AA ေျပာခြင့္ရွိသူနဲ႔ ေမးျမန္းခ်က္ေၾကာင့္ VOM သတင္းဌာနတည္ေထာင္သူ ဖမ္းဆီးခံရ

Voice of Myanmar သတင္းဌာန တည္ေထာင္သူ ကိုေနမ်ိဳးလင္း ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ရဲက ၂၀၂၀ မတ္ ၃၁ ရက္ေန႔က ဖမ္းဆီးစဥ္ -Photo: Khaymani Win/RFA
ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရွိသူ ခိုင္သုခနဲ႔ ဆက္သြယ္ေမးျမန္းခ်က္ေၾကာင့္ Voice of Myanmar - VOM သတင္းဌာန တည္ေထာင္သူ ကိုေနမ်ိဳးလင္း ကို မႏၲေလးတိုင္း သတင္းရဲတပ္ဖြဲ႕က အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ဖမ္းဆီးလိုက္ပါတယ္။

မႏၲေလးတိုင္း သတင္းရဲတပ္ဖြဲ႕က ဒုဲရဲမႉး ခင္ေမာင္ဝင္း က တရားလိုလုပ္ၿပီး အမႈဖြင့္တာလို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ သတင္းျပန္ၾကားေရးအရာရွိ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္စြာလင္းက ေျပာပါတယ္။

"သတင္းဌာနမွာ ေအေအက ခိုင္သုခနဲ႔ဆက္သြယ္ၿပီး ေအေအကို အၾကမ္းဖက္အျဖစ္ေၾကညာခဲ့ျခင္း၊ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ေတြကေန ေအေအမပါဝင္ဘဲ ပဏာမ အပစ္ခတ္ရပ္စဲေရး ေရးထိုးႏိုင္တဲ့ ေဆြးေႏြးပြဲေတြကို ေတြ႕ဆုံေဆြးေႏြးတာ မျဖစ္ႏိုင္ေၾကာင္း ထုတ္လႊင့္ခဲ့တယ္"

မတ္ ၂၃ ရက္ေန႔က အၾကမ္းဖက္အဖြဲ႕အျဖစ္ အစိုးရက သတ္မွတ္ေၾကညာလိုက္တဲ့ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကို VOM ရဲ႕ ရခိုင္ေဒသအေျခစိုက္ သတင္းေထာက္ ခိုင္လင္းစံ က ဆက္သြယ္ေမးျမန္းထားတာကို VOM သတင္းဌာနစာမ်က္ႏွာမွာ မတ္ ၂၇ ရက္ေန႔က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဲဒီလိုေဖာ္ျပၿပီး သုံးရက္အၾကာမွာေတာ့ သတင္းဌာနတည္ေထာင္သူလည္းျဖစ္၊ အယ္ဒီတာခ်ဳပ္လည္းျဖစ္တဲ့ ကိုေနမ်ိဳးလင္းကို အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၀ (က) ၊ ၅၂ (က) တို႔နဲ႔ အမႈဖြင့္လိုက္တာပါ။

အဲဒီပုဒ္မေတြဟာ အၾကမ္းဖက္အုပ္စု တစ္ခုခုမွာ သိလ်က္နဲ႔ ပါဝင္ေဆာင္႐ြက္တာ၊ အၾကမ္းဖက္သမားကိုျဖစ္ေစ၊ အၾကမ္းဖက္အုပ္စုတစ္ခုခုရဲ႕ အဖြဲ႕ဝင္ကိုျဖစ္ေစ အေဆာက္အအုံနဲ႔၊ ေနရာတစ္ခုခု အသုံးျပဳခြင့္၊ စုေဝးခြင့္၊ အစည္းအေဝးျပဳလုပ္ခြင့္ စတာေတြကို စီစဥ္ေပးရင္ အေရးယူခံရႏိုင္တာျဖစ္ပါတယ္။

ပုဒ္မ ၅၀ (က)အရ ေထာင္ဒဏ္ ၁၀ ႏွစ္ကေန တစ္သက္တစ္ကြၽန္းထိ ခ်မွတ္ႏိုင္ၿပီး ပုဒ္မ ၅၂ (က) ကေတာ့ ေထာင္ဒဏ္ အနည္းဆုံးသုံးႏွစ္ကေန အမ်ားဆုံး ခုႏွစ္ႏွစ္ထိ ခ်မွတ္ခံရႏိုင္တဲ့ ပုဒ္မေတြျဖစ္ပါတယ္။

