ျပည္ပကို ဆန္တင္ပို႔ခြင့္လိုင္စင္အသစ္ ခ်ထားေပးမႈ ရပ္ဆိုင္


ကို႐ိုနာဗိုင္းရပ္စ္ကို ကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေၾကညာလိုက္ၿပီးေနာက္ပိုင္း ဆန္ လုပ္ငန္းရွင္ေတြကို အစိုးရက ဒီႏွစ္အတြက္ လိုင္စင္အသစ္ ထပ္မခ်ေပးေတာ့ဘဲ ခြင့္ျပဳထားၿပီးျဖစ္တဲ့ လိုင္စင္ေတြ အတြက္ ျပည္ပကို ဆန္တင္ပို႔ခြင့္သာ ျပဳမယ္လို႔ သိရပါတယ္။

ျပည္ပကိုဆန္တင္ပို႔မႈက အခု ၂၀၂၀ ျပည့္ႏွစ္အတြက္ တန္ခ်ိန္ ၂.၂ သန္းအထိ ပို႔ဖို႔ရည္မွန္းထားၿပီး လက္ရွိ ငါးလ အတြင္း တန္ခ်ိန္ ၁.၄ သန္းပို႔ထားပါတယ္၊ က်န္တဲ့ ခုႏွစ္လအတြင္းမွာ ရည္မွန္းထားတာထက္ပိုၿပီး မတင္ပို႔ေတာ့ဘဲ လိုင္စင္အရ ခ်ထားေပးၿပီးသားေတြထဲက က်န္တဲ့ တန္ခ်ိန္ ခုႏွစ္သိန္းအတြက္ တစ္လကို တန္ခ်ိန္တစ္သိန္းပဲ ျပည္ပကို တင္ပို႔မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံကေန ႏိုင္ငံေပါင္း ၅၀ ေက်ာ္ကို တင္ပို႔ေနတဲ့ ဆန္တင္ပို႔မႈအတြက္ လိုင္စင္အသစ္ ထပ္ခ် မေပးဘဲ ရပ္ထားတာ ႏွစ္ပတ္ေလာက္ရွိၿပီလို႔ ဆန္စပါးအသင္းခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒါက္တာ စိုးထြန္းက ေျပာပါတယ္။

"ပုံမွန္က ကြၽန္ေတာ္တို႔ဆီမွာ ထြက္တာနဲ႔စားသုံးတာနဲ႔ အၾကမ္းမ်ဥ္းေတာ့ ဒီစိုက္ပ်ိဳးေရးမွာပါတဲ့ ေဒတာ မွာေတာ့ ကြၽန္ေတာ္တို႔ဆီကထြက္တာ တစ္ႏွစ္ကိုတန္ခ်ိန္ ဆယ့္သုံးသန္းခြဲေလာက္ ထြက္တယ္ေပါ့၊ စားတာက ဆယ္သန္းေက်ာ္ စားတယ္၊ အၾကမ္းမ်ဥ္း တန္ခ်ိန္ သုံးသန္းေလာက္ပိုတယ္လို႔ ေျပာတယ္ေပါ့၊ ဒါေၾကာင့္ တန္ခ်ိန္ ႏွစ္သန္းခြဲ သုံးသန္းေလာက္ ျပည္ပကိုပို႔ေနတဲ့အတြက္ေၾကာင့္မို႔လို႔ မေလာက္တာေတာ့ သိပ္ မျဖစ္ႏိုင္ဘူး၊ ပိုက္ဆံေပးရင္ေတာ့ ဝယ္လို႔ရမွာေပါ့၊ တစ္ခုပဲရွိတယ္ ျပည္ပကိုအိတ္စ္ပို႔ ပို႔တာကိုပဲ ထိန္းခ်ဳပ္ဖို႔ ရွိတာေပါ့၊ ေလာေလာဆယ္ေတာ့ လိုင္စင္ေတာ့ ပိတ္ထားတယ္ရွိတယ္၊ ႏွစ္ပတ္ေလာက္ရွိပီ အိတ္စ္ပို႔လိုင္စင္ ခ်မေပးဘူး၊ အရင္ရွိတဲ့ လိုင္စင္ေတြကေတာ့ ပို႔ေနတာေပါ့၊ လိုင္စင္တစ္ခုဟာ သက္တမ္းက ေျခာက္လေလာက္ ရွိတယ္၊ အရင္ခ်ထားပီးသားလိုင္စင္ေတြရွိတယ္ အဲဒါပဲပို႔ေနတယ္။"

