အေနာက္ေတာင္တိုင္းတိုင္းမႉးကို စစ္ဘက္ေရးရာလုံၿခဳံေရး အရာရွိခ်ဳပ္ခန္႔

 အေနာက္ေတာင္တိုင္းတိုင္းမႉးကေန စစ္ဘက္ေရးရာလုံၿခဳံေရး အရာရွိခ်ဳပ္ျဖစ္လာသူ
(Zawgyi)⤵⤵⤵
ပုသိမ္ၿမိဳ႕ အေျခစိုက္ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ရဲဝင္းဦးကို တပ္မေတာ္ စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ - စရခခ်ဳပ္ အျဖစ္ ခန႔္အပ္လိုက္တယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

စရခခ်ဳပ္ တာဝန္ယူခဲ့တဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ျပည္ထဲေရးဝန္ႀကီး အျဖစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္မွာ သမၼတက ခန႔္အပ္လိုက္တဲ့အတြက္ လစ္လပ္သြားတဲ့ စရခခ်ဳပ္ ေနရာကို အခုလို အစားထိုး ခန႔္အပ္တာ ျဖစ္ပါတယ္။

တပ္မေတာ္ စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္႐ုံး အႀကီးအကဲ ျဖစ္လာတဲ့ ဗိုလ္ခ်ဳပ္ရဲဝင္းဦးဟာ ဗိုလ္ေလာင္းသင္တန္းေက်ာင္း OTS အပတ္စဥ္ ၇၇ သင္တန္းဆင္း ျဖစ္ၿပီး ၂၀၁၈ ေမလက စၿပီး အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ နတခ တိုင္းမႉး ျဖစ္ခဲ့သူပါ။

နတခ တိုင္းမႉးတာဝန္ မထမ္းေဆာင္ခင္ကေတာ့ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွာ စစ္ဦးစီးမႉး ပထမတန္း ( G-1 ) တာဝန္၊ တပ္မ ၁၁ တပ္မမႉး၊ အဲဒီေနာက္မွာေတာ့ တပ္မေတာ္ ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး တာဝန္ေတြကိုလည္း ထမ္းေဆာင္ခဲ့ၿပီးေနာက္ တိုင္းမႉးျဖစ္လာခဲ့သူပါ။

ဗိုလ္ခ်ဳပ္ရာထူးနဲ႔ တိုင္းမႉးတာဝန္ ထမ္းေဆာင္ၿပီး ၂ ႏွစ္ မျပည့္ခင္မွာပဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာထူးနဲ႔တာဝန္ထမ္း ေဆာင္ရတဲ့ စစ္ဖက္ေရးရာလုံၿခဳံေရး အရာရွိခ်ဳပ္ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ရဲ႕ လုပ္ငန္းတာဝန္ေတြနဲ႔ပတ္သက္လို႔တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက "တပ္မေတာ္ စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ တာဝန္က သူ႔နာမည္နဲ႔ အတူတူပါပဲဗ်။ လုံၿခဳံေရး ကိစၥေတြကို ေဆာင္႐ြက္တာ ျဖစ္ပါတယ္။ စစ္မႈထမ္း လုံၿခဳံေရး၊ စစ္သတင္း လုံၿခဳံေရး၊ စစ္လက္နက္ ပစၥည္းမ်ား လုံၿခဳံေရးေပါ့။ ေနာက္ ေဒသလုံၿခဳံေရးေတြ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။ လုံၿခဳံေရး ပိုင္းက အဓိက ျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

တပ္မေတာ္ရဲ႕ ေျခလ်င္၊ ေျချမန္ တပ္ရင္းေတြမွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး တပ္မမႉး၊ တိုင္းမႉးတာဝန္ ထမ္းေဆာင္ခဲ့သူေတြကိုသာ ဒီလို တာဝန္မ်ိဳး ေပးေလ့ရွိတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

စစ္ေထာက္လွမ္းေရးလို႔လူသိမ်ားတဲ့ တပ္မေတာ္ေထာက္လွမ္းေရးအဖြဲ႕ကို၂၀၀၄ ခုႏွစ္က ဖ်က္သိမ္းခဲ့ၿပီးေနာက္ ေထာက္လွမ္းေရးတာဝန္ေတြနဲ႔ လုံၿခဳံေရးတာဝန္ေတြကို ထမ္းေဆာင္ဖို႔ စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႕ကို ျပန္လည္ဖြဲ႕စည္းခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကို စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ အျဖစ္ခန္႔အပ္တာဝန္ေပးခဲ့တာပါ။

