ကိုဗစ္၁၉-သတင္းမွား သတင္းတုအႏၲရာယ္၊ ကုန္ေဈးႏႈန္းေတြတက္ၿပီး ရွားပါးလာမွာ စိုးရိမ္

ကုန္ေဈးႏႈန္းေတြတက္ၿပီး ရွားပါးလာမွာ စိုးရိမ္
(Zawgyi)⤵⤵⤵
ကိုဗစ္ ၁၉ ေၾကာင့္ သၾကၤန္မ႑ပ္ေတြ ေဆာက္လုပ္က်င္းပတာအပါအဝင္ လူစုလူေဝးနဲ႔ က်င္းပရတဲ့ အခမ္းအနားေတြ၊ ပြဲလမ္းသဘင္ေတြ မျပဳလုပ္ၾကဖို႔ သမၼတ႐ုံးက မတ္လ ၁၃ ရက္မွာ ပန္ၾကားခ်က္ ထုတ္ခဲ့ပါတယ္။

အဲဒီမတိုင္ခင္ မတ္လ ၁၂ ရက္ေန႔ညေနပိုင္းတည္းက ခုလိုပြဲလမ္းသဘင္ေတြပိတ္မယ္ဆိုတဲ့ သတင္းေတြ ထြက္ခဲ့တာပါ။

မေန႔က ဒီသတင္းထြက္လာၿပီးၿပီးခ်င္းမွာပဲ ရန္ကုန္နဲ႔ မႏၲေလးက ေဈးဝယ္စင္တာႀကီးတခ်ိဳ႕မွာ ေခါက္ဆြဲေျခာက္၊ ဆန္၊ ဆီ၊ ေပါင္မုန႔္၊ ငါးေသတၱာ စတဲ့ စားေသာက္ကုန္ေတြကို တိုးေဝွ႔ဝယ္ယူတဲ့ ဓာတ္ပုံေတြ လူမႈကြန္ရက္စာမ်က္ႏွာေပၚေရာက္လာခဲ့ပါတယ္။

အဲဒီေနာက္ဆက္တြဲအျဖစ္ တခ်ိဳ႕ေဈးဝယ္စင္တာႀကီးေတြက လိုအပ္တဲ့ကုန္ေတြကို ျပည္သူေတြမွ်တစြာ ဝယ္ယူႏိုင္ဖို႔ ကန႔္သတ္ေရာင္းခ်မယ္လို႔ ထုတ္ျပန္ပါတယ္။
ကုန္ေဈးႏႈန္းမတက္ေအာင္ အစိုးရ ဘာေတြလုပ္ေပးမွာလဲ

မတ္လ ၁၃ ရက္ မနက္ကစလို႔ အေျခခံစားေသာက္ကုန္တခ်ိဳ႕ ျဖစ္တဲ့ ဆန္နဲ႔ ဆီတို႔လိုအေျခာက္အျခမ္းေတြ ေဈးအနည္းငယ္ စတက္လာပါတယ္။

"အရင္က ဝယ္ေနက် ေပၚဆန္း တစ္ျပည္ သုံးေထာင္ကေန အခု သုံးေထာင့္ႏွစ္ရာ ျဖစ္သြားတယ္။ ပုစြန္တံဆိပ္နဲ႔ ဆီကို မနက္က လိုလိုမယ္ မယ္ထပ္ ဝယ္တာ အရင္တစ္ပိႆာ တစ္ဗူးကို ၃၂၀၀ က အခု ၃၈၀၀ ျဖစ္သြားတယ္။ ဆိုင္ကို ဘာလို႔တက္တာလဲေမးေတာ့ ေနာက္ထပ္ပစၥည္းျပတ္ရင္ ဝယ္မရမွာ စိုးလို႔ တက္ေဈးနဲ႔မိမွာစိုးလို႔ လို႔ ေျပာတယ္။ မတက္ႏိုင္ဘူးေလ။ ဝယ္ရတာေပါ့။ မနက္က ရပ္ကြက္ေဈးထဲေတာင္ ကန္စြန္း႐ြက္ကို လုဝယ္ခဲ့ရတယ္"လို႔ သာေကတက အိမ္ရွင္မတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။
ကုန္ေဈးႏႈန္းတက္ေအာင္လုပ္သူေတြကိ အေရးယူမယ္ ဆိုၿပီး သမၼတ႐ုံးက ေၾကညာထား

အစိုးရအေနနဲ႔ကေတာ့ ကုန္ေဈးႏႈန္းမတက္ဖို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနနဲ႔ တိုင္းနဲ႔ျပည္နယ္ သက္ဆိုင္ရာဌာနေတြ ပူးေပါင္း ေဆာင္႐ြက္ေနၿပီး ကုန္ေဈးႏႈန္းအေပၚမွာ ႀကီးႀကီးမားမားအသုံးခ်တဲ့ စီးပြားေရးသမားေတြကို အေရးယူမယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ဒီကေန႔ မတ္လ ၁၃ရက္ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