ျမန္မာႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံ၊ ဥေရာပႏိုင္ငံေတြနဲ႔ အာဖရိကႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံေပါင္း ၅၀ ေက်ာ္ကို တင္ပို႔လ်က္ရွိၿပီး တင္ပို႔မႈအားလုံးရဲ႕ ၄၀ ရာခိုင္ႏႈန္းက တ႐ုတ္ႏိုင္ငံကို ျဖစ္ပါတယ္။

ျပည္ပတင္ပို႔မႈေတြ အားလုံးရပ္ရင္ ေတာင္သူလယ္သမားေတြအတြက္ လာမယ့္ေႏြရာသီ စပါးေပၚတဲ့အခ်ိန္ ေဈးက်တဲ့အခက္အခဲနဲ႔ ရင္ဆိုင္ရႏိုင္လို႔ လိုင္စင္ခ်ထားေပးၿပီးသေလာက္အထိေတာ့ ပို႔ဖို႔ရွိတယ္လို႔ ဆန္လုပ္ငန္းရွင္ ဦးေနလင္းဇင္က RFA ကိုေျပာပါတယ္။

"ပုံမွန္ကေတာ့ ျပည္တြင္းမွာစားေသာက္ဖို႔က လုံေလာက္မႈရွိပါတယ္၊ တစ္ခုပဲ ျပည္ပကိုပို႔တာ အလြန္အကြၽံ မပို႔ဖို႔ပဲေပါ့၊ အဲဒါလည္း စီးပြားကူးသန္းနဲ႔ ဟိုတစ္ေန႔က အစည္းအေဝးလုပ္တယ္၊ ဆန္စပါးအသင္းခ်ဳပ္နဲ႔ အစည္းအေဝးလုပ္တဲ့အခါမွာ ျပည္ပကို အလြန္အကြၽံ အမ်ားႀကီးေရာက္မသြားဆိုတာ ကြၽန္ေတာ္တို႔ တစ္လကို တန္ခ်ိန္ တစ္သိန္းထက္ ပိုမပို႔ႏိုင္ေအာင္ေပါ့၊ အိတ္စ္ပို႔ ပိတ္သြားရင္လည္း ဘာျဖစ္ႏိုင္လဲဆိုေတာ့ လယ္သမား ေတြ စပါးေပၚတဲ့အခါ ေဈးက်သြားခဲ့ရင္ Covid - 19 နဲ႔လည္း စီးပြားေရးကမေကာင္းဘူး။ ကုန္ေဈးႏႈန္းကလည္း တက္မယ္။ ၿပီးေတာ့ စပါးေဈးကလည္း မရဘူးဆိုရင္ လယ္သမားေတြ ဒုကၡေရာက္မွာေပါ့ေနာ္၊ အဲလိုလည္း မျဖစ္ေအာင္၊ ျပည္တြင္းမွာ စားနပ္ရိကၡာမဖူလုံမွာလည္း စိုးရိမ္တယ္၊ အဲေတာ့ တစ္လကို တန္ခ်ီန္တစ္သိန္းေပါ့၊ အဲ့ေတာ့ အခုလက္ရွိ ငါးလမွာ တန္ခ်ိန္ ၁.၄ သန္းပို႔ၿပီးသြားပီ၊ ကြၽန္ေတာ္တို႔ ဒီႏွစ္မွာ ၂.၂ သန္းေလာက္ပို႔ဖို႔ မွန္းထားတယ္၊ ဆိုေတာ့တစ္လကိုတန္ခ်ိန္ ၁ သိန္းနဲ႔ ၇ သိန္းေလာက္ပဲ ပို႔လို႔ရေတာ့မယ့္အေနအထားမွာ ရွိတယ္။"

အစိုးရအေနနဲ႔လည္း လက္ရွိမွာ အရံဆန္ တန္ခ်ိန္ တစ္ေသာင္းခြဲေလာက္ထားရွိေပမယ့္ ေနာက္ထပ္ ဆန္တန္ခ်ိန္ တစ္သိန္းေလာက္ ထပ္ဝယ္ၿပီး ႀကိဳတင္ျပင္ဆင္ဖို႔ လုပ္ေနတယ္လို႔လည္း ဦးေနလင္းဇင္က ဆိုပါတယ္။

