ရွမ္းျပည္ မိုင္းကန္ေဒသ စစ္ေျပးဒုကၡသည္မ်ား အကူအညီမ်ား လိုအပ္

ရွမ္းျပည္ဘက္ရွိ စစ္ေျပးဒုကၡသည္မ်ား (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကန္ၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ အပစ္ရပ္ NCA လက္မွတ္ထိုး ေတာင္ပိုင္း ရွမ္းျပည္ တပ္မေတာ္ RCSS/SSA တို႔ အၾကား ျဖစ္ပြားခဲ့တဲ့တိုက္ပြဲအတြင္း တိမ္းေရွာင္လာတဲ့စစ္ေရွာင္ရြာသားေတြဟာ လက္ရွိစား ေသာက္ေရးအခက္ခဲနဲ႔ စတင္ရင္ဆိုင္ေနရျပီ ျဖစ္ပါတယ္။ ေဒသအတြင္းမွာလဲ ႏွစ္ဘက္တပ္ေတြ အသင့္ျပင္ထားၿပီး စစ္ေရးတင္းမာေနဆဲ ျဖစ္တာေၾကာင့္ စစ္ေရွာင္ေတြ ကိုယ့္ရပ္ရြာ မျပန္ႏုိင္ၾက ေသးပါဘူး။ အျပည့္အစံုကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပး ပို႔ထားပါတယ္။

ေဖေဖၚ၀ါရီလကုန္ပိုင္းနဲ႔ မတ္လ ၃ ရက္ေန႔အထိ မိုင္းကန္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်းရြာအုပ္စု ကုန္းေညာင္ ဖာဆားေက်းရြာအတြင္း ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္လာတဲ့ရြာသား ၃၀၀ ခန္႕ဟာ ဟမ္းငိုင္းေက်းရြာဘုန္းႀကီး ေက်ာင္းမွာ ခိုလံႈေနရၿပီး လက္ရွိစားေသာက္ေရးအခက္ခဲ ရွိေနတယ္လို႔ သူတို႔ကို အကူညီေပးေဆာင္ေနတဲ့ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းပန္က ေျပာပါတယ္။

“စားဖို႔ေသာက္ဖို႔က်ေတာ့ အခက္ခဲစ ျဖစ္လာၿပီးေပါ့ေနာ္။ ထြက္ေျပးလာေတာ့လည္း တပိုင္တနိုင္ေလာက္ ပါလာေတာ့ အခု ၃၊ ၄ ရက္ဆိုသူတို႔ အခက္ခဲေတာ့ေတြ႕လာၿပီး အဲ သေဘာေပါ့။ အခု က်ေနာ္္တို႔ဘုန္းႀကီးေက်ာင္းမွာပဲ။ အနီးစပ္ ဆုံးေတာ့ ၃၀၀ ပါတ္၀န္းက်င္ရွိေသးတယ္။”

ဒါ့အျပင္ ဒီစစ္ေရွာင္ေတြ ေနရပ္ျပန္မွာကိုလည္း တပ္မေတာ္က တားျမစ္ထားတယ္လုိ႔ ေျပာပါတယ္။

ဒီပစ္ခတ္တိုက္ခိုက္မႈမွာ တပ္မေတာ္ဘက္က RCSS တပ္ဖြဲ႕ေတြနဲ႔တိုက္ပြဲျဖစ္တာလို႔ ေျပာဆိုခဲ့သလို RCSS ဘက္ကေတာ့ သူတို႔နဲ႔တိုက္ပြဲျဖစ္တာ မဟုတ္ဘဲ တပ္မေတာ္က ရြာအတြင္းကို လက္နက္နဲ႔ ပစ္တာလို႔ ေျပာပါတယ္။

ဟမ္းငိုင္းေက်းရြာအုပ္စု တိုက္ပြဲေၾကာင့္ ေက်းသီးၿမိဳ႕နယ္အတြင္းမွာလည္း စစ္ေရွာင္ ၁၆၀ ေလာက္ ေရာက္ရွိေနတယ္လို႔ ေက်းသီးျမိဳ႕နယ္မဲဆႏၵနယ္ က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္စိုင္းစံမိန္းက ေျပာပါတယ္။

