ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေတာင္ကုိရီးယား Daegu ၿမိဳ႕ခံေတြ အခက္ႀကံဳ

Mask ၀ယ္ဖို႔ ေစာင့္ေနၾကတဲ့ Daegu ၿမိဳ႕ခံမ်ား
(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံျပင္ပမွာ ကို႐ုိနာဗိုင္းရပ္စ္ကူးစက္မႈ အမ်ားဆုံးႀကဳံေနရတဲ့ ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္မယ့္ အစီအစဥ္ေတြ တိုးျမႇင့္လာေနပါတယ္။ ကူးစက္မႈ အဓိကျဖစ္ပြားေနတဲ့ Daegu ၿမဳိ့မွာလည္း ျမန္မာႏိုင္ငံသားေတြအပါအဝင္ ၿမဳိ့ခံေတြ သတိထား သြားလာေနၾကရတာပါ။ အေၾကာင္းစုံကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပ ထားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံထဲ ကူးစက္မႈႏႈန္းက်ဆင္းလာခ်ိန္မွာ အိမ္နီးခ်င္းေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ေသာၾကာေန႔ည သတင္းေတြအရ ေရာဂါကူးစက္ ခံရသူအေရအတြက္ ၂၃၀၀ ေက်ာ္အထိ တိုးလာပါတယ္။ အမ်ားစုဟာ Daegu ၿမဳိ႕က ျဖစ္ပါတယ္။ ကုသမႈ ခံယူဆဲ လူနာတခ်ဳိ႕ သက္သာလို႔ ေဆး႐ုံက ဆင္းသြားၿပီလို႔ ေတာင္ကိုရီးယား က်န္းမာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး Kim Kang-Lip ကေျပာ ပါတယ္။

“ေဖေဖၚဝါရီ ၂၈ ရက္ ေသာၾကာေန႔မနက္ (၁၀)နာရီအထိ စာရင္းအရ ဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း (၂၂၀၀)ရွိတဲ့အထဲက (၂၆)ဦးက လုံးဝ ေပ်ာက္ကင္းသြားလို႔ ေဆး႐ုံက ဆင္းသြားပါၿပီ။ (၁၃)ဦး ေသဆုံး သြားပါတယ္။”

ေသာၾကာေန႔ တရက္ထဲမွာတင္ ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ (၂၆၀)ထက္မနည္း စံခ်ိန္တင္ တိုးလာတယ္လုိ႔ တာဝန္ရွိသူေတြက ေျပာတာပါ။ ေသာၾကာညပုိင္း ေတာင္ကိုရီးယား သတင္းေတြအရ ေရာဂါကူးစက္ခံရသူေပါင္း (၂၃၀၀)ေက်ာ္ထိ တိုးလာၿပီး အမ်ားစုဟာ Daegu ၿမဳိ့ကျဖစ္ တဲ့အတြက္ အနီေရာင္အဆင့္ထိ သတ္မွတ္ထားေၾကာင္း Daegu ၿမဳိ့မွာေနၿပီး ကိုရီးယား ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ သ႐ုပ္ေဆာင္လုပ္ေနတဲ့ မလွယမင္းအိမ္က VOA ကိုရွင္းျပပါတယ္။

“Daegu ကေတာ့ အနီေရာင္အဆင့္အထိ သတ္မွတ္ထားတယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေတာင္ကိုရီးယားမွာ ကူးစက္လူနာက ၂၃၃၇ ေယာက္အထိ ရွိသြားၿပီေပါ့ေနာ္ ဒီညအထိ စာရင္းထြက္တာက အခု Daegu တၿမိဳ႕ထဲမွာပဲ ၁၉၈၈ ေယာက္ျဖစ္ေနတာဆိုေတာ့ Daegu မွာတင္ ၂၀၀၀ နီးပါးျဖစ္ေနတယ္။ အခု Daeguက အဆိုးဆံုးျဖစ္ေနတယ္။”

ဒီလုိအေရးေပၚ အေျခအေနေၾကညာထားတဲ့ Daegu ၿမဳိ့က လမ္းမေတြေပၚမွာ လူအေတာ္ေလး ေျခာက္ကပ္သြားတယ္လို႔ မိုဘိုင္းဖုန္း အေရာင္းဆိုင္ဝန္ထမ္း Jo Kyung Mi ကေျပာပါတယ္။