ျမန္မာႏိုင္ငံက ျပည္သူေတြ အမ်ားဆုံးစားသုံးတဲ့ ေပၚဆန္း၊ ေပၚကြၽဲ၊ ရက္ကိုးဆယ္၊ မီးဒုံး၊ သီးထပ္ အစရွိတဲ့ ဆန္ေတြဟာ ဆန္စပါးလုပ္ငန္းရွင္ေတြနဲ႔ ေတာင္သူေတြဆီမွာ လက္ရွိ ဆန္တန္ခ်ိန္ သုံးသန္းေလာက္ရွိၿပီး ဧၿပီ လကုန္ ေႏြစပါးေပၚလာရင္ ေနာက္ထပ္ တန္ခ်ိန္ ႏွစ္သန္းနီးပါးေလာက္ ထပ္ရလာမွာျဖစ္ပါတယ္။

ျပည္တြင္းစားသုံးမႈဟာ ပုံမွန္ တစ္လကို ဆန္တန္ခ်ိန္ တစ္သန္းနီးပါးေလာက္ပဲ ရွိတဲ့အတြက္ ျပည္တြင္းအတြက္ အလုံအေလာက္ရွိေပမယ့္ အထိတ္တလန႔္ မဝယ္ၾကဖို႔ေတာ့လိုတယ္လို႔ ဦးေနလင္းဇင္က ေျပာပါတယ္။

"တန္ခ်ိန္လက္ရွိက ျပည္တြင္းမွာက လူဦးေရက တစ္ႏွစ္ကို ဘယ္ေလာက္စားလဲဆိုရင္ ဆယ္သန္းခြဲေလာက္ စားတယ္၊ ဆိုေတာ့တစ္လကို ကိုးသိန္းေက်ာ္ တစ္သန္းနီးပါး စားတယ္ေပါ့၊ လက္ထဲမွာေတာ့ ကြၽန္ေတာ္တို႔ တန္ခ်ိန္ သုံးသန္း ေလးသန္းေလာက္ရွိပါတယ္၊ တန္ခ်ိန္ သုံးသန္းဆိုတာ ေဈးကြက္ထဲမွာရွိတဲ့ ပမာဏေပါ့၊ ေနာက္ထပ္ အခု ေႏြစပါး ေပၚလာပီဆိုရင္ တန္ခ်ိန္ ႏွစ္သန္းေလာက္ ထပ္ထြက္လာဦးတယ္၊ ပုံမွန္ေတာ့ ျပတ္လပ္သြားဖို႔မရွိဘူး၊ အထိတ္တလန႔္ (Panic Bying) မဝယ္ဖို႔ပဲလိုတာ၊ အဲလိုဝယ္ရင္ေတာ့ ျပႆနာရွိတယ္၊ သူ႔ပုံမွန္အတိုင္း သြားေနတာကို ပိုၿပီးဝယ္ရင္ေတာ့ ပုံမွန္ထက္ ေျပာင္းသြားမွာေပါ့၊ အဲေတာ့ လူေတြက အထိတ္တလန႔္မဝယ္ၾကဖို႔နဲ႔ လိုသေလာက္ပဲဝယ္ၾကဖို႔ေပါ့၊ အခ်ိန္မေ႐ြးဝယ္လို႔ရပါတယ္။"

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းနဲ႔ ညီေနာင္အဖြဲ႕ေတြကလည္း ဆန္ေဈးမတက္ေအာင္ စာေတြထုတ္ၿပီး ေမတၱာရပ္ခံထားသလို စီးပြားကူးသန္း ဝန္ႀကီးဌာနကလည္း ဆန္ေဈးေတြ အဆမတန္ ေဈးတက္မေရာင္းဖို႔ ေျပာဆိုထားတာေတြရွိတယ္လို႔ ဦးေနလင္းဇင္က ဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာေတာ့ တိုင္းအစိုးရနဲ႔ ပရဟိတ အဖြဲ႕ေတြ ပူးေပါင္းၿပီး We Love Yangon အဖြဲ႕ဖြဲ႕ကာ ဆန္နဲ႔ အေျခခံ စားေသာက္ကုန္ေတြကို ျပတ္လပ္မႈမရွိေအာင္ ေရာင္းခ်ေပးေနသလို ဆန္လုပ္ငန္းရွင္ေတြကလည္း ေဈးမတက္ဘဲ ေရာင္းခ်ေပးေနပါတယ္။

