႐ိုဟင္ဂ်ာေတြ ေနေရးခက္လို႔ ရခိုင္ကိုစြန႔္ခြာမႈ တိုးလာ

(Zawgyi)⤵⤵⤵
မေကြးတိုင္း မင္းလွၿမိဳ႕နယ္မွာ အဖမ္းခံရတဲ့ ႐ိုဟင္ဂ်ာ ၁၅ ေယာက္ကို ဒီေန႔႐ုံးထုတ္တဲ့အခါ လူကုန္ကူးခံရတာလို႔ ထြက္ဆိုေၾကာင္း အမႈလိုက္ေပးေနတဲ့ ေရွ႕ေန ေဒၚသဇင္ျမင့္ျမတ္ဝင္းက RFA ကို ဒီေန႔ေျပာပါတယ္။

ခရီးသြားလာတဲ့ မွတ္ပုံတင္အေထာက္အထားမျပႏိုင္လို႔၊ မင္းလွၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာနက တရားလိုျပဳၿပီးေတာ့ မွတ္ပုံတင္ အက္ဥပေဒ ပုဒ္မ (၆/ ၃) နဲ႔ စြဲဆိုထားတာလို႔ အမႈလိုက္ ေရွ႕ေနက ေျပာပါတယ္။

ခရီးသြားလာသူတိုင္း ျမန္မာႏိုင္ငံမွာ မွတ္ပုံတင္ ဒါမွမဟုတ္ ေထာက္ခံစာတစ္ခုခု ကိုင္ေဆာင္ၿပီး သြားလာရပါတယ္။ အခု ဖမ္းဆီးခံရသူေတြဟာ မွတ္ပုံတင္မပါဘဲ ခရီးသြားလို႔ အဖမ္းခံရတာလို႔ မင္းလွၿမိဳ႕နယ္ လဝကဦးစီးမႉး ဦးေအာင္ျပည္စိုးက ဖုန္းနဲ႔ ေျပာပါတယ္။

မင္းလွမွာ စဖမ္းမိတုန္းက ၁၉ ဦးပါ။ က်န္တဲ့ ေလးဦးက အသက္မျပည့္တဲ့ ကေလးေတြျဖစ္ေနလို႔ အာဏာပိုင္ေတြက မႏၲေလး လူငယ္ျပဳျပင္ထိန္းသိမ္းေရး သင္တန္းေက်ာင္းကို ပို႔လိုက္ၾကပါတယ္။ လက္ရွိ အမႈရင္ဆိုင္ေနၾကတာက အမ်ိဳးသမီး ခုႏွစ္ဦးနဲ႔ အမ်ိဳးသား ရွစ္ဦးပါ။

ဒီလူေတြဟာ အလုပ္အကိုင္နဲ႔ သြားလာေရးေတြ ကန႔္သတ္ခံရလို႔၊ စားဝတ္ေနေရး က်ပ္တည္းတာေၾကာင့္ ပြဲစားကို တစ္ေယာက္ကို ဆယ္သိန္းဝန္းက်င္ေပးၿပီး ထြက္လာၾကသူေတြလည္းပါတယ္လို႔ ေရွ႕ေန ေဒၚသဇင္ျမင့္ျမတ္ဝင္းက ေျပာပါတယ္။

ပြင့္လင္းရာသီေရာက္တဲ့အခါ ႐ိုဟင္ဂ်ာေတြဟာ ရခိုင္ျပည္နယ္ကေန ထြက္ခြာၿပီး ႏိုင္ငံရပ္ျခား၊ ဒါမွမဟုတ္ ရန္ကုန္ကို တက္လာၾကတာ ပုံမွန္ျဖစ္လို႔ ဖမ္းဆီးခံရတာလည္း မ်ားတယ္လို႔ မြတ္စလင္အေရးလႈပ္ရွားသူ ဦးသာေအးက ေျပာပါတယ္။

ဖမ္းဆီးခံေနရတဲ့ ျပသနာကို ရွင္းေပးဖို႔ဆိုရင္ ႐ိုဟင္ဂ်ာေတြကို အစိုးရ အေျခခံလူ႔အခြင့္ေရးေပးဖို႔ လိုအပ္တယ္လို႔ ဦးသာေအးက ေျပာပါတယ္။