“ အားလုံး ေတြ႔ၾကတဲ့အတိုင္းပါပဲ လမ္းေပၚမွာ လူတဝက္ေလာက္ ေလ်ာ့သြားပါတယ္။ လမ္းမွာ လူေတြကို သိပ္မေတြ႔ရ ေတာ့ပါဘူး။ လမ္းေပၚရွိတဲ့ လူတခ်ဳိ႕က်ေတာ့ သူတို႔အစီအစဥ္နဲ႔သူတို႔ သြားေနၾကတာပါ။ ”

စိုးရိမ္စရာ အေျခအေနရင္ဆိုင္ေနရတဲ့ Daegu ၿမဳိ့မွာေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြကေတာ့ အလုပ္စာခ်ဳပ္အရ မျဖစ္မေန အလုပ္ ဆင္းေနရဆဲျဖစ္တယ္လို႔ မလွယမင္းအိမ္က ေျပာပါတယ္။

“ ျမန္မာကေတာ့ Daegu မွာ ၃၀၀၀ ေက်ာ္ေလာက္ရွိတယ္လုိ႔ သတင္းရတယ္။ သူတို႔ကလည္း ေန႔စဥ္အလုပ္လုပ္ေနရတယ္ စက္ရံုေတြကလည္း မပိတ္ဘူးဆိုေတာ့ သူတို႔ ျပန္ဖို႔ မျပန္ဖို႔ဆိုတာက ဇေ၀ဇ၀ါျဖစ္ေနတာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ ပ်က္ကြက္လို႔ မရဘူးဆိုေတာ့ေလ ။ အဲဒီေတာ့ ေရာဂါက ျဖစ္ေနတာက ျဖစ္ေနတာပဲ လုပ္စရာရွိတဲ့အလုပ္ေတြက လုပ္ေနရတယ္ဆိုတဲ့ သေဘာမ်ိဳးပဲ ျဖစ္ေနတယ္။ ေက်ာင္းသားေက်ာင္းသူေတြကေတာ့ ေက်ာင္းဖြင့္ရက္ ၂ ပတ္ေလာက္ေနာက္ဆုတ္သြားတယ္။ ညီမတို႔ ေက်ာင္းတက္ေနတဲ့လူေတြကေတာ့ ျပန္သြားၾကတယ္ေပါ့ေနာ္ ျမန္မာျပည္ကို။

ေမး။ ။ ဆိုေတာ့ ညီမ သရုပ္ေဆာင္ရတဲ့ ရိုက္ကြင္းတို႔ သရုပ္ေဆာင္ရမယ့္ က႑ေတြက်ေတာ့ ဒီလိုဗိုင္းရပ္စ္နဲ႔ ရိုက္ခတ္မႈေတြျဖစ္ေနေတာ့ အဲဒီလုပ္ငန္းခြင္အတြက္ ဘယ္လိုအေျခအေန ဆိုက္ေရာက္သြားသလဲ။ ဒါမွမဟုတ္ရင္ ရပ္ထားရသလား။

ေျဖ။ ။ အကုန္လံုးနီးပါးေတာ့ နားလိုက္ရၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေတာင္ကိုရီးယားအစိုးရက အမိန္႔ထုတ္လိုက္တယ္ေလ။ လူစုလူေ၀း လံုး၀မလုပ္ဖို႔ဆိုေတာ့ အဲဒီေတာ့ ဒီ ကိုရီးယား တႏိုင္ငံလံုးမွာ လူစုလူေ၀းမျဖစ္ေအာင္ ညီမတို႔ ရိုက္ကူးေရးကို နားထားတယ္ေပ့ါေနာ္။ ဒါေပမယ့္ ညီမတို႔ ရိုက္ကူးေရးက ႀကိဳရိုက္ထားတာေတြ မ်ားေတာ့ အခုေလာေလာဆယ္က ရိုက္ထားၿပီးသား အပိုင္းေတြကို လႊင့္ေနတာေပါ့ေနာ္။ အေျခအေနကို ေစာင့္ၾကည့္ေနရတာေပါ့ ဒါမွမဟုတ္ရင္ ညီမတို႔ program လည္း ခဏ နားရင္နားမွာေပါ့ေနာ္။ အခုက TV မွာ ကို႐ုိနာနဲ႔ ပတ္သက္တဲ့ သတင္းေတြပဲ တင္ေနတယ္။ entertainment ဘက္ကို သိပ္မျပျဖစ္ဘူး ျဖစ္သြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရိုက္ကူးေရးေတြ အကုန္လံုးနီးပါး နားထားလိုက္ရေတာ့ေလ။”

