ႏိုင္လြတ္လုံဥပေဒျပင္ဆင္ေရး အရပ္ဘက္အဖြဲ႕ေတြ ပါဝင္ခြင့္

(Zawgyi)⤵⤵⤵
"ႏိုင္လြတ္လုံ"လို႔ အမ်ားသိၾကတဲ့ "ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ" မွာ အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္ လႊတ္ေတာ္မွာ ျပင္ဆင္ဖို႔ ႀကိဳးပမ္းေနပါတယ္။

ႏိုင္ငံသားေတြကို အကာအကြယ္ေပးဖို႔ ရည္႐ြယ္ခ်က္နဲ႔ ျပဌာန္းထားတဲ့ ဒီဥပေဒကို ျပင္မယ္ဆိုရင္ အရပ္ဘက္အဖြဲ႕ေတြ ပါဝင္သင့္တယ္လို႔လည္း လူ႔အခြင့္အေရးအဖြဲ႕ေတြက ေထာက္ျပေနၾကပါတယ္။

ဒီဥပေဒကို ျပင္သင့္တယ္ဆိုၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကိုယ္တိုင္က လက္ခံလာတာပါ။ အဓိကကေတာ့ “ႏိုင္ငံသားေတြကို အကာအကြယ္ေပးဖို႔” ဆိုတဲ့ မူလရည္႐ြယ္ခ်က္ ေပ်ာက္လာၿပီး၊ အျမင္မတူသူေတြၾကားမွာ အလြယ္တကူ တရားစြဲလို႔ရတဲ့ ဥပေဒတစ္ခု ျဖစ္လာလို႔ပါပဲ။

ဒါေပမဲ့ ႏိုင္လြတ္လုံဥပေဒကို ျပင္ဖို႔ ႀကိဳးစားတာထက္ အသစ္ေရးဆြဲဖို႔ တိုက္တြန္းသူေတြလည္း ရွိေနပါတယ္။ NLD အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးလည္းျဖစ္၊ ဥပေဒပညာရွင္လည္း ျဖစ္တဲ့ ဦးေအာင္သိန္းကေတာ့...

"ျပင္ဆင္တာက ပိုေကာင္းမယ္ ထင္တယ္။ အစိုးရ အဖြဲ႕အစည္းေတြက သူတို႔ဂုဏ္သိကၡာ ထိတယ္ဆိုရင္ သူတို႔က စြဲလို႔ရတယ္။ ျပည္သူေတြထဲမွာလည္း အစိုးရေၾကာင့္ ဂုဏ္သိကၡာ ထိခိုက္တယ္လို႔ ယူဆလို႔ရတဲ့ ကိစၥရပ္ေတြ ရွိတယ္။ ျပည္သူအခ်င္းခ်င္းေပၚမွာ ျပဳမူေဆာင္႐ြက္တဲ့ ကိစၥေတြကလည္း Facebook ေတြ ဘာေတြမွာ ေရးၾကတင္ၾကတဲ့ ကိစၥေတြ ရွိတယ္။ အဲဒါမ်ိဳးက ဖ်က္သင့္တယ္၊ မဖ်က္သင့္ဘူး ဆိုတာထက္ ျပင္ဆင္ၿပီးေတာ့ အမ်ားျပည္သူ အက်ိဳးအတြက္ဆိုတဲ့ အယူအဆနဲ႔ ျပင္ရင္ေတာ့ ေကာင္းမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္"

ညီမွ်ျခင္းျမန္မာအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကလည္း... ဒီဥပေဒကို ျပင္ဆင္ဖို႔နဲ႔ ျပင္ဆင္တဲ့ ေနရာမွာ လူထုအသံေတြကို ကိုယ္စားျပဳမယ့္ အရပ္ဖက္အဖြဲ႕အစည္းေတြ ပါဝင္သင့္တယ္လို႔ ေျပာပါ တယ္။

ဒါေပမဲ့လည္း ႏိုင္လြတ္လုံဥပေဒကို ျပင္ဖို႔ထက္ ဖ်က္သိမ္းဖို႔ကို လိုလားၿပီး၊ အထူးသျဖင့္ ဒီဥပေဒထဲက အသေရဖ်က္မႈဆိုင္ရာ ပုဒ္မ ၈ (စ) ကို လုံး၀ဖ်က္သိမ္းဖို႔ တိုက္တြန္းခဲ့တာကေတာ့ အသံအဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေမာင္ေဆာင္းခပါ။

