အစိုးရကန္႔သတ္တားျမစ္ လူဦးေရထက္ ေက်ာ္လို႔ ဘြန္ဒိုင္းကမ္းေျခပိတ္လိုက္ၿပီ

 လူ ၅၀၀ ထက္မေက်ာ္ရဆိုတဲ့ အစိုးရ ကန္႔သတ္တားျမစ္ခ်က္ကို ေက်ာ္လြန္ေနလို႔ ဘြန္ဒိုင္းကမ္းေျခ ယာယီပိတ္
(Zawgyi)⤵⤵⤵
ၾသစေၾတးလ်ႏိုင္ငံ ဘြန္ဒိုင္း ကမ္းေျခမွာ လာေရာက္ၾကတဲ့ လူအုပ္ဟာ အစိုးရက သတ္မွတ္ထားတဲ့ လူစုလူေဝးထက္ပိုမ်ားေနလို႔ ကမ္းေျခကို ရဲအဖြဲ႕က ယာယီပိတ္လိုက္ပါတယ္။

ၾသစေၾတးလ်အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ မျပန္႔ပြားဖို႔ လဟာျပင္မွာ လူ ၅၀၀ ထက္ ပိုမစုေဝးရဘူးလို႔ တားျမစ္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ကိုယ့္အိမ္ထဲကိုယ္ ေနပါဆိုတဲ့ အႀကံေပးခ်က္ကို ဂ႐ုမထားဘဲ ကမ္းေျခမွာ အပန္းေျဖၾကတဲ့ လူအမ်ားအျပားကို ဆစ္ဒနီက ပင္လယ္ကမ္းေျခေတြမွာ ေတြ႕ေနရဆဲပါ။

ေသာၾကာေန႔ကျမင္ရတဲ့ ဘြန္ဒိုင္းကမ္းေျချမင္ကြင္းမွာ ေရကူးသူေတြ၊ လႈိင္းစီးသူေတြ၊ ေနပူစာလႈံသူေတြ အမ်ားအျပား ျပည့္ေနပါတယ္။

ပင္လယ္ကမ္းေျခ လာေရာက္ အပန္းေျဖသူအေရအတြက္ကို ကမ္းေျခ အသက္ကယ္သမားေတြက ေရတြက္ကန္႔သတ္သင့္တယ္လို႔ နယူးေဆာ့သ္ေဝးလ္ ရဲမင္းႀကီး ေဒးဗစ္ အီးလိယတ္က ဆိုပါတယ္။

ကမ္းေျခမွာ လူ ၅၀၀ ေက်ာ္တာနဲ႔ တၿပိဳင္နက္ ကမ္းေျခပိတ္ၿပီးလူေတြကို ေမာင္းထုတ္ရမယ္လို႔ ဆိုပါတယ္။ တကယ္လို႔ မျပန္ႏိုင္ဘူးလို႔ ျငင္းတဲ့သူ ရွိရင္ ရဲကေျဖရွင္းလိမ့္မယ္လို႔ သူကဆိုပါတယ္။

က်န္းမာေရးဝန္ႀကီး ဂရက္သ္ဟန္႔ကေတာ့ ကမ္းေျခသြားၾကသူေတြရဲ႕ အျပဳအမူဟာ လက္သင့္မခံႏိုင္တဲ့ လုပ္ရပ္လို႔ဆိုၿပီး လူခ်င္း နီးနီးကပ္ကပ္ မေနေရး အႀကံျပဳခ်က္ကို လိုက္နာၾကေအာင္ ပိုၿပီး တင္းက်ပ္တဲ့ ေဆာင္႐ြက္ခ်က္ေတြ လုပ္သင့္တယ္လို႔ ေဒသႏၲရအုပ္ခ်ဳပ္ေရး ေကာင္စီေတြကို တိုက္တြန္းပါတယ္။ ၾသစေၾတးလ်ရဲ႕ လူခ်င္းခြာေရး အႀကံျပဳခ်က္အရ လူတေယာက္နဲ႔ တေယာက္ဟာ ၅ ေပနီးပါး ခြာေနဖို႔ ႀကိဳးစားၾကရမယ္လို႔ ဆိုထားပါတယ္။

လူေတြဟာ စည္းကမ္းခ်က္ေတြကို မလိုက္နာရင္ တျခားကမ္းေျခေတြမွာလည္း အလားတူ ေဆာင္႐ြက္မယ္လို႔ ရဲမင္းႀကီး အီးလိယတ္က ေျပာပါတယ္။

