တပ္ပိုင္ကုမၸဏီေတြကို သပိတ္ေမွာက္ၾကဖို႔ KWO တိုက္တြန္း

(Zawgyi)⤵⤵⤵
ျမန္မာျပည္သူေတြ တပ္ပိုင္ကုမၸဏီအားလုံးရဲ႕ ထုတ္ကုန္ေတြကို ဝယ္ယူျခင္းမျပဳဖို႔ ကရင္ အမ်ိဳးသမီးအစည္းအ႐ုံး KWO က ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔၊ မေန႔က တိုက္တြန္းလိုက္ပါတယ္။

တပ္မေတာ္က လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြ မၾကာခဏက်ဴးလြန္တာေတြ ရွိေနတာေၾကာင့္ တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းက ထုတ္ကုန္ေတြကို ဝယ္ယူအားေပးတာ မလုပ္ဖို႔ ထိုင္း-ျမန္မာနယ္စပ္အေျခစိုက္ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး KWO က တိုက္တြန္းလိုက္တာပါ။

တပ္မေတာ္ပိုင္ ကုမၸဏီေတြကေန ရလာတဲ့ေငြေတြနဲ႔ လက္နက္ခဲယမ္းေတြ  ဝယ္ယူအသုံးျပဳေနတယ္လို႔ ကရင္ အမ်ိဳးသမီးအစည္းအ႐ုံး KWO ရဲ႕ ဒုတိယ ဥကၠ႒ ေနာ္အဲလိစ္က စြပ္စြဲလိုက္ပါတယ္။

"တပ္မေတာ္ဆိုတာ တိုင္းျပည္ကိုကာကြယ္ဖို႔ ဒါေပမဲ့ တပ္မေတာ္က စီးပြားေရးလုပ္ၿပီး အဲဒီက အျမတ္အစြန္းနဲ႔ လက္နက္ဝယ္တယ္။ စစ္ဖက္ဆိုင္ရာပစၥည္းဝယ္ၿပီး  တျခားတိုင္းရင္းသားေဒသေတြနဲ႔ ျပည္တြင္းမွာ တိုက္ပြဲေတြ ျဖစ္ေနတာမို႔ တပ္ဘက္ဆိုင္ရာစီးပြာေရးကို အားမေပးဖို႔ မဝယ္ယူဖို႔ တိုက္တြန္းတာပါ။"

ႏိုင္ငံတကာ အကူညီေပးေရးအဖြဲ႕ေတြနဲ႔ သံ႐ုံးေတြအေနနဲ႔လည္း  သူတို႔ေငြေတြ တပ္ပိုင္ကုမၸဏီေတြ  လက္ထဲ မေရာက္ရွိေရး အာမခံႏိုင္မယ့္ မူဝါဒခ်မွတ္ေပးၾကဖို႔ ထုတ္ျပန္ခ်က္မွာ ေတာင္းဆိုထားပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက တပ္မေတာ္ရဲ႕ ဦးပိုင္ကုမၸဏီက ရရွိေငြေတြဟာ တပ္မိသားစုေတြ သက္သာေခ်ာင္ခ်ိေရးမွာ အသုံးျပဳတာလို႔ တုံ႔ျပန္ပါတယ္။

"တပ္မေတာ္က လုပ္ေဆာင္ေနတဲ့ ျမန္မာစီးပြားေရးဦးပိုင္လီမိတက္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းလုပ္ငန္းေတြ သည္ နံပါတ္ ၁ တပ္ရဲ႕ သက္သာေခ်ာင္ခ်ိေရးလုပ္တာ၊ လက္နက္ခဲယမ္းဝယ္ဖို႔မရွိပါဘူး။ သူတို႔ကုမၸဏီေတြျဖစ္တဲ့ အတြက္ တရားဝင္ျဖစ္တဲ့အတြက္ ကုန္ထုတ္လုပ္မႈ စာရင္းရွယ္ယာေတြကို စစ္ေဆးလို႔ရပါတယ္။ တရားဝင္အခြန္ ေဆာင္ထားတာျဖစ္ပါတယ္။ ဒီစြပ္စြဲခ်က္က လုံးလုံးအဓိပၸါယ္မရွိဘူး။"

