ICJ ၾကားျဖတ္အစီအမံ ျမန္မာလက္ခံဖို႔ EU တိုက္တြန္း

ICJ ႏိုင္ငံတကာတရား႐ံုး (ဇန္န၀ါရီ၊ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ICJ ႏိုင္ငံတကာတရား႐ံုးက ျမန္မာႏိုင္ငံအတြက္ ခ်မွတ္ထားတဲ့ ၾကားျဖတ္အစီအမံေတြကို လုိက္နာဖုိ႔ EU ဥေရာပသမဂၢက တိုက္တြန္းလိုက္ပါတယ္။ ကုလသမဂၢလံုၿခံဳေရး ေကာင္စီမွာ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ ျမန္မာ့အေရး တံခါးပိတ္ေဆြးေႏြးပြဲအၿပီး EU ကိုယ္စား Estonian သံအမတ္ႀကီး Sven Jürgenson က တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

ICJ တရား႐ံုးကခ်မွတ္တဲ့ အစီအမံေတြအတုိင္း ျမန္မာကလိုက္နာေဆာင္႐ြက္ဖို႔ EU ကတိုက္တြန္းပါတယ္။ ဒီအစီအမံေတြဟာ ႏိုင္ငံတကာဥပေဒအရ မျဖစ္မေနလိုက္နာဖို႔ လိုတယ္ဆိုတာ ထပ္ၿပီးေျပာလိုပါတယ္။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခဲ့သူေတြကို တရားဥပေဒနဲ႔အညီအေရးယူႏုိင္ဖုိ႔ လက္ခံႏိုင္ေလာက္တ့ဲ ေဆာင္႐ြက္မႈေတြ လုပ္ဖုိ ႔လိုအပ္ပါတယ္။ ရခိုင္ျပည္နယ္အျပင္ ကခ်င္န႔ဲ ႐ွမ္းျပည္နယ္ေတြမွာ ပဋိပကၡေတြျဖစ္ေနရတဲ့ အေျခခံျပႆနာေတြကို ျမန္မာအေနနဲ႔ ေျဖ႐ွင္းရမယ္လို႔ EU ကိုယ္စား ကုလသမဂၢဆိုင္ရာ Estonian သံအမတ္ႀကီး Sven Jürgenson ကေျပာၾကားသြားတာျဖစ္ပါတယ္။

႐ိုဟင္ဂ်ာေတြ ေဘးကင္း သိကၡာ႐ွိစြာ ျပန္လာႏိုင္မယ့္အေျခအေနေတြကို ျမန္မာက ဖန္တီးေပးရမယ္လို႔လည္း သူကေျပာသြားခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာ ၆ ရက္တုန္းက လံုၿခံဳေရးေကာင္စီဥကၠ႒ရဲ႕ ေၾကညာခ်က္အတုိင္း ထပ္မံေတာင္းဆိုသလို၊ Kofi Annan ေကာ္မ႐ွင္ရဲ႕ အႀကံျပဳခ်က္ေတြအတိုင္း အေကာင္အထည္ေဖာ္ဖုိ႔ EU ကထပ္မံ ေတာင္းဆိုတယ္လို႔လည္း အဂၤါေန႔က ေျပာၾကားခဲ့ပါတယ္။

ICJ တရား႐ံုးမွာ Gambia ႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ တရားစြဲထားတဲ့ အမႈ မစတင္ခင္ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီး မျဖစ္ေအာင္ တားဆီးေရး ၾကားျဖတ္လိုက္နာ ေဆာင္႐ြက္ခ်က္ေတြ ICJ တရား႐ံုးက ဇန္နဝါရီကလ ခ်မွတ္ခဲ့တာပါ။

အဲဒီကိစၥနဲ႔ပတ္သက္လို႔ Belgium, Estonia, France, Germany, ၿဗိတိန္နဲ႔ အေမရိကန္ႏိုင္ငံေတြရဲ႕ ေတာင္းဆိုခ်က္အရ ကုလသမဂၢလံုၿခံဳေရးေကာင္စီမွာ အဂၤါေန႔က ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာကေတာ့ ICJ တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ေတြကို မွတ္သားထားတယ္လို႔ တံု႔ျပန္ထားပါတယ္။

..................

ICJ ကြားဖြတ်အစီအမံ မြန်မာလက်ခံဖို့ EU တိုက်တွန်း

(Unicode)

ICJ နိုင်ငံတကာတရားရုံးက မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး EU ကိုယ်စား Estonian သံအမတ်ကြီး Sven Jürgenson က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ICJ တရားရုံးကချမှတ်တဲ့ အစီအမံတွေအတိုင်း မြန်မာကလိုက်နာဆောင်ရွက်ဖို့ EU ကတိုက်တွန်းပါတယ်။ ဒီအစီအမံတွေဟာ နိုင်ငံတကာဥပဒေအရ မဖြစ်မနေလိုက်နာဖို့လိုတယ်ဆိုတာ ထပ်ပြီးပြောလိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို တရားဥပဒေနဲ့အညီအရေးယူနိုင်ဖို့ လက်ခံနိုင်လောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်အပြင် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ပဋိပက္ခတွေဖြစ်နေရတဲ့ အခြေခံပြဿနာတွေကို မြန်မာအနေနဲ့ ဖြေရှင်းရမယ်လို့ EU ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ Estonian သံအမတ်ကြီး Sven Jürgenson ကပြောကြားသွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ ဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်မယ့်အခြေအနေတွေကို မြန်မာက ဖန်တီးပေးရမယ်လို့လည်း သူကပြောသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်တုန်းက လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်အတိုင်း ထပ်မံတောင်းဆိုသလို၊ Kofi Annan ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ EU ကထပ်မံ တောင်းဆိုတယ်လို့လည်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ICJ တရားရုံးမှာ Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ အမှု မစတင်ခင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက်ချက်တွေ ICJ တရားရုံးက ဇန်နဝါရီကလ ချမှတ်ခဲ့တာပါ။

အဲဒီကိစ္စနဲ့ပတ်သက်လို့ Belgium, Estonia, France, Germany, ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာကတော့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မှတ်သားထားတယ်လို့ တုံ့ပြန်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ICJ ၾကားျဖတ္အစီအမံ ျမန္မာလက္ခံဖို႔ EU တိုက္တြန္း ICJ ၾကားျဖတ္အစီအမံ ျမန္မာလက္ခံဖို႔ EU တိုက္တြန္း Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.