“ေက်းသီးၿမိဳ႕အတြင္းမွာက်ေတာ့၂၈ ရက္ေန႔ကတည္းက ေရွာင္လာတာ။၁၆၀ ေက်ာ္ရွိတယ္ဗ်။ ဒါေပမဲ့ တစုတစည္းထဲေတာ့ မေနဘူးေပါ့ေနာ္။ နီးစပ္ရာေဆြမ်ိဳးေတြ အိမ္မွာလာခိုလံႈၾကတာဗ်။”

ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလ ၂၇ ရက္ေန႔ကေန႔က မိုင္းကန္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်းရြာ အုပ္စုအတြင္းရွိ လြိဳင္တြမ္း ေတာင္ေၾကာမွာ ျမန္မာစစ္တပ္နဲ႔ ေတာင္ပိုင္းရွမ္းလက္နက္ကိုင္ RCSS အဖြဲ႕တို႔ တိုက္ပြဲျပင္းထန္ခဲ့ေပမယ့္ ေနာက္ပိုင္း ၂ ဘက္ ညိွႏိႈင္းမႈ အရ RCSS ဘက္က တပ္ျပန္ဆုတ္ေပး ခဲ့ပါတယ္။ ဒါေပမဲ့ လြိဳင္တြမ္း ေတာင္ေၾကာမွာသာ ေနာက္ဆုတ္ေပးတာျဖစ္ျပီး လက္ရွိမွာေတာ့ မိုင္းကန္ေက်းသီး နယ္ဘက္မွာ ၂ ဘက္ တပ္အင္အား ပိတ္ဆို႔မႈေတြ ရွိေနတယ္လို႔ ျပည္ေထာင္စုအင္စတီက်ဳ သုေတသနဌာနတာ၀န္ခံ စိုင္းထြန္းေအာင္လြင္က ေျပာပါတယ္။

“ေလာေလာဆယ္ ေနာက္ဆုံးအေျခအေနအရေတာ့ ဒီေဖေဖၚ၀ါရီ ၂၇ ရက္ တိုက္ပြဲနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္တပ္ေတြ အဲဒီ ဂြင္ထဲကို ထည့္ ထားတဲ့ဟာေတြဟာ ျပန္ၿပီးထုတ္လို႔ရတဲ့ အေျခအေနမ်ိဳး မေတြ႕ရေသးဘူးဗ်။ RCSS ဘက္ကဆုတ္ေပးတယ္ဆိုတာ အဲဒီ လြိဳင္တြမ္းဆိုတဲ့ ေတာင္ေပၚက ဆုတ္ေပးတာျဖစ္တယ္။ အခုျဖစ္ေနတာ ပန္ေကတုနဲ႔ ေက်းသီးလမ္းရယ္။ ေက်းသီးနဲ႔မိုင္းေနာင္ၾကားထဲမွာ အျပန္အလွန္တဘက္နဲ႔ တဘက္ ပိတ္ဆို႔ထားတာ ျဖစ္တာေပါ့ေနာ္။ အဲဒီမွာအင္အားေထာင္နဲ႔ ခ်ီရွိၿပီးမွ တင္းမာေနဆဲ အေျခအေနလို႔ ေျပာလို႔ရတာေပါ့ေနာ္။”

RCSS/SSA အဖြဲ႕ဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးျပီးသားအဖြဲ႕ တခုျဖစ္ေပမဲ့လဲ ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲမၾကာခဏ ဆိုသလို ျဖစ္ပြားေနပါတယ္။ ဒီလိုပဋိပကၡေတြရပ္တန္႕နိုင္ဖို႔ ျမန္မာအစိုးရကေန ၾကား၀င္ေျဖရွင္း သင့္တယ္လို႔ စိုင္းထြန္းေအာင္လြင္က ေထာက္ျပေျပာဆိုပါတယ္။

အလားတူ တျခားNCAအပစ္ရပ္အဖြဲ႕တခုျဖစ္တဲ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ ၅ဖါးပြန္ခရိုင္ေဒသဘက္မွာလည္း ေအာက္ေျခ KNU တပ္ဖြဲ႕နဲ႔ ျမန္မာစစ္တပ္တို႔အၾကား စစ္ေရးတင္းမာေနဆဲ ျဖစ္ပါတယ္။ ေဖေဖၚ၀ါရီလပိုင္းမွာ ဖါးပြန္ခရိုင္အတြင္း လမ္းေဖါက္လုပ္တဲ့ျမန္မာစစ္တပ္နဲ႔ KNU တို႔အၾကား တိုက္ပြဲစဥ္ေတြေၾကာင့္ ဖလခုိ႔၊ ယဲမုပေလာနဲ႔ ေခးပူ ေဒသခံရြာသား ၂၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရျပီး ေတာေတာင္ထဲမွာ ခိုေအာင္း ေနရပါတယ္။