"ျပည္သူေတြက အရမ္းအစိုးရိမ္ႀကီးၿပီးေတာ့ေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံက အစားအေသာက္ေတြက တင္သြင္းရတဲ့ႏိုင္ငံမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ အလုံအေလာက္ရွိတဲ့အျပင္ ပိုလွ်ံပါတယ္။ ဒါေၾကာင့္ ဒီအေပၚမွာ စီးပြားေရးသမားေတြအသုံးခ်တယ္။ ႀကီးႀကီးမားမား အသုံးခ် သူေတြကို အေရးယူမယ္" လို႔ ေျပာပါတယ္။

ကုန္ေဈးႏႈန္းတည္ၿငိမ္ဖို႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း သူက ဆက္ေျပာပါတယ္။ ကုန္ေဈးႏႈန္းကစားသူကို ဦးစြာ သတိေပးတာ၊ ဒါမွမရရင္ အုပ္ခ်ဳပ္ေရးဆိုင္ရာနည္းလမ္းအရ ဥပေဒနည္းနဲ႔ ဆက္လုပ္သြားမယ္လို႔ ေျပာပါတယ္။

ေဈးကြက္ထဲမွာ ေရာဂါကာကြယ္ဖို႔ ပစၥည္းေတြထဲက ႏွာေခါင္းစည္း Mask ေတြ ျပတ္လပ္ေနတဲ့အေပၚ ဘယ္လိုစီစဥ္ေပးမလဲဆိုတာနဲ႔ပတ္သက္လို႔

"Mask ကျဖစ္တဲ့လူက တပ္ရတာ။ WHO က မျဖစ္ေသးတဲ့လူ တပ္ဖို႔မၫႊန္ၾကားထားဘူး။ စင္ကာပူက ဝန္ႀကီးခ်ဳပ္ လီရွန္လြန္း ေျပာသြားတယ္။ ေတာ္႐ုံျဖစ္ ရင္ ကိုယ့္အိမ္မွာေန၊ အေရးေပၚ ျဖစ္တဲ့လူပဲ ေဆး႐ုံတင္၊ အစိုးရိမ္ႀကီးစရာလည္းမလိုသလို မစိုးရိမ္ဖို႔လည္း မလိုပါဘူးလို႔ ေျပာလိုတယ္" လို႔ ဆိုပါတယ္။
ႏွာေခါင္းစည္းေတြလည္း ေဈးတက္ေန

ေလာေလာဆယ္ အစိုးရမွာ အရန္ဆန္ တန္ခ်ိန္ တစ္ေသာင္းရွိၿပီး ပုဂၢလိက မွာ ဘယ္ေလာက္ရွိလဲဆိုတာ မနက္ျဖန္မွာ ညႇိႏႈိင္းမွာျဖစ္ၿပီး မေလာက္ရင္ အစိုးရက ထပ္စိုက္ၿပီး ဝယ္မယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

"မီးဖိုေခ်ာင္ပစၥည္းေတာ့မဝယ္ဘူး။ လုံေလာက္ေအာင္ဝယ္ထားလို႔။ ေ႐ႊေဈးက်လို႔ ေ႐ႊေတာ့ နည္းနည္းဝယ္လိုက္တယ္။ ကုန္ေဈးႏႈန္းကေတာ့ တက္ကုန္ၿပီေလ။ ရပ္ကြက္ထဲ လွည့္ေရာင္းတဲ့ ႀကံဖြံ႕က ဆန္ေတာင္ ၁,၂၀၀ ကေန ၁,၄၀၀ ေအာ္ေနတယ္ ။ ကုန္ေဈးႏႈန္းတက္မွာေတာ့ တကယ္စိုးရိမ္တယ္။ အခုေတာင္ ငါးရာ၊ တစ္ေထာင္ တက္ေနၿပီေလ။ အထူးသျဖင့္ ကိုယ္က ကေလးရွိေတာ့ ကေလးအတြက္ စိတ္ပူတယ္။ ဒိုင္ဗာ ေတြ။ ကေလး အစားအစာေတြ။ လူေတြက လိုတာထက္ပို၀ယ္တယ္ထင္တယ္။ ေသခ်ာေလ့လာၿပီး ႏိုင္ငံေတာ္ထုတ္ျပန္ခ်က္အတိုင္း လိုက္နာမယ္ဆို ရွိတဲ့ ရိကၡာနဲ႔တိုင္းျပည္ ေလာက္မယ္ထင္တယ္ " လို႔ ဗိုတေထာင္ၿမိဳ႕နယ္က အိမ္ရွင္မတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ဒါေပမဲ့ လတ္တေလာမွာေတာ့ ေဈးကြက္ထဲမွာ လက္ေဆးရည္၊ ႏွာေခါင္းစည္းေတြ ေဈးေတြျမင့္တက္လာၿပီး ကုန္ပစၥည္းျပတ္လပ္တာမ်ိဳး ျဖစ္လာမွာကို စိုးရိမ္မႈေတြရွိေနပါတယ္။

ဗိုင္းရပ္စ္သံသယလူနာေတြရွိလာရင္ ေစာင့္ၾကည့္ထားရွိဖို႔ စီစဥ္ထားတဲ့ ေဆး႐ုံတခ်ိဳ႕မွာ ဒီလူနာေတြ လာမထားဖို႔ အဲဒီေဆး႐ုံရွိတဲ့အနီးတဝိုက္က ေဒသခံေတြက ကန႔္ကြက္ဆႏၵျပတာေတြလည္း ရွိလာပါတယ္။

