သမၼတ Trump ရဲ႕ ျပည္၀င္ခြင့္ကန္႔သတ္ခ်က္အေပၚ ကန္ ေရာက္ ျမန္မာေတြ စုိးရိမ္

indianapolis မွာ က်င္းပေနတဲ့ အေမရိကန္ လူ၀င္မႈ ႀကီးၾကပ္ေရးဆိုင္ရာ ပညာေပးေဆြးေႏြးပြဲကို တက္ေရာက္လာတဲ့ ျမန္မာတုိင္းရင္းသားမ်ား (ဓါတ္ပံု- Elaisa Vahie’s Facebook)
(Zawgyi/Unicode)

သမၼတ Donald Trump ရဲ႕ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈအသစ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ ေရႊ႕ေျပာင္းအေျခခ်ေနထိုင္ေနတဲ့ ျမန္မာတိုင္းရင္းသားေတြအေနနဲ႔ ျမန္မာႏိုင္ငံမွာ က်န္ခဲ့တဲ့ သူတို႔မိသားစု၀င္ေတြကို အၿပီးေခၚယူခြင့္မရေတာ့မယ့္ အေျခအေနအတြက္ စိုးရိမ္ေနၾကပါတယ္။

ဒါေပမယ့္ သမၼတ Trump ရဲ႕အမိန္႔ေၾကညာခ်က္မွာ လူတစ္ဦးေယာက္ခ်င္းစီရဲ႕ အေၾကာင္းကိစၥေပၚမူတည္ၿပီး ေျဖေလွ်ာ့ေပးမႈနဲ႔ ကင္းလြတ္ခြင့္ စဥ္းစားသြားမယ္လို႔ ေဖၚျပထားပါတယ္။

မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ဇန္န၀ါရီလကုန္က သမၼတ Trump ျပဌာန္းလိုက္တဲ့ ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္တဲ့ ေျခာက္ႏိုင္ငံထဲမွာ ျမန္မာထည့္သြင္းခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ေရာက္ ျမန္မာတိုင္းရင္းသားေတြဘက္က စိုးရိမ္မႈေတြ ရွိလာခဲ့ပါတယ္။ အမ်ားစုဟာ အရင္ကတည္းက မိသားစု၀င္ေတြနဲ႔ ႏွစ္ေပါင္းအေတာ္ၾကာ ေ၀းကြာေနသူေတြျဖစ္ၿပီး မိသားစု၀င္ ေတြေခၚယူေရး အစကတည္းက အခက္အခဲေတြရွိေနတဲ့ၾကားက အခုလို ကန္႔သတ္မႈေၾကာင့္ ပိုၿပီး ခက္ခဲသြားမလားဆိုၿပီး စိုးရိမ္ေနၾကတာပါ။

ေဖေဖၚ၀ါရီလ (၈)ရက္ စေနေန႔က အင္ဒီယားနားျပည္နယ္ Indianapolis မွာ တိုင္းရင္းသားအဖဲြ႔အစည္းေတြစုေ၀းၿပီး သမၼတ Trump ရဲ႕ ျပည္၀င္ခြင့္ ဗီဇာ ကန္႔သတ္မႈေၾကာင့္ သူတို႔ရင္ဆိုင္ရမယ့္ အခက္အခဲေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ေဆြးေႏြးပဲြကို စီစဥ္သူ တဦးျဖစ္တဲ့ အင္ဒီယားနားျပည္နယ္အေျခစိုက္ BACI (Burmese American Community Institute) ရဲ႕အမႈေဆာင္ညြန္ၾကားေရးမွဴး Elaisa Vahnie ေအလိုင္ဇာဗာနီးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“အထူးသျဖင့္ေတာ့ မိသားစုေတြေပါ့ေလ ၊ သူတို႔သားသမီးေတြကို ေခၚလို႔မရေတာ့ဘူး ၊ လင္မယားကိုလည္း ေခၚလို႔မရေတာ့ဘူး၊ သူတို႔ အေဖအေမကိုလည္း ေခၚလို႔မရေတာ့ဘူး ။ Visit နဲ႔ေတာ့ ေခၚလို႔ရတာေပါ့ေနာ္။ ဒါေပမယ့္ ဒီကိုေျပာင္းေရႊ႕ၿပီးေတာ့မွ ေနထိုင္ခြင့္မရေတာ့ဘူး ဆိုတဲ့ သေဘာ သက္ေရာက္သြားတာေပါ့ေနာ္။”

