RCSS နဲ႔ တပ္မေတာ္ မိုင္းကိုင္မွာ တိုက္ပြဲျဖစ္ ေဒသခံတို႔ ထြက္​ေျပးရ

RCSS/SSA တပ္ဖြဲ႕ဝင္တခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္မွာ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS)နဲ႔တိုက္ပြဲျဖစ္ေနၿပီး အရာရွိနဲ႔ တပ္သားတခ်ိဳ႕ က်ဆုံးသြားတယ္လို႔ တပ္က ​ေျပာပါတယ္။ ေဒသခံေတြလည္း ေဘးလြတ္ရာ ထြက္ေျပးရပါတယ္။

တပ္မေတာ္က မိုင္းကိုင္ၿမိဳ႕ထဲ မူးယစ္ေဆးဝါးရွင္းလင္းဖို႔သြားခ်ိန္မွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ေျပာပါတယ္။

အဲဒီတိုက္ပြဲအတြင္း တပ္မေတာ္ဘက္က ေသဆုံးဒဏ္ရာရတာ ေတြရွိခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“RCSS က သူတို႔စခန္းေတြကို ကြၽန္ေတာ္တို႔က လာတိုက္လို႔လို႔ စြပ္စြဲထားတယ္။ မမွန္ပါဘူး။ ကြၽန္ေတာ္တို႔ သြားေရာက္ခ်ိန္မွာ သူတို႔က စတင္ၿပီးပစ္ခတ္လို႔ ကြၽန္ေတာ္တို႔ဆီက အရာရွိနဲ႔ စစ္သည္အခ်ိဳ႕ က်ဆုံးခဲ့တယ္။ အခ်ိဳ႕ ဒဏ္ရာရခဲ့တယ္။ ”

ေသဆုံး ဒဏ္ရာရသူ စာရင္းအတိအက်ကိုေတာ့ တပ္မေတာ္က ထုတ္ေဖာ္ေျပာဆိုျခင္း မရွိပါဘူး။

RCSS ေျပာေရးဆိုခြင့္ရွိသူေတြကို ေမးျမန္းရာမွာ တိုက္ပြဲျဖစ္ပြားတဲ့သတင္းသာ ရရွိထားၿပီး အေသးစိတ္ အေျခအေနကို မသိရေသးေၾကာင္း ေျပာပါတယ္။

NCA စာခ်ဳပ္လက္မွတ္ထိုးထားတဲ့ RCSS အေနနဲ႔ စာခ်ဳပ္ပါ စစ္ဘက္ဆိုင္ရာ က်င့္၀တ္ေတြကို လိုက္နာဖို႔ လိုတယ္လို႔  ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကစၿပီး ဟမ္းငိုက္ေက်း႐ြာအနီးက RCSS တပ္စခန္းကို တပ္မေတာ္ဘက္က တပ္ရင္း ေလးရင္းနဲ႔ ထိုးစစ္ဆင္တိုက္ခိုက္ေနၿပီး လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္တိုက္ခိုက္ေနတယ္လို႔ RCSS က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ RCSS အဖြဲ႕စခန္းရွိတဲ့ လြိဳင္တြမ္းေတာင္အနီးကို တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္တာေတြ ရဟတ္ယာဥ္ေတြ ပ်ံဝဲေနတာေတြရွိေနပါတယ္။

တိုက္ပြဲရက္ၾကာႏိုင္တယ္လို႔ ဒုဗိုလ္မႉးႀကီး အုမ္ေခးက ေျပာပါတယ္။

“တပ္မေတာ္ဘက္က ဆက္ၿပီးထိုးစစ္ဆင္ေနမယ္ဆိုရင္ တိုက္ပြဲကၾကာရွည္ႏိုင္တယ္။ အင္အား ထပ္ျဖည့္ေနတယ္။ မိုင္းကိုင္ဘက္ကို ကားဆယ္စီး လူအျပည့္နဲ႔ထပ္သြားေနတယ္လို႔ ၾကားသိရတယ္။ ဆိုလိုခ်င္တာက အင္အားထပ္ျဖည့္ေနတဲ့ သေဘာေပါ့ေနာ္။”

တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတဲ့ လြိဳင္တြမ္းေတာင္ဟာ မိုင္းကိုင္၊ ေက်းသီး၊ သီေပါၿမိဳ႕နယ္ေတြရဲ႕ အစပ္ေတာင္ေၾကာျဖစ္ပါတယ္။

ဒီေတာင္ေၾကာေပၚ  တိုက္ပြဲျဖစ္ေနတာ ဒီေန႔နဲ႔ဆို သုံးရက္ရွိေနၿပီလို႔  ေက်းသီးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းစံမိဏ္းက ေျပာပါတယ္။