မတ္ ၃၀ မေန႔ညက ေနအိမ္ကေန ဖမ္းဆီးေခၚေဆာင္ခံခဲ့ရတဲ့ ကိုေနမ်ိဳးလင္းကို ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးမွာ ဒီေန႔ မတ္ ၃၁ ရက္ေန႔မွာ ႐ုံးထုတ္ခဲ့ပါတယ္။

သူ႔အေနနဲ႔ သတင္းမီဒီယာက်င့္ဝတ္နဲ႔အညီသာ ေရးသားေဖာ္ျပခဲ့တယ္လို႔ ကိုေနမ်ိဳးလင္း က ေျပာပါတယ္။

"ေအေအ ခိုင္သုခအင္တာဗ်ဴးကို တင္လို႔ပါ၊ ဒါက က်င့္ဝတ္နဲ႔အညီ ေရးထားတာပါ၊ ဒါေတြကို  မီဒီယာေကာင္စီလူႀကီးေတြနဲ႔ စစ္ၿပီးေတာ့ က်င့္ဝတ္ခ်ိဳးေဖာက္တယ္ဆိုရင္ ႀကိဳက္တဲ့အျပစ္ဒဏ္ခံႏိုင္ပါတယ္"

AA ေျပာခြင့္ရသူ ခိုင္သုခကို ေမးျမန္းထားတာက အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာခံခဲ့ရတာနဲ႔ပတ္သက္လို႔ သေဘာထား၊ AA အဖြဲ႕ မပါရင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ အစိုးရအပစ္အခတ္ရပ္ဆိုင္းေရး ေဆြးေႏြးပြဲအေျခအေနအေပၚ သေဘာထားနဲ႔ အခုလို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ဘယ္လိုသေဘာေဆာင္သြားလဲဆိုတဲ့ ေမးခြန္းေတြ ျဖစ္ပါတယ္။

ကိုေနမ်ိဳးလင္းရဲ႕ ဇနီးျဖစ္သူ မဇာနည္မာန္က သတင္းလြတ္လပ္ခြင့္ ဆိုး႐ြားေနတယ္လို႔ ေျပာပါတယ္။

"သတင္းမီဒီယာကိစၥနဲ႔ဆိုင္ေနလို႔ မီဒီယာေကာင္စီကို တိုက္တြန္းထားတယ္။ တမင္သက္သက္ ေနာက္ကေန လုပ္သြားတယ္လို႔ျမင္တယ္။ ေရာဂါျပန႔္ႏွံ႔ေနလို႔ တရား႐ုံးေတြေတာင္ တရားမ႐ုံးခ်ိန္းေတြ ပိတ္ထားတယ္။ သတင္းလြတ္လပ္ခြင့္ကလည္း ဆိုး႐ြားလြန္းမက ဆိုး႐ြားလြန္းေနတယ္လို႔ ေျပာခ်င္တယ္"

သတင္းသမားတစ္ေယာက္ကို အခုလိုဖမ္းဆီးအမႈဖြင့္တဲ့အေပၚ သတင္းမီဒီယာေကာင္စီအေနနဲ႔ လက္သင့္မခံေၾကာင္း ေကာင္စီရဲ႕ အေထြေထြအတြင္းေရးမႉး ဦးေက်ာ္စြာမင္းက ေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာန အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးအဖြဲ႕ဝင္ ဦးမ်ိဳးခိုင္ေဆြကေတာ့ ဒီအမႈနဲ႔ပတ္သက္ၿပီး သူ႔အေနနဲ႔ မသိေသးဘူးလို႔ RFA ကိုေျပာပါတယ္။ ျပည္ထဲေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခိုင္ထြန္းဦးနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲမႉးႀကီး ေက်ာ္သီဟကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

