တီးတိန္က ကိုဗစ္၁၉ လူနာနဲ႔ ေလယာဥ္တစ္စီးတည္း စီးခဲ့သူ ၅၁ ဦးကို ေနအိမ္ေတြမွာ အဝင္အထြက္ ကန႔္သတ္ေစာင့္ၾကည့္

တီးတိန္ၿမိဳ႕ထဲမွာေရာဂါကာကြယ္ေရးပိုးသတ္ေဆးေဆးျဖန္းေနၾကပါတယ္။
(Zawgyi)⤵⤵⤵
တီးတိန္ျပည္သူ႔ေဆး႐ုံက ကိုဗစ္၁၉ လူနာအမ်ိဳးသားနဲ႔ ေလယာဥ္တစ္စီးတည္း လိုက္ပါခဲ့တဲ့ ခရီးသည္ ၅၁ ဦးလုံးကို သက္ဆိုင္ရာ ေနအိမ္အသီးသီးမွာ ေစာင့္ၾကည့္ၾကည့္ရႈမႈေတြ ျပဳလုပ္ထားတယ္လို႔ ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံက ေဒါက္တာဂိုခန႔္ႏြမ္က ဘီဘီစီကိုေျပာပါတယ္။

ဒီ ၅၁ ဦးလုံးကို ကေလးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံအေနနဲ႔ ဆက္သြယ္လို႔ရခဲ့ၿပီး အားလုံးဟာ ဒီကေန႔မတ္လ ၂၆ ရက္ေန႔အထိ က်န္းမာေရး ေကာင္းမြန္ေန တယ္လို႔ သူက ဆိုပါတယ္။

မတ္လ ၁၅ ရက္ေန႔က ရန္ကုန္ကေန ကေလးၿမိဳ႕ကို ပ်ံသန္းခဲ့တဲ့ ျမန္မာ့ေလေၾကာင္း ခရီးစဥ္မွာ ကိုဗစ္၁၉ လူနာနဲ႔အတူ ဒီ ၅၁ ဦးထဲမွာ ကေလးၿမိဳ႕နယ္ ထဲက ခရီးသည္ ၂၇ ဦးပါဝင္ပါတယ္။

"ကေလးၿမိဳ႕နယ္ထဲက သူေတြလည္း ပါတယ္။ ရန္ကုန္၊ ေမာ္လိုက္၊ မုံ႐ြာ၊ ဟားခါး၊ တီးတိန္၊ ထန္တလန္ အဲဒီေဒသကလူေတြလည္းပါတယ္။ အားလုံးကို ေနအိမ္ေတြမွာ ၁၄ ရက္ၾကာေနဖို႔ ေသခ်ာၫႊန္ၾကားထားပါတယ္။ ကြၽန္မတို႔ ၿမိဳ႕နယ္ထဲက သူေတြဆိုရင္ေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြနဲ႔အတူ သူတို႔ေနအိမ္ေတြကို သြားတယ္။ သတိျပဳလိုက္နာရမယ့္ အခ်က္ေတြရွိတယ္။ မိသားစုဝင္ေတြလိုက္နာရမယ့္အခ်က္ေတြရွိတယ္။ အဲဒါေတြရွင္းျပတယ္။ ကြၽန္မတို႔က်န္းမာေရးဝန္ထမ္းေတြနဲ႔ သူတို႔နဲ႔ေန႔တိုင္းအဆက္အသြယ္မျပတ္ဘူး။ ေရာဂါလကၡဏာေပၚလာတာနဲ႔ ဆက္သြယ္ဖို႔ ခ်က္ခ်င္း အေၾကာင္းၾကားဖို႔ေျပာထားတယ္" လို႔ ေဒါက္တာဂိုခန႔္ႏြမ္က ေျပာပါတယ္။

 ေရာဂါကာကြယ္ေရးသတိေပးစာေစာင္ေတြလည္း ကပ္ေနၾကပါတယ္။

တကယ္လို႔ ေရာဂါလကၡဏာေပၚလာရင္ က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ လမ္းၫႊန္ခ်က္ေတြအတိုင္း ဆက္လုပ္မွာျဖစ္တယ္လို႔ သူက ရွင္းျပပါတယ္။

"တကယ္လို႔ လကၡဏာေပၚလာရင္ ဖ်ားတာ၊ ေခ်ာင္းဆိုးႏွာေစးတာ ရင္ၾကပ္တာ ေမာတာ အဆုတ္ေရာင္ေရာဂါ လကၡဏာျဖစ္လာရင္ ေဆး႐ုံကိုပို႔မယ္။ လူနာတင္ယာဥ္နဲ႔ သြားေခၚမွာေပါ့"လို႔ ဆိုပါတယ္။