Daegu ၿမဳိ့က အထူးစိုးရိမ္ရတဲ့ လူနာေတြကို အျခားၿမဳိ့က ေဆး႐ုံေတြဆီ ပို႔ၿပီးကုသမႈေပးေနပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံ အျပင္ဘက္မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံးျဖစ္လာတာေၾကာင့္ ေတာင္ကိုရီးယားအစိုးရက ဆရာဝန္ေတြနဲ႔ သူ႔စစ္တပ္ကို ေရာဂါ ကူးစက္ခံရတဲ့ေဒသေတြဆီ ေစလႊတ္ထားၿပီး ကုသမႈနဲ႔ ခြဲျခား ေစာင့္ၾကည့္မႈေတြ လုပ္ေနပါတယ္။

................

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား Daegu မြို့ခံတွေ အခက်ကြုံ

(Unicode)

တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးကြုံနေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ့် အစီအစဉ်တွေ တိုးမြှင့်လာနေပါတယ်။ ကူးစက်မှု အဓိကဖြစ်ပွားနေတဲ့ Daegu မြို့မှာလည်း မြန်မာနိုင်ငံသားတွေအပါအဝင် မြို့ခံတွေ သတိထား သွားလာနေကြရတာပါ။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံထဲ ကူးစက်မှုနှုန်းကျဆင်းလာချိန်မှာ အိမ်နီးချင်းတောင်ကိုရီးယားနိုင်ငံမှာတော့ သောကြာနေ့ည သတင်းတွေအရ ရောဂါကူးစက် ခံရသူအရေအတွက် ၂၃၀၀ ကျော်အထိ တိုးလာပါတယ်။ အများစုဟာ Daegu မြို့က ဖြစ်ပါတယ်။ ကုသမှု ခံယူဆဲ လူနာတချို့ သက်သာလို့ ဆေးရုံက ဆင်းသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး Kim Kang-Lip ကပြော ပါတယ်။

“ဖေဖေါ်ဝါရီ ၂၈ ရက် သောကြာနေ့မနက် (၁၀)နာရီအထိ စာရင်းအရ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၂၂၀၀)ရှိတဲ့အထဲက (၂၆)ဦးက လုံးဝ ပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားပါပြီ။ (၁၃)ဦး သေဆုံး သွားပါတယ်။”

သောကြာနေ့ တရက်ထဲမှာတင် နောက်ထပ် ရောဂါကူးစက်ခံရသူ (၂၆၀)ထက်မနည်း စံချိန်တင် တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောတာပါ။ သောကြာညပိုင်း တောင်ကိုရီးယား သတင်းတွေအရ ရောဂါကူးစက်ခံရသူပေါင်း (၂၃၀၀)ကျော်ထိ တိုးလာပြီး အများစုဟာ Daegu မြို့ကဖြစ် တဲ့အတွက် အနီရောင်အဆင့်ထိ သတ်မှတ်ထားကြောင်း Daegu မြို့မှာနေပြီး ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်လုပ်နေတဲ့ မလှယမင်းအိမ်က VOA ကိုရှင်းပြပါတယ်။

“Daegu ကတော့ အနီရောင်အဆင့်အထိ သတ်မှတ်ထားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကိုရီးယားမှာ ကူးစက်လူနာက ၂၃၃၇ ယောက်အထိ ရှိသွားပြီပေါ့နော် ဒီညအထိ စာရင်းထွက်တာက အခု Daegu တမြို့ထဲမှာပဲ ၁၉၈၈ ယောက်ဖြစ်နေတာဆိုတော့ Daegu မှာတင် ၂၀၀၀ နီးပါးဖြစ်နေတယ်။ အခု Daeguက အဆိုးဆုံးဖြစ်နေတယ်။”

ဒီလိုအရေးပေါ် အခြေအနေကြေညာထားတဲ့ Daegu မြို့က လမ်းမတွေပေါ်မှာ လူအတော်လေး ခြောက်ကပ်သွားတယ်လို့ မိုဘိုင်းဖုန်း အရောင်းဆိုင်ဝန်ထမ်း Jo Kyung Mi ကပြောပါတယ်။

“ အားလုံး တွေ့ကြတဲ့အတိုင်းပါပဲ လမ်းပေါ်မှာ လူတဝက်လောက် လျော့သွားပါတယ်။ လမ်းမှာ လူတွေကို သိပ်မတွေ့ရ တော့ပါဘူး။ လမ်းပေါ်ရှိတဲ့ လူတချို့ကျတော့ သူတို့အစီအစဉ်နဲ့သူတို့ သွားနေကြတာပါ။ ”

