ဩစေၾတးလ်ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး COVID-19 ကူးစက္ခံရ

ဩစေၾတးလ်ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး ပီတာ ဒတ္တန္အား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ကန္ဘာရာ၊ မတ္ ၁၃ ရက္ (ဆင္ဟြာ)

    ဩစေၾတးလ်ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး ပီတာ ဒတ္တန္ (Peter Dutton) တြင္ COVID-19 ကူးစက္ခံရေၾကာင္း မတ္ ၁၃ ရက္ မြန္းလြဲပိုင္းတြင္ ေဆးစစ္ခ်က္ရလဒ္ အတည္ျပဳထြက္ေပၚလာခဲ့သည္။

ဒတ္တန္က “ဒီေန႔မနက္ ကြၽန္ေတာ္အိပ္ရာႏိုးေတာ့ ကိုယ္ပူေနၿပီး လည္ေခ်ာင္းနာေနတယ္” ဟု ၎၏ တရားဝင္ တြစ္တာအေကာင့္တြင္ ေရးသားထားသည္။

“ကြၽန္ေတာ္ ခ်က္ခ်င္းပဲ ကြင္းစ္လန္း က်န္းမာေရးဌာနကို ဆက္သြယ္ခဲ့ၿပီး ေနာက္ေတာ့ COVID-19 ေရာဂါအတြက္ ေဆးစစ္ခဲ့တယ္။ ေဆးစစ္ခ်က္အေျဖကေတာ့ positive လို႔ အေျဖထြက္ခဲ့တယ္လို႔ ဒီေန႔ မြန္းလြဲပိုင္းမွာ ကြင္းစ္လန္း က်န္းမာေရးဌာနက ကြၽန္ေတာ့္ကို အေၾကာင္းၾကားခဲ့ပါတယ္” ဟု ၎က ေရးသားထားသည္။

ကြင္းစ္လန္း က်န္းမာေရးဌာန၏ မူဝါဒအရ ေဆးစစ္ခ်က္အေျဖ positive ဟုထြက္ရွိသည့္ မည္သူမဆို ေဆး႐ုံသို႔ တက္ေရာက္ရမည္ျဖစ္ၿပီး ၎ကိုယ္တိုင္လည္း က်န္းမာေရးဌာန၏ အႀကံျပဳခ်က္အတိုင္း လိုက္နာလ်က္ရွိေၾကာင္း ဒတ္တန္က ဆိုသည္။

ဒတ္တန္သည္ မၾကာေသးမီက အေမရိကန္ႏိုင္ငံမွ ျပန္ေရာက္လာခဲ့ျခင္း ျဖစ္သည္။ တြစ္တာေပၚတြင္ ေရးသားထားခ်က္အရ ၎သည္ Five Eyes network ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ယခုလအေစာပိုင္းက ဝါရွင္တန္တြင္ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါႏွင့္ နယူးဇီလန္ ႏိုင္ငံမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ဩစေၾတးလ် အစိုးရ က်န္းမာေရးဌာနက မတ္ ၁၃ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁:၀၀ နာရီအထိ ႏိုင္ငံအတြင္း ေသဆုံးသူ ၃ ဦးအပါအဝင္ COVID-19 ေရာဂါျဖစ္ပြားသူ ၁၅၆ ဦးရွိေၾကာင္း အတည္ျပဳထားသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး COVID-19 ကူးစက်ခံရ

ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး ပီတာ ဒတ်တန်အား တွေ့ရစဉ် (ဆင်ဟွာ)

    ကန်ဘာရာ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

    ဩစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး ပီတာ ဒတ်တန် (Peter Dutton) တွင် COVID-19 ကူးစက်ခံရကြောင်း မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် ဆေးစစ်ချက်ရလဒ် အတည်ပြုထွက်ပေါ်လာခဲ့သည်။

ဒတ်တန်က “ဒီနေ့မနက် ကျွန်တော်အိပ်ရာနိုးတော့ ကိုယ်ပူနေပြီး လည်ချောင်းနာနေတယ်” ဟု ၎င်း၏ တရားဝင် တွစ်တာအကောင့်တွင် ရေးသားထားသည်။

“ကျွန်တော် ချက်ချင်းပဲ ကွင်းစ်လန်း ကျန်းမာရေးဌာနကို ဆက်သွယ်ခဲ့ပြီး နောက်တော့ COVID-19 ရောဂါအတွက် ဆေးစစ်ခဲ့တယ်။ ဆေးစစ်ချက်အဖြေကတော့ positive လို့ အဖြေထွက်ခဲ့တယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ကွင်းစ်လန်း ကျန်းမာရေးဌာနက ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်” ဟု ၎င်းက ရေးသားထားသည်။

ကွင်းစ်လန်း ကျန်းမာရေးဌာန၏ မူဝါဒအရ ဆေးစစ်ချက်အဖြေ positive ဟုထွက်ရှိသည့် မည်သူမဆို ဆေးရုံသို့ တက်ရောက်ရမည်ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ကျန်းမာရေးဌာန၏ အကြံပြုချက်အတိုင်း လိုက်နာလျက်ရှိကြောင်း ဒတ်တန်က ဆိုသည်။

ဒတ်တန်သည် မကြာသေးမီက အမေရိကန်နိုင်ငံမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ တွစ်တာပေါ်တွင် ရေးသားထားချက်အရ ၎င်းသည် Five Eyes network ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလအစောပိုင်းက ဝါရှင်တန်တွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန် နိုင်ငံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဩစတြေးလျ အစိုးရ ကျန်းမာရေးဌာနက မတ် ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီအထိ နိုင်ငံအတွင်း သေဆုံးသူ ၃ ဦးအပါအဝင် COVID-19 ရောဂါဖြစ်ပွားသူ ၁၅၆ ဦးရှိကြောင်း အတည်ပြုထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ဩစေၾတးလ်ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး COVID-19 ကူးစက္ခံရ ဩစေၾတးလ်ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး COVID-19 ကူးစက္ခံရ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.