ဒီမတ္လ ၂ ရက္ေန႔ကေန ၃ ရက္ေန႔အထိ ထိုင္းနိုင္ငံအတြင္းမွာက်င္းပခဲ့တဲ့ NCA အပစ္ရပ္ ၁၀ ဖြဲ႕ေခါင္းေဆာင္ အစည္းအေ၀းမွာ လာမယ့္ ၂၁ ရာစုပင္လုံညီလာခံမွာ တင္ျပမယ့္ ကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီအထဲမွာ အဓိကကေတာ့ အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြၾကား မေျပလည္ေသးတဲ့ တပ္ပိုင္းဆိုင္ရာကိစၥေတြ ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

[Unicode Version]

ရှမ်းပြည် မိုင်းကန်ဒေသ စစ်ပြေးဒုက္ခသည်များ အကူအညီများလိုအပ်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကန်မြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ် NCA လက်မှတ်ထိုး တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA တို့ အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တိမ်းရှောင်လာတဲ့စစ်ရှောင်ရွာသားတွေဟာ လက်ရှိစား သောက်ရေးအခက်ခဲနဲ့ စတင်ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒေသအတွင်းမှာလဲ နှစ်ဘက်တပ်တွေ အသင့်ပြင်ထားပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် စစ်ရှောင်တွေ ကိုယ့်ရပ်ရွာ မပြန်နိုင်ကြ သေးပါဘူး။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

ဖေဖေါ်ဝါရီလကုန်ပိုင်းနဲ့ မတ်လ ၃ ရက်နေ့အထိ မိုင်းကန်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းညောင် ဖာဆားကျေးရွာအတွင်း ပစ်ခတ်တ ိုက်ခိုက်မှုကြောင့် တိမ်းရှောင်လာတဲ့ရွာသား ၃၀၀ ခန့်ဟာ ဟမ်းငိုင်းကျေးရွာဘုန်းကြီး ကျောင်းမှာ ခိုလှုံနေရပြီး လက်ရှိစားသောက်ရေးအခက်ခဲ ရှိနေတယ်လို့ သူတို့ကို အကူညီပေးဆောင်နေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန်က ပြောပါတယ်။

“စားဖို့သောက်ဖို့ကျတော့ အခက်ခဲစ ဖြစ်လာပြီးပေါ့နော်။ ထွက်ပြေးလာတော့လည်း တပိုင်တနိုင်လောက် ပါလာတော့ အခု ၃၊ ၄ ရက်ဆိုသူတို့ အခက်ခဲတော့တွေ့လာပြီး အဲ သဘောပေါ့။ အခု ကျနော်တို့ဘုန်းကြီးကျောင်းမှာပဲ။ အနီးစပ် ဆုံးတော့ ၃၀၀ ပါတ်ဝန်းကျင်ရှိသေးတယ်။”

ဒါ့အပြင် ဒီစစ်ရှောင်တွေ နေရပ်ပြန်မှာကိုလည်း တပ်မတော်က တားမြစ်ထားတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ တပ်မတော်ဘက်က RCSS တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာလို့ ပြောဆိုခဲ့သလို RCSS ဘက်ကတော့ သူတို့နဲ့တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ တပ်မတော်က ရွာအတွင်းကို လက်နက်နဲ့ ပစ်တာလို့ ပြောပါတယ်။

ဟမ်းငိုင်းကျေးရွာအုပ်စု တိုက်ပွဲကြောင့် ကျေးသီးမြို့နယ်အတွင်းမှာလည်း စစ်ရှောင် ၁၆၀ လောက် ရောက်ရှိနေတယ်လို့ ကျေးသီးမြို့နယ်မဲဆန္ဒနယ် က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စိုင်းစံမိန်းက ပြောပါတယ်။

