မင္းျပားမွာ ေရတပ္နဲ႔ ေအေအၾကား တိုက္ပြဲေၾကာင့္ အရပ္သားတစ္ဦးေသ၊ ငါးဦးဒဏ္ရာရ


(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ၊ မင္းျပားၿမိဳ႕ရဲ႕ ေတာင္ဘက္ ေလးၿမိဳ႕ျမစ္ အတြင္းမွာ တပ္မေတာ္ ေရနဲ႔ ေအေအရခိုင့္တပ္ေတာ္ အၾကား ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ ည ၂ နာရီေက်ာ္ေလာက္မွာ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

ဒီလိုပစ္ခတ္မႈေတြေၾကာင့္ လက္နက္ႀကီး လက္နက္ငယ္ရဲ႕ က်ည္ေတြဟာ မင္းျပားၿမိဳ႕ေပၚ ေနရာေတြကို က်ေရာက္ခဲ့တဲ့အတြက္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ၿပီး အရပ္သား ၅ ဦးဒဏ္ရာရခဲ့ပါတယ္။

မင္းျပားၿမိဳ႕နယ္ထဲမွာရွိတဲ့ ေအေအနဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ တပ္စခန္းေတြကို စစ္ကူအျဖစ္ လက္နက္ခဲယမ္း ပို႔ေဆာင္တဲ့ ေရတပ္သေဘၤာသုံးစီးကို ေအေအဘက္က ပစ္ခတ္ခဲ့တာေၾကာင့္ အခုလို ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ခဲ့ေၾကာင္း ေအေအရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ဘီဘီစီကို ေျပာပါတယ္။

အဲဒီတိုက္ပြဲေတြ အတြင္းက ပစ္ခတ္လိုက္တဲ့ က်ည္ေတြဟာ ေလးၿမိဳ႕ျမစ္ကမ္းစပ္အနီးမွာ ရွိတဲ့ မင္းဘာႀကီး ရပ္ကြက္အတြင္းက ေနအိမ္ေတြမွာ က်ေရာက္ခဲ့ၿပီး အသက္ ၄၅ ႏွစ္အ႐ြယ္ ေဒၚသန္းႏုရီ ေသဆုံးကာ အမ်ိဳးသား ေလးေယာက္ နဲ႔ အမ်ိဳးသမီးတစ္ေယာက္တို႔ ဒဏ္ရာေတြ ရခဲ့တာျဖစ္တယ္လို႔ မင္းျပားၿမိဳ႕ခံတစ္ဦးက ဆိုပါတယ္။

တိုက္ပြဲဟာ ၾကပ္စင္တံတားအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး လူေနရပ္ကြက္ ထဲကို ပစ္ခတ္တာေတြ ရွိခဲ့တဲ့အတြက္ မင္းဘာႀကီးရပ္ကြက္အျပင္ ၿမိဳ႕ေပၚက တခ်ိဳ႕ေနရာေတြမွာလည္း က်ည္ေတြ က်ေရာက္တာ ရွိခဲ့တယ္လို႔ မင္းျပားၿမိဳ႕ခံေတြက ေျပာပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ အတည္ျပဳခ်က္ရရယူႏိုင္ဖို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္နဲ႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕တို႔ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒဏ္ရာရရွိတဲ့ သူေတြကေတာ့ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရတာမဟုတ္တဲ့ အတြက္ စိုးရိမ္ရတဲ့ အေနအထားမရွိေၾကာင္းနဲ႔ ေသုံးသူ ေဒၚသန္းႏုရီကေတာ့ ရင္ဘတ္ကို က်ည္ေဖာက္ဝင္သြားတာ ျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အဲဒီလို ပစ္ခတ္မႈေတြဟာ ညဘက္ျဖစ္တာေၾကာင့္ မနက္ပိုင္းမွာ ေရတပ္သေဘၤာတစ္စီးမွာ မီးခိုးေတြ ထြက္ေနတာ ျမင္တယ္လို႔ မင္းျပားၿမိဳ႕ခံက ဆိုပါတယ္။

ပစ္ခတ္မႈေတြ ျဖစ္ပြားတဲ့ ၾကပ္စင္တံတားနဲ႔ က်ည္ေတြ က်ေရာက္လူေသဆုံးတဲ့ မင္းဘာႀကီးရပ္ကြက္ဟာ ၁ မိုင္နဲ႔ ေလးဖာလုံ ကြာေဝးပါတယ္။
ရကၡိဳင့္တပ္မေတာ္ ေအေအ စစ္ဦးစီးခ်ဳပ္ နဲ႔ ဘီဘီစီ ေတြ႕ဆုံေမးျမန္းခန္း

မင္းျပားၿမိဳ႕နယ္အတြင္းမ်ာပဲ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား ေဖေဖာ္ဝါရီ လဆန္းပိုင္းကေန စတင္ကာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနၾကတာျဖစ္ၿပီး အဓိက တိုက္ပြဲ ျပင္းထန္ေနတဲ့ ရာေမာင္တံတားအနီးက တပ္စခန္းကို စစ္ကူေတြ လာေရာက္ ပို႔ေဆာင္တာပဲျဖစ္ပါတယ္။