လက္ရွိ အင္ဒီယားနားျပည္နယ္မွာ ဒုကၡသည္အျဖစ္ အေျခခ်ေနထိုင္ေနတဲ့ လူဦးေရ ခန္႔မွန္းေခ် သံုးေသာင္းေက်ာ္ေလာက္ရွိၿပီး အေမရိကန္တ၀ွမ္း စုစုေပါင္းလူဦးေရ သံုးသိန္းေက်ာ္ေလာက္ရွိတယ္လို႔ Elaisa Vahnie က ဆိုပါတယ္။ ဒါေၾကာင့္ အေမရိကန္အစိုးရက ျပည္၀င္ခြင့္ဗီဇာကန္႔သတ္ခ်က္ေၾကာင့္ ျမန္မာႏိုင္ငံမွာ က်န္ခဲ့တဲ့ မိသားစု၀င္ေတြကို Immigrant ေရႊ႕ေျပာင္းအေျခစိုက္ ဗီဇာနဲ႔ ေခၚယူေရး အေတာ္ေလး ထိခိုက္မယ့္သူ ရာနဲ႔ခ်ီ အမ်ားအျပားရွိေနတယ္လို႔လည္း သူက အခုလိုေျပာပါတယ္။

“အဲဒါေၾကာင့္ပဲ က်ေနာ္တို႔ Survey လုပ္ေနရတာျဖစ္ပါတယ္။ တလအတြင္းေလာက္မွာဆိုရင္ က်ေနာ္တို႔ ဘယ္ေလာက္ေလာက္ရွိမယ္ဆိုတာ ခန္႔မွန္းခ်က္ ေကာင္းေကာင္းရႏိုင္မယ္လို႔ က်ေန္ာေမွ်ာ္လင့္တယ္။ Indianapolis မွာဆိုရင္ ၄၀၀-၅၀၀ ေလာက္ရွိမယ္လို႔ ယူဆတယ္။ အဲဒီလို အေရအတြက္ကို ၾကည့္တဲ့ေနရာမွာ- တခုကေတာ့ case by case ေပါ့။ ဒီ case တခုမွာ လူဘယ္ႏွစ္ေယာက္ပါသလဲ ဆိုတာလည္း ရွိတာကို။ လူနဲ႔တြက္မယ္ဆိုရင္ မ်ားႏိုင္တယ္။ မိသားစုတခုမွာ လူက ၁ ေယာက္ကေန ၅ ေယာက္ စသျဖင့္ ရွိႏိုင္တာ ဆိုေတာ့ အဲဒါေတြလည္း က်ေနာ္တို႔ နားလည္ႏိုင္ဖို႔ က်ေနာ္တို႔ ႀကိဳးစားေနပါတယ္။”

အလားတူ Oklahoma ျပည္နယ္မွာ ေနထိုင္ေနတဲ့ ဇိုမီးတိုင္းရင္းသား Suan Mang ကလည္း ကေလးၿမိဳ႕နားက ရြာမွာရွိတဲ့ သူ႔မိဘေတြကို အေမရိကန္မွာ လာေရာက္ေနထိုင္ဖို႔ ေခၚယူေရးကိစၥ နဲ႔ အျခား သူတို႔အသိုင္းအ၀ိုင္းက သူေတြလည္း မိသားစုေတြ ေခၚယူေရးမွာ ထိခိုက္မႈ ရွိေနတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“သမၼတ Trump ရဲ႕ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္ခ်က္က က်ေနာ္တို႔ အသိုင္းအ၀ိုင္းတခုလံုးကို အေတာ္ေလးထိခိုက္ပါတယ္။ ဒီကို က်ေနာ္မိဘေတြေခၚဖို႔ ကိစၥမွာ ဒီကန္႔သတ္ခ်က္ေၾကာင့္ ဗီဇာရဖို႔ မလြယ္ဘူးျဖစ္သြားပါတယ္။”

