လူနာတင္ယာဥ္မ်ား ေရပူဂိတ္ ပိတ္ခ်ိန္ ျဖတ္သန္း ခြင့္ေပးေစလို

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၉ ၊၂၀၂၀

သွ်မ္းျပည္ေျမာက္ပိုင္း သိႏၷီၿမိဳ႕နယ္ အတြင္းရွိ ေရပူ စစ္ေဆးေရး ဂိတ္တြင္ ညအခ်ိန္ အေရးေပၚ လူနာ ျဖတ္သန္းသြားလာခြင့္မျပဳသည့္ ကိစၥ လူမႈ ကယ္ဆယ္ေရးအဖြဲ႕ မ်ား ကန႔္ကြက္ၾကေၾကာင္း သတင္းရရွိသည္။

ေရပူဂိတ္သည္ လားရႈိးၿမိဳ႕ ႏွင့္ သိႏၷီၾကားရွိ စစ္ေဆးေရး ဂိတ္ျဖစ္ၿပီး၊ မနက္ ၆နာရီ မွ ည ၉ နာရီ ခြဲ ထိသာဂိတ္ ျဖတ္သန္းခြင့္ေပးသည္။

ထို ျဖတ္သန္းခြင့္ ရသည့္အခ်ိန္ ေက်ာ္လြန္ပါက အေရးေပၚ လူနာကားမ်ားပါ ျဖတ္သန္းခြင့္မေပးသည့္ အေပၚ လားရႈိးၿမိဳ႕ ႏွင့္ သိႏၷီၿမိဳ႕ ရွိ လူမႈ ကယ္ဆယ္ေရး ပရဟိတ အဖြဲ႕ မ်ား က ကန႔္ကြက္ၾကေၾကာင္း သိရသည္။

ယခု လ ၈ ရက္ေန႔ မနက္ အေစာပိုင္းက ကားတိမ္းေမွာက္သျဖင့္ ဘယ္လက္က်ိဳး၊ ဘယ္ဒူးက်ိဳး ဒဏ္ရာရသည့္သိႏၷီၿမိဳ႕ခံ လူနာတဦးသိႏၷီ ေဆး႐ုံ တြင္ ေဆးကုသမႈခံယူေနရာမွ မႏၲေလး ေဆး႐ုံသို႔ လႊဲေျပာင္းေဆးကုလိုေၾကာင္း လူနာရွင္ဘက္မွ အႏႈိင္းမဲ့ ကုသိုလ္ လူမႈ ကူညီေရး အသင္း (သိႏၷီ) ကို ခ်ိတ္ဆက္ခဲ့သည္။

“ က်ေနာ္တို႔ လူနာ ဆႏၵ အရ မႏၲေလး ေဆး႐ုံ ကို လိုက္ပို႔ဖို႔ လားရႈိး လူမႈကူညီေရး အသင္းကို လႊဲေပးဖို႔လုပ္တယ္။ ကားခ်ိန္းတဲ့အခ်ိန္မွာ ေရပူဂိတ္ကို ျဖတ္ရတယ္။ အဲ့မွာ ေရပူဂိတ္က လူနာပါလည္း ျဖတ္သန္းခြင့္မေပးဘူး” ဟု အႏႈိင္းမဲ့ ကုသိုလ္ လူမႈ ကူညီေရးအသင္း (သိႏၷီ) မွ စိုင္းဖ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

အဆိုပါလူနာတင္ ယာဥ္အား ေရပူ စစ္ေဆးဂိတ္မွ ျဖတ္သန္းခြင့္မေပးသျဖင့္ လူနာ တင္ တြန္းလွည္းျဖင့္သာ ဂိတ္ျဖတ္သန္းခဲ့ရေၾကာင္း စိုင္းဖ က ေျပာသည္။

လုံၿခဳံေရးအရ ေရပူ စစ္ေဆးဂိတ္ကို ည ၉ နာရီ ခြဲတြင္ ပိတ္သည္ ကို လက္ခံေၾကာင္း၊ သို႔ေသာ္ အေရးေပၚ လူနာ၊ ေဆးကုသမည့္ လူနာ ပါသည့္ လူနာတင္ယာဥ္မ်ားအား ျဖတ္သန္း ခြင့္ေပးသင့္ေၾကာင္းလည္း လူမႈကယ္ဆယ္ေရး အဖြဲ႕မ်ားက ေျပာဆိုသည္။

“ ေရပူဂိတ္ က လုံၿခဳံေရး အရ ပိတ္တာေတာ့ နားလည္ပါတယ္။ ဒါေပမယ့္ လူနာေတြ ပါလာရင္ ေတာ့ ျဖတ္သန္းခြင့္ေပးေစခ်င္တယ္။ ဖြင့္ေပးေစခ်င္တယ္၊ ေမြးလူနာ၊ ေသေရး ရွင္ေရး လူနာဆိုဘယ္လိုလုပ္မလဲ” ဟု လားရႈိး ၿမိဳ႕ မွ ေဒသခံ တဦးျဖစ္သည့္ စိုင္းဝင္းျမင့္ က ေျပာသည္။

