အီတလီ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ တရက္အတြင္း ၅၀ ရာခုိင္ႏႈန္း တိုး

အီတလီတြင္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသြားသူ၏ ႐ုပ္အေလာင္းကုိ သယ္ေဆာင္ေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

အီတလီႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္အသစ္ ကူးစက္ခံရသူက တနဂၤေႏြေန႔ တရက္တည္းမွာတင္ ၅၀ ရာခိုင္ႏႈန္းထိ တိုးသြားေၾကာင္း ေျပာဆိုထားၿပီး ႏုိင္ငံ ေျမာက္ပိုင္းက ေက်းရြာနဲ႔ ၿမိဳ႕ ၁၁ ခုကိုလည္း အ၀င္အထြက္ ပိတ္ထားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁,၇၀၀ နီးပါးရွိၿပီး ၃၄ ဦး ေသဆံုးခဲ့ရတဲ့ အီတလီႏုိင္ငံက ဥေရာပမွာ ဗိုင္းရပ္စ္ အဆိုးဆံုး ကူးစက္ပ်ံ႕ႏွံ႔ေနရာႏုိင္ငံ ျဖစ္ေနပါတယ္။

ေရာဂါအစပ်ိဳးခ်ိန္က ၁၄ ရက္ကာလရွိတာေၾကာင့္ ကူးစက္ခံရသူေတြ ထပ္ၿပီးတိုးလာဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း အီတလီ အာဏာပိုင္ေတြက ေျပာပါတယ္။

အီတလီမွာက အသက္ႀကီးပိုင္း လူဦးေရကလည္း မ်ားပါတယ္။ ဗိုင္းရပ္စ္ကို အမ်ားဆံုး ခံႏုိင္ရည္နည္းသူေတြက အသက္ ၆၅ ႏွစ္နဲ႔အထက္ သက္ႀကီးပိုင္းေတြ ျဖစ္တယ္လို႔လည္း က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာဆိုထားပါတယ္။

အီတလီေျမာက္ပိုင္းေဒသကို အေမရိကန္ေတြ ခရီးမသြားၾကဖို႔ အေမရိကန္ အာဏာပိုင္ေတြက သတိေပးထားၿပီး အေမရိကန္ ေလေၾကာင္းလိုင္း ၂ ခုျဖစ္တဲ့ Delta and American ေလေၾကာင္းလိုင္းေတြက အီတလီရဲ႕ ဘ႑ာေရး အခ်က္အခ်ာ မီလန္နဲ႔ ပ်ံသန္းမႈေတြကို ဆိုင္းငံ့လုိက္ပါတယ္။

အခမ္းအနား အစီအစဥ္ေတြ ဖ်က္သိမ္း၊ ေလေၾကာင္းခရီးစဥ္ေတြ ဆိုင္းငံ့တာေၾကာင့္ ခရီးသြားက႑နဲ႔ စီးပြားေရးအေပၚမွာ ႐ုိက္ခတ္သက္ေရာက္မႈ ရွိပါတယ္။

ၾသစေၾတးလ်၊ ထိုင္းနဲ႔ ဂ်ပန္တို႔မွာေတာ့ တနဂၤေႏြေန႔က ဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေသဆံုးရသူေတြ ရွိေနပါတယ္။

ဂ်ပန္ကမ္းလြန္မွာ သီးျခားခြဲျခားထားခံခဲ့ရတဲ့ Diamond Princess အေပ်ာ္စီးသေဘၤာက ခရီးသည္ အသက္ ၇၈ ႏွစ္အရြယ္ အမ်ိဳးသားတဦး ၾသစေၾတးလ်ႏုိင္ငံ Perth ၿမိဳ႕မွာ တနဂၤေႏြေန႔က ေသဆံုးခဲ့ၿပီး ၾသစေၾတးလ်မွာ ဗိုင္းရပ္စ္ေၾကာင့္ ပထမဆံုးေသဆံုးမႈ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ထိုင္းႏုိင္ငံမွာလည္း အသက္ ၃၅ ႏွစ္အရြယ္ အမ်ိဳးသားတဦး ဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေသဆံုးခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံမွာေတာ့ အသက္ ၇၀ ေက်ာ္ အမ်ိဳးသားတဦး ဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ ေသဆံုးခဲ့ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ စၿပီးျဖစ္ရာ တ႐ုတ္ႏုိင္ငံမွာေတာ့ တနဂၤေႏြေန႔က ကူးစက္မႈ အသစ္ ၅၂၃ ဦးနဲ႔ ၃၅ ဦး ေသဆံုးခဲ့ပါတယ္။ တ႐ုတ္မွာ ကူးစက္ခံရသူ စုစုေပါင္း ၈ ေသာင္းနီးပါး ရွိသြားပါၿပီ။