လက္ရွိမွာေတာ့ အေမရိကန္ျပည္ေထာင္စုမွာရွိေနတဲ့ ျမန္မာတိုင္းရင္းသားေတြအေနနဲ႔ ျမန္မာအေပၚ ဗီဇာကန္႔သတ္ခ်က္ကို ေျဖေလ်ာ့ ကင္းလြတ္ခြင့္ရေရး စုေပါင္းလက္မွတ္ထိုး ေတာင္းဆိုဖို႔ အစီအစဥ္ကို ေဆာင္ရြက္ေနေၾကာင္း Elaisa Vahnie ကေျပာပါတယ္။

“ သူတို႔ (exception) ခြ်င္းခ်က္ ေပးထားတာေတာ့ရွိတယ္။ အဲဒီမွာ အေမရိကန္အစိုးရကို ကူညီတဲ့လူေတြဆိုရင္ သူတို႔ exception ရၿပီးသားျဖစ္တယ္။ ဒါကို သူတို႔ case by case အင္တာဗ်ဴးလုပ္တဲ့အခ်ိန္မွာ ဆံုးျဖတ္သြားမယ္လို႔ သူတို႔ကေတာ့ ေျပာတယ္။ ဒါေပမယ့္ အားလံုးအတြက္ exception (သို႔မဟုတ္) waiver ကင္းလြတ္ခြင့္ ရႏိုင္ဖို႔အတြက္ကေတာ့ က်ေနာ္တို႔ လုပ္ဖို႔ စီစဥ္ေနတယ္။ ဘယ္ႏွစ္ေယာက္ ၊ မိသားစုဘယ္ေလာက္ က်ေနာ္တို႔ အသိုင္းအ၀ိုင္းထဲမွာ ရွိသလဲဆိုတာ ပထမဦးဆံုးနားလည္ဖို႔လိုတယ္။ အဲဒီ survey ကို က်ေနာ္တို႔ လုပ္ေနတာျဖစ္တယ္။ အြန္လိုင္းမွာလည္း က်ေနာ္တို႔တင္တယ္။ Meeting ေတြလည္း က်ေနာ္တို႔ ေခၚတယ္။ အင္ဒီယားနားမွာရယ္၊ ၿပီးရင္ တႏိုင္ငံလံုးေပါ့ ။ က်ေနာ္တုိ႔ တျခားအဖြဲ႔ေတြ ပါ၀င္ဖို႔လည္း ဖိတ္တယ္။ က်ေန္ာတို႔ အခ်က္အလက္ေတြကို ရၿပီးတဲ့ေနာက္မွာ အဲဒီအေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔က ဒီေလာက္ ခံေနရတယ္။ impact ထိခိုက္မႈေတြ ျဖစ္ေနတယ္ဆိုတာကို တင္ျပဖို႔ျဖစ္တယ္။ အဲလုိတင္ျပတဲ့အခ်ိန္မွာ US congress က မိတ္ေဆြေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ လုပ္ဖို႔လည္းလိုတယ္။ ၿပီးရင္ ၀ါရွင္တန္ဒီစီက State Department ကိုလည္း က်ေနာ္တုိ႔ ဆက္သြယ္တယ္။ ေနာက္ၿပီးေတာ့ အေမရိကန္ သံရံုး ရန္ကုန္မွာလည္း က်ေနာ္တုိ႔ အဆက္အသြယ္ရွိတယ္။ ဆိုေတာ့ က်ေနာ္တို႔ အျမန္ဆံုးလုပ္ဖို႔ စီစဥ္ေနပါတယ္။ က်ေနာ္တုိ႔ကေတာ့ အခုလို ကန္႔သတ္ခ်က္ကို ယာယီလို႔ပဲ ေမွ်ာ္လင့္ခ်င္ပါတယ္။”

