Super Tuesday အေမရိကန္ ဒီမိုကရက္ပါတီ ေ႐ြးကာက္ပြဲ ဒု သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ အသာစီးရ

ဒီမိုကရက္ သမၼတေလာင္း ဘယ္သူ ျဖစ္မလဲ
(Zawgyi)⤵⤵⤵
မတ္လ ၃ ရက္ေန႔က အေမရိကန္ ႏိုင္ငံမွာက်င္းပ ခဲ့တဲ့ ဒီမိုကရက္တစ္ ပါတီ ရဲ႕ သမၼတ ေလာင္း ေ႐ြးေကာက္ပြဲ Super Tuesday Primary မွာေတာ့ ဒုတိယ သမၼတ ေဟာင္း ဂ်ိဳးဘိုင္ဒန္ က ျပည္နယ္ အေတာ္မ်ားမ်ား မွာ အႏိုင္ရခဲ့ပါတယ္။

ျပည္နယ္ ၁၄ ခုမွာ လုပ္တဲ့ Primary ေ႐ြးေကာက္ပြဲေတြမွာ ဂ်ိဳးဘိုင္ဒန္ က ျပည္နယ္ ၉ ခုမွာ အႏိုင္ ရရွိခဲ့တာပါ။ လက္ယာ ဝါဒီ ဆီနိတ္တာ ဘာနီ ဆန္းဒါး ကေတာ့ ျပည္နယ္ ၄ခု မွာ သာ အႏိုင္ ရရွိခဲ့ပါတယ္။

သမၼတ အိုဘာမား လက္ထက္ က ဒုတိယ သမၼတ အျဖစ္ တာဝန္ ထမ္းေဆာင္ ခဲ့သူ ဂ်ိဳးဘိုင္ဒန္ ဟာ ဒီမိုကရက္ ပါတီဝင္ေဟာင္းေတြ နဲ႔ အာဖရိကန္ အေမရိကန္ ေတြရဲ႕ ေထာက္ခံမဲ အမ်ားစု ကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Primary ေ႐ြးေကာက္ပြဲေတြ မက်င္းပ ခင္ ၿပီးခဲ့တဲ့ ရက္ပိုင္း ေတြတုန္း က ဂ်ိဳးဘိုင္ဒန္ ဟာ ဒီမိုကရက္ပါတီ ရဲ႕ သမၼတေလာင္း ျဖစ္ဖို႔ ေရပန္း စားခဲ့ျခင္း မရွိေပမယ့္ Super Tuesday မွာ အံ့အားသင့္ဖြယ္ အႏိုင္ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

 မဲရရွိမႈ အေနအထား

 ဒုတိယ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ က ဒီမိုကရက္ပါတီ အတြက္ သမၼတေလာင္းလား
နယူးေယာက္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ျဖစ္တဲ့ သူေဌးႀကီး မိုက္ကယ္ ဘလြန္းဘတ္ ကေတာ့ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး အတြက္ ေဒၚလာ သန္း ၅၀၀ ေလာက္ အသုံးျပဳခဲ့ေပမယ့္ အႏိုင္ ရရွိခဲ့ျခင္း မရွိပါဘူး။

ဆီးနိတ္ အမတ္ အဲလိဇဘတ္ ဟာလည္း သူ႔ရဲ႕ ျပည္နယ္ မက္ဆာ ခ်ဴးဆက္မွာ မွာ ဂ်ိဳးဘိုင္ဒန္ ကို အျပတ္အသက္ ရႈံးနိမ့္ ခဲ့ရပါတယ္။

သမၼတေလာင္း ျဖစ္မယ့္ သူေတြ ဟာ ဒီမိုကရက္ ပါတီ ကိုယ္စားလွယ္ ေတြရဲ႕ မဲ စုစုေပါင္း ၁၉၉၁ မဲ ရရွိဖို႔ လိုအပ္တာ ျဖစ္ပါတယ္။

Super Tuesday ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီရဲ႕ သမၼတေလာင္း အျဖစ္ ဝင္ေ႐ြးခံမယ့္ လူေတြ အတြက္ မဲ ေပးေ႐ြးခ်ယ္ ခဲ့ရာမွာ မစၥတာ ဘိုင္ဒန္ က ကယ္လိုဖိုးနီးယားမွာ ၄၀၂ မဲ ရခဲ့ၿပီး၊ မစၥတာ ဆန္းဒါးစ္ က ၃၁၄ မဲရခဲ့ပါတယ္။

