ျမန္မာႏိုင္ငံက Mytel အေကာင္႔တခ်ိဳ႕အပိတ္ခံရ

Facebook မွ ဖယ္ရွားလိုက္တဲ႔ Page တခု ( ဓာတ္ပံု Facebook တရား၀င္ ထုတ္ျပန္ခ်က္)
(Zawgyi)⤵⤵⤵
လူမႈကြန္ရက္ေတြမွာ မ႐ုိးသားတဲ့ လုပ္ရပ္ေတြအတြက္ ျမန္မာႏုိင္ငံ အပါအ၀င္ ႏုိင္ငံတခ်ဳိ႕က အေကာင့္ေတြကုိ ပိတ္လုိက္ေၾကာင္း Facebook က ေၾကညာလုိက္ပါတယ္။

ျမန္မာႏုိင္ငံတြင္းက အြန္လုိင္းသုံးသူေတြကုိ ပစ္မွတ္ထားၿပီး ျမန္မာနဲ႔ ဗီယက္နမ္ႏုိင္ငံတုိ႔မွာ အေျခစုိက္ထားတဲ့ အေကာင့္အတုေတြကေန ႀကိဳးပမ္းခဲ့ေၾကာင္းလည္း ဗုဒၶဟူးေန႔က Facebook ရဲ႕ လုံၿခံဳေရးမူ၀ါဒဆုိင္ရာ အႀကီးအကဲ Nathaniel Gleicher က ထုတ္ျပန္တဲ့ ေၾကညခ်က္မွာ ေဖာ္ျပထားတာပါ။ ေဖာ္ထုတ္ေတြ႔ရွိတဲ့ အေကာင့္ေတြဟာ သူတုိ႔ဘယ္သူဘယ္၀ါျဖစ္ေၾကာင္း မသိေအာင္ ဖုံးကြယ္လွည့္စားထားတာ ေတြ႔ရတယ္လုိ႔လည္း ဆုိပါတယ္။

စည္းကမ္းခ်ဳိးေဖာက္ခဲ့တဲ႔ အတြက္ ျမန္မာနဲ႔ ဗီယက္နမ္ႏုိင္ငံေတြက Facebook account ၁၃ ခုနဲ႔ စာမ်က္ႏွာ ၁၀ ခုကုိ ဖယ္ရွားလုိက္တယ္လုိ႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ဘယ္သူဘယ္၀ါမွန္း မသိရသူေတြက အေကာင့္အတုေတြသုံးၿပီး Facebook စာမ်က္ႏွာေတြမွာ သီးျခားလြတ္လပ္တဲ့ တယ္လီဖုန္းဆက္သြယ္ေရး လုပ္ငန္းအျဖစ္ ဖန္တီးထားခဲ့ေၾကာင္းနဲ႔ တျခားလုပ္ငန္းေတြနဲ႔ ၀န္ေဆာင္မႈေတြကုိ ေ၀ဖန္တုိက္ခုိက္တာမ်ဳိးေတြ ရွိခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

ေနာက္ကြယ္က ႀကိဳးကုိင္ေနသူေတြဟာ ဘယ္သူဆုိတာ မသိေအာင္ ဖုံးကြယ္ထားေပမဲ့လည္း Facebook က စုံစမ္းေဖာ္ထုတ္ရာမွာ တယ္လီဖုန္း ဆက္သြယ္ေရး လုပ္ငန္းေတြျဖစ္တဲ့ ျမန္မာႏုိင္ငံက Mytel နဲ႔ ဗီယက္နမ္ႏုိင္ငံက Viettel အျပင္၊ ဗီယက္နမ္ ေၾကာ္ျငာလုပ္ငန္း Gapit Communications တုိ႔ ပတ္သက္ေနတာ ေတြ႔ရေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။