ရန္ကုန္အေမရိကန္သံရံုးရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့- ေဖေဖာ္ဝါရီ ၂၁ ရက္စၿပီး ျမန္မာႏိုင္ငံသားေတြ အတြက္ ေ႐ႊ႕ေျပာင္းအေျခစိုက္ဗီဇာနဲ႔ ဒီဗီဗီဇာေတြထုတ္ေပးေတာ့မွာ မဟုတ္ေၾကာင္း ေဖၚျပထားပါတယ္။ ဒါေပမယ့္ တစ္ဦးေယာက္ခ်င္းစီရဲ႕ အေၾကာင္းကိစၥေပၚမူတည္ၿပီး ေျဖေလွ်ာ့ေပးမႈနဲ႔ကင္းလြတ္ခြင့္ အကန္အသတ္နဲ႔ ေပးေကာင္း ေပးႏိုင္တယ္လို႔ ေရးသားထားပါတယ္။ ေ႐ႊ႕ေျပာင္းအေျခစိုက္ဗီဇာ ဒါမွမဟုတ္ ဒီဗီဗီဇာ ေလွ်ာက္ထားသူ တစ္ေယာက္ဟာ သမၼတ Trump ရဲ႕ေၾကညာခ်က္နဲ႔ ညႇိစြန္းေနတယ္ဆိုရင္ ေလွ်ာက္ထားသူကို ေျဖေလွ်ာ့ေပးၿပီး ကင္းလြတ္ခြင့္ရဖို႔ အရည္အခ်င္းနဲ႔ျပည့္မီသလား ဆိုတာကို ေကာင္စစ္ဝန္ အရာရွိက ေသေသခ်ာခ်ာျပန္လည္သုံးသပ္ၿပီး ဆုံးျဖတ္ေပးမွာျဖစ္ပါတယ္။ အခုလို ကန္႔သတ္ခ်က္ေတြရွိေပမယ့္လည္း Immigrant ဗီဇာကို ေလွ်ာက္လိုသူေတြကေတာ့ လြတ္လြတ္လပ္လပ္ ေလွ်ာက္ထားႏိုင္ေၾကာင္း အေမရိကန္သံရံုးရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

....................

သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက်အပေါ် ကန် ရောက် မြန်မာတွေ စိုးရိမ်

(Unicode)

သမ္မတ Donald Trump ရဲ့ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုအသစ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်နေတဲ့ မြန်မာတိုင်းရင်းသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သူတို့မိသားစုဝင်တွေကို အပြီးခေါ်ယူခွင့်မရတော့မယ့် အခြေအနေအတွက် စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် သမ္မတ Trump ရဲ့အမိန့်ကြေညာချက်မှာ လူတစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ ကင်းလွတ်ခွင့် စဉ်းစားသွားမယ်လို့ ဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဇန်နဝါရီလကုန်က သမ္မတ Trump ပြဌာန်းလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တဲ့ ခြောက်နိုင်ငံထဲမှာ မြန်မာထည့်သွင်းခဲ့ပြီးနောက်ပိုင်း အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတွေဘက်က စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။ အများစုဟာ အရင်ကတည်းက မိသားစုဝင်တွေနဲ့ နှစ်ပေါင်းအတော်ကြာ ဝေးကွာနေသူတွေဖြစ်ပြီး မိသားစုဝင် တွေခေါ်ယူရေး အစကတည်းက အခက်အခဲတွေရှိနေတဲ့ကြားက အခုလို ကန့်သတ်မှုကြောင့် ပိုပြီး ခက်ခဲသွားမလားဆိုပြီး စိုးရိမ်နေကြတာပါ။

ဖေဖေါ်ဝါရီလ (၈)ရက် စနေနေ့က အင်ဒီယားနားပြည်နယ် Indianapolis မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေစုဝေးပြီး သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုကြောင့် သူတို့ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို စီစဉ်သူ တဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ်အခြေစိုက် BACI (Burmese American Community Institute) ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie အေလိုင်ဇာဗာနီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အထူးသဖြင့်တော့ မိသားစုတွေပေါ့လေ ၊ သူတို့သားသမီးတွေကို ခေါ်လို့မရတော့ဘူး ၊ လင်မယားကိုလည်း ခေါ်လို့မရတော့ဘူး၊ သူတို့ အဖေအမေကိုလည်း ခေါ်လို့မရတော့ဘူး ။ Visit နဲ့တော့ ခေါ်လို့ရတာပေါ့နော်။ ဒါပေမယ့် ဒီကိုပြောင်းရွှေ့ပြီးတော့မှ နေထိုင်ခွင့်မရတော့ဘူး ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့နော်။”