ဂ်ိဳးဘိုင္ဒန္ ရဲ႕ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးပြဲေတြဟာ လူႀကိဳက္မ်ားမႈ မရွိဘူး ဆိုၿပီး ေလ့လာသူေတြက သုံးသပ္ ထားခဲ့တာပါ။ ဒါေပမယ့္ အဓိက ျပည္နယ္ ေတြ ျဖစ္တဲ့ မက္ဆာခ်ဴးဆက္၊ မင္နီဆိုတာ နဲ႔ အိုကလာဟိုးမား တို႔မွာ သူက အသာစီး ရခဲ့ပါတယ္။

အသက္ ၇၈ ႏွစ္ အ႐ြယ္ ဆီးနိတ္ အမတ္ ဘာနီ ဆန္းဒါးစ္ ကေတာ့ ျပည္နယ္ ၄ ခုမွာသာ အႏိုင္ရခဲ့ၿပီး က်န္ျပည္နယ္ေတြမွာ မစၥတာ ဘိုင္ဒန္ရဲ႕ ေနာက္မွာ ေရာက္ခဲ့ရပါတယ္။
မဲရရွိမႈ အေနအထား

အခုဆိုရင္ ဒီမိုကရက္ပါတီဝင္ေတြ အေနနဲ႔ မစၥတာ ဆန္းဒါးစ္ နဲ႔ မစၥတာ ဘိုင္ဒန္ တို႔ ႏွစ္ဉီး ထဲ က တစ္ဉီး ကို လက္ရွိ သမၼတ ေဒၚနယ္ ထရမ့္ နဲ႔ ယွဥ္ ၿပိဳင္ဖို႔ ေ႐ြးခ်ယ္ ရေတာ့မွာ ျဖစ္ပါတယ္။

အရင္တုန္း က အမ်ိဳးသမီး ကိုယ္စားလွယ္ ေလာင္းေတြ ယွဥ္ၿပိဳင္မႈ ျပင္းထန္ ခဲ့တဲ့ ဒီမိုကရက္ပါတီ က ကိုယ္စားလွယ္ ေတြထဲမွာ အမ်ိဳးသား သမၼတေလာင္း ၂ ဉီးကိုသာ ေ႐ြးခ်ယ္ ရေတာ့မွာပါ။

ဒုတိယ သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ ဟာ အလယ္အလတ္ လမ္းစဥ္ သမား ျဖစ္ၿပီး၊ ဘာနီ ဆန္းဒါးစ္ကေတာ့ လက္ယာ အယူဝါဒ ကို ကိုင္စြဲ ထားသူ တစ္ဉီး ျဖစ္ပါတယ္။

မစၥတာ ဘိုင္ဒန္ ကေတာ့ သူသာလွ်င္ သမၼတ ေဒၚနယ္ ထရမ့္ ကို ယွဥ္ၿပိဳင္ ႏိုင္မယ့္ သူ ျဖစ္တယ္လို႔ ပ႐ိုင္မာရီ ေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးမႈ ေတြ မွာ ေျပာဆို ထားပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
Super Tuesday အမေရိကန် ဒီမိုကရက်ပါတီ ရွေးကာက်ပွဲ ဒု သမ္မတဟောင်း ဂျိုးဘိုင်ဒန် အသာစီးရ

ဒီမိုကရက် သမ္မတလောင်း ဘယ်သူ ဖြစ်မလဲ

မတ်လ ၃ ရက်နေ့က အမေရိကန် နိုင်ငံမှာကျင်းပ ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ ရဲ့ သမ္မတ လောင်း ရွေးကောက်ပွဲ Super Tuesday Primary မှာတော့ ဒုတိယ သမ္မတ ဟောင်း ဂျိုးဘိုင်ဒန် က ပြည်နယ် အတော်များများ မှာ အနိုင်ရခဲ့ပါတယ်။

ပြည်နယ် ၁၄ ခုမှာ လုပ်တဲ့ Primary ရွေးကောက်ပွဲတွေမှာ ဂျိုးဘိုင်ဒန် က ပြည်နယ် ၉ ခုမှာ အနိုင် ရရှိခဲ့တာပါ။ လက်ယာ ဝါဒီ ဆီနိတ်တာ ဘာနီ ဆန်းဒါး ကတော့ ပြည်နယ် ၄ခု မှာ သာ အနိုင် ရရှိခဲ့ပါတယ်။