အထက္ျမန္မာႏိုင္ငံသတင္းသမားမ်ားအဖြဲ႕ UMJO  က အဖြဲ႕ဝင္ ကိုျမတ္ကေလးကလည္း ဒီလိုတရားစြဲဆိုမႈဟာ ေခတ္ေနာက္ျပန္စြဲေနသလားလို႔ ေမးခြန္းထုတ္ပါတယ္။

“မီဒီယာေကာင္စီကို အေၾကာင္းၾကားၿပီးမွလုပ္ရမယ္ဆိုတာ ဥပမာလည္းရွိပါတယ္။ အခုက ခဏေလးဆိုၿပီး ေခၚသြားတယ္၊ မနက္က်မွ ရမန္ယူတယ္ဆိုေတာ့ စစ္အာဏာရွင္တုန္းက ပုံစံအတိုင္းသြားေနသလားလို႔ ျမင္မိတယ္”

မႈခင္းတပ္ဖြဲ႕က VOM ႐ုံးခန္းကို ဝင္ေရာက္ရွာေဖြၿပီး ရခိုင္အေျခစိုက္သတင္းေထာက္ေပးပို႔ခဲ့တဲ့ အီးေမးလ္ေတြကို စစ္ေဆးကာ လုပ္ငန္းခြင္မွာအသုံးျပဳခဲ့တဲ့ ကြန္ျပဴတာကို သိမ္းဆည္းသြားတယ္လို႔ မဇာနည္မာန္က ေျပာပါတယ္။

ကိုေနမ်ိဳးလင္းကို လာမယ့္ ဧၿပီ ၉ ရက္ေန႔မွာ ထပ္မံ႐ုံးထုတ္မွာျဖစ္ပါတယ္။

ေခမဏီဝင္း
------------------------------------------------
AA ပြောခွင့်ရှိသူနဲ့ မေးမြန်းချက်ကြောင့် VOM သတင်းဌာနတည်ထောင်သူ ဖမ်းဆီးခံရ

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်ကြောင့် Voice of Myanmar - VOM သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်း ကို မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က ဒုဲရဲမှူး ခင်မောင်ဝင်း က တရားလိုလုပ်ပြီး အမှုဖွင့်တာလို့ ချမ်းမြသာစည်မြို့နယ် သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောပါတယ်။

"သတင်းဌာနမှာ အေအေက ခိုင်သုခနဲ့ဆက်သွယ်ပြီး အေအေကို အကြမ်းဖက်အဖြစ်ကြေညာခဲ့ခြင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကနေ အေအေမပါဝင်ဘဲ ပဏာမ အပစ်ခတ်ရပ်စဲရေး ရေးထိုးနိုင်တဲ့ ဆွေးနွေးပွဲတွေကို တွေ့ဆုံဆွေးနွေးတာ မဖြစ်နိုင်ကြောင်း ထုတ်လွှင့်ခဲ့တယ်"

မတ် ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို VOM ရဲ့ ရခိုင်ဒေသအခြေစိုက် သတင်းထောက် ခိုင်လင်းစံ က ဆက်သွယ်မေးမြန်းထားတာကို VOM သတင်းဌာနစာမျက်နှာမှာ မတ် ၂၇ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖော်ပြပြီး သုံးရက်အကြာမှာတော့ သတင်းဌာနတည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ကိုနေမျိုးလင်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာပါ။

အဲဒီပုဒ်မတွေဟာ အကြမ်းဖက်အုပ်စု တစ်ခုခုမှာ သိလျက်နဲ့ ပါဝင်ဆောင်ရွက်တာ၊ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခုရဲ့ အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနဲ့၊ နေရာတစ်ခုခု အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့် စတာတွေကို စီစဉ်ပေးရင် အရေးယူခံရနိုင်တာဖြစ်ပါတယ်။

ပုဒ်မ ၅၀ (က)အရ ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) ကတော့ ထောင်ဒဏ် အနည်းဆုံးသုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်ထိ ချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။

မတ် ၃၀ မနေ့ညက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ကိုနေမျိုးလင်းကို ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ဒီနေ့ မတ် ၃၁ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။

သူ့အနေနဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီသာ ရေးသားဖော်ပြခဲ့တယ်လို့ ကိုနေမျိုးလင်း က ပြောပါတယ်။