“ကျေးသီးမြို့အတွင်းမှာကျတော့၂၈ ရက်နေ့ကတည်းက ရှောင်လာတာ။၁၆၀ ကျော်ရှိတယ်ဗျ။ ဒါပေမဲ့ တစုတစည်းထဲတော့ မနေဘူးပေါ့နော်။ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာလာခိုလှုံကြတာဗျ။”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ကနေ့က မိုင်းကန်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်းရှိ လွိုင်တွမ်း တောင်ကြောမှာ မြန်မာစစ်တပ်နဲ့ တောင်ပိုင်းရှမ်းလက်နက်ကိုင် RCSS အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် နောက်ပိုင်း ၂ ဘက် ညှိနှိုင်းမှု အရ RCSS ဘက်က တပ်ပြန်ဆုတ်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ လွိုင်တွမ်း တောင်ကြောမှာသာ နောက်ဆုတ်ပေးတာဖြစ်ပြီး လက်ရှိမှာတော့ မိုင်းကန်ကျေးသီး နယ်ဘက်မှာ ၂ ဘက် တပ်အင်အား ပိတ်ဆို့မှုတွေ ရှိနေတယ်လို့ ပြည်ထောင်စုအင်စတီကျု သုတေသနဌာနတာဝန်ခံ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။

“လောလောဆယ် နောက်ဆုံးအခြေအနေအရတော့ ဒီဖေဖေါ်ဝါရီ ၂၇ ရက် တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေ အဲဒီ ဂွင်ထဲကို ထည့် ထားတဲ့ဟာတွေဟာ ပြန်ပြီးထုတ်လို့ရတဲ့ အခြေအနေမျိုး မတွေ့ရသေးဘူးဗျ။ RCSS ဘက်ကဆုတ်ပေးတယ်ဆိုတာ အဲဒီ လွိုင်တွမ်းဆိုတဲ့ တောင်ပေါ်က ဆုတ်ပေးတာဖြစ်တယ်။ အခုဖြစ်နေတာ ပန်ကေတုနဲ့ ကျေးသီးလမ်းရယ်။ ကျေးသီးနဲ့မိုင်းနောင်ကြားထဲမှာ အပြန်အလှန်တဘက်နဲ့ တဘက် ပိတ်ဆို့ထားတာ ဖြစ်တာပေါ့နော်။ အဲဒီမှာအင်အားထောင်နဲ့ ချီရှိပြီးမှ တင်းမာနေဆဲ အခြေအနေလို့ ပြောလို့ရတာပေါ့နော်။”

RCSS/SSA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီးသားအဖွဲ့ တခုဖြစ်ပေမဲ့လဲ မြန်မာစစ်တပ်နဲ့ တိုက်ပွဲမကြာခဏ ဆိုသလို ဖြစ်ပွားနေပါတယ်။ ဒီလိုပဋိပက္ခတွေရပ်တန့်နိုင်ဖို့ မြန်မာအစိုးရကနေ ကြားဝင်ဖြေရှင်း သင့်တယ်လို့ စိုင်းထွန်းအောင်လွင်က ထောက်ပြပြောဆိုပါတယ်။

အလားတူ တခြားNCAအပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ဖါးပွန်ခရိုင်ဒေသဘက်မှာလည်း အောက်ခြေ KNU တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလပိုင်းမှာ ဖါးပွန်ခရိုင်အတွင်း လမ်းဖေါက်လုပ်တဲ့မြန်မာစစ်တပ်နဲ့ KNU တို့အကြား တိုက်ပွဲစဉ်တွေကြောင့် ဖလခို့၊ ယဲမုပလောနဲ့ ခေးပူ ဒေသခံရွာသား ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး တောတောင်ထဲမှာ ခိုအောင်း နေရပါတယ်။

ဒီမတ်လ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်းမှာကျင်းပခဲ့တဲ့ NCA အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင် အစည်းအဝေးမှာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအထဲမှာ အဓိကကတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား မပြေလည်သေးတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ကိုႏိုင္ကြန္းအိန္/VOA (Burmese)
https://burmese.voanews.com
ရွမ္းျပည္ မိုင္းကန္ေဒသ စစ္ေျပးဒုကၡသည္မ်ား အကူအညီမ်ား လိုအပ္ ရွမ္းျပည္ မိုင္းကန္ေဒသ စစ္ေျပးဒုကၡသည္မ်ား အကူအညီမ်ား လိုအပ္ Reviewed by THITHTOOLWIN on 01:35 Rating: 5
Powered by Blogger.