ႏိုင္လြတ္လုံဥပေဒကို ၂၀၁၇ မတ္လ ၈ ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပဌာန္းခဲ့တာပါ။ ျပဌာန္းၿပီးခ်ိန္ကစလို႔ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔အထိ တရားစြဲဆိုတဲ့အမႈေပါင္း ၄၆ မႈရွိခဲ့ၿပီး၊ တရားစြဲဆိုခံရသူေပါင္းက ၁၁၃ ဦးရွိတယ္လို႔လည္း အသံအဖြဲ႕က ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီအထဲမွာ အစိုးရနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေဝဖန္လို႔ တရားစြဲဆိုခံရတာက ၁၅ မႈ၊ တပ္မေတာ္က တရားစြဲတာ ငါးမႈနဲ႔ ႏိုင္ငံေရးပါတီေတြက တရားစြဲတာ ကိုးမႈ ရွိတယ္လို႔လည္း အသံအဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
နိုင်လွတ်လုံဥပဒေပြင်ဆင်ရေး အရပ်ဘက်အဖွဲ့တွေ ပါဝင်ခွင့်

"နိုင်လွတ်လုံ"လို့ အများသိကြတဲ့ "နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ" မှာ အားနည်းချက်တွေ ရှိနေတာကြောင့် လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။

နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြဌာန်းထားတဲ့ ဒီဥပဒေကို ပြင်မယ်ဆိုရင် အရပ်ဘက်အဖွဲ့တွေ ပါဝင်သင့်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။

ဒီဥပဒေကို ပြင်သင့်တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က လက်ခံလာတာပါ။ အဓိကကတော့ “နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့” ဆိုတဲ့ မူလရည်ရွယ်ချက် ပျောက်လာပြီး၊ အမြင်မတူသူတွေကြားမှာ အလွယ်တကူ တရားစွဲလို့ရတဲ့ ဥပဒေတစ်ခု ဖြစ်လာလို့ပါပဲ။

ဒါပေမဲ့ နိုင်လွတ်လုံဥပဒေကို ပြင်ဖို့ ကြိုးစားတာထက် အသစ်ရေးဆွဲဖို့ တိုက်တွန်းသူတွေလည်း ရှိနေပါတယ်။ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်၊ ဥပဒေပညာရှင်လည်း ဖြစ်တဲ့ ဦးအောင်သိန်းကတော့...

"ပြင်ဆင်တာက ပိုကောင်းမယ် ထင်တယ်။ အစိုးရ အဖွဲ့အစည်းတွေက သူတို့ဂုဏ်သိက္ခာ ထိတယ်ဆိုရင် သူတို့က စွဲလို့ရတယ်။ ပြည်သူတွေထဲမှာလည်း အစိုးရကြောင့် ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ယူဆလို့ရတဲ့ ကိစ္စရပ်တွေ ရှိတယ်။ ပြည်သူအချင်းချင်းပေါ်မှာ ပြုမူဆောင်ရွက်တဲ့ ကိစ္စတွေကလည်း Facebook တွေ ဘာတွေမှာ ရေးကြတင်ကြတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒါမျိုးက ဖျက်သင့်တယ်၊ မဖျက်သင့်ဘူး ဆိုတာထက် ပြင်ဆင်ပြီးတော့ အများပြည်သူ အကျိုးအတွက်ဆိုတဲ့ အယူအဆနဲ့ ပြင်ရင်တော့ ကောင်းမယ်လို့ ကျနော် မျှော်လင့်ပါတယ်"

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း... ဒီဥပဒေကို ပြင်ဆင်ဖို့နဲ့ ပြင်ဆင်တဲ့ နေရာမှာ လူထုအသံတွေကို ကိုယ်စားပြုမယ့် အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်သင့်တယ်လို့ ပြောပါ တယ်။

ဒါပေမဲ့လည်း နိုင်လွတ်လုံဥပဒေကို ပြင်ဖို့ထက် ဖျက်သိမ်းဖို့ကို လိုလားပြီး၊ အထူးသဖြင့် ဒီဥပဒေထဲက အသရေဖျက်မှုဆိုင်ရာ ပုဒ်မ ၈ (စ) ကို လုံးဝဖျက်သိမ်းဖို့ တိုက်တွန်းခဲ့တာကတော့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခပါ။

နိုင်လွတ်လုံဥပဒေကို ၂၀၁၇ မတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့တာပါ။ ပြဌာန်းပြီးချိန်ကစလို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ တရားစွဲဆိုတဲ့အမှုပေါင်း ၄၆ မှုရှိခဲ့ပြီး၊ တရားစွဲဆိုခံရသူပေါင်းက ၁၁၃ ဦးရှိတယ်လို့လည်း အသံအဖွဲ့က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်လို့ တရားစွဲဆိုခံရတာက ၁၅ မှု၊ တပ်မတော်က တရားစွဲတာ ငါးမှုနဲ့ နိုင်ငံရေးပါတီတွေက တရားစွဲတာ ကိုးမှု ရှိတယ်လို့လည်း အသံအဖွဲ့ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ႏိုင္လြတ္လုံဥပေဒျပင္ဆင္ေရး အရပ္ဘက္အဖြဲ႕ေတြ ပါဝင္ခြင့္ ႏိုင္လြတ္လုံဥပေဒျပင္ဆင္ေရး အရပ္ဘက္အဖြဲ႕ေတြ ပါဝင္ခြင့္ Reviewed by THITHTOOLWIN on 23:50 Rating: 5
Powered by Blogger.