တိုက္ပြဲေတြေၾကာင့္ မင္းျပား၊ ေျမပုံ၊ စစ္ေတြ ေျပးဆြဲေနတဲ့ ေ႐ႊျပည္တန္ အျမန္ေရယာဥ္လိုင္းကေတာ့ ရပ္နားထားရၿပီး မင္းျပားနဲ႔ ေပါက္ေတာ၊ ေျမပုံ၊ ေျမာက္ဦးတို႔ကို ေျပးဆြဲေနတဲ့ အေဝးေျပးလမ္းေတြကေတာ့ ပုံမွန္သြားလာေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
မင်းပြားမှာ ရေတပ်နဲ့ အေအေကြား တိုက်ပွဲကြောင့် အရပ်သားတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

Image caption မင်းပြားမှာ ရေတပ်နဲ့ အေအေကြား တိုက်ပွဲကြောင့် အရပ်သားတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ရဲ့ တောင်ဘက် လေးမြို့မြစ် အတွင်းမှာ တပ်မတော် ရေနဲ့ အေအေရခိုင့်တပ်တော် အကြား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၂ နာရီကျော်လောက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် လက်နက်ကြီး လက်နက်ငယ်ရဲ့ ကျည်တွေဟာ မင်းပြားမြို့ပေါ် နေရာတွေကို ကျရောက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၅ ဦးဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ်ထဲမှာရှိတဲ့ အေအေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တပ်စခန်းတွေကို စစ်ကူအဖြစ် လက်နက်ခဲယမ်း ပို့ဆောင်တဲ့ ရေတပ်သင်္ဘောသုံးစီးကို အေအေဘက်က ပစ်ခတ်ခဲ့တာကြောင့် အခုလို နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ကြောင်း အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေ အတွင်းက ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ လေးမြို့မြစ်ကမ်းစပ်အနီးမှာ ရှိတဲ့ မင်းဘာကြီး ရပ်ကွက်အတွင်းက နေအိမ်တွေမှာ ကျရောက်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်သန်းနုရီ သေဆုံးကာ အမျိုးသား လေးယောက် နဲ့ အမျိုးသမီးတစ်ယောက်တို့ ဒဏ်ရာတွေ ရခဲ့တာဖြစ်တယ်လို့ မင်းပြားမြို့ခံတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲဟာ ကြပ်စင်တံတားအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေရပ်ကွက် ထဲကို ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက် မင်းဘာကြီးရပ်ကွက်အပြင် မြို့ပေါ်က တချို့နေရာတွေမှာလည်း ကျည်တွေ ကျရောက်တာ ရှိခဲ့တယ်လို့ မင်းပြားမြို့ခံတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အတည်ပြုချက်ရရယူနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒဏ်ရာရရှိတဲ့ သူတွေကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတာမဟုတ်တဲ့ အတွက် စိုးရိမ်ရတဲ့ အနေအထားမရှိကြောင်းနဲ့ သေုံးသူ ဒေါ်သန်းနုရီကတော့ ရင်ဘတ်ကို ကျည်ဖောက်ဝင်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေဟာ ညဘက်ဖြစ်တာကြောင့် မနက်ပိုင်းမှာ ရေတပ်သင်္ဘောတစ်စီးမှာ မီးခိုးတွေ ထွက်နေတာ မြင်တယ်လို့ မင်းပြားမြို့ခံက ဆိုပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့ ကြပ်စင်တံတားနဲ့ ကျည်တွေ ကျရောက်လူသေဆုံးတဲ့ မင်းဘာကြီးရပ်ကွက်ဟာ ၁ မိုင်နဲ့ လေးဖာလုံ ကွာဝေးပါတယ်။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

မင်းပြားမြို့နယ်အတွင်းမျာပဲ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဖေဖော်ဝါရီ လဆန်းပိုင်းကနေ စတင်ကာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြတာဖြစ်ပြီး အဓိက တိုက်ပွဲ ပြင်းထန်နေတဲ့ ရာမောင်တံတားအနီးက တပ်စခန်းကို စစ်ကူတွေ လာရောက် ပို့ဆောင်တာပဲဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မင်းပြား၊ မြေပုံ၊ စစ်တွေ ပြေးဆွဲနေတဲ့ ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းကတော့ ရပ်နားထားရပြီး မင်းပြားနဲ့ ပေါက်တော၊ မြေပုံ၊ မြောက်ဦးတို့ကို ပြေးဆွဲနေတဲ့ အဝေးပြေးလမ်းတွေကတော့ ပုံမှန်သွားလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

BBC Burmese
https://www.bbc.com
မင္းျပားမွာ ေရတပ္နဲ႔ ေအေအၾကား တိုက္ပြဲေၾကာင့္ အရပ္သားတစ္ဦးေသ၊ ငါးဦးဒဏ္ရာရ မင္းျပားမွာ ေရတပ္နဲ႔ ေအေအၾကား တိုက္ပြဲေၾကာင့္ အရပ္သားတစ္ဦးေသ၊ ငါးဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.