သမ္မတ အိုဘာမား လက်ထက် က ဒုတိယ သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ ဂျိုးဘိုင်ဒန် ဟာ ဒီမိုကရက် ပါတီဝင်ဟောင်းတွေ နဲ့ အာဖရိကန် အမေရိကန် တွေရဲ့ ထောက်ခံမဲ အများစု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Primary ရွေးကောက်ပွဲတွေ မကျင်းပ ခင် ပြီးခဲ့တဲ့ ရက်ပိုင်း တွေတုန်း က ဂျိုးဘိုင်ဒန် ဟာ ဒီမိုကရက်ပါတီ ရဲ့ သမ္မတလောင်း ဖြစ်ဖို့ ရေပန်း စားခဲ့ခြင်း မရှိပေမယ့် Super Tuesday မှာ အံ့အားသင့်ဖွယ် အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Image caption မဲရရှိမှု အနေအထား
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒန် က ဒီမိုကရက်ပါတီ အတွက် သမ္မတလောင်းလား
နယူးယောက် မြို့တော်ဝန်ဟောင်း ဖြစ်တဲ့ သူဌေးကြီး မိုက်ကယ် ဘလွန်းဘတ် ကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဒေါ်လာ သန်း ၅၀၀ လောက် အသုံးပြုခဲ့ပေမယ့် အနိုင် ရရှိခဲ့ခြင်း မရှိပါဘူး။
ဆီးနိတ် အမတ် အဲလိဇဘတ် ဟာလည်း သူ့ရဲ့ ပြည်နယ် မက်ဆာ ချူးဆက်မှာ မှာ ဂျိုးဘိုင်ဒန် ကို အပြတ်အသက် ရှုံးနိမ့် ခဲ့ရပါတယ်။
သမ္မတလောင်း ဖြစ်မယ့် သူတွေ ဟာ ဒီမိုကရက် ပါတီ ကိုယ်စားလှယ် တွေရဲ့ မဲ စုစုပေါင်း ၁၉၉၁ မဲ ရရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။
Super Tuesday ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ် ဝင်ရွေးခံမယ့် လူတွေ အတွက် မဲ ပေးရွေးချယ် ခဲ့ရာမှာ မစ္စတာ ဘိုင်ဒန် က ကယ်လိုဖိုးနီးယားမှာ ၄၀၂ မဲ ရခဲ့ပြီး၊ မစ္စတာ ဆန်းဒါးစ် က ၃၁၄ မဲရခဲ့ပါတယ်။
ဂျိုးဘိုင်ဒန် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေဟာ လူကြိုက်များမှု မရှိဘူး ဆိုပြီး လေ့လာသူတွေက သုံးသပ် ထားခဲ့တာပါ။ ဒါပေမယ့် အဓိက ပြည်နယ် တွေ ဖြစ်တဲ့ မက်ဆာချူးဆက်၊ မင်နီဆိုတာ နဲ့ အိုကလာဟိုးမား တို့မှာ သူက အသာစီး ရခဲ့ပါတယ်။
အသက် ၇၈ နှစ် အရွယ် ဆီးနိတ် အမတ် ဘာနီ ဆန်းဒါးစ် ကတော့ ပြည်နယ် ၄ ခုမှာသာ အနိုင်ရခဲ့ပြီး ကျန်ပြည်နယ်တွေမှာ မစ္စတာ ဘိုင်ဒန်ရဲ့ နောက်မှာ ရောက်ခဲ့ရပါတယ်။
Image caption မဲရရှိမှု အနေအထား

အခုဆိုရင် ဒီမိုကရက်ပါတီဝင်တွေ အနေနဲ့ မစ္စတာ ဆန်းဒါးစ် နဲ့ မစ္စတာ ဘိုင်ဒန် တို့ နှစ်ဉီး ထဲ က တစ်ဉီး ကို လက်ရှိ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ယှဉ် ပြိုင်ဖို့ ရွေးချယ် ရတော့မှာ ဖြစ်ပါတယ်။

အရင်တုန်း က အမျိုးသမီး ကိုယ်စားလှယ် လောင်းတွေ ယှဉ်ပြိုင်မှု ပြင်းထန် ခဲ့တဲ့ ဒီမိုကရက်ပါတီ က ကိုယ်စားလှယ် တွေထဲမှာ အမျိုးသား သမ္မတလောင်း ၂ ဉီးကိုသာ ရွေးချယ် ရတော့မှာပါ။

ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဟာ အလယ်အလတ် လမ်းစဉ် သမား ဖြစ်ပြီး၊ ဘာနီ ဆန်းဒါးစ်ကတော့ လက်ယာ အယူဝါဒ ကို ကိုင်စွဲ ထားသူ တစ်ဉီး ဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန် ကတော့ သူသာလျှင် သမ္မတ ဒေါ်နယ် ထရမ့် ကို ယှဉ်ပြိုင် နိုင်မယ့် သူ ဖြစ်တယ်လို့ ပရိုင်မာရီ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု တွေ မှာ ပြောဆို ထားပါတယ်။

BBC Burmese
https://www.bbc.com
Super Tuesday အေမရိကန္ ဒီမိုကရက္ပါတီ ေ႐ြးကာက္ပြဲ ဒု သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ အသာစီးရ Super Tuesday အေမရိကန္ ဒီမိုကရက္ပါတီ ေ႐ြးကာက္ပြဲ ဒု သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ အသာစီးရ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.