Tennessee ျပည္နယ္မွာ မုန္တုိင္းေၾကာင့္ ၂၂ ဦးေသ

Tennessee ျပည္နယ္မွာ မုန္တုိင္းေၾကာင့္ပ်က္စီး

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စု Tennessee ျပည္နယ္မွာ ေလဆင္ႏွာေမာင္း တုိက္ခတ္မႈေတြေၾကာင့္ လူ ၂၂ ေယာက္ထက္မနည္း ေသဆုံးၿပီး၊ အႀကီးအက်ယ္ ထိခုိက္ပ်က္စီးသြားပါတယ္။

အဂၤါေန႔ အေစာပုိင္းက Nashville ၿမိဳ႕လည္မွာ ျဖတ္သန္းတုိက္ခတ္သြားတဲ့ ေလဆင္ႏွာေမာင္း တခုကုိ ႐ုိက္ထားတဲ့ ဗြီဒီယုိတခုမွာေတာ့ လွ်ပ္စီးလက္တာေတြ၊ အေဆာက္အဦးေတြ ၿပိဳက်ပ်က္စီးတာေတြကုိ ေတြ႔ခဲ့ရတာပါ။

ၿမိဳ႕ထဲက အေဆာက္အဦး ၄၀ ထက္မနည္း ထိခုိက္ပ်က္စီးတဲ့ သတင္းေတြ ရရွိခဲ့တဲ့အတြက္ အကူအညီေပးဖုိ႔ ေစလႊတ္ခဲ့ရေၾကာင္းလည္း အေရးေပၚ ကယ္ဆယ္ေရး ၀န္ထမ္းေတြက ေျပာပါတယ္။ အာဏာပုိင္ေတြကေတာ့ ေက်ာင္းေတြ၊ တရား႐ုံးေတြ၊ ျပည္နယ္ၿမိဳ႕ေတာ္မွာ ေလယာဥ္ကြင္း အပါအ၀င္ သြားလာေရးလုပ္ငန္းေတြကုိလည္း ပိတ္ခဲ့တာပါ။

အုိးအိမ္စြန္႔ခြာခဲ့ရသူေတြအတြက္ အေရးေပၚ ေနထုိင္စရာ ေနရာေတြကုိလည္း စီစဥ္ေပးထားရပါတယ္။ ေလဆင္ႏွာေမာင္းတခုကေတာ့ Nashville ၿမိဳ႕ထဲကုိ မေရာက္ခင္၊ ၿမိဳ႕အေနာက္ဘက္က ေလယာဥ္ကြင္း တခုကုိ ျဖတ္သန္းတုိက္ခတ္ခဲ့ရာမွာ ေလယာဥ္႐ုံေတြ ေတာ္ေတာ္မ်ားမ်ားလည္း ပ်က္စီးကုန္ပါတယ္။

Nashville ၿမိဳ႕မွာ ေလဆင္ႏွာေမာင္းေၾကာင့္ အနည္းဆုံး လူ ၂ ဦး ေသဆုံးခဲ့တာပါ။ သမၼတ Donald Trump ကေတာ့ Tennessee ျပည္နယ္က မုန္တုိင္းသင့္ေဒသကုိ ေသာၾကာေန႔မွာ သြားၾကည့္မယ့္အေၾကာင္း ေျပာထားပါတယ္။ ျပည္ေထာင္စု အေရးေပၚ စီမံခန္႔ခဲြေရး ေအဂ်င္စီ FEMA မုန္တုိင္းသင့္ ေဒသမွာ လုိအပ္တဲ့ အကူအညီေပးဖုိ႔ ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္းနဲ႔ အသက္ဆုံး႐ႈံးခဲ့ရသူေတြအတြက္ ၀မ္းနည္းေၾကာင္းလည္း သမၼတက ေျပာခဲ့တာပါ။

လာမယ့္ ႏုိ၀င္ဘာ သမၼတေရြးပဲြအတြက္ ဒီမုိကရက္တစ္ပါတီ ကုိယ္စားျပဳ သမၼတေလာင္းအတြက္ ပါတီတြင္း အႀကိဳေရြးပဲြအျဖစ္ အဂၤါေန႔က က်င္းပတဲ့ ျပည္နယ္ ၁၄ ခုအနက္ တခုျဖစ္တဲ့ Tennessee ျပည္နယ္မွာ ေလဆင္ႏွာေမာင္းေၾကာင့္ မဲေပးတဲ့ အစီအစဥ္ေတြမွာလည္း ထိခုိက္ခဲ့ရပါတယ္။

..........