တ႐ုတ္ႏုိင္ငံျပင္ပ အမ်ားဆံုး ကူးစက္ခံေနရတဲ့ ေတာင္ကိုရီးယားမွာေတာ့ ကူးစက္ခံရသူေပါင္း ၃,၅၂၆ ဦးရွိေနၿပီး အီရန္ႏုိင္ငံမွာေတာ့ ၅၉၃ ဦး ကူးစက္ခံရၿပီး ၄၃ ဦး ေသဆံုးခဲ့တာေၾကာင့္ တ႐ုတ္ႏုိင္ငံၿပီးရင္ ဒုတိယေျမာက္ ေသဆံုးမႈ အမ်ားဆံုး ျဖစ္ပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ကမၻာ့စီးပြားက်မႈ ျဖစ္လာႏုိင္ေျခအေပၚ စိုးရိမ္မႈေတြလည္း မ်ားလာေနပါတယ္။

အေမရိကန္ျပည္သူေတြ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမယ့္အေရး စိုးရိမ္စရာ မရွိေသးဘူးလို႔ ဒုတိယသမၼတ Mike Pence က တနဂၤေႏြေန႔မွာ အခိုင္အမာ ေျပာဆိုေနပါတယ္။

NBC ႐ုပ္သံရဲ႕ Meet the Press အစီအစဥ္မွာ ဒုတိယသမၼတ Pence က အေမရိကန္မွာ ေနာက္ထပ္ ကူးစက္ခံရသူေတြ ထပ္ၿပီး ေတြ႔ဦးမွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို အစြမ္းကုန္ ကာကြယ္တားဆီးႏုိင္ဖို႔ ဘက္ေပါင္းစံုက ေဆာင္ရြက္ေနေၾကာင္း ေျပာဆိုသြားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ စေနေန႔က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူတဦး ပထမဆံုး ေသဆံုးခဲ့ၿပီး ေနာက္တေန႔ တနဂၤေႏြေန႔မွာပဲ CNN ႐ုပ္သံမွာ ဒုတိယသမၼတက ဗိုင္းရပ္စ္ကူးစက္ခံထားရသူ အေမရိကန္ ၂၂ ေယာက္ထဲမွာ ထက္၀က္ေလာက္က အျပည့္အ၀ ျပန္လည္က်န္းမာလာတာက သတင္းေကာင္း ျဖစ္ပါတယ္လို႔ ေျပာဆိုသြားပါတယ္။

စိတ္မေကာင္းစရာသတင္းေတြ ထပ္ၿပီး ၾကားရႏုိင္ေသးေၾကာင္း၊ ဒါေပမယ့္လည္း ျပည္သူေတြအတြက္ အၾကမ္းဖ်င္းအားျဖင့္ေတာ့ ဗိုင္းရပ္စ္ ကူးစက္ခံရမယ့္ အႏၱရာယ္ကို စိုးရိမ္စရာ မရွိေသးေၾကာင္း ဒုတိယသမၼတ Mike Pence က ေျပာဆိုပါတယ္။

--------------------------------

(Unicode)

အီတလီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တရက်အတွင်း ၅၀ ရာခိုင်နှုန်း တိုး

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူက တနင်္ဂနွေနေ့ တရက်တည်းမှာတင် ၅၀ ရာခိုင်နှုန်းထိ တိုးသွားကြောင်း ပြောဆိုထားပြီး နိုင်ငံ မြောက်ပိုင်းက ကျေးရွာနဲ့ မြို့ ၁၁ ခုကိုလည်း အဝင်အထွက် ပိတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၇၀၀ နီးပါးရှိပြီး ၃၄ ဦး သေဆုံးခဲ့ရတဲ့ အီတလီနိုင်ငံက ဥရောပမှာ ဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့နေရာနိုင်ငံ ဖြစ်နေပါတယ်။

ရောဂါအစပျိုးချိန်က ၁၄ ရက်ကာလရှိတာကြောင့် ကူးစက်ခံရသူတွေ ထပ်ပြီးတိုးလာဖို့ မျှော်လင့်ထားကြောင်းလည်း အီတလီ အာဏာပိုင်တွေက ပြောပါတယ်။