ကရင္ျပည္နယ္မွာလည္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိေနတယ္လို႔ KWO က ေျပာဆိုထားပါတယ္။

ဇန္နဝါရီ ၂၉ ရက္ေန႔ကေန ေဖေဖာ္ဝါရီ ၁၁  ကရင္အမ်ိဳးသားေန႔အထိ မုေရာ္ေဒသကို ေမာ္တာ ၁၂၆ လုံး ပစ္ခတ္ခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

အရပ္သားေတြ ပိုင္ဆိုင္တဲ့ စိုက္ပ်ိဳးေရးၿခံ ၄၀ ဝန္းက်င္ကိုလည္း တပ္မေတာ္သားေတြ  မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ KWO က စြပ္စြဲထားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ကရင္ျပည္နယ္ဟာ အပစ္အခတ္ရပ္စဲၿပီးေနာက္ပိုင္း အဖြံ႕ၿဖိဳးဆုံး ျပည္နယ္တစ္ခု ျဖစ္တယ္ဆိုတာ ႏွစ္ဖက္ေခါင္းေဆာင္ေတြ အသိအမွတ္ျပဳထားၿပီလို႔ ေျပာပါတယ္။

ဒါေပမဲ့လည္း တပ္မေတာ္နဲ႔ အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ KNU တို႔ၾကားမွာ ၿပီးခဲ့တဲ့လကပဲ တိုက္ပြဲေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈၾကာင့္ တပ္မေတာ္နဲ႔ အစိုးရဟာ ႏိုင္ငံတကာဖိအားေတြ ႀကဳံရေပမယ့္လည္း သူတို႔ေတြရဲ႕ မက္ေလာက္စရာ ဝင္ေငြေတြ ရရွိေနတာက လက္ခံႏိုင္စရာမရွိဘူးလို႔လည္း KWO က ဆိုပါတယ္။

KWO ရဲ႕ ထုတ္ျပန္ခ်က္အေပၚ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံအေနနဲ႔ ေထာက္ခံတယ္လို႔ အေထြေထြ အတြင္းေရးမႉး ေနာ္စဲစဲက ဆိုပါတယ္။

လန္ဒန္အေျခစိုက္ Burma Campaign UK က တပ္မေတာ္နဲ႔ဆက္စပ္လုပ္ကိုင္ေနတဲ့ က်င့္ဝတ္မဲ့ကုမၸဏီစာရင္း ထုတ္ျပန္တာကို WKO အေနနဲ႔ ႀကိဳဆိုတယ္လို႔ ေျပာထားပါတယ္။

"KWO ရဲ႕ ထုတ္ျပန္ခ်က္ကိုလက္ခံတယ္၊ ကြၽန္မတို႔ အမ်ိဳးသမီးအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံအေနနဲ႔ သူတို႔အသံ ပိုက်ယ္ေအာင္ သူတို႔ထုတ္ျပန္ခ်က္ကို အားေကာင္းေအာင္ ဘယ္လိုဆက္လုပ္ၾကမလဲဆိုတာ ဆက္ေဆြးေႏြး ဖို႔ရွိပါတယ္။"

ႏိုင္ငံတကာ ကုမၸဏီ ၆၀ ဝန္းက်င္ တပ္မေတာ္နဲ႔ တိုက္႐ိုက္ဒါမွမဟုတ္ သြယ္ဝိုက္ၿပီးေတာ့ စီးပြားေရးလုပ္ေန တာရွိတယ္လို႔ ကုလသမဂၢ အခ်က္လက္ ရွာေဖြေရးမစ္ရွင္ FFM ရဲ႕ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လထုတ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့စီးပြားေရးဦးပိုင္လိမီတက္နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတို႔ဟာ တပ္ပိုင္လုပ္ငန္းေတြျဖစ္ၿပီး အဲဒီ ေအာက္မွာ ျမဝတီဘဏ္၊ မိုင္တဲလ္ ဆက္သြယ္ေရးလုပ္ငန္း၊ ပါရမီ၊ ေ႐ႊမန္းသူ၊ ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္း၊ ဘီယာထုတ္လုပ္တဲ့ Myanmar Brewery စတဲ့လုပ္ငန္းေတြအျပင္ သတၱဳတူးေဖာ္ေရးလုပ္ငန္း၊ ေက်ာက္မ်က္လုပ္ငန္းနဲ႔ အထည္ခ်ဳပ္လုပ္ငန္းေတြ ပါဝင္ပါတယ္။

တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ႏိုင္ငံတကာ ကုမၸဏီေတြထဲက အေမရိကန္ ေငြေၾကးဝန္ေဆာင္မႈ လုပ္ငန္း Western Union က ျမဝတီဘဏ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ရပ္ဆိုင္းလိုက္ ေၾကာင္း ၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ ရက္ေန႔က ေၾကညာခ်က္ ထုတ္ထားပါတယ္။

အလားတူ ဂ်ပန္နာမည္ႀကီး ဘီယာကုမၸဏီ Kirin ကလည္း တပ္မေတာ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ျပန္လည္ သုံးသပ္ေနေၾကာင္း ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တပ်ပိုင်ကုမ္ပဏီတွေကို သပိတ်မှောက်ကြဖို့ KWO တိုက်တွန်း

မြန်မာပြည်သူတွေ တပ်ပိုင်ကုမ္ပဏီအားလုံးရဲ့ ထုတ်ကုန်တွေကို ဝယ်ယူခြင်းမပြုဖို့ ကရင် အမျိုးသမီးအစည်းအရုံး KWO က ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မနေ့က တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်မှုတွေ မကြာခဏကျူးလွန်တာတွေ ရှိနေတာကြောင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းက ထုတ်ကုန်တွေကို ဝယ်ယူအားပေးတာ မလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်အမျိုးသမီးအစည်းအရုံး KWO က တိုက်တွန်းလိုက်တာပါ။

တပ်မတော်ပိုင် ကုမ္ပဏီတွေကနေ ရလာတဲ့ငွေတွေနဲ့ လက်နက်ခဲယမ်းတွေ  ဝယ်ယူအသုံးပြုနေတယ်လို့ ကရင် အမျိုးသမီးအစည်းအရုံး KWO ရဲ့ ဒုတိယ ဥက္ကဋ္ဌ နော်အဲလိစ်က စွပ်စွဲလိုက်ပါတယ်။

"တပ်မတော်ဆိုတာ တိုင်းပြည်ကိုကာကွယ်ဖို့ ဒါပေမဲ့ တပ်မတော်က စီးပွားရေးလုပ်ပြီး အဲဒီက အမြတ်အစွန်းနဲ့ လက်နက်ဝယ်တယ်။ စစ်ဖက်ဆိုင်ရာပစ္စည်းဝယ်ပြီး  တခြားတိုင်းရင်းသားဒေသတွေနဲ့ ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ တပ်ဘက်ဆိုင်ရာစီးပွာရေးကို အားမပေးဖို့ မဝယ်ယူဖို့ တိုက်တွန်းတာပါ။"

နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေနဲ့ သံရုံးတွေအနေနဲ့လည်း  သူတို့ငွေတွေ တပ်ပိုင်ကုမ္ပဏီတွေ  လက်ထဲ မရောက်ရှိရေး အာမခံနိုင်မယ့် မူဝါဒချမှတ်ပေးကြဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်ရဲ့ ဦးပိုင်ကုမ္ပဏီက ရရှိငွေတွေဟာ တပ်မိသားစုတွေ သက်သာချောင်ချိရေးမှာ အသုံးပြုတာလို့ တုံ့ပြန်ပါတယ်။

"တပ်မတော်က လုပ်ဆောင်နေတဲ့ မြန်မာစီးပွားရေးဦးပိုင်လီမိတက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလုပ်ငန်းတွေ သည် နံပါတ် ၁ တပ်ရဲ့ သက်သာချောင်ချိရေးလုပ်တာ၊ လက်နက်ခဲယမ်းဝယ်ဖို့မရှိပါဘူး။ သူတို့ကုမ္ပဏီတွေဖြစ်တဲ့ အတွက် တရားဝင်ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှု စာရင်းရှယ်ယာတွေကို စစ်ဆေးလို့ရပါတယ်။ တရားဝင်အခွန် ဆောင်ထားတာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်က လုံးလုံးအဓိပ္ပါယ်မရှိဘူး။"