Facebook ရဲ႕ ထုတ္ျပန္ခ်က္မွာပဲ ျမန္မာႏုိင္ငံက ဖယ္ရွားလုိက္တဲ့ စာမ်က္ႏွာတခ်ဳိ႕ကုိ Screen shot ကူးယူထားတဲ့ ပုံေတြနဲ႔တကြ ေဖာ္ျပထားပါတယ္။ အလားတူ ႐ုရွားႏုိင္ငံမွာ အေျခစုိက္ၿပီး ယူကရိန္းနဲ႔ အိမ္နီးခ်င္းႏုိင္ငံေတြမွာ ႏုိင္ငံေရး၊ လူမ်ဳိးေရး ျပႆနာေတြမွာ ၾကား၀င္စြက္ဖက္တာ ပစ္မွတ္ထားခဲ့တာ၊ အီရန္ႏုိင္ငံမွာ အေျခစုိက္ၿပီး အေမရိကန္ကုိ တုိက္ခုိက္ဖုိ႔ ရည္ရြယ္ခဲ့တဲ့ အေကာင့္ေတြကုိလည္း Facebook က ဖယ္ရွားခဲ့ပါတယ္။


(Unicode)⤵⤵⤵

မြန်မာနိုင်ငံက Mytel အကောင့်တချို့အပိတ်ခံရ

လူမှုကွန်ရက်တွေမှာ မရိုးသားတဲ့ လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့က အကောင့်တွေကို ပိတ်လိုက်ကြောင်း Facebook က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက အွန်လိုင်းသုံးသူတွေကို ပစ်မှတ်ထားပြီး မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အခြေစိုက်ထားတဲ့ အကောင့်အတုတွေကနေ ကြိုးပမ်းခဲ့ကြောင်းလည်း ဗုဒ္ဓဟူးနေ့က Facebook ရဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Nathaniel Gleicher က ထုတ်ပြန်တဲ့ ကြေညချက်မှာ ဖော်ပြထားတာပါ။ ဖော်ထုတ်တွေ့ရှိတဲ့ အကောင့်တွေဟာ သူတို့ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိအောင် ဖုံးကွယ်လှည့်စားထားတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။


စည်းကမ်းချိုးဖောက်ခဲ့တဲ့ အတွက် မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက Facebook account ၁၃ ခုနဲ့ စာမျက်နှာ ၁၀ ခုကို ဖယ်ရှားလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက အကောင့်အတုတွေသုံးပြီး Facebook စာမျက်နှာတွေမှာ သီးခြားလွတ်လပ်တဲ့ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းအဖြစ် ဖန်တီးထားခဲ့ကြောင်းနဲ့ တခြားလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝေဖန်တိုက်ခိုက်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နောက်ကွယ်က ကြိုးကိုင်နေသူတွေဟာ ဘယ်သူဆိုတာ မသိအောင် ဖုံးကွယ်ထားပေမဲ့လည်း Facebook က စုံစမ်းဖော်ထုတ်ရာမှာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေဖြစ်တဲ့ မြန်မာနိုင်ငံက Mytel နဲ့ ဗီယက်နမ်နိုင်ငံက Viettel အပြင်၊ ဗီယက်နမ် ကြော်ငြာလုပ်ငန်း Gapit Communications တို့ ပတ်သက်နေတာ တွေ့ရကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားတာပါ။
Facebook ရဲ့ ထုတ်ပြန်ချက်မှာပဲ မြန်မာနိုင်ငံက ဖယ်ရှားလိုက်တဲ့ စာမျက်နှာတချို့ကို Screen shot ကူးယူထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

အလားတူ ရုရှားနိုင်ငံမှာ အခြေစိုက်ပြီး ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေး၊ လူမျိုးရေး ပြဿနာတွေမှာ ကြားဝင်စွက်ဖက်တာ ပစ်မှတ်ထားခဲ့တာ၊ အီရန်နိုင်ငံမှာ အခြေစိုက်ပြီး အမေရိကန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တဲ့ အကောင့်တွေကိုလည်း Facebook က ဖယ်ရှားခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာႏိုင္ငံက Mytel အေကာင္႔တခ်ိဳ႕အပိတ္ခံရ ျမန္မာႏိုင္ငံက Mytel အေကာင္႔တခ်ိဳ႕အပိတ္ခံရ Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.