အီတလီ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ေရး အား ကူညီေပးမည့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ ေရာမ ၿမိဳ႕ သို႔ ေရာက္ရွိ

အီတလီ ႏိုင္ငံ ေရာမ ၿမိဳ႕ ရွိ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ အား ျမင္ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေရာမ ၊ မတ္ ၁၃ ရက္ (ဆင္ဟြာ)

    တ႐ုတ္ ႏိုင္ငံ အမ်ိဳးသား က်န္းမားေရး ေကာ္မတီ ႏွင့္ တ႐ုတ္ ႏိုင္ငံ ၾကက္ေျခနီ အသင္း တို႔မွ ပူးေပါင္း ေဆာင္႐ြက္သည့္ ေဆးဘက္ဆိုင္ရာ ကပ္ေရာဂါ တိုက္ဖ်က္ေရး ပညာရွင္ အဖြဲ႕ က မတ္လ ၁၂ ရက္ ညပိုင္း အခ်ိန္တြင္ အီတလီ ႏိုင္ငံ ၿမိဳ႕ေတာ္ ေရာမ သို႔ ေရာက္ရွိခဲ့ၾကၿပီး တ႐ုတ္ ႏိုင္ငံ မွ လႉးဒါန္းေပးသည့္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား ကိုလည္း သယ္ေဆာင္လာခဲ့ၾကသည္။

တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ အား အီတလီ ႏိုင္ငံ ၾကက္ေျခနီ အသင္း ဥကၠ႒ Francesco Rocca က ေလဆိပ္ သို႔ လာေရာက္ႀကိဳဆိုခဲ့ၿပီး မိန႔္ခြန္းေျပာၾကားရာတြင္ အီတလီ ႏိုင္ငံ အေနျဖင့္ တ႐ုတ္ ႏိုင္ငံ ၏ COVID-19 ေရာဂါ တိုက္ဖ်က္ေရး တြင္ ရရွိခဲ့သည့္ ေအာင္ျမင္မႈမ်ား အေပၚ လြန္စြာ ခ်ီးမြမ္းေၾကာင္း ၊ အီတလီ ႏိုင္ငံ အခက္အခဲ ႏွင့္ ႀကဳံေတြ႕ေနရခ်ိန္တြင္ တ႐ုတ္ ႏိုင္ငံ မွ ခ်စ္ၾကည္ေရး လက္လွမ္းခဲ့ ၿပီး  ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးသည့္ အတြက္ လႈိက္လွဲစြာ ေက်းဇူးတင္လိုေၾကာင္း ၊ အီတလီ ႏိုင္ငံ အေနျဖင့္ တ႐ုတ္ ႏိုင္ငံ ႏွင့္ ဖလွယ္မႈ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးခ်ဲ႕ ေဆာင္႐ြက္သြားလိုၿပီး တ႐ုတ္ ႏိုင္ငံ ၏ ကပ္ေရာဂါ တိုက္ဖ်က္မႈ အေတြ႕အႀကဳံအား အတုယူကာ ကပ္ေရာဂါ အေျခအေန အား အျမန္ဆုံး ျပန္လည္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္သြားလိုေၾကာင္း ေျပာၾကား ခဲ့သည္။

အီတလီ ႏိုင္ငံ ဆိုင္ရာ တ႐ုတ္ ႏိုင္ငံ သံအမတ္ႀကီး လီကြၽင္းဟြာ က ေလဆိပ္ ၌ မိန႔္ခြန္းေျပာၾကားရာ တြင္ အီတလီ ႏိုင္ငံ ၌ COVID-19 ေရာဂါ ပ်ံ႕ႏွံ႔ ေနခ်ိန္တြင္ အခက္အခဲမ်ား အား ေက်ာ္လႊား ႏိုင္ေစရန္ လာေရာက္ ကူညီေပး သည့္  တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ က အလွပဆုံးေသာ ခုခံကာကြယ္ေပး သူမ်ား ျဖစ္ၾကေၾကာင္း ၊ ကပ္ေရာဂါ သည္ နယ္စည္းျခားနားထားျခင္း မရွိဘဲ တ႐ုတ္-အီတလီ ႏွစ္ႏိုင္ငံ အေနျဖင့္ ေအးအတူပူအမွ် အျပန္အလွန္ ကူညီေစာင့္ေရွာက္မႈ ျပဳလုပ္ ခဲ့ၾကေၾကာင္း ၊ တ႐ုတ္ ႏိုင္ငံ အစိုးရ အေနျဖင့္ အီတလီ ႏိုင္ငံ သို႔ ပညာရွင္ အဖြဲ႕ ေစလႊတ္ေပး ခဲ့ျခင္း သည္ လူသားမ်ိဳးႏြယ္ ကံၾကမၼာ အက်ိဳးတူ အသိုက္အဝန္း အေတြးအျမင္ အား ေပၚလြင္ေစ ခဲ့ၿပီး ႏိုင္ငံႀကီး တစ္ႏိုင္ငံ ၏ တာဝန္ယူမႈ ကိုလည္း ေပၚလြင္ေစခဲ့ေၾကာင္း ေျပာၾကား ခဲ့သည္။