သမ္မတ Trump ရဲ့ ဗီဇာကန့်သတ်ချက်အပေါ် နယူးယောက်ရှေ့နေရဲ့အမြင်သတင်းကို ဖတ်ရှုနိုင်ပါပြီ။

လက်ရှိ အင်ဒီယားနားပြည်နယ်မှာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်နေတဲ့ လူဦးရေ ခန့်မှန်းချေ သုံးသောင်းကျော်လောက်ရှိပြီး အမေရိကန်တဝှမ်း စုစုပေါင်းလူဦးရေ သုံးသိန်းကျော်လောက်ရှိတယ်လို့ Elaisa Vahnie က ဆိုပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို Immigrant ရွှေ့ပြောင်းအခြေစိုက် ဗီဇာနဲ့ ခေါ်ယူရေး အတော်လေး ထိခိုက်မယ့်သူ ရာနဲ့ချီ အများအပြားရှိနေတယ်လို့လည်း သူက အခုလိုပြောပါတယ်။

“အဲဒါကြောင့်ပဲ ကျနော်တို့ Survey လုပ်နေရတာဖြစ်ပါတယ်။ တလအတွင်းလောက်မှာဆိုရင် ကျနော်တို့ ဘယ်လောက်လောက်ရှိမယ်ဆိုတာ ခန့်မှန်းချက် ကောင်းကောင်းရနိုင်မယ်လို့ ကျနေ်ာမျှော်လင့်တယ်။ Indianapolis မှာဆိုရင် ၄၀၀-၅၀၀ လောက်ရှိမယ်လို့ ယူဆတယ်။ အဲဒီလို အရေအတွက်ကို ကြည့်တဲ့နေရာမှာ- တခုကတော့ case by case ပေါ့။ ဒီ case တခုမှာ လူဘယ်နှစ်ယောက်ပါသလဲ ဆိုတာလည်း ရှိတာကို။ လူနဲ့တွက်မယ်ဆိုရင် များနိုင်တယ်။ မိသားစုတခုမှာ လူက ၁ ယောက်ကနေ ၅ ယောက် စသဖြင့် ရှိနိုင်တာ ဆိုတော့ အဲဒါတွေလည်း ကျနော်တို့ နားလည်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

အလားတူ Oklahoma ပြည်နယ်မှာ နေထိုင်နေတဲ့ ဇိုမီးတိုင်းရင်းသား Suan Mang ကလည်း ကလေးမြို့နားက ရွာမှာရှိတဲ့ သူ့မိဘတွေကို အမေရိကန်မှာ လာရောက်နေထိုင်ဖို့ ခေါ်ယူရေးကိစ္စ နဲ့ အခြား သူတို့အသိုင်းအဝိုင်းက သူတွေလည်း မိသားစုတွေ ခေါ်ယူရေးမှာ ထိခိုက်မှု ရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“သမ္မတ Trump ရဲ့ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်က ကျနော်တို့ အသိုင်းအဝိုင်းတခုလုံးကို အတော်လေးထိခိုက်ပါတယ်။ ဒီကို ကျနော်မိဘတွေခေါ်ဖို့ ကိစ္စမှာ ဒီကန့်သတ်ချက်ကြောင့် ဗီဇာရဖို့ မလွယ်ဘူးဖြစ်သွားပါတယ်။”

လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေအနေနဲ့ မြန်မာအပေါ် ဗီဇာကန့်သတ်ချက်ကို ဖြေလျော့ ကင်းလွတ်ခွင့်ရရေး စုပေါင်းလက်မှတ်ထိုး တောင်းဆိုဖို့ အစီအစဉ်ကို ဆောင်ရွက်နေကြောင်း Elaisa Vahnie ကပြောပါတယ်။