ျမန္မာႏိုင္ငံနည္းတူ အျခားႏိုင္ငံေတြျဖစ္တဲ့ ထိုင္းႏိုင္ငံ၊ ဗီယက္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံေတြမွာလည္း ျပည္ပ ဆန္တင္ပို႔မႈေတြကို ယာယီရပ္နားထားပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံေတြကို ဆန္နဲ႔ ဆန္ကြဲတင္ပို႔မႈ တန္ခ်ိန္ ၁ ဒႆမ ၆၈ သန္းရွိခဲ့ပါတယ္။

သန႔္ဇင္ဦး
----------------------------------------
ပြည်ပကို ဆန်တင်ပို့ခွင့်လိုင်စင်အသစ် ချထားပေးမှု ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက်ပိုင်း ဆန် လုပ်ငန်းရှင်တွေကို အစိုးရက ဒီနှစ်အတွက် လိုင်စင်အသစ် ထပ်မချပေးတော့ဘဲ ခွင့်ပြုထားပြီးဖြစ်တဲ့ လိုင်စင်တွေ အတွက် ပြည်ပကို ဆန်တင်ပို့ခွင့်သာ ပြုမယ်လို့ သိရပါတယ်။

ပြည်ပကိုဆန်တင်ပို့မှုက အခု ၂၀၂၀ ပြည့်နှစ်အတွက် တန်ချိန် ၂.၂ သန်းအထိ ပို့ဖို့ရည်မှန်းထားပြီး လက်ရှိ ငါးလ အတွင်း တန်ချိန် ၁.၄ သန်းပို့ထားပါတယ်၊ ကျန်တဲ့ ခုနှစ်လအတွင်းမှာ ရည်မှန်းထားတာထက်ပိုပြီး မတင်ပို့တော့ဘဲ လိုင်စင်အရ ချထားပေးပြီးသားတွေထဲက ကျန်တဲ့ တန်ချိန် ခုနှစ်သိန်းအတွက် တစ်လကို တန်ချိန်တစ်သိန်းပဲ ပြည်ပကို တင်ပို့မှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကနေ နိုင်ငံပေါင်း ၅၀ ကျော်ကို တင်ပို့နေတဲ့ ဆန်တင်ပို့မှုအတွက် လိုင်စင်အသစ် ထပ်ချ မပေးဘဲ ရပ်ထားတာ နှစ်ပတ်လောက်ရှိပြီလို့ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"ပုံမှန်က ကျွန်တော်တို့ဆီမှာ ထွက်တာနဲ့စားသုံးတာနဲ့ အကြမ်းမျဉ်းတော့ ဒီစိုက်ပျိုးရေးမှာပါတဲ့ ဒေတာ မှာတော့ ကျွန်တော်တို့ဆီကထွက်တာ တစ်နှစ်ကိုတန်ချိန် ဆယ့်သုံးသန်းခွဲလောက် ထွက်တယ်ပေါ့၊ စားတာက ဆယ်သန်းကျော် စားတယ်၊ အကြမ်းမျဉ်း တန်ချိန် သုံးသန်းလောက်ပိုတယ်လို့ ပြောတယ်ပေါ့၊ ဒါကြောင့် တန်ချိန် နှစ်သန်းခွဲ သုံးသန်းလောက် ပြည်ပကိုပို့နေတဲ့အတွက်ကြောင့်မို့လို့ မလောက်တာတော့ သိပ် မဖြစ်နိုင်ဘူး၊ ပိုက်ဆံပေးရင်တော့ ဝယ်လို့ရမှာပေါ့၊ တစ်ခုပဲရှိတယ် ပြည်ပကိုအိတ်စ်ပို့ ပို့တာကိုပဲ ထိန်းချုပ်ဖို့ ရှိတာပေါ့၊ လောလောဆယ်တော့ လိုင်စင်တော့ ပိတ်ထားတယ်ရှိတယ်၊ နှစ်ပတ်လောက်ရှိပီ အိတ်စ်ပို့လိုင်စင် ချမပေးဘူး၊ အရင်ရှိတဲ့ လိုင်စင်တွေကတော့ ပို့နေတာပေါ့၊ လိုင်စင်တစ်ခုဟာ သက်တမ်းက ခြောက်လလောက် ရှိတယ်၊ အရင်ချထားပီးသားလိုင်စင်တွေရှိတယ် အဲဒါပဲပို့နေတယ်။"