ဓာတ္ပုံေတြ၊ ဗြီဒီယိုေတြထဲမွာ သူျမင္ခဲ့ရတဲ့ အတိုင္းဆိုရင္ ကမ္းေျခ ေရခ်ိဳးဘုံဘိုင္ေတြ၊ အိမ္သာေတြကို မိသားစုေပါင္း ဆယ္နဲ႔ခ်ီ အသုံးျပဳေနတာဟာ ဗိုင္းရပ္စ္ကို လုံးဝ ဂ႐ုမစိုက္တဲ့ ပုံစံ ျဖစ္ေနတယ္လို႔လည္း ေအဘီစီ သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ သူကေျပာပါတယ္။

ဓာတ္ပုံ မူပိုင္ Getty Images

ေလဘာပါတီရဲ႕ ရွဲဒိုးဘ႑ာေရးဝန္ႀကီး ေဝါ့ဆီးေကာ့ဒ္ ကေတာ့ ကမ္းေျခေတြကို လုံးဝပိတ္ပစ္ဖို႔ အစိုးရက စဥ္းစားသင့္တယ္လို႔ ေျပာပါတယ္။

"ဒီေန႔ကြၽန္ေတာ္တို႔ ဆုံးျဖတ္မယ့္ ဆုံးျဖတ္ခ်က္ဟာ ေနာက္ထပ္ ရက္အနည္းငယ္အတြင္းမွာ တျခားလူေတြရဲ႕ ေသေရးရွင္ေရးကို ျဖစ္ေစမယ့္ ဆုံးျဖတ္ခ်က္ပါ။ လူေတြက လူခ်င္းခြာေရး ၫႊန္ၾကားခ်က္ေတြကို ဂ႐ုမစိုက္ဘဲေနၾကတယ္။ ဒါဟာသိပ္မိုက္တာပဲ။" လို႔လည္း သူကဆိုပါတယ္။

လူခ်င္းခြာေရး စည္းမ်ဥ္းသစ္ကို ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္ဆန္က ေသာၾကာေန႔က ေၾကညာခဲ့တာပါ။ အဲဒီစည္းမ်ဥ္းအရ လဟာျပင္ လူစုလူေဝးဟာ ၅ ေပကြာခြာေနရမွာ ျဖစ္ၿပီး အမိုးအကာေအာက္ လူစုေဝးျခင္းစည္းကမ္းကေတာ့ ၄၃ စတုရန္းေပမွာ ၁ ေယာက္ႏႈန္းထက္မပိုရပါဘူး။

အရင္စည္းကမ္းမွာေတာ့ ရွိရမယ့္စုစုေပါင္း အေရအတြက္ကိုသာ ၿခဳံငုံေျပာထားၿပီး အမိုးအကာေအာက္မွာ ၁၀၀ ထက္မပိုရ၊ အျပင္ဘက္မွာ ၅၀၀ ထက္မပိုရလို႔ ဆိုထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ဟာ ၁၀၀၀ ေက်ာ္ရွိၿပီး ၇ ေယာက္ေသဆုံးၿပီးပါၿပီ။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵

အစိုးရကန့်သတ်တားမြစ် လူဦးရေထက် ကျော်လို့ ဘွန်ဒိုင်းကမ်းခြေပိတ်လိုက်ပြီ

Image caption လူ ၅၀၀ ထက်မကျော်ရဆိုတဲ့ အစိုးရ ကန့်သတ်တားမြစ်ချက်ကို ကျော်လွန်နေလို့ ဘွန်ဒိုင်းကမ်းခြေ ယာယီပိတ်

သြစတြေးလျနိုင်ငံ ဘွန်ဒိုင်း ကမ်းခြေမှာ လာရောက်ကြတဲ့ လူအုပ်ဟာ အစိုးရက သတ်မှတ်ထားတဲ့ လူစုလူဝေးထက်ပိုများနေလို့ ကမ်းခြေကို ရဲအဖွဲ့က ယာယီပိတ်လိုက်ပါတယ်။

သြစတြေးလျအစိုးရက ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားဖို့ လဟာပြင်မှာ လူ ၅၀၀ ထက် ပိုမစုဝေးရဘူးလို့ တားမြစ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ့်အိမ်ထဲကိုယ် နေပါဆိုတဲ့ အကြံပေးချက်ကို ဂရုမထားဘဲ ကမ်းခြေမှာ အပန်းဖြေကြတဲ့ လူအများအပြားကို ဆစ်ဒနီက ပင်လယ်ကမ်းခြေတွေမှာ တွေ့နေရဆဲပါ။

သောကြာနေ့ကမြင်ရတဲ့ ဘွန်ဒိုင်းကမ်းခြေမြင်ကွင်းမှာ ရေကူးသူတွေ၊ လှိုင်းစီးသူတွေ၊ နေပူစာလှုံသူတွေ အများအပြား ပြည့်နေပါတယ်။

ပင်လယ်ကမ်းခြေ လာရောက် အပန်းဖြေသူအရေအတွက်ကို ကမ်းခြေ အသက်ကယ်သမားတွေက ရေတွက်ကန့်သတ်သင့်တယ်လို့ နယူးဆော့သ်ဝေးလ် ရဲမင်းကြီး ဒေးဗစ် အီးလိယတ်က ဆိုပါတယ်။

