ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားတခ်ိဳ႕ လုပ္အားခမရ

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားတခ်ိဳ႕ လုပ္အားခမရ
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ျမန္မာႏိုင္ငံသား ေထာင္နဲ႔ခ်ီၿပီး တ႐ုတ္နယ္စပ္ကေန ျပန္လာေနၾကရာမွာ လုပ္အားခေငြေတြ မရဘဲ ျပန္လာရသူေတြလည္း ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံမွာျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ျမန္မာႏိုင္ငံသား ေထာင္နဲ႔ခ်ီၿပီး တ႐ုတ္နယ္စပ္ကေန ျပန္လာေနၾကပါတယ္။ အဲ့ဒီထဲမွာ လုပ္အားခေငြေတြ မရဘဲ ျပန္လာရသူေတြလည္း ရွိေနပါတယ္။

ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေ႐ႊေဟာ္နဲ႔ ေလာက္ကိုင္နယ္စပ္ကေန တစ္ဖက္တ႐ုတ္ႏိုင္ငံထဲကို သြားေရာက္ၿပီးအလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ နယ္စပ္ေတြကေန ျမန္မာႏိုင္ငံကို ျပန္လာေနၾကတာပါ။ အမ်ားစုဟာ ခ်င္းေ႐ႊေဟာ္- တ႐ုတ္နယ္စပ္ နန႔္က်င္းက်န္နဲ႔ မိန္းတိန္ၿမိဳ႕မွာရွိတဲ့ ခရမ္းနဲ႔ င႐ုတ္စိုက္ခင္းေတြမွာ အလုပ္လုပ္ၾကတာလို႔ ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လုပ္ငန္းေတြကို စြန႔္ၿပီး ျပန္လာၾကရာမွာ လုပ္အားခမရသူေတြလည္းရွိတယ္လို႔ တ႐ုတ္ကေန ျပန္လာတဲ့ ေရစႀကိဳၿမိဳ႕နယ္က မစန္းႏြယ္ေဌးက ေျပာပါတယ္။

တခ်ိဳ႕အလုပ္ေတြကေတာ့ လုပ္ငန္းခြင္ဝင္ကတည္းက စုေဆာင္းထားရတဲ့ လုပ္ခေငြေတြကို လုပ္ငန္းရွင္ေတြက မေပးတာေၾကာင့္ လုပ္အားခမရခဲ့ဘူးလို႔ ေနရပ္ျပန္လာသူတစ္ဦးက ေျပာပါတယ္။

တ႐ုတ္စိုက္ခင္းေတြမွာ အလုပ္လုပ္ေနသူေတြဟာ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း ေရစႀကိဳနဲ႔ ပခုကၠဴၿမိဳ႕နယ္ေတြက အမ်ားဆုံးျဖစ္ပါတယ္။

လက္ရွိမွာ တ႐ုတ္ႏိုင္ငံဘက္က ျပည္မႀကီးကေန နယ္စပ္ကိုလာတဲ့ ဂိတ္ေပါက္ေတြကို ပိတ္ထားတဲ့အတြက္ ျပန္လာခ်င္တဲ့သူေတြ အခက္ေတြ႕ေန ၾကၿပီး တကၠစီကားခ တ႐ုတ္ယြမ္ေငြတစ္ရာ ေပးတာေတာင္ လိုက္မယ့္ကားဆရာမရွိဘူးလို႔ ေျပာပါတယ္။

တခ်ိဳ႕ က နယ္စပ္ကို လမ္းေလွ်ာက္ျပန္လာေနၾကၿပီး တ႐ုတ္ႏိုင္ငံထဲမွာရွိတဲ့ ပရဟတိအဖြဲ႕အစည္းေတြကလည္း နယ္စပ္ျပန္လာႏိုင္ေအာင္ ကူညီေပးေနတယ္လို႔ မိန္းတိန္ၿမိဳ႕မွာ အလုပ္လုပ္ၿပီးျပန္လာတဲ့ ကိုထြန္းႏိုင္က ေျပာပါတယ္။