တျခားေဒသက လူေတြကိုလည္း သက္ဆိုင္ရာေဒသႏၲရ အာဏာပိုင္ေတြက ေနအိမ္ဝင္ထြက္သြားလာကန႔္သတ္တာေတြေစာင့္ၾကပ္ၾကည့္ရႈေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ကေလးကေန တီးတိန္ကို ကိုဗစ္၁၉ လူနာ နဲ႔အတူ မွန္လုံယာဥ္တစ္စီးတည္းအတူစီးနင္းခဲ့သူ ၁၅ ဦးရွိၿပီး သူတို႔ကိုလည္း ေနအိမ္ေတြမွာ အဝင္အထြက္ကန႔္သတ္ေစာင့္ၾကည့္ထားပါတယ္။ အဲဒီ ၁၅ ဦးထဲမွာ အသက္ ႏွစ္ႏွစ္ေက်ာ္အ႐ြယ္နဲ႔ ခုနစ္နစ္အ႐ြယ္ ကေလးႏွစ္ဦး ပါဝင္တယ္လို႔ ကေလးခ႐ိုင္ျပန္ဆက္႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေလာေလာဆယ္ ကေလးၿမိဳ႕ထဲကို ခ်င္းျပည္နယ္ထဲကေန ေက်ာင္းသား၊ အစိုးရဝန္ထမ္း၊ အေရးေပၚနဲ႔ မျဖစ္မေန လုပ္ငန္းေဆာင္႐ြက္ရမယ့္သူေတြ၊ ဌာေနျပန္လာသူေတြကို ေပးဝင္ၿပီး ဒီလိုအမ်ိဳးအစားထဲမပါတဲ့ တျခားအေၾကာင္းျပခ်က္နဲ႔ လာသူေတြကိုေတာ့ ရွင္းျပၿပီး ေပးမဝင္ဘဲ ကန႔္သတ္ထားတယ္ လို႔ ေဒါက္တာဂိုခန႔္ႏြမ္ကေျပာပါတယ္။

လူတစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာေနတာဟာ ေရာဂါမကူးစက္ေစဖို႔အေကာင္းဆုံးကာကြယ္နည္းထဲက တစ္ခုပါ။
"ဝင္လာတဲ့သူကိုလည္းအဖ်ားတိုင္းၿပီး အဖ်ားရွိမရွိ ေသခ်ာေစာင့္ၾကည့္တိုင္းတာၿပီးမွ ေပးဝင္တာေပါ့" လို႔ ဆိုပါတယ္။

တီးတိန္က ကိုဗစ္၁၉ လူနာဟာ မတ္လ ၁၈ ရက္မွာ ကေလးၿမိဳ႕မွာတစ္ညအိပ္တည္းခိုခဲ့ၿပီးေနာက္ မဂၤလာေဆာင္အတြက္ အႀကိဳဓာတ္ပုံ႐ိုက္သြားခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ အဲဒီဓာတ္ပုံဆိုင္အပါအဝင္ သူဝင္ထြက္သြားလာခဲ့တဲ့ ကေလးၿမိဳ႕က ေနရာေတြကို အဝင္အထြက္ကန႔္သတ္တာေတြ လုပ္ထားပါတယ္။

ကိုဗစ္၁၉ လူနာကေတာ့ သူ က်န္းမာေရးေကာင္းမြန္တယ္လို႔ မတ္လ ၂၅ ရက္က ဘီဘီစီကိုေျပာၾကားထားပါတယ္။ ဒီကေန႔ မတ္လ ၂၆ ရက္မွာ သူ႔အေျခအေနသိရဖို႔ ထပ္ဆက္သြယ္ထားေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္းမရွိေသးပါဘူး။

တီးတိန္က ဗိုင္းရပ္စ္ကူးစက္ခံရသူေနထိုင္ခဲ့တဲ့ ေက်း႐ြာကိုလည္း မတ္လ ၂၄ ရက္ကစၿပီး lock down လုပ္ထားသလို သူနဲ႔အတူ အေမရိကက ျပန္လာတဲ့မိခင္ျဖစ္သူကိုလည္း သီးသန႔္ေနအိမ္တစ္လုံးမွာ ေစာင့္ၾကပ္ၾကည့္ရႈထားပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ဇနီးေလာင္းလည္း ဖ်ားေနတဲ့အတြက္ ေနအိမ္မွာပဲ အဝင္အထြက္ကန႔္သတ္ေစာင့္ၾကည့္ကုသေပးေနတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
တီးတိန်က ကိုဗစ်၁၉ လူနာနဲ့ လေယာဉ်တစ်စီးတည်း စီးခဲ့သူ ၅၁ ဦးကို နေအိမ်တွေမှာ အဝင်အထွက် ကန့်သတ်စောင့်ကြည့်