ေရွ႕ေန ေဒၚသဇင္ျမင့္ျမတ္ဝင္းကလည္း ၂၀၁၉ ဒီဇင္ဘာကေန ေဖေဖာ္ဝါရီလအထိ သူတစ္ေယာက္တည္း လိုက္ပါကူညီေဆာင္႐ြက္ေနရတာ အေယာက္ ၁၀၀ ေက်ာ္ရွိတယ္လို႔ ေျပာပါတယ္။ မင္းလွ လဝက ဦးစီးမႉးကလည္း ဖမ္းဆီးရရွိတာ လူ ၃၀၀ ဝန္းက်င္ရွိတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ေနထိုင္တဲ့ ႐ိုဟင္ဂ်ာအမ်ားစုဟာ ျမန္မာႏိုင္ငံသား မွတ္ပုံတင္ မရၾကပါဘူး။ ၁၉၄၈ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီး ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ကေန ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို ေရာက္ရွိလာၾကတဲ့ ဘဂၤလီေတြအျဖစ္ အစိုးရကသတ္မွတ္ထားလို႔ ၁၉၈၂ ျမန္မာႏိုင္ငံသား အက္ဥပေဒအရ ႏိုင္ငံသားကတ္ မရရွိၾကပါဘူး။

႐ိုဟင္ဂ်ာေတြကေတာ့ ဘဂၤလီလို႔ သတ္မွတ္တာကို သေဘာမတူၾကပါဘူး။ ဒါေၾကာင့္ အစိုးရက လက္ရွိထုတ္ေပးတဲ့ NV card ေခၚ ႏိုင္ငံသားစိစစ္ခံရမယ့္သူ သက္ေသခံကတ္ျပားကိုလည္း မယူၾကပါဘူး။

လူဦးေရတစ္သန္းေက်ာ္ရွိတဲ့ ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာအမ်ားစုဟာ ၂၀၁၂ ရခိုင္၊ ႐ိုဟင္ဂ်ာ ျပသနာျဖစ္ၿပီးေနာက္ပိုင္းမွာ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ၾကရပါတယ္။ အခု မင္းလွမွာ အဖမ္းခံရသူတခ်ိဳ႕ဟာ ဒုကၡသည္စခန္း ဒါမွမဟုတ္ ႐ြာေတြကေန ထြက္ခြာလာၾကသူေတြပါ။

ဒီလ အေစာပိုင္းထဲမွာပဲ ပုသိမ္ၿမိဳ႕နယ္ ေပါက္လွက်ိဳင္မွာလည္း ေလွစီးဒုကၡသည္ ၄၈ ေယာက္၊ လွည္းကူးမွာ ၁၄ ေယာက္ ရခိုင္က ထြက္လာလို႔ အဖမ္းခံခဲ့ရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ရိုဟင်ဂျာတွေ နေရေးခက်လို့ ရခိုင်ကိုစွန့်ခွာမှု တိုးလာ

မကွေးတိုင်း မင်းလှမြို့နယ်မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၅ ယောက်ကို ဒီနေ့ရုံးထုတ်တဲ့အခါ လူကုန်ကူးခံရတာလို့ ထွက်ဆိုကြောင်း အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းက RFA ကို ဒီနေ့ပြောပါတယ်။

ခရီးသွားလာတဲ့ မှတ်ပုံတင်အထောက်အထားမပြနိုင်လို့၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက တရားလိုပြုပြီးတော့ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ (၆/ ၃) နဲ့ စွဲဆိုထားတာလို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

ခရီးသွားလာသူတိုင်း မြန်မာနိုင်ငံမှာ မှတ်ပုံတင် ဒါမှမဟုတ် ထောက်ခံစာတစ်ခုခု ကိုင်ဆောင်ပြီး သွားလာရပါတယ်။ အခု ဖမ်းဆီးခံရသူတွေဟာ မှတ်ပုံတင်မပါဘဲ ခရီးသွားလို့ အဖမ်းခံရတာလို့ မင်းလှမြို့နယ် လဝကဦးစီးမှူး ဦးအောင်ပြည်စိုးက ဖုန်းနဲ့ ပြောပါတယ်။