လွည္းကူးၿမိဳ႕က ေအာင္ဆန္းက်န္းမာေရးသင္တန္းေက်ာင္းမွာ ကိုဗစ္သံသယလူနာေတြ ထားတာကို မတ္လ ၁၄ ရက္မွာ ကန႔္ကြက္ဆႏၵေဖာ္ထုတ္ဖို႔ ရွိေနပါတယ္။
လူထုကို လက္ဆြဲႏႈတ္ဆက္ တာ မလုပ္တဲ့ အတြက္ နားလည္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာ

ကမာၻ႔က်န္းမာေရးအဖြဲ႕က ကို႐ိုနာဗိုင္းရပ္စ္ကို ကပ္ေရာဂါလို႔ မေၾကညာခင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လူထုေတြ႕ဆုံပြဲ ခရီးစဥ္ေတြ ဆက္တိုက္ျပဳလုပ္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြ ေရွာင္ရွားဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့တဲ့ေနာက္ ဒီခရီးစဥ္ေတြ ေပၚ ေဝဖန္တာတခ်ိဳ႕ ရွိလာပါတယ္။

အဲဒီေနာက္ မတ္လ ၁၁ ရက္က စစ္ကိုင္းတိုင္းခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္က ကို႐ိုနာနဲ႔ပတ္သက္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တာေတြကိုလိုက္နာဖို႔ လူထုေတြ႕ဆုံပြဲမွာ တိုက္တြန္းေျပာၾကားတာေတြလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ လူထုကို လက္ဆြဲႏႈတ္ဆက္တာမလုပ္တဲ့အတြက္ေတာင္းပန္ခဲ့ပါတယ္။

ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာေတာ့ အတိုင္ပင္ခံရဲ႕ခရီးစဥ္ေတြ ဆက္ရွိေနမလားေမးျမန္းမႈအေပၚ ဦးေဇာ္ေဌးက

"ေလာေလာဆယ္ လူစူလူေဝးကို ဧၿပီလကုန္ထိမလုပ္နဲ႔လို႔ ျဖစ္တဲ့အတြက္ ဒါ အစိုးရတစ္ခုလုံးပါပါတယ္" လို႔ သူကေျပာပါတယ္။

လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြမက်င္းပရဘူးဆိုေပမယ့္ လက္ရွိက်င္းပေနဆဲလႊတ္ေတာ္ကိုေတာ့ ဆက္က်င္းပဖို႔ရွိတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။
ဘာဘာေရးဆိုင္ရာလူစုလူေဝးေတြကို ဘယ္လိုကိုင္တြယ္မလဲ
 ဘာသာေရးဆိုင္ရာေနရာေတြမွာ သတ္မွတ္ထားတဲ့ စည္းကမ္းေတြနဲ႔ စစ္ေဆးဖို႔ရွိတယ္လို႔ ဆို

ဘုရားေက်ာင္းကန္ေတြ၊ ဝတ္ျပဳဆုေတာင္းပြဲေတြ၊ ဗလီေတြမွာ စုေပါင္းဝတ္ျပဳတာ၊ ဘုရားေက်ာင္းေတြမွာ ဆုေတာင္းတာ စတဲ့ လူစုလူေဝးေတြကို ကိုင္တြယ္ဖို႔လည္း သက္ဆိုင္ရာသာသာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုဝန္ႀကီးကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေခၚယူၫႊန္ၾကားထားတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

"သက္ဆိုင္ရာဌာနေတြက ဆက္ၿပီးေတာ့ ၫႊန္ၾကားခ်က္ထုတ္ပါလိမ့္မယ္။ လူစုလူေဝး ဘယ္ေလာက္ဆိုတာမ်ိဳး ဆိုတာကေတာ့ ေလာေလာဆယ္ ကြၽန္ေတာ္တို႔ သတ္မွတ္ထားတာမရွိေသးဘူး" လို႔ ဆိုပါတယ္။

စင္ကာပူမွာလည္း ဘာသာေရးဆိုင္ရာ လႈပ္ရွားမႈေတြကို ဆိုင္းငံ့ထားလိုက္ပါၿပီ။

မေလးရွားမွာ ျပဳလုပ္တဲ့ ဝတ္ျပဳပြဲကို တက္ေရာက္ခဲ့တဲ့ စင္ကာပူႏိုင္ငံသားႏွစ္ဦးမွာ ဗိုင္းရပ္စ္ေတြ႕ရွိၿပီးတဲ့ေနာက္ ႏိုင္ငံတစ္ဝန္းက ဗလီေပါင္း ၇၀ ကို ပိတ္လိုက္တာျဖစ္ပါတယ္။

