ကုိရီးယားမွာ စီးပြားနာလန္ျပန္ထူဖုိ႔ လူထုကုိ အစုိးရကူညီမည္


(Zawgyi/Unicode)

ကိုရုိနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ စီးပြားေရးထိခိုက္ ေႏွးေကြး လာတာကို ျပန္လည္ႏႈိးဆြဖို႔အတြက္ ေတာင္ကိုရီးယားျပည္သူ အမ်ားစုကို အေရးေပၚ ေငြေၾကး ေထာက္ပံ့ သြားမယ္လုိ႔ အစိုးရက ေၾကညာလိုက္ပါတယ္။

တနလၤာေန႔တုန္းကျပဳလုပ္တဲ့ အထူးလုပ္ငန္းအဖြဲ႕နဲ႕ စည္းေဝးပြဲအတြင္း ေတာင္ကုိရီးယားသမၼတ မြန္းဂ်ယ္အင္းက ေၾကညာ လိုက္တာပါ။ ဝင္ေငြ အမ်ားဆုံးရ ေနတဲ့ ထိပ္ပိုင္း ၃၀% ခ်မ္းသာသူေတြက လြဲလုိ႔ က်န္တဲ့ ကိုရီးယားျပည္သူေတြကုိ တအိမ္ေထာင္ ေဒၚလာ ၈၂၀ စီ ေပးသြားမွာျဖစ္ပါတယ္။ ဒီအတြက္ စုစုေပါင္း ေငြပမာဏ ေဒၚလာ(၇.၄)ဘီလ်ံ သုံးစြဲရမွာပါ။

ကိုရိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ေရးအတြက္ ေတာင္ကုိရီးယားႏိုင္ငံတြင္း တင္းၾကပ္တဲ့ ပိတ္ပင္ကန္႔သတ္မႈေတြ လုပ္ခဲ့ခ်ိန္မွာ ျပည္သူေတြ နစ္နာခဲ့ရတာအတြက္ ျပန္လည္ေပးဆပ္ဖို႔ ဒီလို အေရးေပၚ ေထာက္ပံ့မႈ လုပ္တာလို႔ ေတာင္ကုိရီးယားသမၼတက ရွင္းျပပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္ ကူးစက္မႈ ေလ်ာ့က်သြားေပမဲ့ ကူးစက္မႈအသစ္ အမ်ားစုဟာ ႏိုင္ငံျခားက ဝင္ေရာက္လာသူေတြ ဆီက ျဖစ္တာေၾကာင့္ ေတာင္ကိုရီးယားကို လာမယ့္ ႏိုင္ငံျခားသားေတြနဲ႔ ျပည္ေတာ္ ျပန္သူေတြဟာ ဒီႏိုင္ငံထဲကို ေရာက္ရင္ ၁၄ ရက္ၾကာ မျဖစ္မေန သီးျခား ခြဲေနၿပီး ေစာင့္ၾကည့္ စစ္ေဆးခံရမွာ ျဖစ္ပါတယ္။

..................

ကိုရီးယားမှာ စီးပွားနာလန်ပြန်ထူဖို့ လူထုကို အစိုးရကူညီမည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် စီးပွားရေးထိခိုက် နှေးကွေး လာတာကို ပြန်လည်နှိုးဆွဖို့အတွက် တောင်ကိုရီးယားပြည်သူ အများစုကို အရေးပေါ် ငွေကြေး ထောက်ပံ့ သွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

တနင်္လာနေ့တုန်းကပြုလုပ်တဲ့ အထူးလုပ်ငန်းအဖွဲ့နဲ့ စည်းဝေးပွဲအတွင်း တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းက ကြေညာ လိုက်တာပါ။ ဝင်ငွေ အများဆုံးရ နေတဲ့ ထိပ်ပိုင်း ၃၀% ချမ်းသာသူတွေက လွဲလို့ ကျန်တဲ့ ကိုရီးယားပြည်သူတွေကို တအိမ်ထောင် ဒေါ်လာ ၈၂၀ စီ ပေးသွားမှာဖြစ်ပါတယ်။ ဒီအတွက် စုစုပေါင်း ငွေပမာဏ ဒေါ်လာ(၇.၄)ဘီလျံ သုံးစွဲရမှာပါ။

ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံတွင်း တင်းကြပ်တဲ့ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ခဲ့ချိန်မှာ ပြည်သူတွေ နစ်နာခဲ့ရတာအတွက် ပြန်လည်ပေးဆပ်ဖို့ ဒီလို အရေးပေါ် ထောက်ပံ့မှု လုပ်တာလို့ တောင်ကိုရီးယားသမ္မတက ရှင်းပြပါတယ်။

လက်ရှိမှာတော့ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ် ကူးစက်မှု လျော့ကျသွားပေမဲ့ ကူးစက်မှုအသစ် အများစုဟာ နိုင်ငံခြားက ဝင်ရောက်လာသူတွေ ဆီက ဖြစ်တာကြောင့် တောင်ကိုရီးယားကို လာမယ့် နိုင်ငံခြားသားတွေနဲ့ ပြည်တော် ပြန်သူတွေဟာ ဒီနိုင်ငံထဲကို ရောက်ရင် ၁၄ ရက်ကြာ မဖြစ်မနေ သီးခြား ခွဲနေပြီး စောင့်ကြည့် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

VOA Burmese News
https://burmese.voanews.com/a/south-korea-government-will-help-the-business-/5352984.html
ကုိရီးယားမွာ စီးပြားနာလန္ျပန္ထူဖုိ႔ လူထုကုိ အစုိးရကူညီမည္ ကုိရီးယားမွာ စီးပြားနာလန္ျပန္ထူဖုိ႔ လူထုကုိ အစုိးရကူညီမည္ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.