် လေယာဉ်တွေမှာလည်း သွားတဲ့လာတဲ့သူ မရှိတော့ဘူး။ လေယာဉ်တစီးလုံးဆို ၁၀ ယောက်၊ ၁၅ ယောက်လောက်ပဲ တက်လာတာများတယ်။”

ဝါရှင်တန်ပြည်နယ်နဲ့ ကပ်နေတဲ့ Oregon ပြည်နယ်က ကျောင်းတကျောင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတဦး တွေ့ရှိခဲ့တဲ့အတွက် ကျောင်းသားမိဘတွေ အပါအဝင် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေ ရှိခဲ့တဲ့အကြောင်း Portland မြို့မှာ နေထိုင်တဲ့ ကိုထွန်းထွန်းက အခုလိုပြောပါတယ်။

“Forest Hill ဆိုတဲ့ကျောင်းမှာ ဝန်ထမ်းတယောက်က COVID-19 တွေ့ရပါပြီဆိုပြီး တရားဝင် ကြေညာတယ်။ အဲဒီသတင်းလည်း ထွက်လာရော လူတွေက တော်တော် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ Mask တွေ ဝယ်ကြတာပေါ့လေ။ အခုဆို ကုန်တိုက်တွေမှာ Mask တွေ မရှိတော့ဘူး။ အဲတယောက်ကို သီးခြားခွဲထားတယ်တဲ့။ နောက် အဲဒီကျောင်းကို ပိတ်လိုက်တယ်။ သတင်းစာရှင်းလင်းပွဲ ပြီးတာနဲ့ ပိတ်လိုက်ပြီးတော့ ကလေးတွေအကုန်လုံး အိမ်မှာနေခိုင်းတယ်၊ ဝန်ထမ်းတွေ အကုန်လုံး အိမ်မှာနေခိုင်းတယ်။ အဲဒါကို Special Investigate လုပ်နေတယ်။ ကျောင်းကိုကြတော့ Deep Cleaning လုပ်ပစ်တယ်။ လုပ်ပစ်ပြီး Update သတင်းတွေကို နေ့တိုင်း သေချာကြေညာပေးနေတယ်။ ဒါပေမယ့် တွေ့တဲ့တယောက်က ထူးခြားတာက ဘယ်နိုင်ငံကိုမှ ခရီးသွားမထားဘူး။ အဲဒါကြောင့် သူတို့ လောလောဆယ် အကြမ်းဖျင်း သတ်မှတ်တာက Human Exposure ပေါ့၊ လူလူချင်း ကူးစက်တယ်လို့ သူတို့ထင်တယ်။ ဒါပေမယ့် အဲဒါက Unknown Origin အဆင့် သတ်မှတ်ထားတယ်။ အဲဒီအဆင့်မှာရှိတယ်။”

မအင်ကြင်းနိုင် - မြန်မာအသိုင်းအဝိုင်းရော စိုးရိမ်မှုတွေ ဘယ်လောက်ထိ ရှိနေလဲရှင့်။

ကိုထွန်းထွန်း - “မြန်မာမိသားစုတွေ တော်တော်များများက အဲဒါကို စိုးရိမ်ကြတယ်။ စိုးရိမ်ကြတော့ တချို့လည်း Mask တွေ လိုက်ဝယ်တာလည်း မရဘူး။ မရတော့ သူတို့ တယောက်နဲ့တယောက် ပြန်မျှပြီး ပြောကြ ဆိုကြ နေကြပေါ့။ တယောက်နဲ့တယောက် သိတဲ့ဟာလေးတွေလည်း အကြံပေးကြ။ လက်ဘယ်လိုဆေးရမယ်၊ နှာခေါင်းကို ဘယ်လိုကာရမယ်၊ တကယ်လို့ နေမကောင်းရင် အိမ်မှာပဲနေရမယ်။ ကျန်းမာရေးဌာနကို အကြောင်းကြားရမယ်။ အဲဒါတွေတော့ ဒီ Community ထဲမှာ တယောက်နဲ့တယောက် တိုင်ပင်ပြီး ပြောနေကြတယ်။”

    ကိုရိုနာပိုး မပြန့်အောင် လက်သေချာဆေးဖို့လိုတဲ့အကြောင်း ဒေါက်တာသန့်ဇော် ပြောပြထားတဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ် ရုပ်သံဖိုင် ကြည့်ရှုနိုင်ပါတယ်။

အလားတူ အိမ်နီးချင်းပြည်နယ် ကယ်လီဖိုးနီးယားက ဆန်ဖရန်စစ္စကိုမြို့မှာလည်း ရောဂါကူးစက်ခံရသူ မတွေ့ရသေးပေမယ့် ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့တော်ဝန်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကအရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ လူအများစုဟာ အရေးပေါ် စားသောက်ကုန်တွေကို စုဆောင်းနေကြကြောင်း ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ နေထိုင်တဲ့ ပရဟိတအရေး လုပ်ကိုင်နေတဲ့ ကိုကျော်နိုင်က ဗွီအိုအေကို ပြောပါတယ်။

“Costco တို့ Target တို့ Walmart တို့မှာရှိနေတဲ့ အစားအသောက်တွေ သန့်ရှင်းရေးအတွက် သုံးတဲ့ ပစ္စည်းတွေ၊ Mask တွေ အဲဒါတွေကအစ ဝယ်ရတာ ခက်ခက်ခဲခဲဖြစ်လာတယ်။ မနေ့ကဆိုရင် Costco မှာ တန်းစီပြီးဝယ်ရတဲ့ အဆင့်မျိုး ရောက်လာတယ်။ နောက်တချက်က Target မှာဆိုရင် Sanitizer လက်ကိုဆေးတဲ့ အရက်ပျံတွေကအစ ဝယ်ရတာ မရှိတော့ဘူး ဖြစ်သွားတယ်။ တချို့ အစားအသောက်တွေဆို ပြတ်လာတဲ့ အနေအထားမျိုးအထိ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ပြင်ဆင်ပါဆိုတဲ့ မြို့တော်ဝန်ရဲ့ ပြောဆိုချက်နဲ့အတူ ကြားရှိနေတဲ့ သတင်းတွေအရ အားလုံးက တော်တော်များများ ပြင်ဆင်တယ်။ တလစာ နှစ်လစာ ဝယ်တဲ့ ပြင်ဆင်တာတွေ မြင်နေရပါတယ်။”

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူနာတဦး ပထမဆုံး သေဆုံးခဲ့တဲ့ ဝါရှင်တန်ပြည်နယ်မှာ ရောဂါကူးစက်ခံရသူပေါင်း ၈ ဦး ရှိသွားပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ အမေရိကန်မှာ အများဆုံး ကူးစက်ခံရတဲ့ ပြည်နယ်ကတော့ ကယ်လီဖိုနီးယားဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူပေါင်း ၁၁ ဦးထိ ရှိနေပါတယ်။

အင္ၾကင္းႏိုင္/VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗုိင္းရပ္စ္ႏွင့္ အေမရိကန္ျပည္နယ္တခ်ိဳ႕က ျမန္မာအသိုင္းအ၀ိုင္း ကို႐ိုနာဗုိင္းရပ္စ္ႏွင့္ အေမရိကန္ျပည္နယ္တခ်ိဳ႕က ျမန္မာအသိုင္းအ၀ိုင္း Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.