ဗလီေတြကို သန႔္ရွင္းေရးလုပ္ဖို႔အတြက္ ငါးရက္ၾကာ ပိတ္ထားမွာျဖစ္ပါတယ္။

ကက္သလစ္ဘာသာေရးပြဲကိုလည္း အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းထားမွာျဖစ္ၿပီး ဒါဟာ အရင္က ဒီဘာသာေရးပြဲကို ျပန္စဖို႔ ဆုံးျဖတ္ခ်က္ကို ျပန္ေျပာင္း ဆုံးျဖတ္ခ်က္ခ်လိုက္တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အီတလီ၊ ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီကို ႏွစ္ပတ္အတြင္း သြားထားတဲ့သူေတြကို ျပည္ဝင္ခြင့္လည္း ကို လာမယ့္ တနဂၤေႏြကစလို႔ ပိတ္ဖို႔ စီစဥ္ေနပါၿပီ။
က်န္းမာေရးဝန္ထမ္းေတြက ဘာေတြစိုးရိမ္လဲ
က်န္းမာေရးဝန္ထမ္းေတြဟာ ေရာဂါခုခံေရးအတြက္ ေရွ႕တန္းမွာ ပါဝင္ေနရသူေတြျဖစ္ပါတယ္။

ဆရာဝန္၊ သူနာျပဳနဲ႔ က်န္းမာေရးဝန္ထမ္းေတြဟာ ေရာဂါကို ခုခံကာကြယ္ေရးမွာ ေရွ႕တန္းက ပါဝင္လုပ္ကိုင္ၾကသူေတြျဖစ္တဲ့အတြက္ အႏၲရာယ္ရွိတာ မွန္တယ္လို႔ ပါေမာကၡ ေဒါက္တာဦးရဲျမက ဒီကေန႔ မတ္လလ ၁၃ ရက္က ျပဳလုပ္တဲ့ ကိုဗစ္၁၉ စကားဝိုင္းမွာေျပာခဲ့ပါတယ္။

"ေရွ႕တန္းက သူနာျပဳေတြဆရာဝန္ေတြက်န္းမာေရးဝန္ထမ္းေတြအႏၲရာယ္ရွိပါတယ္။ လိုအပ္တဲ့အေထာက္အပံ့ေတြက်န္းဌာနက ေပးပါတယ္ ဆရာဝန္က လူနာလာရင္ ျငင္းပယ္လို႔မရပါဘူး။ လိုအပ္တဲ့ကာကြယ္မႈယူၿပီးေဆာင္႐ြက္ေပးရမွာပါ" လို႔ သူက ေျပာပါတယ္။

လက္ရွိအထိ ဌာနမွာ ႏွာေခါင္းစည္းေတြလည္း ပံ့ပိုးေပးထားတာရွိၿပီး လိုအပ္ခ်ိန္မွာ သုံးႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ သူက ဆက္ေျပာပါတယ္။

ေဆး႐ုံေတြမွာ ဗိုင္းရပ္စ္သံသယလူနာေတြကို ေစာင့္ၾကည့္ကုသဖို႔အတြက္ ေရာဂါကာကြယ္ေရးနဲ႔ ကုသေရး ပစၥည္းကိရိယာေတြလိုအပ္ေနတဲ့အေၾကာင္း ေျမာက္ဥကၠလာပ အေထြေထြေရာဂါကုေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းသႏၲာျဖဴက ေျပာပါတယ္။

အထူးသျဖင့္ လူနာေတြအတြက္ အသက္ရႉစက္ Ventilator ေတြ၊ က်န္းမာေရးဝန္ထမ္းေတြအတြက္ ေရာဂါကာကြယ္ေရးဝတ္စုံ PPE ေတြ၊ ႏွာေခါင္းစည္းေတြလိုအပ္ေနၿပီး အလႉရွင္ေတြအေနနဲ႔ ဒါေတြကို ဦးစားေပးၿပီး လႉေပးဖို႔၊ ဒီျပႆနာက တိုင္းနဲ႔ျပည္နယ္မွာ ရွိတဲ့ ေဆး႐ုံေတြမွာလည္း တူညီတဲ့အခကအခဲရွိႏိုင္တဲ့အတြက္ လႉေပးႏိုင္ေၾကာင္း ေဒါက္တာဝင္းသႏၲာျဖဴက တိုက္တြန္းပါတယ္။

လက္ရွိမွာ သံသယလူနာအင္အားနဲ႔ ကုသေရးဝန္ထမ္းလုံေလာက္ေနၿပီး မေမွ်ာ္လင့္ဘဲ လူနာၿပဳံက်လာမယ့္အေျခအေနဆိုရင္ေတာ့ နယ္ေဆး႐ုံေတြအပါအဝင္ ေဆး႐ုံေတြမွာ PPE ေတြမေလာက္ဘူးလို႔ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးရဲ႕ ဒုတိယေဆး႐ုံအုပ္ ေဒါက္တာခင္ေက်ာ္ကလည္း ေျပာၾကားထားပါတယ္။

ဒါ့အျပင္ အလႉရွင္ေတြအေနနဲ႔ အေပၚက ပစၥည္းေတြအျပင္ Portable X ray ေ႐ြ႕လ်ား ဓာတ္မွန္စက္ေတြလည္း လႉေပးဖို႔ ေဒါက္တာဝင္းသႏၲာျဖဴက ဘီဘီစီကိုေျပာပါတယ္။
ကိုဗစ္၁၉ ေၾကာင့္ စီးပြားေရးသက္ေရာက္မႈအေပၚ ကုစားေရးေကာ္မတီကို သမၼတအမိန႔္နဲ႔ ဖြဲ႕

ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္ ၁၉ ေၾကာင့္ ထိခိုက္လာႏိုင္တဲ့ စီးပြားေရးသက္ေရာက္မႈေတြအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီကို သမၼတအမိန႔္နဲ႔ ဒီကေန႔မွာ ဖြဲ႕စည္းလိုက္ပါတယ္။

ဒီေကာ္မတီကို ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး ဗဟိုဘဏ္ ဥကၠ႒အပါအဝင္ အဖြဲ႕ဝင္ ကိုးဦးနဲ႔ ဖြဲ႕စည္းလိုက္တာျဖစ္ပါတယ္။

ဒီေကာ္မတီဟာ ကိုဗစ္၁၉ ေၾကာင့္ ကုန္သြယ္မႈနဲ႔ စီးပြားေရးလုပ္ငန္းက်ဆင္းေနတဲ့အေပၚ အေရးေပၚစီမံေဆာင္႐ြက္ရန္နည္းလမ္းေတြအစီအစဥ္ဆြဲဖို႔၊ စက္႐ုံေတြရပ္သြားလို႔ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြအေရး၊ ေနာင္မွာ ကိုဗစ္လိုမ်ိဳးႀကဳံလာတဲ့အခါ CMP လုပ္ငန္းေတြမွာ ကုန္ၾကမ္းကို တ႐ုတ္တစ္ႏိုင္ငံတည္း မွီခိုေနရမယ့္အစား တျခားႏိုင္ငံေတြကပါ ကုန္ၾကမ္းေတြ ခြဲၿပီးယူႏိုင္ေရး၊ အေသးစားအလတ္စားလုပ္ငန္းေတြအေပၚ အခြန္သက္သာခြင့္နဲ႔ ကင္းလြတ္ခြင့္ ရေရးနဲ႔ ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြကို အတိုးႏႈန္းသက္သာတဲ့ေခ်းေငြေတြထုတ္ေပးဖို႔ သမၼတ႐ုံးကို တင္ ျပဖို႔ တို႔ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုဗစ်၁၉-သတင်းမှား သတင်းတုအန္တရာယ်၊ ကုန်ဈေးနှုန်းတွေတက်ပြီး ရှားပါးလာမှာ စိုးရိမ်

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ကုန်ဈေးနှုန်းတွေတက်ပြီး ရှားပါးလာမှာ စိုးရိမ်

ကိုဗစ် ၁၉ ကြောင့် သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ကျင်းပတာအပါအဝင် လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မပြုလုပ်ကြဖို့ သမ္မတရုံးက မတ်လ ၁၃ ရက်မှာ ပန်ကြားချက် ထုတ်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် မတ်လ ၁၂ ရက်နေ့ညနေပိုင်းတည်းက ခုလိုပွဲလမ်းသဘင်တွေပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။

မနေ့က ဒီသတင်းထွက်လာပြီးပြီးချင်းမှာပဲ ရန်ကုန်နဲ့ မန္တလေးက ဈေးဝယ်စင်တာကြီးတချို့မှာ ခေါက်ဆွဲခြောက်၊ ဆန်၊ ဆီ၊ ပေါင်မုန့်၊ ငါးသေတ္တာ စတဲ့ စားသောက်ကုန်တွေကို တိုးဝှေ့ဝယ်ယူတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်ရောက်လာခဲ့ပါတယ်။

အဲဒီနောက်ဆက်တွဲအဖြစ် တချို့ဈေးဝယ်စင်တာကြီးတွေက လိုအပ်တဲ့ကုန်တွေကို ပြည်သူတွေမျှတစွာ ဝယ်ယူနိုင်ဖို့ ကန့်သတ်ရောင်းချမယ်လို့ ထုတ်ပြန်ပါတယ်။
ကုန်ဈေးနှုန်းမတက်အောင် အစိုးရ ဘာတွေလုပ်ပေးမှာလဲ

မတ်လ ၁၃ ရက် မနက်ကစလို့ အခြေခံစားသောက်ကုန်တချို့ ဖြစ်တဲ့ ဆန်နဲ့ ဆီတို့လိုအခြောက်အခြမ်းတွေ ဈေးအနည်းငယ် စတက်လာပါတယ်။

"အရင်က ဝယ်နေကျ ပေါ်ဆန်း တစ်ပြည် သုံးထောင်ကနေ အခု သုံးထောင့်နှစ်ရာ ဖြစ်သွားတယ်။ ပုစွန်တံဆိပ်နဲ့ ဆီကို မနက်က လိုလိုမယ် မယ်ထပ် ဝယ်တာ အရင်တစ်ပိဿာ တစ်ဗူးကို ၃၂၀၀ က အခု ၃၈၀၀ ဖြစ်သွားတယ်။ ဆိုင်ကို ဘာလို့တက်တာလဲမေးတော့ နောက်ထပ်ပစ္စည်းပြတ်ရင် ဝယ်မရမှာ စိုးလို့ တက်ဈေးနဲ့မိမှာစိုးလို့ လို့ ပြောတယ်။ မတက်နိုင်ဘူးလေ။ ဝယ်ရတာပေါ့။ မနက်က ရပ်ကွက်ဈေးထဲတောင် ကန်စွန်းရွက်ကို လုဝယ်ခဲ့ရတယ်"လို့ သာကေတက အိမ်ရှင်မတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ မူပိုင် THET AUNG
Image caption ကုန်ဈေးနှုန်းတက်အောင်လုပ်သူတွေကိ အရေးယူမယ် ဆိုပြီး သမ္မတရုံးက ကြေညာထား

