ဒလၿမိဳ႕နယ္ ဒလ-တြံေတးကားလမ္းမ၌ အငွားယာဥ္ႏွင့္ ဆိုင္ကယ္တိုက္မိ တစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
ရန္ကုန္ မတ္ ၁၉

ရန္ကုန္တိုင္းေဒသႀကီး ဒလၿမိဳ႕နယ္ တာႀကီးရပ္ကြက္ ဒလ-တြံေတးကားလမ္းမ အုန္းပင္ေခ်ာင္ တံတားအနီး၌ ယေန႔ နံနက္ ၇ နာရီ ၁၀ မိနစ္ က အငွားယာဥ္(တကၠစီ) ႏွင့္ ဆိုင္ကယ္တိုက္မႈ ျဖစ္ပြားခဲ့ရာ ဆိုင္ကယ္ေမာင္းႏွင္သူ တစ္ဦးေသဆုံးခဲ့ေၾကာင္း အမွတ္(၅၉)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး႐ုံးမွ သိရသည္။

ျဖစ္စဥ္မွာ ဒလ-တြံေတးကားလမ္းအတိုင္း တြံေတးၿမိဳ႕ဘက္ မွ ဒလၿမိဳ႕ဘက္ သို႔ ယာဥ္ေမာင္း ေအာင္ေဌး (၃၇)ႏွစ္၊ လာကပုံ ေက်း႐ြာ၊ တြံေတးၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္ 9C-5568၊ တိုယိုတာကို႐ိုလာဗင္ အမ်ိဳးအစား မီးခိုးေရာင္ (အငွားယာဥ္) ဒလၿမိဳ႕နယ္ တာႀကီးရပ္ကြက္ အုန္းပင္ေခ်ာင္ တံတားအဆင္း လမ္းေကြ႕ အေရာက္တြင္ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိသြားၿပီး ၎ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွ ဆိုင္ကယ္ယာဥ္ေမာင္း ဖိုးေ႐ႊလႈိင္(၂၀)ႏွစ္၊ ေပ်ာ္ဘြယ္ေလးေက်း႐ြာ တြံေတးၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္၊ ယာယီ-၇၉၇၅၊ တာဘိုစတား(CZI)-၁၂၅ အမ်ိဳးအစား နီ/နက္ ေရာင္ ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိသျဖင့္ ဆိုင္ကယ္ တိမ္းေမွာက္ခဲ့ကာ ေမာ္ေတာ္ ယာဥ္မွာ လမ္း၏ ယာဘက္လမ္းေဘးသို႔ ထိုးက်ခဲ့သျဖင့္ ဆိုင္ကယ္ ေမာင္းႏွင္သူ ဖိုးေ႐ႊလႈိင္တြင္ ဦးေခါင္းဖူးေရာင္ဒဏ္ရာႏွင့္ ဝဲယာ လက္ေပါက္ၿပဲဒဏ္ရာ၊ ယာေျခသလုံးပြန္းျခစ္ဒဏ္ရာ၊ ဝဲေပါင္ဖူးေရာင္ ဒဏ္ရာ၊ ဆီးခုံဖူးေရာင္ပြန္းျခစ္ဒဏ္ရာ၊ ရင္ဘတ္ပြန္းျခစ္ ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ဒလေဆး႐ုံသို႔ တင္ပို႔ကုသစဥ္ ေသဆုံးသြားခဲ့သျဖင့္ ဒလေဆး႐ုံမွ (PR-7/2020) ျဖင့္ လက္ခံစစ္ေဆးခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္ၿပီး လူေသဆုံးေစသူ ယာဥ္ေမာင္း ေအာင္ေဌး(၃၇)ႏွစ္ လာကပုံေက်း႐ြာ၊ တြံေတးၿမိဳ႕နယ္ေနသူ အား ဥပေဒအရအမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

ႏိုင္လင္းေက်ာ္(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
ဒလမြို့နယ် ဒလ-တွံတေးကားလမ်းမ၌ အငှားယာဉ်နှင့် ဆိုင်ကယ်တိုက်မိ တစ်ဦးသေဆုံး

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တာကြီးရပ်ကွက် ဒလ-တွံတေးကားလမ်းမ အုန်းပင်ချောင် တံတားအနီး၌ ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ် က အငှားယာဉ်(တက္ကစီ) နှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒလ-တွံတေးကားလမ်းအတိုင်း တွံတေးမြို့ဘက် မှ ဒလမြို့ဘက် သို့ ယာဉ်မောင်း အောင်ဌေး (၃၇)နှစ်၊ လာကပုံ ကျေးရွာ၊ တွံတေးမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9C-5568၊ တိုယိုတာကိုရိုလာဗင် အမျိုးအစား မီးခိုးရောင် (အငှားယာဉ်) ဒလမြို့နယ် တာကြီးရပ်ကွက် အုန်းပင်ချောင် တံတားအဆင်း လမ်းကွေ့ အရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ၎င်းနှင့် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်ယာဉ်မောင်း ဖိုးရွှေလှိုင်(၂၀)နှစ်၊ ပျော်ဘွယ်လေးကျေးရွာ တွံတေးမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ ယာယီ-၇၉၇၅၊ တာဘိုစတား(CZI)-၁၂၅ အမျိုးအစား နီ/နက် ရောင် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် တိမ်းမှောက်ခဲ့ကာ မော်တော် ယာဉ်မှာ လမ်း၏ ယာဘက်လမ်းဘေးသို့ ထိုးကျခဲ့သဖြင့် ဆိုင်ကယ် မောင်းနှင်သူ ဖိုးရွှေလှိုင်တွင် ဦးခေါင်းဖူးရောင်ဒဏ်ရာနှင့် ဝဲယာ လက်ပေါက်ပြဲဒဏ်ရာ၊ ယာခြေသလုံးပွန်းခြစ်ဒဏ်ရာ၊ ဝဲပေါင်ဖူးရောင် ဒဏ်ရာ၊ ဆီးခုံဖူးရောင်ပွန်းခြစ်ဒဏ်ရာ၊ ရင်ဘတ်ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့ပြီး ဒလဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သဖြင့် ဒလဆေးရုံမှ (PR-7/2020) ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေဆုံးစေသူ ယာဉ်မောင်း အောင်ဌေး(၃၇)နှစ် လာကပုံကျေးရွာ၊ တွံတေးမြို့နယ်နေသူ အား ဥပဒေအရအမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒလၿမိဳ႕နယ္ ဒလ-တြံေတးကားလမ္းမ၌ အငွားယာဥ္ႏွင့္ ဆိုင္ကယ္တိုက္မိ တစ္ဦးေသဆုံး ဒလၿမိဳ႕နယ္ ဒလ-တြံေတးကားလမ္းမ၌ အငွားယာဥ္ႏွင့္ ဆိုင္ကယ္တိုက္မိ တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.