မင်းလှမှာ စဖမ်းမိတုန်းက ၁၉ ဦးပါ။ ကျန်တဲ့ လေးဦးက အသက်မပြည့်တဲ့ ကလေးတွေဖြစ်နေလို့ အာဏာပိုင်တွေက မန္တလေး လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းကို ပို့လိုက်ကြပါတယ်။ လက်ရှိ အမှုရင်ဆိုင်နေကြတာက အမျိုးသမီး ခုနှစ်ဦးနဲ့ အမျိုးသား ရှစ်ဦးပါ။

ဒီလူတွေဟာ အလုပ်အကိုင်နဲ့ သွားလာရေးတွေ ကန့်သတ်ခံရလို့၊ စားဝတ်နေရေး ကျပ်တည်းတာကြောင့် ပွဲစားကို တစ်ယောက်ကို ဆယ်သိန်းဝန်းကျင်ပေးပြီး ထွက်လာကြသူတွေလည်းပါတယ်လို့ ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းက ပြောပါတယ်။

ပွင့်လင်းရာသီရောက်တဲ့အခါ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာပြီး နိုင်ငံရပ်ခြား၊ ဒါမှမဟုတ် ရန်ကုန်ကို တက်လာကြတာ ပုံမှန်ဖြစ်လို့ ဖမ်းဆီးခံရတာလည်း များတယ်လို့ မွတ်စလင်အရေးလှုပ်ရှားသူ ဦးသာအေးက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ ပြသနာကို ရှင်းပေးဖို့ဆိုရင် ရိုဟင်ဂျာတွေကို အစိုးရ အခြေခံလူ့အခွင့်ရေးပေးဖို့ လိုအပ်တယ်လို့ ဦးသာအေးက ပြောပါတယ်။

ရှေ့နေ ဒေါ်သဇင်မြင့်မြတ်ဝင်းကလည်း ၂၀၁၉ ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအထိ သူတစ်ယောက်တည်း လိုက်ပါကူညီဆောင်ရွက်နေရတာ အယောက် ၁၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ မင်းလှ လဝက ဦးစီးမှူးကလည်း ဖမ်းဆီးရရှိတာ လူ ၃၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာအများစုဟာ မြန်မာနိုင်ငံသား မှတ်ပုံတင် မရကြပါဘူး။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိလာကြတဲ့ ဘင်္ဂလီတွေအဖြစ် အစိုးရကသတ်မှတ်ထားလို့ ၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ နိုင်ငံသားကတ် မရရှိကြပါဘူး။

ရိုဟင်ဂျာတွေကတော့ ဘင်္ဂလီလို့ သတ်မှတ်တာကို သဘောမတူကြပါဘူး။ ဒါကြောင့် အစိုးရက လက်ရှိထုတ်ပေးတဲ့ NV card ခေါ် နိုင်ငံသားစိစစ်ခံရမယ့်သူ သက်သေခံကတ်ပြားကိုလည်း မယူကြပါဘူး။

လူဦးရေတစ်သန်းကျော်ရှိတဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအများစုဟာ ၂၀၁၂ ရခိုင်၊ ရိုဟင်ဂျာ ပြသနာဖြစ်ပြီးနောက်ပိုင်းမှာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရပါတယ်။ အခု မင်းလှမှာ အဖမ်းခံရသူတချို့ဟာ ဒုက္ခသည်စခန်း ဒါမှမဟုတ် ရွာတွေကနေ ထွက်ခွာလာကြသူတွေပါ။

ဒီလ အစောပိုင်းထဲမှာပဲ ပုသိမ်မြို့နယ် ပေါက်လှကျိုင်မှာလည်း လှေစီးဒုက္ခသည် ၄၈ ယောက်၊ လှည်းကူးမှာ ၁၄ ယောက် ရခိုင်က ထွက်လာလို့ အဖမ်းခံခဲ့ရပါတယ်။

RFA Burmese
https://www.rfa.org
႐ိုဟင္ဂ်ာေတြ ေနေရးခက္လို႔ ရခိုင္ကိုစြန႔္ခြာမႈ တိုးလာ ႐ိုဟင္ဂ်ာေတြ ေနေရးခက္လို႔ ရခိုင္ကိုစြန႔္ခြာမႈ တိုးလာ Reviewed by THITHTOOLWIN on 01:08 Rating: 5
Powered by Blogger.