ဓာတ်ပုံ မူပိုင် Kalay information
Image caption တီးတိန်မြို့ထဲမှာရောဂါကာကွယ်ရေးပိုးသတ်ဆေးဆေးဖြန်းနေကြပါတယ်။

တီးတိန်ပြည်သူ့ဆေးရုံက ကိုဗစ်၁၉ လူနာအမျိုးသားနဲ့ လေယာဉ်တစ်စီးတည်း လိုက်ပါခဲ့တဲ့ ခရီးသည် ၅၁ ဦးလုံးကို သက်ဆိုင်ရာ နေအိမ်အသီးသီးမှာ စောင့်ကြည့်ကြည့်ရှုမှုတွေ ပြုလုပ်ထားတယ်လို့ ကလေးမြို့ပြည်သူ့ဆေးရုံက ဒေါက်တာဂိုခန့်နွမ်က ဘီဘီစီကိုပြောပါတယ်။

ဒီ ၅၁ ဦးလုံးကို ကလေးမြို့နယ်ပြည်သူ့ဆေးရုံအနေနဲ့ ဆက်သွယ်လို့ရခဲ့ပြီး အားလုံးဟာ ဒီကနေ့မတ်လ ၂၆ ရက်နေ့အထိ ကျန်းမာရေး ကောင်းမွန်နေ တယ်လို့ သူက ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့က ရန်ကုန်ကနေ ကလေးမြို့ကို ပျံသန်းခဲ့တဲ့ မြန်မာ့လေကြောင်း ခရီးစဉ်မှာ ကိုဗစ်၁၉ လူနာနဲ့အတူ ဒီ ၅၁ ဦးထဲမှာ ကလေးမြို့နယ် ထဲက ခရီးသည် ၂၇ ဦးပါဝင်ပါတယ်။

"ကလေးမြို့နယ်ထဲက သူတွေလည်း ပါတယ်။ ရန်ကုန်၊ မော်လိုက်၊ မုံရွာ၊ ဟားခါး၊ တီးတိန်၊ ထန်တလန် အဲဒီဒေသကလူတွေလည်းပါတယ်။ အားလုံးကို နေအိမ်တွေမှာ ၁၄ ရက်ကြာနေဖို့ သေချာညွှန်ကြားထားပါတယ်။ ကျွန်မတို့ မြို့နယ်ထဲက သူတွေဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ သူတို့နေအိမ်တွေကို သွားတယ်။ သတိပြုလိုက်နာရမယ့် အချက်တွေရှိတယ်။ မိသားစုဝင်တွေလိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေရှင်းပြတယ်။ ကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတို့နဲ့နေ့တိုင်းအဆက်အသွယ်မပြတ်ဘူး။ ရောဂါလက္ခဏာပေါ်လာတာနဲ့ ဆက်သွယ်ဖို့ ချက်ချင်း အကြောင်းကြားဖို့ပြောထားတယ်" လို့ ဒေါက်တာဂိုခန့်နွမ်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Tedim
Image caption ရောဂါကာကွယ်ရေးသတိပေးစာစောင်တွေလည်း ကပ်နေကြပါတယ်။

တကယ်လို့ ရောဂါလက္ခဏာပေါ်လာရင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆက်လုပ်မှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

"တကယ်လို့ လက္ခဏာပေါ်လာရင် ဖျားတာ၊ ချောင်းဆိုးနှာစေးတာ ရင်ကြပ်တာ မောတာ အဆုတ်ရောင်ရောဂါ လက္ခဏာဖြစ်လာရင် ဆေးရုံကိုပို့မယ်။ လူနာတင်ယာဉ်နဲ့ သွားခေါ်မှာပေါ့"လို့ ဆိုပါတယ်။