အီတလီမှာက အသက်ကြီးပိုင်း လူဦးရေကလည်း များပါတယ်။ ဗိုင်းရပ်စ်ကို အများဆုံး ခံနိုင်ရည်နည်းသူတွေက အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးပိုင်းတွေ ဖြစ်တယ်လို့လည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

အီတလီမြောက်ပိုင်းဒေသကို အမေရိကန်တွေ ခရီးမသွားကြဖို့ အမေရိကန် အာဏာပိုင်တွေက သတိပေးထားပြီး အမေရိကန် လေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ Delta and American လေကြောင်းလိုင်းတွေက အီတလီရဲ့ ဘဏ္ဍာရေး အချက်အချာ မီလန်နဲ့ ပျံသန်းမှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။

အခမ်းအနား အစီအစဉ်တွေ ဖျက်သိမ်း၊ လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့တာကြောင့် ခရီးသွားကဏ္ဍနဲ့ စီးပွားရေးအပေါ်မှာ ရိုက်ခတ်သက်ရောက်မှု ရှိပါတယ်။

သြစတြေးလျ၊ ထိုင်းနဲ့ ဂျပန်တို့မှာတော့ တနင်္ဂနွေနေ့က ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးရသူတွေ ရှိနေပါတယ်။

ဂျပန်ကမ်းလွန်မှာ သီးခြားခွဲခြားထားခံခဲ့ရတဲ့ Diamond Princess အပျော်စီးသင်္ဘောက ခရီးသည် အသက် ၇၈ နှစ်အရွယ် အမျိုးသားတဦး သြစတြေးလျနိုင်ငံ Perth မြို့မှာ တနင်္ဂနွေနေ့က သေဆုံးခဲ့ပြီး သြစတြေးလျမှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှု ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာလည်း အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတော့ အသက် ၇၀ ကျော် အမျိုးသားတဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စပြီးဖြစ်ရာ တရုတ်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က ကူးစက်မှု အသစ် ၅၂၃ ဦးနဲ့ ၃၅ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်မှာ ကူးစက်ခံရသူ စုစုပေါင်း ၈ သောင်းနီးပါး ရှိသွားပါပြီ။

တရုတ်နိုင်ငံပြင်ပ အများဆုံး ကူးစက်ခံနေရတဲ့ တောင်ကိုရီးယားမှာတော့ ကူးစက်ခံရသူပေါင်း ၃,၅၂၆ ဦးရှိနေပြီး အီရန်နိုင်ငံမှာတော့ ၅၉၃ ဦး ကူးစက်ခံရပြီး ၄၃ ဦး သေဆုံးခဲ့တာကြောင့် တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားကျမှု ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုတွေလည်း များလာနေပါတယ်။

အမေရိကန်ပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ့်အရေး စိုးရိမ်စရာ မရှိသေးဘူးလို့ ဒုတိယသမ္မတ Mike Pence က တနင်္ဂနွေနေ့မှာ အခိုင်အမာ ပြောဆိုနေပါတယ်။

NBC ရုပ်သံရဲ့ Meet the Press အစီအစဉ်မှာ ဒုတိယသမ္မတ Pence က အမေရိကန်မှာ နောက်ထပ် ကူးစက်ခံရသူတွေ ထပ်ပြီး တွေ့ဦးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို အစွမ်းကုန် ကာကွယ်တားဆီးနိုင်ဖို့ ဘက်ပေါင်းစုံက ဆောင်ရွက်နေကြောင်း ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတဦး ပထမဆုံး သေဆုံးခဲ့ပြီး နောက်တနေ့ တနင်္ဂနွေနေ့မှာပဲ CNN ရုပ်သံမှာ ဒုတိယသမ္မတက ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အမေရိကန် ၂၂ ယောက်ထဲမှာ ထက်ဝက်လောက်က အပြည့်အ၀ ပြန်လည်ကျန်းမာလာတာက သတင်းကောင်း ဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။

စိတ်မကောင်းစရာသတင်းတွေ ထပ်ပြီး ကြားရနိုင်သေးကြောင်း၊ ဒါပေမယ့်လည်း ပြည်သူတွေအတွက် အကြမ်းဖျင်းအားဖြင့်တော့ ဗိုင်းရပ်စ် ကူးစက်ခံရမယ့် အန္တရာယ်ကို စိုးရိမ်စရာ မရှိသေးကြောင်း ဒုတိယသမ္မတ Mike Pence က ပြောဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီတလီ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ တရက္အတြင္း ၅၀ ရာခုိင္ႏႈန္း တိုး အီတလီ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ တရက္အတြင္း ၅၀ ရာခုိင္ႏႈန္း တိုး Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.