ကရင်ပြည်နယ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ KWO က ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၁  ကရင်အမျိုးသားနေ့အထိ မုရော်ဒေသကို မော်တာ ၁၂၆ လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အရပ်သားတွေ ပိုင်ဆိုင်တဲ့ စိုက်ပျိုးရေးခြံ ၄၀ ဝန်းကျင်ကိုလည်း တပ်မတော်သားတွေ  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KWO က စွပ်စွဲထားပါတယ်။

တပ်မတော်ဘက်ကတော့ ကရင်ပြည်နယ်ဟာ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အဖွံ့ဖြိုးဆုံး ပြည်နယ်တစ်ခု ဖြစ်တယ်ဆိုတာ နှစ်ဖက်ခေါင်းဆောင်တွေ အသိအမှတ်ပြုထားပြီလို့ ပြောပါတယ်။

ဒါပေမဲ့လည်း တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU တို့ကြားမှာ ပြီးခဲ့တဲ့လကပဲ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်ရေးချိုးဖောက်မှုကြာင့် တပ်မတော်နဲ့ အစိုးရဟာ နိုင်ငံတကာဖိအားတွေ ကြုံရပေမယ့်လည်း သူတို့တွေရဲ့ မက်လောက်စရာ ဝင်ငွေတွေ ရရှိနေတာက လက်ခံနိုင်စရာမရှိဘူးလို့လည်း KWO က ဆိုပါတယ်။

KWO ရဲ့ ထုတ်ပြန်ချက်အပေါ် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ ထောက်ခံတယ်လို့ အထွေထွေ အတွင်းရေးမှူး နော်စဲစဲက ဆိုပါတယ်။

လန်ဒန်အခြေစိုက် Burma Campaign UK က တပ်မတော်နဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ ကျင့်ဝတ်မဲ့ကုမ္ပဏီစာရင်း ထုတ်ပြန်တာကို WKO အနေနဲ့ ကြိုဆိုတယ်လို့ ပြောထားပါတယ်။

"KWO ရဲ့ ထုတ်ပြန်ချက်ကိုလက်ခံတယ်၊ ကျွန်မတို့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ သူတို့အသံ ပိုကျယ်အောင် သူတို့ထုတ်ပြန်ချက်ကို အားကောင်းအောင် ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ ဆက်ဆွေးနွေး ဖို့ရှိပါတယ်။"

နိုင်ငံတကာ ကုမ္ပဏီ ၆၀ ဝန်းကျင် တပ်မတော်နဲ့ တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ စီးပွားရေးလုပ်နေ တာရှိတယ်လို့ ကုလသမဂ္ဂ အချက်လက် ရှာဖွေရေးမစ်ရှင် FFM ရဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ တပ်ပိုင်လုပ်ငန်းတွေဖြစ်ပြီး အဲဒီ အောက်မှာ မြဝတီဘဏ်၊ မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်း၊ ပါရမီ၊ ရွှေမန်းသူ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဘီယာထုတ်လုပ်တဲ့ Myanmar Brewery စတဲ့လုပ်ငန်းတွေအပြင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ ပါဝင်ပါတယ်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲက အမေရိကန် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း Western Union က မြဝတီဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက် ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ကြေညာချက် ထုတ်ထားပါတယ်။

အလားတူ ဂျပန်နာမည်ကြီး ဘီယာကုမ္ပဏီ Kirin ကလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည် သုံးသပ်နေကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
တပ္ပိုင္ကုမၸဏီေတြကို သပိတ္ေမွာက္ၾကဖို႔ KWO တိုက္တြန္း တပ္ပိုင္ကုမၸဏီေတြကို သပိတ္ေမွာက္ၾကဖို႔ KWO တိုက္တြန္း Reviewed by THITHTOOLWIN on 23:52 Rating: 5
Powered by Blogger.