“ သူတို့ (exception) ချွင်းချက် ပေးထားတာတော့ရှိတယ်။ အဲဒီမှာ အမေရိကန်အစိုးရကို ကူညီတဲ့လူတွေဆိုရင် သူတို့ exception ရပြီးသားဖြစ်တယ်။ ဒါကို သူတို့ case by case အင်တာဗျူးလုပ်တဲ့အချိန်မှာ ဆုံးဖြတ်သွားမယ်လို့ သူတို့ကတော့ ပြောတယ်။ ဒါပေမယ့် အားလုံးအတွက် exception (သို့မဟုတ်) waiver ကင်းလွတ်ခွင့် ရနိုင်ဖို့အတွက်ကတော့ ကျနော်တို့ လုပ်ဖို့ စီစဉ်နေတယ်။ ဘယ်နှစ်ယောက် ၊ မိသားစုဘယ်လောက် ကျနော်တို့ အသိုင်းအဝိုင်းထဲမှာ ရှိသလဲဆိုတာ ပထမဦးဆုံးနားလည်ဖို့လိုတယ်။ အဲဒီ survey ကို ကျနော်တို့ လုပ်နေတာဖြစ်တယ်။ အွန်လိုင်းမှာလည်း ကျနော်တို့တင်တယ်။ Meeting တွေလည်း ကျနော်တို့ ခေါ်တယ်။ အင်ဒီယားနားမှာရယ်၊ ပြီးရင် တနိုင်ငံလုံးပေါ့ ။ ကျနော်တို့ တခြားအဖွဲ့တွေ ပါဝင်ဖို့လည်း ဖိတ်တယ်။ ကျနေ်ာတို့ အချက်အလက်တွေကို ရပြီးတဲ့နောက်မှာ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဒီလောက် ခံနေရတယ်။ impact ထိခိုက်မှုတွေ ဖြစ်နေတယ်ဆိုတာကို တင်ပြဖို့ဖြစ်တယ်။ အဲလိုတင်ပြတဲ့အချိန်မှာ US congress က မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ဖို့လည်းလိုတယ်။ ပြီးရင် ဝါရှင်တန်ဒီစီက State Department ကိုလည်း ကျနော်တို့ ဆက်သွယ်တယ်။ နောက်ပြီးတော့ အမေရိကန် သံရုံး ရန်ကုန်မှာလည်း ကျနော်တို့ အဆက်အသွယ်ရှိတယ်။ ဆိုတော့ ကျနော်တို့ အမြန်ဆုံးလုပ်ဖို့ စီစဉ်နေပါတယ်။ ကျနော်တို့ကတော့ အခုလို ကန့်သတ်ချက်ကို ယာယီလို့ပဲ မျှော်လင့်ချင်ပါတယ်။”

ရန်ကုန်အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့- ဖေဖော်ဝါရီ ၂၁ ရက်စပြီး မြန်မာနိုင်ငံသားတွေ အတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာနဲ့ ဒီဗီဗီဇာတွေထုတ်ပေးတော့မှာ မဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့် တစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ကင်းလွတ်ခွင့် အကန်အသတ်နဲ့ ပေးကောင်း ပေးနိုင်တယ်လို့ ရေးသားထားပါတယ်။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာ လျှောက်ထားသူ တစ်ယောက်ဟာ သမ္မတ Trump ရဲ့ကြေညာချက်နဲ့ ညှိစွန်းနေတယ်ဆိုရင် လျှောက်ထားသူကို ဖြေလျှော့ပေးပြီး ကင်းလွတ်ခွင့်ရဖို့ အရည်အချင်းနဲ့ပြည့်မီသလား ဆိုတာကို ကောင်စစ်ဝန် အရာရှိက သေသေချာချာပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အခုလို ကန့်သတ်ချက်တွေရှိပေမယ့်လည်း Immigrant ဗီဇာကို လျှောက်လိုသူတွေကတော့ လွတ်လွတ်လပ်လပ် လျှောက်ထားနိုင်ကြောင်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အင္ၾကင္းႏုုိင္/ VOA (Burmese)
https://burmese.voanews.com
သမၼတ Trump ရဲ႕ ျပည္၀င္ခြင့္ကန္႔သတ္ခ်က္အေပၚ ကန္ ေရာက္ ျမန္မာေတြ စုိးရိမ္ သမၼတ Trump ရဲ႕ ျပည္၀င္ခြင့္ကန္႔သတ္ခ်က္အေပၚ ကန္ ေရာက္ ျမန္မာေတြ စုိးရိမ္ Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.