ကို႐ိုနာဗိုင္းရပ္စ္ တပ္ထဲမွာ ကူးစက္မႈမရွိလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ

စိန္ရတု တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားကို ဆိုင္းငံ့ထား
(Zawgyi)⤵⤵⤵
Covid-19 ကူးစက္ျမန္ ေရာဂါေၾကာင့္ မတ္လ ၂၇ ရက္ေန႔မွာ က်င္းပမယ့္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားကို ေခတၱဆိုင္းငံ့မယ္လို႔ တပ္မေတာ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

Covid-19 ဗိုင္းရပ္စ္ကူးစက္မႈကို ႏိုင္ငံတကာက အေရးေပၚေစာင့္ၾကည့္မႈေတြ ရွိေနခ်ိန္မွာပဲ ဒီဗိုင္းရပ္စ္ေၾကာင့္ မတ္လ ၂၇ ရက္ေန႔မွာ က်င္းပမယ့္ စိန္ရတု တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားကို ဆိုင္းငံ့ထားမယ္လို႔ တပ္မေတာ္က မတ္လ ၁ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

တပ္မေတာ္ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ "တပ္ထဲမွာ ကူးစက္ေရာဂါ ျဖစ္ပြားမႈ မရွိပါဘူး။ ဗိုင္းရပ္စ္ ကူးစက္မႈကို အျပည္ျပည္ဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ေၾကညာထားလို႔ ဆိုင္းငံ့ရတာပါ" လို႔ ဘီဘီစီကို ေျပာပါတယ္။

တပ္မေတာ္ေန႔ အခမ္းအနားေလွ်ာက္ၾကမယ့္ စစ္သည္ ၃ ဦးမွာ Covid-19 ကူးစက္ထားတယ္ဆိုတဲ့ သံသယေတြ ရွိေနလို႔ ဒီအခမ္းအနားကို ရပ္ရတာလို႔ သတင္းေတြထြက္ေနတာကိုလည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆိုပါတယ္။

"ေကာလဟာလေတြပါ၊ တပ္မွာက အရာရွိေတြေရာ စစ္သည္ေတြကိုေရာ အၿမဲတမ္းေန႔စဥ္ ေဆးစစ္ပါတယ္၊ ဒီေရာဂါနဲ႔ ပတ္သက္လို႔ တားဆီးကာကြယ္ႏိုင္ေရး လုပ္ငန္းစဥ္ေတြ ရွိပါတယ္။ အဲ့ဒါေတြကို တိတိက်က် ေဆာင္႐ြက္လ်က္ရွိပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

Covid-19 ကူးစက္ျမန္ေရာဂါနဲ႔ ပတ္သက္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO နဲ႔ ႏိုင္ငံတကာက ပတ္သက္လို႔ တစုံတရာ ထုတ္ျပန္မွပဲ စိန္ရတု တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနား ဆက္လက္က်င္းပႏိုင္ဖို႔ စီမံ ေဆာင္႐ြက္ဖို႔ လ်ာထားတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ ဆိုင္းငံ့ကာလက ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့ မသိေသးဘူးလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထား
(၁)ကိုရိုနာဗိုင်းရပ်စ် တပ်ထဲမှာ ကူးစက်မှုမရှိလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော

Covid-19 ကူးစက်မြန် ရောဂါကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့မယ်လို့ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Covid-19 ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံတကာက အရေးပေါ်စောင့်ကြည့်မှုတွေ ရှိနေချိန်မှာပဲ ဒီဗိုင်းရပ်စ်ကြောင့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားမယ်လို့ တပ်မတော်က မတ်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "တပ်ထဲမှာ ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိပါဘူး။ ဗိုင်းရပ်စ် ကူးစက်မှုကို အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားလို့ ဆိုင်းငံ့ရတာပါ" လို့ ဘီဘီစီကို ပြောပါတယ်။

တပ်မတော်နေ့ အခမ်းအနားလျှောက်ကြမယ့် စစ်သည် ၃ ဦးမှာ Covid-19 ကူးစက်ထားတယ်ဆိုတဲ့ သံသယတွေ ရှိနေလို့ ဒီအခမ်းအနားကို ရပ်ရတာလို့ သတင်းတွေထွက်နေတာကိုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

"ကောလဟာလတွေပါ၊ တပ်မှာက အရာရှိတွေရော စစ်သည်တွေကိုရော အမြဲတမ်းနေ့စဉ် ဆေးစစ်ပါတယ်၊ ဒီရောဂါနဲ့ ပတ်သက်လို့ တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲ့ဒါတွေကို တိတိကျကျ ဆောင်ရွက်လျက်ရှိပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Covid-19 ကူးစက်မြန်ရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ နိုင်ငံတကာက ပတ်သက်လို့ တစုံတရာ ထုတ်ပြန်မှပဲ စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဆက်လက်ကျင်းပနိုင်ဖို့ စီမံ ဆောင်ရွက်ဖို့ လျာထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဆိုင်းငံ့ကာလက ဘယ်လောက်ကြာမလဲဆိုတာတော့ မသိသေးဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ တပ္ထဲမွာ ကူးစက္မႈမရွိလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ ကို႐ိုနာဗိုင္းရပ္စ္ တပ္ထဲမွာ ကူးစက္မႈမရွိလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.