အစိုးရအနေနဲ့ကတော့ ကုန်ဈေးနှုန်းမတက်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းနဲ့ပြည်နယ် သက်ဆိုင်ရာဌာနတွေ ပူးပေါင်း ဆောင်ရွက်နေပြီး ကုန်ဈေးနှုန်းအပေါ်မှာ ကြီးကြီးမားမားအသုံးချတဲ့ စီးပွားရေးသမားတွေကို အရေးယူမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ဒီကနေ့ မတ်လ ၁၃ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

"ပြည်သူတွေက အရမ်းအစိုးရိမ်ကြီးပြီးတော့ပေါ့။ ကျွန်တော်တို့နိုင်ငံက အစားအသောက်တွေက တင်သွင်းရတဲ့နိုင်ငံမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အလုံအလောက်ရှိတဲ့အပြင် ပိုလျှံပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ စီးပွားရေးသမားတွေအသုံးချတယ်။ ကြီးကြီးမားမား အသုံးချ သူတွေကို အရေးယူမယ်" လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ကုန်ဈေးနှုန်းကစားသူကို ဦးစွာ သတိပေးတာ၊ ဒါမှမရရင် အုပ်ချုပ်ရေးဆိုင်ရာနည်းလမ်းအရ ဥပဒေနည်းနဲ့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဈေးကွက်ထဲမှာ ရောဂါကာကွယ်ဖို့ ပစ္စည်းတွေထဲက နှာခေါင်းစည်း Mask တွေ ပြတ်လပ်နေတဲ့အပေါ် ဘယ်လိုစီစဉ်ပေးမလဲဆိုတာနဲ့ပတ်သက်လို့

"Mask ကဖြစ်တဲ့လူက တပ်ရတာ။ WHO က မဖြစ်သေးတဲ့လူ တပ်ဖို့မညွှန်ကြားထားဘူး။ စင်ကာပူက ဝန်ကြီးချုပ် လီရှန်လွန်း ပြောသွားတယ်။ တော်ရုံဖြစ် ရင် ကိုယ့်အိမ်မှာနေ၊ အရေးပေါ် ဖြစ်တဲ့လူပဲ ဆေးရုံတင်၊ အစိုးရိမ်ကြီးစရာလည်းမလိုသလို မစိုးရိမ်ဖို့လည်း မလိုပါဘူးလို့ ပြောလိုတယ်" လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU / AFP / Getty Images
Image caption နှာခေါင်းစည်းတွေလည်း ဈေးတက်နေ

လောလောဆယ် အစိုးရမှာ အရန်ဆန် တန်ချိန် တစ်သောင်းရှိပြီး ပုဂ္ဂလိက မှာ ဘယ်လောက်ရှိလဲဆိုတာ မနက်ဖြန်မှာ ညှိနှိုင်းမှာဖြစ်ပြီး မလောက်ရင် အစိုးရက ထပ်စိုက်ပြီး ဝယ်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"မီးဖိုချောင်ပစ္စည်းတော့မဝယ်ဘူး။ လုံလောက်အောင်ဝယ်ထားလို့။ ရွှေဈေးကျလို့ ရွှေတော့ နည်းနည်းဝယ်လိုက်တယ်။ ကုန်ဈေးနှုန်းကတော့ တက်ကုန်ပြီလေ။ ရပ်ကွက်ထဲ လှည့်ရောင်းတဲ့ ကြံဖွံ့က ဆန်တောင် ၁,၂၀၀ ကနေ ၁,၄၀၀ အော်နေတယ် ။ ကုန်ဈေးနှုန်းတက်မှာတော့ တကယ်စိုးရိမ်တယ်။ အခုတောင် ငါးရာ၊ တစ်ထောင် တက်နေပြီလေ။ အထူးသဖြင့် ကိုယ်က ကလေးရှိတော့ ကလေးအတွက် စိတ်ပူတယ်။ ဒိုင်ဗာ တွေ။ ကလေး အစားအစာတွေ။ လူတွေက လိုတာထက်ပိုဝယ်တယ်ထင်တယ်။ သေချာလေ့လာပြီး နိုင်ငံတော်ထုတ်ပြန်ချက်အတိုင်း လိုက်နာမယ်ဆို ရှိတဲ့ ရိက္ခာနဲ့တိုင်းပြည် လောက်မယ်ထင်တယ် " လို့ ဗိုတထောင်မြို့နယ်က အိမ်ရှင်မတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ဈေးကွက်ထဲမှာ လက်ဆေးရည်၊ နှာခေါင်းစည်းတွေ ဈေးတွေမြင့်တက်လာပြီး ကုန်ပစ္စည်းပြတ်လပ်တာမျိုး ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