ေရပူ စစ္ေဆးေရး ဂိတ္သည္ ၂၀၁၇ ခုႏွစ္ ေနာက္ပိုင္းမွ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး အဆိုပါ ဂိတ္တြင္ စစ္ေဆးေရး ေပါင္းစုံ ထိုင္ကာ တရားမဝင္ ကုန္သြယ္ေရး မ်ား၊ မူးယစ္ေဆးဝါးမ်ားအား အထူးစစ္ေဆးခဲ့ပါသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
------------
(Unicode)⤵⤵⤵
လူနာတင်ယာဉ်များ ရေပူဂိတ် ပိတ်ချိန် ဖြတ်သန်း ခွင့်ပေးစေလို

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၉ ၊၂၀၂၀

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် အတွင်းရှိ ရေပူ စစ်ဆေးရေး ဂိတ်တွင် ညအချိန် အရေးပေါ် လူနာ ဖြတ်သန်းသွားလာခွင့်မပြုသည့် ကိစ္စ လူမှု ကယ်ဆယ်ရေးအဖွဲ့ များ ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။

ရေပူဂိတ်သည် လားရှိုးမြို့ နှင့် သိန္နီကြားရှိ စစ်ဆေးရေး ဂိတ်ဖြစ်ပြီး၊ မနက် ၆နာရီ မှ ည ၉ နာရီ ခွဲ ထိသာဂိတ် ဖြတ်သန်းခွင့်ပေးသည်။

ထို ဖြတ်သန်းခွင့် ရသည့်အချိန် ကျော်လွန်ပါက အရေးပေါ် လူနာကားများပါ ဖြတ်သန်းခွင့်မပေးသည့် အပေါ် လားရှိုးမြို့ နှင့် သိန္နီမြို့ ရှိ လူမှု ကယ်ဆယ်ရေး ပရဟိတ အဖွဲ့ များ က ကန့်ကွက်ကြကြောင်း သိရသည်။

ယခု လ ၈ ရက်နေ့ မနက် အစောပိုင်းက ကားတိမ်းမှောက်သဖြင့် ဘယ်လက်ကျိုး၊ ဘယ်ဒူးကျိုး ဒဏ်ရာရသည့်သိန္နီမြို့ခံ လူနာတဦးသိန္နီ ဆေးရုံ တွင် ဆေးကုသမှုခံယူနေရာမှ မန္တလေး ဆေးရုံသို့ လွှဲပြောင်းဆေးကုလိုကြောင်း လူနာရှင်ဘက်မှ အနှိုင်းမဲ့ ကုသိုလ် လူမှု ကူညီရေး အသင်း (သိန္နီ) ကို ချိတ်ဆက်ခဲ့သည်။

“ ကျနော်တို့ လူနာ ဆန္ဒ အရ မန္တလေး ဆေးရုံ ကို လိုက်ပို့ဖို့ လားရှိုး လူမှုကူညီရေး အသင်းကို လွှဲပေးဖို့လုပ်တယ်။ ကားချိန်းတဲ့အချိန်မှာ ရေပူဂိတ်ကို ဖြတ်ရတယ်။ အဲ့မှာ ရေပူဂိတ်က လူနာပါလည်း ဖြတ်သန်းခွင့်မပေးဘူး” ဟု အနှိုင်းမဲ့ ကုသိုလ် လူမှု ကူညီရေးအသင်း (သိန္နီ) မှ စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါလူနာတင် ယာဉ်အား ရေပူ စစ်ဆေးဂိတ်မှ ဖြတ်သန်းခွင့်မပေးသဖြင့် လူနာ တင် တွန်းလှည်းဖြင့်သာ ဂိတ်ဖြတ်သန်းခဲ့ရကြောင်း စိုင်းဖ က ပြောသည်။

လုံခြုံရေးအရ ရေပူ စစ်ဆေးဂိတ်ကို ည ၉ နာရီ ခွဲတွင် ပိတ်သည် ကို လက်ခံကြောင်း၊ သို့သော် အရေးပေါ် လူနာ၊ ဆေးကုသမည့် လူနာ ပါသည့် လူနာတင်ယာဉ်များအား ဖြတ်သန်း ခွင့်ပေးသင့်ကြောင်းလည်း လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

“ ရေပူဂိတ် က လုံခြုံရေး အရ ပိတ်တာတော့ နားလည်ပါတယ်။ ဒါပေမယ့် လူနာတွေ ပါလာရင် တော့ ဖြတ်သန်းခွင့်ပေးစေချင်တယ်။ ဖွင့်ပေးစေချင်တယ်၊ မွေးလူနာ၊ သေရေး ရှင်ရေး လူနာဆိုဘယ်လိုလုပ်မလဲ” ဟု လားရှိုး မြို့ မှ ဒေသခံ တဦးဖြစ်သည့် စိုင်းဝင်းမြင့် က ပြောသည်။

ရေပူ စစ်ဆေးရေး ဂိတ်သည် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဂိတ်တွင် စစ်ဆေးရေး ပေါင်းစုံ ထိုင်ကာ တရားမဝင် ကုန်သွယ်ရေး များ၊ မူးယစ်ဆေးဝါးများအား အထူးစစ်ဆေးခဲ့ပါသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
လူနာတင္ယာဥ္မ်ား ေရပူဂိတ္ ပိတ္ခ်ိန္ ျဖတ္သန္း ခြင့္ေပးေစလို လူနာတင္ယာဥ္မ်ား ေရပူဂိတ္ ပိတ္ခ်ိန္ ျဖတ္သန္း ခြင့္ေပးေစလို Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.