အိႏၵိယႏိုင္ငံ ဟိႏၵဴ - မြတ္ဆလင္ အဓိက႐ုဏ္း ၂၀ ထက္မနည္း ေသဆုံး

အိႏၵိယႏိုင္ငံသားဥပေဒသစ္ကို ဆန္႔က်င္ဆႏၵျပသူမ်ား

(Zawgyi/Unicode)

အိႏၵိယႏိုင္ငံံ New Delhi ၿမိဳ႕ မွာ အိႏၵိယႏိုင္ငံသားဥပေဒသစ္ကို ဆန႔္က်င္သူေတြနဲ႔ ေထာက္ခံသူေတြၾကား အျပန္အလွန္ တိုက္ခိုက္မႈေတြအတြင္း ဒီကေန႔ ဗုဒၶဟူးေန႔အထိ ေသဆံုးသူ အနည္းဆံုး ၂၀ ေလာက္ ႐ွိပါတယ္။

အိႏၵိယႏိုင္ငံံမွာ ျပင္ဆင္ျပဌာန္းခဲ့တဲ့ အျငင္းပြားဖြယ္ ႏိုင္ငံသားဥပေဒသစ္ဟာ မြတ္ဆလင္ေတြအေပၚ ခြဲျခားဆက္ဆံမႈေတြ ရွိေနတယ္ ဆိုၿပီး အျငင္းပြားမႈေတြနဲ႔ ကန႔္ကြက္ဆႏၵျပပြဲေတြ ျဖစ္ေနခဲ့တာပါ။

အဂၤါေန႔ကေတာ့ ဟိႏၵဴဘာသာ၀င္ ကန္႔ကြက္ ဆႏၵျပသူေတြက New Delhi အေ႐ွ႕ေျမာက္ပိုင္းမွာ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ဆိုင္ေတြအျပင္ မူဆလင္ဘုရားေက်ာင္း တခုကိုလည္း မီး႐ိႈ႕ခဲ့တယ္လို႔ မ်က္ျမင္သက္ေသ တဦးက ေျပာပါတယ္။

အဓိက႐ုဏ္းအတြင္း အနည္းဆံုး အရပ္သား ၁၈၀ ေက်ာ္နဲ႔ လံုျခံဳေရးတပ္ဖြဲ႔၀င္ ၅၀ ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ရဲတပ္ဖြဲ႔ ေျပာခြင့္ရကေျပာပါတယ္။ အဓိက႐ုဏ္း ျဖစ္ေနတဲ့ေဒသတြင္းက ေက်ာင္းေတြကိုလည္း အာဏာပိုင္ေတြက ပိတ္ထားတာပါ။


ပဋိပကၡေတြမွာ ပါ၀င္ပတ္သက္သူ ၁ ဦးကို ရဲကဖမ္းဆီးထားျပီး ေနာက္ထပ္ ၂၀ ေလာက္ကိုေတာ့ စစ္ေဆးေမးျမန္းဖို႔ ထိန္းသိမ္းထားတယ္လို႔ Press Trust of India သတင္းဌာနက ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ထုတ္ျပန္ခဲ့တဲ့ ဒီဥပေဒသစ္အရ အိမ္နီးခ်င္း ႏိုင္ငံေတြကေန ဖိႏွိပ္မႈေတြေၾကာင့္ အိႏၵိယႏိုင္ငံထဲ ထြက္ေျပးလာသူေတြကို ႏိုင္ငံသားျဖစ္ခြင့္ျပဳတဲ့အထဲမွာ မြတ္ဆလင္ေတြကိုေတာ့ ခ်န္လွပ္ထားတာေၾကာင့္ ဆႏၵျပပြဲေတြ အိႏၵိယႏိုင္ငံတဝွမ္း လနဲ႔ခ်ီ ေပၚေပါက္ေနခဲ့တာပါ။

အေမရိကန္သမၼတ Donald Trump အိႏၵိယ ႏိုင္ငံ ခရီးစဥ္ စတင္ခ်ိန္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ အခု အၾကမ္းဖက္မႈေတြ တဖန္ ျပန္ျပီးေတာ့ ျပင္းထန္လာခဲ့တာ ျဖစ္ပါတယ္။


[Unicode Version]

အိန္ဒိယနိုင်ငံ ဟိန္ဒူ - မွတ်ဆလင် အဓိကရုဏ်း ၂၀ ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံံ New Delhi မြို့ မှာ အိန္ဒိယနိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ အနည်းဆုံး ၂၀ လောက် ရှိပါတယ်။

အိန္ဒိယနိုင်ငံံမှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်ဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ် ဆိုပြီး အငြင်းပွားမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်နေခဲ့တာပါ။

အင်္ဂါနေ့ကတော့ ဟိန္ဒူဘာသာဝင် ကန့်ကွက် ဆန္ဒပြသူတွေက New Delhi အရှေ့မြောက်ပိုင်းမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေအပြင် မူဆလင်ဘုရားကျောင်းတခုကိုလည်း မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။

အဓိကရုဏ်းအတွင်း အနည်းဆုံး အရပ်သား ၁၈၀ ကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရကပြောပါတယ်။ အဓိကရုဏ်း ဖြစ်နေတဲ့ဒေသတွင်းက ကျောင်းတွေကိုလည်း အာဏာပိုင်တွေက ပိတ်ထားတာပါ။

ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူ ၁ ဦးကို ရဲကဖမ်းဆီးထားပြီး နောက်ထပ် ၂၀ လောက်ကိုတော့ စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ Press Trust of India သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေသစ်အရ အိမ်နီးချင်း နိုင်ငံတွေကနေ ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာသူတွေကို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့အထဲမှာ မွတ်ဆလင်တွေကိုတော့ ချန်လှပ်ထားတာကြောင့် ဆန္ဒပြပွဲတွေ အိန္ဒိယနိုင်ငံတဝှမ်း လနဲ့ချီ ပေါ်ပေါက်နေခဲ့တာပါ။

အမေရိကန်သမ္မတ Donald Trump အိန္ဒိယ နိုင်ငံ ခရီးစဉ် စတင်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အခု အကြမ်းဖက်မှုတွေ တဖန် ပြန်ပြီးတော့ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
အိႏၵိယႏိုင္ငံ ဟိႏၵဴ - မြတ္ဆလင္ အဓိက႐ုဏ္း ၂၀ ထက္မနည္း ေသဆုံး အိႏၵိယႏိုင္ငံ ဟိႏၵဴ - မြတ္ဆလင္ အဓိက႐ုဏ္း ၂၀ ထက္မနည္း ေသဆုံး Reviewed by THITHTOOLWIN on 01:12 Rating: 5
Powered by Blogger.