"အေအေ ခိုင်သုခအင်တာဗျူးကို တင်လို့ပါ၊ ဒါက ကျင့်ဝတ်နဲ့အညီ ရေးထားတာပါ၊ ဒါတွေကို  မီဒီယာကောင်စီလူကြီးတွေနဲ့ စစ်ပြီးတော့ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုရင် ကြိုက်တဲ့အပြစ်ဒဏ်ခံနိုင်ပါတယ်"

AA ပြောခွင့်ရသူ ခိုင်သုခကို မေးမြန်းထားတာက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံခဲ့ရတာနဲ့ပတ်သက်လို့ သဘောထား၊ AA အဖွဲ့ မပါရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲအခြေအနေအပေါ် သဘောထားနဲ့ အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘယ်လိုသဘောဆောင်သွားလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

ကိုနေမျိုးလင်းရဲ့ ဇနီးဖြစ်သူ မဇာနည်မာန်က သတင်းလွတ်လပ်ခွင့် ဆိုးရွားနေတယ်လို့ ပြောပါတယ်။

"သတင်းမီဒီယာကိစ္စနဲ့ဆိုင်နေလို့ မီဒီယာကောင်စီကို တိုက်တွန်းထားတယ်။ တမင်သက်သက် နောက်ကနေ လုပ်သွားတယ်လို့မြင်တယ်။ ရောဂါပြန့်နှံ့နေလို့ တရားရုံးတွေတောင် တရားမရုံးချိန်းတွေ ပိတ်ထားတယ်။ သတင်းလွတ်လပ်ခွင့်ကလည်း ဆိုးရွားလွန်းမက ဆိုးရွားလွန်းနေတယ်လို့ ပြောချင်တယ်"

သတင်းသမားတစ်ယောက်ကို အခုလိုဖမ်းဆီးအမှုဖွင့်တဲ့အပေါ် သတင်းမီဒီယာကောင်စီအနေနဲ့ လက်သင့်မခံကြောင်း ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးအဖွဲ့ဝင် ဦးမျိုးခိုင်ဆွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မသိသေးဘူးလို့ RFA ကိုပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အထက်မြန်မာနိုင်ငံသတင်းသမားများအဖွဲ့ UMJO  က အဖွဲ့ဝင် ကိုမြတ်ကလေးကလည်း ဒီလိုတရားစွဲဆိုမှုဟာ ခေတ်နောက်ပြန်စွဲနေသလားလို့ မေးခွန်းထုတ်ပါတယ်။

“မီဒီယာကောင်စီကို အကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတာ ဥပမာလည်းရှိပါတယ်။ အခုက ခဏလေးဆိုပြီး ခေါ်သွားတယ်၊ မနက်ကျမှ ရမန်ယူတယ်ဆိုတော့ စစ်အာဏာရှင်တုန်းက ပုံစံအတိုင်းသွားနေသလားလို့ မြင်မိတယ်”

မှုခင်းတပ်ဖွဲ့က VOM ရုံးခန်းကို ဝင်ရောက်ရှာဖွေပြီး ရခိုင်အခြေစိုက်သတင်းထောက်ပေးပို့ခဲ့တဲ့ အီးမေးလ်တွေကို စစ်ဆေးကာ လုပ်ငန်းခွင်မှာအသုံးပြုခဲ့တဲ့ ကွန်ပြူတာကို သိမ်းဆည်းသွားတယ်လို့ မဇာနည်မာန်က ပြောပါတယ်။

ကိုနေမျိုးလင်းကို လာမယ့် ဧပြီ ၉ ရက်နေ့မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။

ခေမဏီဝင်း
RFA Burmese
https://www.rfa.org/burmese/news/police-arrested-vom-founder-naymyolinn-03312020055733.html
AA ေျပာခြင့္ရွိသူနဲ႔ ေမးျမန္းခ်က္ေၾကာင့္ VOM သတင္းဌာနတည္ေထာင္သူ ဖမ္းဆီးခံရ AA ေျပာခြင့္ရွိသူနဲ႔ ေမးျမန္းခ်က္ေၾကာင့္ VOM သတင္းဌာနတည္ေထာင္သူ ဖမ္းဆီးခံရ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.