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်ကို တင်ပို့လျက်ရှိပြီး တင်ပို့မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ဖြစ်ပါတယ်။

ပြည်ပတင်ပို့မှုတွေ အားလုံးရပ်ရင် တောင်သူလယ်သမားတွေအတွက် လာမယ့်နွေရာသီ စပါးပေါ်တဲ့အချိန် ဈေးကျတဲ့အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်လို့ လိုင်စင်ချထားပေးပြီးသလောက်အထိတော့ ပို့ဖို့ရှိတယ်လို့ ဆန်လုပ်ငန်းရှင် ဦးနေလင်းဇင်က RFA ကိုပြောပါတယ်။

"ပုံမှန်ကတော့ ပြည်တွင်းမှာစားသောက်ဖို့က လုံလောက်မှုရှိပါတယ်၊ တစ်ခုပဲ ပြည်ပကိုပို့တာ အလွန်အကျွံ မပို့ဖို့ပဲပေါ့၊ အဲဒါလည်း စီးပွားကူးသန်းနဲ့ ဟိုတစ်နေ့က အစည်းအဝေးလုပ်တယ်၊ ဆန်စပါးအသင်းချုပ်နဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ ပြည်ပကို အလွန်အကျွံ အများကြီးရောက်မသွားဆိုတာ ကျွန်တော်တို့ တစ်လကို တန်ချိန် တစ်သိန်းထက် ပိုမပို့နိုင်အောင်ပေါ့၊ အိတ်စ်ပို့ ပိတ်သွားရင်လည်း ဘာဖြစ်နိုင်လဲဆိုတော့ လယ်သမား တွေ စပါးပေါ်တဲ့အခါ ဈေးကျသွားခဲ့ရင် Covid - 19 နဲ့လည်း စီးပွားရေးကမကောင်းဘူး။ ကုန်ဈေးနှုန်းကလည်း တက်မယ်။ ပြီးတော့ စပါးဈေးကလည်း မရဘူးဆိုရင် လယ်သမားတွေ ဒုက္ခရောက်မှာပေါ့နော်၊ အဲလိုလည်း မဖြစ်အောင်၊ ပြည်တွင်းမှာ စားနပ်ရိက္ခာမဖူလုံမှာလည်း စိုးရိမ်တယ်၊ အဲတော့ တစ်လကို တန်ချီန်တစ်သိန်းပေါ့၊ အဲ့တော့ အခုလက်ရှိ ငါးလမှာ တန်ချိန် ၁.၄ သန်းပို့ပြီးသွားပီ၊ ကျွန်တော်တို့ ဒီနှစ်မှာ ၂.၂ သန်းလောက်ပို့ဖို့ မှန်းထားတယ်၊ ဆိုတော့တစ်လကိုတန်ချိန် ၁ သိန်းနဲ့ ၇ သိန်းလောက်ပဲ ပို့လို့ရတော့မယ့်အနေအထားမှာ ရှိတယ်။"

အစိုးရအနေနဲ့လည်း လက်ရှိမှာ အရံဆန် တန်ချိန် တစ်သောင်းခွဲလောက်ထားရှိပေမယ့် နောက်ထပ် ဆန်တန်ချိန် တစ်သိန်းလောက် ထပ်ဝယ်ပြီး ကြိုတင်ပြင်ဆင်ဖို့ လုပ်နေတယ်လို့လည်း ဦးနေလင်းဇင်က ဆိုပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေ အများဆုံးစားသုံးတဲ့ ပေါ်ဆန်း၊ ပေါ်ကျွဲ၊ ရက်ကိုးဆယ်၊ မီးဒုံး၊ သီးထပ် အစရှိတဲ့ ဆန်တွေဟာ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေဆီမှာ လက်ရှိ ဆန်တန်ချိန် သုံးသန်းလောက်ရှိပြီး ဧပြီ လကုန် နွေစပါးပေါ်လာရင် နောက်ထပ် တန်ချိန် နှစ်သန်းနီးပါးလောက် ထပ်ရလာမှာဖြစ်ပါတယ်။

