
(Zawgyi)⤵⤵⤵
မတ်လီ ၅ ရက်၂၀၂၀





ယမန်နေ့ မတ်လ ၄ ရက်က လွယ်ခမ်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ မူးယစ်ဆေးဝါး မွှေစက်မျိုးစုံ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ဘွိုင်လာအိုး၊ ဖန်ပေါင်းအိုး၊ ဆေးပြားရိုက်စက်၊ အက်ဆစ်ကော်ပေပါ၊ မော်တော်ယာဉ်တို့ဖြစ်ပါသည်။



-------------
(Unicode)⤵⤵⤵
မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး ၉၃ ဘီလီယံ ဆက်တိုက် သိမ်းဆည်းရ တရားခံ မမိ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

မတ်လီ ၅ ရက်၂၀၂၀

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေး နှင့် ဆက်စပ်ပစ္စည်းများအား တန်ဖိုးဘီလီယံပေါင်း များစွာအထိ ဆက်တိုက် ဖမ်းဆီးမိခဲ့သော်လည်း တရားခံ ကိုမူ ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။

ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်ထိ ကျပ်သိန်း ၉၃ တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာတို့တွင် သိမ်းဆည်းရမိခဲ့သည်။

ထို ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများမှာ ကောင်းခါးကျေးရွာတွင် ငွေကျပ် ၉၁ ဘီလီယံ ကျော်နှင့် ဖေဖော်ဝါရီ ၄ ရက် လွယ်ခမ်းကျေးရွာအနီး ၂ဘီလီယံ ကျော် တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသိမ်းဆည်းရမိ ဲ့ မူးယစ်ဆေး နှင့် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်ပြီး တရားခ တဦးတလေမျှ မဖမ်းမိခဲ့ပေ။

ယမန်နေ့ မတ်လ ၄ ရက်က လွယ်ခမ်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ မူူးယစ်ဆေးဝါး မွှေစက်မျိုးစုံ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ဘွိုင်လာအိုး၊ ဖန်ပေါင်းအိုး၊ ဆေးပြားရိုက်စက်၊ အက်ဆစ်ကော်ပေပါ၊ မော်တော်ယာဉ်တို့ဖြစ်ပါသည်။

“ အဲ့နေရာ မှာ အိမ်တိုင်း နီးပါး ဆေးပြားလုပ်တဲ့ စက်တွေ၊ ဆေးပြားတွေ ရှိတယ်။ အဲ့ဘက် နေတဲ့သူ အများစု ကတရုတ်တွေပါ” ဟု ကွတ်ခိုင်ဒေသခံ အသက် ၃၀ကျော် အမျိုးသားတဦးက ပြောသည်။

အဆိုပါနေရာများတွင် ကွတ်ခိုင်မြို့ နှင့် ၁၈မိုင် ခန့်သာ ဝေးကွာပြီး ၄၅ မိနစ်ကျော် ဆိုင်ကယ်ဖြင့် သွားရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး ၉၃ ဘီလီယံ ဆက်တိုက် သိမ်းဆည်းရ တရားခံ မမိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး ၉၃ ဘီလီယံ ဆက်တိုက် သိမ်းဆည်းရ တရားခံ မမိ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.