စိုးရိမ်စရာ အခြေအနေရင်ဆိုင်နေရတဲ့ Daegu မြို့မှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကတော့ အလုပ်စာချုပ်အရ မဖြစ်မနေ အလုပ် ဆင်းနေရဆဲဖြစ်တယ်လို့ မလှယမင်းအိမ်က ပြောပါတယ်။

“ မြန်မာကတော့ Daegu မှာ ၃၀၀၀ ကျော်လောက်ရှိတယ်လို့ သတင်းရတယ်။ သူတို့ကလည်း နေ့စဉ်အလုပ်လုပ်နေရတယ် စက်ရုံတွေကလည်း မပိတ်ဘူးဆိုတော့ သူတို့ ပြန်ဖို့ မပြန်ဖို့ဆိုတာက ဇဝေဇဝါဖြစ်နေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပျက်ကွက်လို့ မရဘူးဆိုတော့လေ ။ အဲဒီတော့ ရောဂါက ဖြစ်နေတာက ဖြစ်နေတာပဲ လုပ်စရာရှိတဲ့အလုပ်တွေက လုပ်နေရတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်နေတယ်။ ကျောင်းသားကျောင်းသူတွေကတော့ ကျောင်းဖွင့်ရက် ၂ ပတ်လောက်နောက်ဆုတ်သွားတယ်။ ညီမတို့ ကျောင်းတက်နေတဲ့လူတွေကတော့ ပြန်သွားကြတယ်ပေါ့နော် မြန်မာပြည်ကို။

မေး။ ။ ဆိုတော့ ညီမ သရုပ်ဆောင်ရတဲ့ ရိုက်ကွင်းတို့ သရုပ်ဆောင်ရမယ့် ကဏ္ဍတွေကျတော့ ဒီလိုဗိုင်းရပ်စ်နဲ့ ရိုက်ခတ်မှုတွေဖြစ်နေတော့ အဲဒီလုပ်ငန်းခွင်အတွက် ဘယ်လိုအခြေအနေ ဆိုက်ရောက်သွားသလဲ။ ဒါမှမဟုတ်ရင် ရပ်ထားရသလား။

ဖြေ။ ။ အကုန်လုံးနီးပါးတော့ နားလိုက်ရပြီ။ ဘာဖြစ်လို့လဲဆိုတော့ တောင်ကိုရီးယားအစိုးရက အမိန့်ထုတ်လိုက်တယ်လေ။ လူစုလူဝေး လုံးဝမလုပ်ဖို့ဆိုတော့ အဲဒီတော့ ဒီ ကိုရီးယား တနိုင်ငံလုံးမှာ လူစုလူဝေးမဖြစ်အောင် ညီမတို့ ရိုက်ကူးရေးကို နားထားတယ်ပေ့ါနော်။ ဒါပေမယ့် ညီမတို့ ရိုက်ကူးရေးက ကြိုရိုက်ထားတာတွေ များတော့ အခုလောလောဆယ်က ရိုက်ထားပြီးသား အပိုင်းတွေကို လွှင့်နေတာပေါ့နော်။ အခြေအနေကို စောင့်ကြည့်နေရတာပေါ့ ဒါမှမဟုတ်ရင် ညီမတို့ program လည်း ခဏ နားရင်နားမှာပေါ့နော်။ အခုက TV မှာ ကိုရိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေပဲ တင်နေတယ်။ entertainment ဘက်ကို သိပ်မပြဖြစ်ဘူး ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုက်ကူးရေးတွေ အကုန်လုံးနီးပါး နားထားလိုက်ရတော့လေ။”

Daegu မြို့က အထူးစိုးရိမ်ရတဲ့ လူနာတွေကို အခြားမြို့က ဆေးရုံတွေဆီ ပို့ပြီးကုသမှုပေးနေပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံ အပြင်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်လာတာကြောင့် တောင်ကိုရီးယားအစိုးရက ဆရာဝန်တွေနဲ့ သူ့စစ်တပ်ကို ရောဂါ ကူးစက်ခံရတဲ့ဒေသတွေဆီ စေလွှတ်ထားပြီး ကုသမှုနဲ့ ခွဲခြား စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေတာင္ကုိရီးယား Daegu ၿမိဳ႕ခံေတြ အခက္ႀကံဳ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေတာင္ကုိရီးယား Daegu ၿမိဳ႕ခံေတြ အခက္ႀကံဳ Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.