ဗိုင်းရပ်စ်သံသယလူနာတွေရှိလာရင် စောင့်ကြည့်ထားရှိဖို့ စီစဉ်ထားတဲ့ ဆေးရုံတချို့မှာ ဒီလူနာတွေ လာမထားဖို့ အဲဒီဆေးရုံရှိတဲ့အနီးတဝိုက်က ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာတွေလည်း ရှိလာပါတယ်။

လှည်းကူးမြို့က အောင်ဆန်းကျန်းမာရေးသင်တန်းကျောင်းမှာ ကိုဗစ်သံသယလူနာတွေ ထားတာကို မတ်လ ၁၄ ရက်မှာ ကန့်ကွက်ဆန္ဒဖော်ထုတ်ဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေလည်း ရပ်နားထားမယ်
ဓာတ်ပုံ မူပိုင် State Counselor
Image caption လူထုကို လက်ဆွဲနှုတ်ဆက် တာ မလုပ်တဲ့ အတွက် နားလည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါလို့ မကြေညာခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲ ခရီးစဉ်တွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ရှောင်ရှားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တဲ့နောက် ဒီခရီးစဉ်တွေ ပေါ် ဝေဖန်တာတချို့ ရှိလာပါတယ်။

အဲဒီနောက် မတ်လ ၁၁ ရက်က စစ်ကိုင်းတိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကိုရိုနာနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာတွေကိုလိုက်နာဖို့ လူထုတွေ့ဆုံပွဲမှာ တိုက်တွန်းပြောကြားတာတွေလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လူထုကို လက်ဆွဲနှုတ်ဆက်တာမလုပ်တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အတိုင်ပင်ခံရဲ့ခရီးစဉ်တွေ ဆက်ရှိနေမလားမေးမြန်းမှုအပေါ် ဦးဇော်ဌေးက

"လောလောဆယ် လူစူလူဝေးကို ဧပြီလကုန်ထိမလုပ်နဲ့လို့ ဖြစ်တဲ့အတွက် ဒါ အစိုးရတစ်ခုလုံးပါပါတယ်" လို့ သူကပြောပါတယ်။

လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေမကျင်းပရဘူးဆိုပေမယ့် လက်ရှိကျင်းပနေဆဲလွှတ်တော်ကိုတော့ ဆက်ကျင်းပဖို့ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဘာဘာရေးဆိုင်ရာလူစုလူဝေးတွေကို ဘယ်လိုကိုင်တွယ်မလဲ
ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption ဘာသာရေးဆိုင်ရာနေရာတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ စစ်ဆေးဖို့ရှိတယ်လို့ ဆို

ဘုရားကျောင်းကန်တွေ၊ ဝတ်ပြုဆုတောင်းပွဲတွေ၊ ဗလီတွေမှာ စုပေါင်းဝတ်ပြုတာ၊ ဘုရားကျောင်းတွေမှာ ဆုတောင်းတာ စတဲ့ လူစုလူဝေးတွေကို ကိုင်တွယ်ဖို့လည်း သက်ဆိုင်ရာသာသာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"သက်ဆိုင်ရာဌာနတွေက ဆက်ပြီးတော့ ညွှန်ကြားချက်ထုတ်ပါလိမ့်မယ်။ လူစုလူဝေး ဘယ်လောက်ဆိုတာမျိုး ဆိုတာကတော့ လောလောဆယ် ကျွန်တော်တို့ သတ်မှတ်ထားတာမရှိသေးဘူး" လို့ ဆိုပါတယ်။

စင်ကာပူမှာလည်း ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားလိုက်ပါပြီ။

မလေးရှားမှာ ပြုလုပ်တဲ့ ဝတ်ပြုပွဲကို တက်ရောက်ခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိပြီးတဲ့နောက် နိုင်ငံတစ်ဝန်းက ဗလီပေါင်း ၇၀ ကို ပိတ်လိုက်တာဖြစ်ပါတယ်။

ဗလီတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် ငါးရက်ကြာ ပိတ်ထားမှာဖြစ်ပါတယ်။

ကက်သလစ်ဘာသာရေးပွဲကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားမှာဖြစ်ပြီး ဒါဟာ အရင်က ဒီဘာသာရေးပွဲကို ပြန်စဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်း ဆုံးဖြတ်ချက်ချလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီကို နှစ်ပတ်အတွင်း သွားထားတဲ့သူတွေကို ပြည်ဝင်ခွင့်လည်း ကို လာမယ့် တနင်္ဂနွေကစလို့ ပိတ်ဖို့ စီစဉ်နေပါပြီ။
ကျန်းမာရေးဝန်ထမ်းတွေက ဘာတွေစိုးရိမ်လဲ
ဓာတ်ပုံ မူပိုင် NHS
Image caption ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါခုခံရေးအတွက် ရှေ့တန်းမှာ ပါဝင်နေရသူတွေဖြစ်ပါတယ်။

ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါကို ခုခံကာကွယ်ရေးမှာ ရှေ့တန်းက ပါဝင်လုပ်ကိုင်ကြသူတွေဖြစ်တဲ့အတွက် အန္တရာယ်ရှိတာ မှန်တယ်လို့ ပါမောက္ခ ဒေါက်တာဦးရဲမြက ဒီကနေ့ မတ်လလ ၁၃ ရက်က ပြုလုပ်တဲ့ ကိုဗစ်၁၉ စကားဝိုင်းမှာပြောခဲ့ပါတယ်။

"ရှေ့တန်းက သူနာပြုတွေဆရာဝန်တွေကျန်းမာရေးဝန်ထမ်းတွေအန္တရာယ်ရှိပါတယ်။ လိုအပ်တဲ့အထောက်အပံ့တွေကျန်းဌာနက ပေးပါတယ် ဆရာဝန်က လူနာလာရင် ငြင်းပယ်လို့မရပါဘူး။ လိုအပ်တဲ့ကာကွယ်မှုယူပြီးဆောင်ရွက်ပေးရမှာပါ" လို့ သူက ပြောပါတယ်။

လက်ရှိအထိ ဌာနမှာ နှာခေါင်းစည်းတွေလည်း ပံ့ပိုးပေးထားတာရှိပြီး လိုအပ်ချိန်မှာ သုံးနိုင်ဖို့ စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးရုံတွေမှာ ဗိုင်းရပ်စ်သံသယလူနာတွေကို စောင့်ကြည့်ကုသဖို့အတွက် ရောဂါကာကွယ်ရေးနဲ့ ကုသရေး ပစ္စည်းကိရိယာတွေလိုအပ်နေတဲ့အကြောင်း မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူက ပြောပါတယ်။

အထူးသဖြင့် လူနာတွေအတွက် အသက်ရှူစက် Ventilator တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးဝတ်စုံ PPE တွေ၊ နှာခေါင်းစည်းတွေလိုအပ်နေပြီး အလှူရှင်တွေအနေနဲ့ ဒါတွေကို ဦးစားပေးပြီး လှူပေးဖို့၊ ဒီပြဿနာက တိုင်းနဲ့ပြည်နယ်မှာ ရှိတဲ့ ဆေးရုံတွေမှာလည်း တူညီတဲ့အခကအခဲရှိနိုင်တဲ့အတွက် လှူပေးနိုင်ကြောင်း ဒေါက်တာဝင်းသန္တာဖြူက တိုက်တွန်းပါတယ်။

လက်ရှိမှာ သံသယလူနာအင်အားနဲ့ ကုသရေးဝန်ထမ်းလုံလောက်နေပြီး မမျှော်လင့်ဘဲ လူနာပြုံကျလာမယ့်အခြေအနေဆိုရင်တော့ နယ်ဆေးရုံတွေအပါအဝင် ဆေးရုံတွေမှာ PPE တွေမလောက်ဘူးလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်ကလည်း ပြောကြားထားပါတယ်။

ဒါ့အပြင် အလှူရှင်တွေအနေနဲ့ အပေါ်က ပစ္စည်းတွေအပြင် Portable X ray ရွေ့လျား ဓာတ်မှန်စက်တွေလည်း လှူပေးဖို့ ဒေါက်တာဝင်းသန္တာဖြူက ဘီဘီစီကိုပြောပါတယ်။
ကိုဗစ်၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီကို သမ္မတအမိန့်နဲ့ ဖွဲ့

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ကြောင့် ထိခိုက်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို သမ္မတအမိန့်နဲ့ ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီကော်မတီဟာ ကိုဗစ်၁၉ ကြောင့် ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်းကျဆင်းနေတဲ့အပေါ် အရေးပေါ်စီမံဆောင်ရွက်ရန်နည်းလမ်းတွေအစီအစဉ်ဆွဲဖို့၊ စက်ရုံတွေရပ်သွားလို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေအရေး၊ နောင်မှာ ကိုဗစ်လိုမျိုးကြုံလာတဲ့အခါ CMP လုပ်ငန်းတွေမှာ ကုန်ကြမ်းကို တရုတ်တစ်နိုင်ငံတည်း မှီခိုနေရမယ့်အစား တခြားနိုင်ငံတွေကပါ ကုန်ကြမ်းတွေ ခွဲပြီးယူနိုင်ရေး၊ အသေးစားအလတ်စားလုပ်ငန်းတွေအပေါ် အခွန်သက်သာခွင့်နဲ့ ကင်းလွတ်ခွင့် ရရေးနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သာတဲ့ချေးငွေတွေထုတ်ပေးဖို့ သမ္မတရုံးကို တင် ပြဖို့ တို့ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကိုဗစ္၁၉-သတင္းမွား သတင္းတုအႏၲရာယ္၊ ကုန္ေဈးႏႈန္းေတြတက္ၿပီး ရွားပါးလာမွာ စိုးရိမ္ ကိုဗစ္၁၉-သတင္းမွား သတင္းတုအႏၲရာယ္၊ ကုန္ေဈးႏႈန္းေတြတက္ၿပီး ရွားပါးလာမွာ စိုးရိမ္ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.