တခြားဒေသက လူတွေကိုလည်း သက်ဆိုင်ရာဒေသန္တရ အာဏာပိုင်တွေက နေအိမ်ဝင်ထွက်သွားလာကန့်သတ်တာတွေစောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးကနေ တီးတိန်ကို ကိုဗစ်၁၉ လူနာ နဲ့အတူ မှန်လုံယာဉ်တစ်စီးတည်းအတူစီးနင်းခဲ့သူ ၁၅ ဦးရှိပြီး သူတို့ကိုလည်း နေအိမ်တွေမှာ အဝင်အထွက်ကန့်သတ်စောင့်ကြည့်ထားပါတယ်။ အဲဒီ ၁၅ ဦးထဲမှာ အသက် နှစ်နှစ်ကျော်အရွယ်နဲ့ ခုနစ်နစ်အရွယ် ကလေးနှစ်ဦး ပါဝင်တယ်လို့ ကလေးခရိုင်ပြန်ဆက်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လောလောဆယ် ကလေးမြို့ထဲကို ချင်းပြည်နယ်ထဲကနေ ကျောင်းသား၊ အစိုးရဝန်ထမ်း၊ အရေးပေါ်နဲ့ မဖြစ်မနေ လုပ်ငန်းဆောင်ရွက်ရမယ့်သူတွေ၊ ဌာနေပြန်လာသူတွေကို ပေးဝင်ပြီး ဒီလိုအမျိုးအစားထဲမပါတဲ့ တခြားအကြောင်းပြချက်နဲ့ လာသူတွေကိုတော့ ရှင်းပြပြီး ပေးမဝင်ဘဲ ကန့်သတ်ထားတယ် လို့ ဒေါက်တာဂိုခန့်နွမ်ကပြောပါတယ်။
ဓာတ်ပုံ မူပိုင် MOHS
Image caption လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာဟာ ရောဂါမကူးစက်စေဖို့အကောင်းဆုံးကာကွယ်နည်းထဲက တစ်ခုပါ။

"ဝင်လာတဲ့သူကိုလည်းအဖျားတိုင်းပြီး အဖျားရှိမရှိ သေချာစောင့်ကြည့်တိုင်းတာပြီးမှ ပေးဝင်တာပေါ့" လို့ ဆိုပါတယ်။

တီးတိန်က ကိုဗစ်၁၉ လူနာဟာ မတ်လ ၁၈ ရက်မှာ ကလေးမြို့မှာတစ်ညအိပ်တည်းခိုခဲ့ပြီးနောက် မင်္ဂလာဆောင်အတွက် အကြိုဓာတ်ပုံရိုက်သွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အဲဒီဓာတ်ပုံဆိုင်အပါအဝင် သူဝင်ထွက်သွားလာခဲ့တဲ့ ကလေးမြို့က နေရာတွေကို အဝင်အထွက်ကန့်သတ်တာတွေ လုပ်ထားပါတယ်။

ကိုဗစ်၁၉ လူနာကတော့ သူ ကျန်းမာရေးကောင်းမွန်တယ်လို့ မတ်လ ၂၅ ရက်က ဘီဘီစီကိုပြောကြားထားပါတယ်။ ဒီကနေ့ မတ်လ ၂၆ ရက်မှာ သူ့အခြေအနေသိရဖို့ ထပ်ဆက်သွယ်ထားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။

တီးတိန်က ဗိုင်းရပ်စ်ကူးစက်ခံရသူနေထိုင်ခဲ့တဲ့ ကျေးရွာကိုလည်း မတ်လ ၂၄ ရက်ကစပြီး lock down လုပ်ထားသလို သူနဲ့အတူ အမေရိကက ပြန်လာတဲ့မိခင်ဖြစ်သူကိုလည်း သီးသန့်နေအိမ်တစ်လုံးမှာ စောင့်ကြပ်ကြည့်ရှုထားပါတယ်။ လက်ရှိမှာ သူ့ရဲ့ဇနီးလောင်းလည်း ဖျားနေတဲ့အတွက် နေအိမ်မှာပဲ အဝင်အထွက်ကန့်သတ်စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
တီးတိန္က ကိုဗစ္၁၉ လူနာနဲ႔ ေလယာဥ္တစ္စီးတည္း စီးခဲ့သူ ၅၁ ဦးကို ေနအိမ္ေတြမွာ အဝင္အထြက္ ကန႔္သတ္ေစာင့္ၾကည့္ တီးတိန္က ကိုဗစ္၁၉ လူနာနဲ႔ ေလယာဥ္တစ္စီးတည္း စီးခဲ့သူ ၅၁ ဦးကို ေနအိမ္ေတြမွာ အဝင္အထြက္ ကန႔္သတ္ေစာင့္ၾကည့္ Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.