႐ိုဟင္ဂ်ာအေရး ICJ မွာ ေမာ္ဒိုက္ ၾကားျဖတ္အမႈ တင္သြင္း


(Zawgyi/Unicode)

ေမာ္ဒိုက္ႏိုင္ငံဟာ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ICJ ႏိုင္ငံတကာတရားရံုးမွာ ၾကားျဖတ္အမႈတင္တဲ့အေၾကာင္း ေၾကညာပါတယ္။ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏိ္ုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ စဲြခ်က္ကို ေထာက္ခံၿပီး၊ သူ႔ႏိုင္ငံအေနနဲ႔ ICJ တရားရံုးမွာ ၾကားျဖတ္အမႈ တင္သြင္းခဲ့တာပါ။ OIC အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္း ေဆာင္ရြက္ေရး အဖဲြ႕ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔အညီ၊ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္တဲ့ လုပ္ရပ္ေတြ အေရးယူႏိုင္ဖို႔ ေဆာင္ရြက္တာျဖစ္တယ္လို႔ ေမာ္ဒိုက္ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ICJ ႏိုင္ငံတကာတရားရံုးမွာ သူတို႔အေနနဲ႔ ၾကားျဖတ္အမႈ တင္သြင္းသြားမယ္လို႔ ေမာ္ဒိုက္ႏိုင္ငံျခားေရး ၀န္ႀကီး Abudulla Shahid ရဲ႕ မေန႔တုန္းက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ မိန္႔ခြန္းမွာလည္း ေျပာသြားပါတယ္။ လူ႔အခြင့္အေရးေရွ႕ေန Amal Clooney က ေမာ္ဒိုက္ႏိုင္ငံေရွ႕ေနအျဖစ္ လိုက္ပါေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ သူဟာေဟာလီဝုဒ္ နာမည္ေက်ာ္႐ုပ္ရွင္မင္းသား George Clooney ရဲ႕ ဇနီးျဖစ္ပါတယ္။ Amal Clooney ဟာ အရင္ကတည္းက ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ တတ္တတ္ႂကြႂကြ ေျပာဆိုခဲ့သူျဖစ္ပါတယ္။

ICJ ႏိုင္ငံတကာတရားရံုးကေန ဂမ္ဘီယာ-ျမန္မာအမႈမွာ ၾကားျဖတ္အေရးေပၚ စီမံမႈ ဆံုးျဖတ္ေပးခဲ့တဲ့ အေပၚမွာလည္း ေမာ္ဒိုက္ႏိုင္ငံအေနနဲ႔ ႀကိဳဆိုေထာက္ခံၿပီး၊ ႐ိုဟင္ဂ်ာေတြ တရားမွ်တမႈ ခံစားခြင့္ရေအာင္နဲ႔ သူတို႔ေနရပ္ကို ေဘးကင္းစြာျပန္ႏိ္ုင္ဖို႔ေတြကိုလည္း ႀကိဳးပမ္းသြားမယ္လို႔ ေမာ္ဒိုက္ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိ္ုင္ငံဘက္ကေတာ့ ရခိုင္ေျမာက္ပိ္ုင္းက ဒီအေရးကိစၥမွာ ျပည္တြင္းတရားစီရင္ေရး လမ္းေၾကာင္းကေန အေရးယူ ေဆာင္ရြက္မယ္လို႔ ေျပာၿပီး၊ ႏိုင္ငံတကာက စြပ္စဲြတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ Genocide ကိုေတာ့ ျငင္းဆန္ထားပါတယ္။

...............

ရိုဟင်ဂျာအရေး ICJ မှာ မော်ဒိုက် ကြားဖြတ်အမှု တင်သွင်း

(Unicode)

မော်ဒိုက်နိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားဖြတ်အမှုတင်တဲ့အကြောင်း ကြေညာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး၊ သူ့နိုင်ငံအနေနဲ့ ICJ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းခဲ့တာပါ။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ မော်ဒိုက်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ သူတို့အနေနဲ့ ကြားဖြတ်အမှု တင်သွင်းသွားမယ်လို့ မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီး Abudulla Shahid ရဲ့ မနေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မိန့်ခွန်းမှာလည်း ပြောသွားပါတယ်။ လူ့အခွင့်အရေးရှေ့နေ Amal Clooney က မော်ဒိုက်နိုင်ငံရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူဟာဟောလီဝုဒ် နာမည်ကျော်ရုပ်ရှင်မင်းသား George Clooney ရဲ့ ဇနီးဖြစ်ပါတယ်။ Amal Clooney ဟာ အရင်ကတည်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တတ်တတ်ကြွကြွ ပြောဆိုခဲ့သူဖြစ်ပါတယ်။

ICJ နိုင်ငံတကာတရားရုံးကနေ ဂမ်ဘီယာ-မြန်မာအမှုမှာ ကြားဖြတ်အရေးပေါ် စီမံမှု ဆုံးဖြတ်ပေးခဲ့တဲ့ အပေါ်မှာလည်း မော်ဒိုက်နိုင်ငံအနေနဲ့ ကြိုဆိုထောက်ခံပြီး၊ ရိုဟင်ဂျာတွေ တရားမျှတမှု ခံစားခွင့်ရအောင်နဲ့ သူတို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်ဖို့တွေကိုလည်း ကြိုးပမ်းသွားမယ်လို့ မော်ဒိုက်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်ကတော့ ရခိုင်မြောက်ပိုင်းက ဒီအရေးကိစ္စမှာ ပြည်တွင်းတရားစီရင်ရေး လမ်းကြောင်းကနေ အရေးယူ ဆောင်ရွက်မယ်လို့ ပြောပြီး၊ နိုင်ငံတကာက စွပ်စွဲတဲ့ လူမျိုးတုံးသတ်ဖြတ်မှု Genocide ကိုတော့ ငြင်းဆန်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
႐ိုဟင္ဂ်ာအေရး ICJ မွာ ေမာ္ဒိုက္ ၾကားျဖတ္အမႈ တင္သြင္း ႐ိုဟင္ဂ်ာအေရး ICJ မွာ ေမာ္ဒိုက္ ၾကားျဖတ္အမႈ တင္သြင္း Reviewed by THITHTOOLWIN on 01:09 Rating: 5
Powered by Blogger.