“အခုလည္း လက္နက္ႀကီးေတြနဲ႔ ပစ္ေနတယ္။ တစ္ခ်က္တစ္ခ်က္ ၿမိဳ႕ကေနေတာင္ ၾကားေနရတယ္။ တပ္မေတာ္ဘက္က ေလယာဥ္ေတြနဲ႔ အဲဒီေတာင္နားမွာ ဝဲေနတယ္။ အခုထက္ထိ ဝဲေနတုန္းပဲ။ ၿပီးေတာ့သီေပါ ၿမိဳ႕နယ္ဘက္က တပ္မေတာ္က အဲဒီေတာင္ေပၚ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတာ။ ”

လက္နက္ႀကီးသံေတြေၾကာင့္ လြိဳင္ေတာင္းေတာင္အနီးက ေက်း႐ြာေတြျဖစ္တဲ့ ေကာင္းမူး၊ နားႏြဲ႕၊ မက္မန္း၊ ေဟြေမာင္နဲ႔ ပါတက္႐ြာက ေဒသခံတခ်ိဳ႕ ေက်းသီးၿမိဳ႕ေပၚကို ထြက္ေျပးေနၾကရပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ေနရာအနီးက ေက်း႐ြာေတြဟာ တယ္လီဖုန္းဆက္သြယ္ေရး ခက္ခဲ့ၿပီး ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ ဒုကၡသည္ အေရအတြက္ အတိအက်ကို သိရဖို႔ RFA က ႀကိဳးစားေနဆဲျဖစ္ပါတယ္။

အပစ္ရပ္လက္မွတ္ထိုးထားတဲ့ RCSS အဖြဲ႕ဟာ အခုျဖစ္ပြားတဲ့ တိုက္ပြဲေၾကာင့္ မတ္လ ဒုတိယအပတ္မွာလုပ္မယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းမႈ ေဆြးေႏြးေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC အစည္းအေဝး တက္ေရာက္ဖို႔ ဆုံးျဖတ္ထားတာကို ျပန္သုံးသပ္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ႏိုင္ငံေရးေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီး အရွိန္ေကာင္းေနတဲ့အခ်ိန္ အခုလို တိုက္ပြဲျဖစ္လာတာေတြေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ေႏွာင့္ေႏွးႏိုင္တယ္လို႔ သုံးသပ္သူကေတာ့ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးပါ။

“RCSS နဲ႔ တပ္မေတာ္ၾကား တပ္ေနရာခ်ထားေရးနဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းမရွိတာ အေျခခံအခ်က္ ျဖစ္လ္ိမ့္မယ္။ တပ္မေတာ္ဘက္ကလည္း RCSS ကိုေနရာခ်ေပးထားတာ အဲဒီေနရာမွာမဟုတ္ဘူး။ RCSS ကလည္း ဒါသူတို႔ေနရာျဖစ္တယ္ဆိုၿပီး အျငင္းပြားမႈ ရွိတယ္။ ဒါနဲ႔ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းမရွိတာ ပထမအခ်က္လို႔ ေျပာလို႔ရမယ္။”

တပ္မေတာ္ဟာ RCSS နဲ႔ တင္မက  KNU တပ္မဟာ ၅ ဧရိယာမွာလည္း စစ္ေရးတင္းမာမႈေတြ ျဖစ္ေနတာပါ။ ဒါေတြကို မထိန္းခ်ဳပ္ႏိုင္ရင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို ထိခိုက္လာႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
RCSS နဲ့ တပ်မတော် မိုင်းကိုင်မှာ တိုက်ပွဲဖြစ် ဒေသခံတို့ ထွက်ပြေးရ

RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နဲ့တိုက်ပွဲဖြစ်နေပြီး အရာရှိနဲ့ တပ်သားတချို့ ကျဆုံးသွားတယ်လို့ တပ်က ပြောပါတယ်။ ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးရပါတယ်။

တပ်မတော်က မိုင်းကိုင်မြို့ထဲ မူးယစ်ဆေးဝါးရှင်းလင်းဖို့သွားချိန်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က သေဆုံးဒဏ်ရာရတာ တွေရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“RCSS က သူတို့စခန်းတွေကို ကျွန်တော်တို့က လာတိုက်လို့လို့ စွပ်စွဲထားတယ်။ မမှန်ပါဘူး။ ကျွန်တော်တို့ သွားရောက်ချိန်မှာ သူတို့က စတင်ပြီးပစ်ခတ်လို့ ကျွန်တော်တို့ဆီက အရာရှိနဲ့ စစ်သည်အချို့ ကျဆုံးခဲ့တယ်။ အချို့ ဒဏ်ရာရခဲ့တယ်။ ”