(Unicode)

အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် လူ ၂၂ ယောက်ထက်မနည်း သေဆုံးပြီး၊ အကြီးအကျယ် ထိခိုက်ပျက်စီးသွားပါတယ်။

အင်္ဂါနေ့ အစောပိုင်းက Nashville မြို့လည်မှာ ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေဆင်နှာမောင်း တခုကို ရိုက်ထားတဲ့ ဗွီဒီယိုတခုမှာတော့ လျှပ်စီးလက်တာတွေ၊ အဆောက်အဦးတွေ ပြိုကျပျက်စီးတာတွေကို တွေ့ခဲ့ရတာပါ။

မြို့ထဲက အဆောက်အဦး ၄၀ ထက်မနည်း ထိခိုက်ပျက်စီးတဲ့ သတင်းတွေ ရရှိခဲ့တဲ့အတွက် အကူအညီပေးဖို့ စေလွှတ်ခဲ့ရကြောင်းလည်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ အာဏာပိုင်တွေကတော့ ကျောင်းတွေ၊ တရားရုံးတွေ၊ ပြည်နယ်မြို့တော်မှာ လေယာဉ်ကွင်း အပါအဝင် သွားလာရေးလုပ်ငန်းတွေကိုလည်း ပိတ်ခဲ့တာပါ။

အိုးအိမ်စွန့်ခွာခဲ့ရသူတွေအတွက် အရေးပေါ် နေထိုင်စရာ နေရာတွေကိုလည်း စီစဉ်ပေးထားရပါတယ်။ လေဆင်နှာမောင်းတခုကတော့ Nashville မြို့ထဲကို မရောက်ခင်၊ မြို့အနောက်ဖက်က လေယာဉ်ကွင်း တခုကို ဖြတ်သန်းတိုက်ခတ်ခဲ့ရာမှာ လေယာဉ်ရုံတွေ တော်တော်များများလည်း ပျက်စီးကုန်ပါတယ်။

Nashville မြို့မှာ လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့တာပါ။ သမ္မတ Donald Trump ကတော့ Tennessee ပြည်နယ်က မုန်တိုင်းသင့်ဒေသကို သောကြာနေ့မှာ သွားကြည့်မယ့်အကြောင်း ပြောထားပါတယ်။ ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ FEMA မုန်တိုင်းသင့် ဒေသမှာ လိုအပ်တဲ့ အကူအညီပေးဖို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းလည်း သမ္မတက ပြောခဲ့တာပါ။

လာမယ့် နိုဝင်ဘာ သမ္မတရွေးပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအတွက် ပါတီတွင်း အကြိုရွေးပွဲအဖြစ် အင်္ဂါနေ့က ကျင်းပတဲ့ ပြည်နယ် ၁၄ ခုအနက် တခုဖြစ်တဲ့ Tennessee ပြည်နယ်မှာ လေဆင်နှာမောင်းကြောင့် မဲပေးတဲ့ အစီအစဉ်တွေမှာလည်း ထိခိုက်ခဲ့ရပါတယ်။

VOA (Burmese)
https://burmese.voanews.com
Tennessee ျပည္နယ္မွာ မုန္တုိင္းေၾကာင့္ ၂၂ ဦးေသ Tennessee ျပည္နယ္မွာ မုန္တုိင္းေၾကာင့္ ၂၂ ဦးေသ Reviewed by THITHTOOLWIN on 01:33 Rating: 5
Powered by Blogger.