ပထမဆုံး စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ တာဝန္ ထမ္းေဆာင္ခဲ့သူကေတာ့ လက္ရွိ ဒုတိယ သမၼတ ဦးျမင့္ေဆြ ျဖစ္ပါတယ္။ ေနာက္ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲျမင့္၊ NLD အစိုးရ လက္ထက္မွာ ျပည္ထဲေရး တာဝန္ယူခဲ့တဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ ၊ လက္ရွိ တပ္မေတာ္ရဲ႕ ညႇိႏႈိင္းကြပ္ကဲေရးမႉး ( ၾကည္း၊ ေရ၊ ေလ ) တာဝန္ထမ္းေဆာင္ေနတဲ့ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ လက္ရွိ ျပည္ထဲေရး ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္တို႔ စရခခ်ဳပ္ တာဝန္ကို ထမ္းေဆာင္ခဲ့ၾကဖူးပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အနောက်တောင်တိုင်းတိုင်းမှူးကို စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ခန့်

Image caption အနောက်တောင်တိုင်းတိုင်းမှူးကနေ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ဖြစ်လာသူ

ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးကို တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် - စရခချုပ် အဖြစ် ခန့်အပ်လိုက်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စရခချုပ် တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး အဖြစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ သမ္မတက ခန့်အပ်လိုက်တဲ့အတွက် လစ်လပ်သွားတဲ့ စရခချုပ် နေရာကို အခုလို အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး အကြီးအကဲ ဖြစ်လာတဲ့ ဗိုလ်ချုပ်ရဲဝင်းဦးဟာ ဗိုလ်လောင်းသင်တန်းကျောင်း OTS အပတ်စဉ် ၇၇ သင်တန်းဆင်း ဖြစ်ပြီး ၂၀၁၈ မေလက စပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် နတခ တိုင်းမှူး ဖြစ်ခဲ့သူပါ။

နတခ တိုင်းမှူးတာဝန် မထမ်းဆောင်ခင်ကတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး ပထမတန်း ( G-1 ) တာဝန်၊ တပ်မ ၁၁ တပ်မမှူး၊ အဲဒီနောက်မှာတော့ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ပြီးနောက် တိုင်းမှူးဖြစ်လာခဲ့သူပါ။

ဗိုလ်ချုပ်ရာထူးနဲ့ တိုင်းမှူးတာဝန် ထမ်းဆောင်ပြီး ၂ နှစ် မပြည့်ခင်မှာပဲ ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့တာဝန်ထမ်း ဆောင်ရတဲ့ စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်လို့တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် တာဝန်က သူ့နာမည်နဲ့ အတူတူပါပဲဗျ။ လုံခြုံရေး ကိစ္စတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ စစ်မှုထမ်း လုံခြုံရေး၊ စစ်သတင်း လုံခြုံရေး၊ စစ်လက်နက် ပစ္စည်းများ လုံခြုံရေးပေါ့။ နောက် ဒေသလုံခြုံရေးတွေ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လုံခြုံရေး ပိုင်းက အဓိက ဖြစ်ပါတယ်" လို့ ပြောပါတယ်။

တပ်မတော်ရဲ့ ခြေလျင်၊ ခြေမြန် တပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မမှူး၊ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူတွေကိုသာ ဒီလို တာဝန်မျိုး ပေးလေ့ရှိတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ထောက်လှမ်းရေးလို့လူသိများတဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကို၂၀၀၄ ခုနှစ်က ဖျက်သိမ်းခဲ့ပြီးနောက် ထောက်လှမ်းရေးတာဝန်တွေနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် အဖြစ်ခန့်အပ်တာဝန်ပေးခဲ့တာပါ။

ပထမဆုံး စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် တာဝန် ထမ်းဆောင်ခဲ့သူကတော့ လက်ရှိ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဖြစ်ပါတယ်။ နောက် မန္တလေးတိုင်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ NLD အစိုးရ လက်ထက်မှာ ပြည်ထဲရေး တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ လက်ရှိ တပ်မတော်ရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်း၊ ရေ၊ လေ ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ စရခချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ကြဖူးပါတယ်။

BBC Burmese
https://www.bbc.com
အေနာက္ေတာင္တိုင္းတိုင္းမႉးကို စစ္ဘက္ေရးရာလုံၿခဳံေရး အရာရွိခ်ဳပ္ခန္႔ အေနာက္ေတာင္တိုင္းတိုင္းမႉးကို စစ္ဘက္ေရးရာလုံၿခဳံေရး အရာရွိခ်ဳပ္ခန္႔ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.