ဖိလစ္ပိုင္ ႏိုင္ငံ ေဈးဝယ္စင္တာ၌ ေသနတ္သမားက ဓားစာခံမ်ား ဖမ္းဆီးထား ၊ လူတစ္ဦး ထိခိုက္ဒဏ္ရာရ

ဖိလစ္ပိုင္ ႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားအား ၂၀၁၉ ခုႏွစ္တြင္ ျပဳလုပ္ခဲ့ေသာ ေလ့က်င့္ေရး တစ္ခု၌ ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
မနီလာ ၊ မတ္ ၂ ရက္(ဆင္ဟြာ)

ဖိလစ္ပိုင္ ႏိုင္ငံ မနီလာၿမိဳ႕ေတာ္ ဆန္ဂ်ဴအန္(San Juan)ရွိ ေဈးဝယ္စင္တာ တစ္ခု၌ ေသနတ္သမား တစ္ဦးက ဓားစာခံ အေယာက္ ၃၀ ခန႔္အား ဖမ္းဆီးထားၿပီး ယင္းတို႔အနက္ တစ္ဦးမွာ ေသနတ္ဒဏ္ရာရထားေၾကာင္း အစိုးရ တာဝန္ရွိသူ တစ္ဦးက ယေန႔ မတ္ ၂ ရက္တြင္ ေျပာၾကားခဲ့သည္။

San Juan ၿမိဳ႕ေတာ္ဝန္ Francis Zamora က V-Mall ေဈးဝယ္စင္တာ၏ ယခင္ လုံၿခဳံေရး အေစာင့္ လုပ္ခဲ့သူ တစ္ဦးသည္ ေသနတ္ ပစ္ေဖာက္၍ ေဈးဝယ္စင္တာ အတြင္း လုပ္ကိုင္ေနသည့္ ဝန္ထမ္း ၃၀ ဦးအား ဓားစာခံ အျဖစ္ ဖမ္းဆီးထားေၾကာင္း ေျပာၾကားခဲ့သည္။“လက္ရွိမွာေတာ့ ဓားစာခံ ဖမ္းဆီးထားတဲ့ ေသနတ္သမားနဲ႔ ညႇိႏႈိင္းမႈေတြ လုပ္ေနပါတယ္။”ဟု San Juan ၿမိဳ႕ေတာ္ဝန္က ေျပာၾကားခဲ့သည္။

အဆိုပါ ေသနတ္သမား၏ ပစ္ခတ္မႈေၾကာင့္ လူတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ၎အား နီးစပ္ရာ ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာၾကားခဲ့သည္။ကနဦး သတင္းေဖာ္ျပခ်က္မ်ား အရ ယင္းျဖစ္စဥ္သည္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီ ဝန္းက်င္၌ ျဖစ္ပြားခဲ့ၿပီး ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္ေၾကာင္း ၊ ယင္းေဈးဝယ္စင္တာ အတြင္းသို႔ ဝင္ေရာက္ျခင္းအား ပိတ္ပင္ထားၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားက ေဈးဝယ္သူမ်ားအား ေဈးဝယ္စင္တာမွ ထြက္ခြာသြားၾကရန္ ေျပာၾကားထားေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
ဖိလစ်ပိုင် နိုင်ငံ ဈေးဝယ်စင်တာ၌ သေနတ်သမားက ဓားစာခံများ ဖမ်းဆီးထား ၊ လူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့ကျင့်ရေး တစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ)
မနီလာ ၊ မတ် ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော် ဆန်ဂျူအန်(San Juan)ရှိ ဈေးဝယ်စင်တာ တစ်ခု၌ သေနတ်သမား တစ်ဦးက ဓားစာခံ အယောက် ၃၀ ခန့်အား ဖမ်းဆီးထားပြီး ယင်းတို့အနက် တစ်ဦးမှာ သေနတ်ဒဏ်ရာရထားကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ယနေ့ မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

San Juan မြို့တော်ဝန် Francis Zamora က V-Mall ဈေးဝယ်စင်တာ၏ ယခင် လုံခြုံရေး အစောင့် လုပ်ခဲ့သူ တစ်ဦးသည် သေနတ် ပစ်ဖောက်၍ ဈေးဝယ်စင်တာ အတွင်း လုပ်ကိုင်နေသည့် ဝန်ထမ်း ၃၀ ဦးအား ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။“လက်ရှိမှာတော့ ဓားစာခံ ဖမ်းဆီးထားတဲ့ သေနတ်သမားနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”ဟု San Juan မြို့တော်ဝန်က ပြောကြားခဲ့သည်။

အဆိုပါ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ကနဦး သတင်းဖော်ပြချက်များ အရ ယင်းဖြစ်စဉ်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ဝန်းကျင်၌ ဖြစ်ပွားခဲ့ပြီး ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ၊ ယင်းဈေးဝယ်စင်တာ အတွင်းသို့ ဝင်ရောက်ခြင်းအား ပိတ်ပင်ထားပြီး ရဲတပ်ဖွဲ့ဝင်များက ဈေးဝယ်သူများအား ဈေးဝယ်စင်တာမှ ထွက်ခွာသွားကြရန် ပြောကြားထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ္ပိုင္ ႏိုင္ငံ ေဈးဝယ္စင္တာ၌ ေသနတ္သမားက ဓားစာခံမ်ား ဖမ္းဆီးထား ၊ လူတစ္ဦး ထိခိုက္ဒဏ္ရာရ ဖိလစ္ပိုင္ ႏိုင္ငံ ေဈးဝယ္စင္တာ၌ ေသနတ္သမားက ဓားစာခံမ်ား ဖမ္းဆီးထား ၊ လူတစ္ဦး ထိခိုက္ဒဏ္ရာရ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.