ကမ်းခြေမှာ လူ ၅၀၀ ကျော်တာနဲ့ တပြိုင်နက် ကမ်းခြေပိတ်ပြီးလူတွေကို မောင်းထုတ်ရမယ်လို့ ဆိုပါတယ်။ တကယ်လို့ မပြန်နိုင်ဘူးလို့ ငြင်းတဲ့သူ ရှိရင် ရဲကဖြေရှင်းလိမ့်မယ်လို့ သူကဆိုပါတယ်။

ကျန်းမာရေးဝန်ကြီး ဂရက်သ်ဟန့်ကတော့ ကမ်းခြေသွားကြသူတွေရဲ့ အပြုအမူဟာ လက်သင့်မခံနိုင်တဲ့ လုပ်ရပ်လို့ဆိုပြီး လူချင်း နီးနီးကပ်ကပ် မနေရေး အကြံပြုချက်ကို လိုက်နာကြအောင် ပိုပြီး တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်သင့်တယ်လို့ ဒေသန္တရအုပ်ချုပ်ရေး ကောင်စီတွေကို တိုက်တွန်းပါတယ်။ သြစတြေးလျရဲ့ လူချင်းခွာရေး အကြံပြုချက်အရ လူတယောက်နဲ့ တယောက်ဟာ ၅ ပေနီးပါး ခွာနေဖို့ ကြိုးစားကြရမယ်လို့ ဆိုထားပါတယ်။

လူတွေဟာ စည်းကမ်းချက်တွေကို မလိုက်နာရင် တခြားကမ်းခြေတွေမှာလည်း အလားတူ ဆောင်ရွက်မယ်လို့ ရဲမင်းကြီး အီးလိယတ်က ပြောပါတယ်။

ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေထဲမှာ သူမြင်ခဲ့ရတဲ့ အတိုင်းဆိုရင် ကမ်းခြေ ရေချိုးဘုံဘိုင်တွေ၊ အိမ်သာတွေကို မိသားစုပေါင်း ဆယ်နဲ့ချီ အသုံးပြုနေတာဟာ ဗိုင်းရပ်စ်ကို လုံးဝ ဂရုမစိုက်တဲ့ ပုံစံ ဖြစ်နေတယ်လို့လည်း အေဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာ သူကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images

လေဘာပါတီရဲ့ ရှဲဒိုးဘဏ္ဍာရေးဝန်ကြီး ဝေါ့ဆီးကော့ဒ် ကတော့ ကမ်းခြေတွေကို လုံးဝပိတ်ပစ်ဖို့ အစိုးရက စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

"ဒီနေ့ကျွန်တော်တို့ ဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်ဟာ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ တခြားလူတွေရဲ့ သေရေးရှင်ရေးကို ဖြစ်စေမယ့် ဆုံးဖြတ်ချက်ပါ။ လူတွေက လူချင်းခွာရေး ညွှန်ကြားချက်တွေကို ဂရုမစိုက်ဘဲနေကြတယ်။ ဒါဟာသိပ်မိုက်တာပဲ။" လို့လည်း သူကဆိုပါတယ်။

လူချင်းခွာရေး စည်းမျဉ်းသစ်ကို ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က သောကြာနေ့က ကြေညာခဲ့တာပါ။ အဲဒီစည်းမျဉ်းအရ လဟာပြင် လူစုလူဝေးဟာ ၅ ပေကွာခွာနေရမှာ ဖြစ်ပြီး အမိုးအကာအောက် လူစုဝေးခြင်းစည်းကမ်းကတော့ ၄၃ စတုရန်းပေမှာ ၁ ယောက်နှုန်းထက်မပိုရပါဘူး။

အရင်စည်းကမ်းမှာတော့ ရှိရမယ့်စုစုပေါင်း အရေအတွက်ကိုသာ ခြုံငုံပြောထားပြီး အမိုးအကာအောက်မှာ ၁၀၀ ထက်မပိုရ၊ အပြင်ဘက်မှာ ၅၀၀ ထက်မပိုရလို့ ဆိုထားပါတယ်။

သြစတြေးလျနိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ ၁၀၀၀ ကျော်ရှိပြီး ၇ ယောက်သေဆုံးပြီးပါပြီ။

BBC Burmese
https://www.bbc.com
အစိုးရကန္႔သတ္တားျမစ္ လူဦးေရထက္ ေက်ာ္လို႔ ဘြန္ဒိုင္းကမ္းေျခပိတ္လိုက္ၿပီ အစိုးရကန္႔သတ္တားျမစ္ လူဦးေရထက္ ေက်ာ္လို႔ ဘြန္ဒိုင္းကမ္းေျခပိတ္လိုက္ၿပီ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.