ပြည်တွင်းစားသုံးမှုဟာ ပုံမှန် တစ်လကို ဆန်တန်ချိန် တစ်သန်းနီးပါးလောက်ပဲ ရှိတဲ့အတွက် ပြည်တွင်းအတွက် အလုံအလောက်ရှိပေမယ့် အထိတ်တလန့် မဝယ်ကြဖို့တော့လိုတယ်လို့ ဦးနေလင်းဇင်က ပြောပါတယ်။

"တန်ချိန်လက်ရှိက ပြည်တွင်းမှာက လူဦးရေက တစ်နှစ်ကို ဘယ်လောက်စားလဲဆိုရင် ဆယ်သန်းခွဲလောက် စားတယ်၊ ဆိုတော့တစ်လကို ကိုးသိန်းကျော် တစ်သန်းနီးပါး စားတယ်ပေါ့၊ လက်ထဲမှာတော့ ကျွန်တော်တို့ တန်ချိန် သုံးသန်း လေးသန်းလောက်ရှိပါတယ်၊ တန်ချိန် သုံးသန်းဆိုတာ ဈေးကွက်ထဲမှာရှိတဲ့ ပမာဏပေါ့၊ နောက်ထပ် အခု နွေစပါး ပေါ်လာပီဆိုရင် တန်ချိန် နှစ်သန်းလောက် ထပ်ထွက်လာဦးတယ်၊ ပုံမှန်တော့ ပြတ်လပ်သွားဖို့မရှိဘူး၊ အထိတ်တလန့် (Panic Bying) မဝယ်ဖို့ပဲလိုတာ၊ အဲလိုဝယ်ရင်တော့ ပြဿနာရှိတယ်၊ သူ့ပုံမှန်အတိုင်း သွားနေတာကို ပိုပြီးဝယ်ရင်တော့ ပုံမှန်ထက် ပြောင်းသွားမှာပေါ့၊ အဲတော့ လူတွေက အထိတ်တလန့်မဝယ်ကြဖို့နဲ့ လိုသလောက်ပဲဝယ်ကြဖို့ပေါ့၊ အချိန်မရွေးဝယ်လို့ရပါတယ်။"

မြန်မာနိုင်ငံ ဆန်စပါးအသင်းနဲ့ ညီနောင်အဖွဲ့တွေကလည်း ဆန်ဈေးမတက်အောင် စာတွေထုတ်ပြီး မေတ္တာရပ်ခံထားသလို စီးပွားကူးသန်း ဝန်ကြီးဌာနကလည်း ဆန်ဈေးတွေ အဆမတန် ဈေးတက်မရောင်းဖို့ ပြောဆိုထားတာတွေရှိတယ်လို့ ဦးနေလင်းဇင်က ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ တိုင်းအစိုးရနဲ့ ပရဟိတ အဖွဲ့တွေ ပူးပေါင်းပြီး We Love Yangon အဖွဲ့ဖွဲ့ကာ ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေကို ပြတ်လပ်မှုမရှိအောင် ရောင်းချပေးနေသလို ဆန်လုပ်ငန်းရှင်တွေကလည်း ဈေးမတက်ဘဲ ရောင်းချပေးနေပါတယ်။

မြန်မာနိုင်ငံနည်းတူ အခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာလည်း ပြည်ပ ဆန်တင်ပို့မှုတွေကို ယာယီရပ်နားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု တန်ချိန် ၁ ဒဿမ ၆၈ သန်းရှိခဲ့ပါတယ်။

သန့်ဇင်ဦး

RFA Burmese
https://www.rfa.org/burmese/program_2/rice-export-03312020055414.html
ျပည္ပကို ဆန္တင္ပို႔ခြင့္လိုင္စင္အသစ္ ခ်ထားေပးမႈ ရပ္ဆိုင္ ျပည္ပကို ဆန္တင္ပို႔ခြင့္လိုင္စင္အသစ္ ခ်ထားေပးမႈ ရပ္ဆိုင္ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.