သေဆုံး ဒဏ်ရာရသူ စာရင်းအတိအကျကိုတော့ တပ်မတော်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

RCSS ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းရာမှာ တိုက်ပွဲဖြစ်ပွားတဲ့သတင်းသာ ရရှိထားပြီး အသေးစိတ် အခြေအနေကို မသိရသေးကြောင်း ပြောပါတယ်။

NCA စာချုပ်လက်မှတ်ထိုးထားတဲ့ RCSS အနေနဲ့ စာချုပ်ပါ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုတယ်လို့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ဟမ်းငိုက်ကျေးရွာအနီးက RCSS တပ်စခန်းကို တပ်မတော်ဘက်က တပ်ရင်း လေးရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ RCSS က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ RCSS အဖွဲ့စခန်းရှိတဲ့ လွိုင်တွမ်းတောင်အနီးကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေရှိနေပါတယ်။

တိုက်ပွဲရက်ကြာနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

“တပ်မတော်ဘက်က ဆက်ပြီးထိုးစစ်ဆင်နေမယ်ဆိုရင် တိုက်ပွဲကကြာရှည်နိုင်တယ်။ အင်အား ထပ်ဖြည့်နေတယ်။ မိုင်းကိုင်ဘက်ကို ကားဆယ်စီး လူအပြည့်နဲ့ထပ်သွားနေတယ်လို့ ကြားသိရတယ်။ ဆိုလိုချင်တာက အင်အားထပ်ဖြည့်နေတဲ့ သဘောပေါ့နော်။”

တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတဲ့ လွိုင်တွမ်းတောင်ဟာ မိုင်းကိုင်၊ ကျေးသီး၊ သီပေါမြို့နယ်တွေရဲ့ အစပ်တောင်ကြောဖြစ်ပါတယ်။

ဒီတောင်ကြောပေါ်  တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိနေပြီလို့  ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်းက ပြောပါတယ်။

“အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ တစ်ချက်တစ်ချက် မြို့ကနေတောင် ကြားနေရတယ်။ တပ်မတော်ဘက်က လေယာဉ်တွေနဲ့ အဲဒီတောင်နားမှာ ဝဲနေတယ်။ အခုထက်ထိ ဝဲနေတုန်းပဲ။ ပြီးတော့သီပေါ မြို့နယ်ဘက်က တပ်မတော်က အဲဒီတောင်ပေါ် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ”

လက်နက်ကြီးသံတွေကြောင့် လွိုင်တောင်းတောင်အနီးက ကျေးရွာတွေဖြစ်တဲ့ ကောင်းမူး၊ နားနွဲ့၊ မက်မန်း၊ ဟွေမောင်နဲ့ ပါတက်ရွာက ဒေသခံတချို့ ကျေးသီးမြို့ပေါ်ကို ထွက်ပြေးနေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ကျေးရွာတွေဟာ တယ်လီဖုန်းဆက်သွယ်ရေး ခက်ခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက် အတိအကျကို သိရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့ဟာ အခုဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မတ်လ ဒုတိယအပတ်မှာလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းမှု ဆွေးနွေးရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေး တက်ရောက်ဖို့ ဆုံးဖြတ်ထားတာကို ပြန်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အရှိန်ကောင်းနေတဲ့အချိန် အခုလို တိုက်ပွဲဖြစ်လာတာတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနိုင်တယ်လို့ သုံးသပ်သူကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပါ။

“RCSS နဲ့ တပ်မတော်ကြား တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမရှိတာ အခြေခံအချက် ဖြစ်လိမ့်မယ်။ တပ်မတော်ဘက်ကလည်း RCSS ကိုနေရာချပေးထားတာ အဲဒီနေရာမှာမဟုတ်ဘူး။ RCSS ကလည်း ဒါသူတို့နေရာဖြစ်တယ်ဆိုပြီး အငြင်းပွားမှု ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမရှိတာ ပထမအချက်လို့ ပြောလို့ရမယ်။”

တပ်မတော်ဟာ RCSS နဲ့ တင်မက  KNU တပ်မဟာ ၅ ဧရိယာမှာလည်း စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာပါ။ ဒါတွေကို မထိန်းချုပ်နိုင်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
RCSS နဲ႔ တပ္မေတာ္ မိုင္းကိုင္မွာ တိုက္ပြဲျဖစ္ ေဒသခံတို႔ ထြက္​ေျပးရ RCSS နဲ႔ တပ္မေတာ္ မိုင္းကိုင္မွာ တိုက္ပြဲျဖစ္ ေဒသခံတို႔ ထြက္​ေျပးရ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.