မတ္လ ၁၂ ရက္ ညပိုင္းအခ်ိန္တြင္ အီတလီ ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီး က တ႐ုတ္ ႏိုင္ငံ ၏ ပညာရွင္ အဖြဲ႕ ေစလႊတ္ေပးမႈ ႏွင့္ ေဆးဘက္ဆိုင္ရာ ပစၥည္း ကိရိယာမ်ား ကူညီေထာက္ပံ့မႈ အေပၚ ေက်းဇူးတင္ေၾကာင္း အား အြန္လိုင္း ၌ တိုက္႐ိုက္ ထုတ္လႊင့္မႈ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အား ကူညီပေးမည့် တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ ရောမ မြို့ သို့ ရောက်ရှိ

အီတလီ နိုင်ငံ ရောမ မြို့ ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

    ရောမ ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

    တရုတ် နိုင်ငံ အမျိုးသား ကျန်းမားရေး ကော်မတီ နှင့် တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း တို့မှ ပူးပေါင်း ဆောင်ရွက်သည့် ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ က မတ်လ ၁၂ ရက် ညပိုင်း အချိန်တွင် အီတလီ နိုင်ငံ မြို့တော် ရောမ သို့ ရောက်ရှိခဲ့ကြပြီး တရုတ် နိုင်ငံ မှ လှူးဒါန်းပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကိုလည်း သယ်ဆောင်လာခဲ့ကြသည်။

တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အား အီတလီ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ Francesco Rocca က လေဆိပ် သို့ လာရောက်ကြိုဆိုခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် အီတလီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှုများ အပေါ် လွန်စွာ ချီးမွမ်းကြောင်း ၊ အီတလီ နိုင်ငံ အခက်အခဲ နှင့် ကြုံတွေ့နေရချိန်တွင် တရုတ် နိုင်ငံ မှ ချစ်ကြည်ရေး လက်လှမ်းခဲ့ ပြီး  ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည့် အတွက် လှိုက်လှဲစွာ ကျေးဇူးတင်လိုကြောင်း ၊ အီတလီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်သွားလိုပြီး တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်မှု အတွေ့အကြုံအား အတုယူကာ ကပ်ရောဂါ အခြေအနေ အား အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လီကျွင်းဟွာ က လေဆိပ် ၌ မိန့်ခွန်းပြောကြားရာ တွင် အီတလီ နိုင်ငံ ၌ COVID-19 ရောဂါ ပျံ့နှံ့ နေချိန်တွင် အခက်အခဲများ အား ကျော်လွှား နိုင်စေရန် လာရောက် ကူညီပေး သည့်  တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က အလှပဆုံးသော ခုခံကာကွယ်ပေး သူများ ဖြစ်ကြကြောင်း ၊ ကပ်ရောဂါ သည် နယ်စည်းခြားနားထားခြင်း မရှိဘဲ တရုတ်-အီတလီ နှစ်နိုင်ငံ အနေဖြင့် အေးအတူပူအမျှ အပြန်အလှန် ကူညီစောင့်ရှောက်မှု ပြုလုပ် ခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် အီတလီ နိုင်ငံ သို့ ပညာရှင် အဖွဲ့ စေလွှတ်ပေး ခဲ့ခြင်း သည် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ပေါ်လွင်စေ ခဲ့ပြီး နိုင်ငံကြီး တစ်နိုင်ငံ ၏ တာဝန်ယူမှု ကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မတ်လ ၁၂ ရက် ညပိုင်းအချိန်တွင် အီတလီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က တရုတ် နိုင်ငံ ၏ ပညာရှင် အဖွဲ့ စေလွှတ်ပေးမှု နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာများ ကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်ကြောင်း အား အွန်လိုင်း ၌ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီတလီ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ေရး အား ကူညီေပးမည့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ ေရာမ ၿမိဳ႕ သို႔ ေရာက္ရွိ အီတလီ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ေရး အား ကူညီေပးမည့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ ေရာမ ၿမိဳ႕ သို႔ ေရာက္ရွိ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.