ခ်င္ေ႐ႊေဟာ္နယ္စပ္ကေန သြားေရာက္ေခၚေဆာင္ေပးေနတဲ့ပရဟိတအဖြဲ႕ေတြ လည္းရွိပါတယ္။ မေန႔က တ႐ုတ္ဘက္ကေန ျပန္လာသူေတြကို သြားေရာက္ေခၚေဆာင္ခဲ့တဲ့ ခ်င္းေ႐ႊေဟာ္မွာေနတဲ့ ကိုေအာင္ထြန္း ႏိုင္ကလည္း ျမန္မာႏိုင္ငံကို ျပန္လာမယ့္ အလုပ္သမားေတြ အမ်ားႀကီးက်န္ေနေသးတယ္လို႔ ဆိုပါတယ္။

ျပန္လာတဲ့သူေတြကို ခ်င္းေ႐ႊေဟာ္နယ္စပ္မွာ က်န္းမာေရးဌာနတာဝန္ရွိသူေတြက က်န္းမာေရးစစ္ေဆးေနပါတယ္။ ျပန္လာသူေတြထဲက က်န္းမာေရးမေကာင္းသူေတြကို ေဆး႐ုံမွာစစ္ေဆးၿပီးမွ ျပန္လႊတ္တယ္လို႔ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္မွာ တာဝန္က်ေနတဲ့ က်န္းမာေရးမႉး ဦးထြန္းထြန္းက ေျပာပါတယ္။

ဒါ့အျပင္ ကိုးကန႔္ေဒသဦးစီးအဖြဲ႕ကလည္း က်န္းမာေရးအသိပညာေပးစာေစာင္ေတြ ေဝငွေနပါတယ္။ ကိုးကန႔္နယ္စပ္ဂိတ္ ေနာက္တစ္ခုျဖစ္တဲ့ ေလာက္ကိုင္ ရန္လုံက်ိဳင္းဂိတ္မွာေတာ့ ေနရပ္ျပန္တဲ့ ျမန္မာႏိုင္ငံသားေတြ သိပ္မေတြ႕ရပါဘူး။

အခုအခ်ိန္ဟာ ႀကံတင္ပို႔တဲ့ကာလျဖစ္ၿပီး ရန္လုံက်ိဳင္းနယ္စပ္မွာ ႀကံကားေတြ ပုံမွန္အတိုင္းသြားလာေနၿပီး ကိုးကန႔္ ေဒသဦးစီးအဖြဲ႕ က်န္းမာေရးဌာနနဲ႔ က်န္းမာေရးဝန္ႀကီးဌာန သူနာျပဳဆရာမေတြ၊ နယ္စပ္ဝန္ထမ္း တာဝန္ရွိသူေတြ ပူးေပါင္းၿပီး လူဝင္လူထြက္ဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆး ေနပါတယ္။

တ႐ုတ္ဘက္ျခမ္း နမ့္ဆန္ေဒသမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား ေနရပ္ျပန္သူေတြရွိေပမယ့္ ပိတ္မိတာေတြ မရွိေသးေၾကာင္း၊ အခက္အခဲျဖစ္တဲ့သူေတြကိုလည္း နယ္စပ္လူကုန္ကူးမႈတားဆီးေရးအဖြဲ႕ တ႐ုတ္ျပည္ပဆက္ဆံေရးဌာန တာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္းၿပီး ျပန္လည္လႊဲေျပာင္းဖို႔ ေဆာင္႐ြက္ေနတယ္လို႔ နယ္စပ္ ျမန္မာလူဝင္မႈ ႀကီးၾကပ္ေရးဌာန တာဝန္က်အရာရွိက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကပြန်လာတဲ့ အလုပ်သမားတချို့ လုပ်အားခမရ

တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး တရုတ်နယ်စပ်ကနေ ပြန်လာနေကြရာမှာ လုပ်အားခငွေတွေ မရဘဲ ပြန်လာရသူတွေလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး တရုတ်နယ်စပ်ကနေ ပြန်လာနေကြပါတယ်။ အဲ့ဒီထဲမှာ လုပ်အားခငွေတွေ မရဘဲ ပြန်လာရသူတွေလည်း ရှိနေပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်နယ်စပ်ကနေ တစ်ဖက်တရုတ်နိုင်ငံထဲကို သွားရောက်ပြီးအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ နယ်စပ်တွေကနေ မြန်မာနိုင်ငံကို ပြန်လာနေကြတာပါ။ အများစုဟာ ချင်းရွှေဟော်- တရုတ်နယ်စပ် နန့်ကျင်းကျန်နဲ့ မိန်းတိန်မြို့မှာရှိတဲ့ ခရမ်းနဲ့ ငရုတ်စိုက်ခင်းတွေမှာ အလုပ်လုပ်ကြတာလို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းတွေကို စွန့်ပြီး ပြန်လာကြရာမှာ လုပ်အားခမရသူတွေလည်းရှိတယ်လို့ တရုတ်ကနေ ပြန်လာတဲ့ ရေစကြိုမြို့နယ်က မစန်းနွယ်ဌေးက ပြောပါတယ်။

တချို့အလုပ်တွေကတော့ လုပ်ငန်းခွင်ဝင်ကတည်းက စုဆောင်းထားရတဲ့ လုပ်ခငွေတွေကို လုပ်ငန်းရှင်တွေက မပေးတာကြောင့် လုပ်အားခမရခဲ့ဘူးလို့ နေရပ်ပြန်လာသူတစ်ဦးက ပြောပါတယ်။

တရုတ်စိုက်ခင်းတွေမှာ အလုပ်လုပ်နေသူတွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ရေစကြိုနဲ့ ပခုက္ကူမြို့နယ်တွေက အများဆုံးဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဘက်က ပြည်မကြီးကနေ နယ်စပ်ကိုလာတဲ့ ဂိတ်ပေါက်တွေကို ပိတ်ထားတဲ့အတွက် ပြန်လာချင်တဲ့သူတွေ အခက်တွေ့နေ ကြပြီး တက္ကစီကားခ တရုတ်ယွမ်ငွေတစ်ရာ ပေးတာတောင် လိုက်မယ့်ကားဆရာမရှိဘူးလို့ ပြောပါတယ်။

တချို့ က နယ်စပ်ကို လမ်းလျှောက်ပြန်လာနေကြပြီး တရုတ်နိုင်ငံထဲမှာရှိတဲ့ ပရဟတိအဖွဲ့အစည်းတွေကလည်း နယ်စပ်ပြန်လာနိုင်အောင် ကူညီပေးနေတယ်လို့ မိန်းတိန်မြို့မှာ အလုပ်လုပ်ပြီးပြန်လာတဲ့ ကိုထွန်းနိုင်က ပြောပါတယ်။

ချင်ရွှေဟော်နယ်စပ်ကနေ သွားရောက်ခေါ်ဆောင်ပေးနေတဲ့ပရဟိတအဖွဲ့တွေ လည်းရှိပါတယ်။ မနေ့က တရုတ်ဘက်ကနေ ပြန်လာသူတွေကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ချင်းရွှေဟော်မှာနေတဲ့ ကိုအောင်ထွန်း နိုင်ကလည်း မြန်မာနိုင်ငံကို ပြန်လာမယ့် အလုပ်သမားတွေ အများကြီးကျန်နေသေးတယ်လို့ ဆိုပါတယ်။

ပြန်လာတဲ့သူတွေကို ချင်းရွှေဟော်နယ်စပ်မှာ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ကျန်းမာရေးစစ်ဆေးနေပါတယ်။ ပြန်လာသူတွေထဲက ကျန်းမာရေးမကောင်းသူတွေကို ဆေးရုံမှာစစ်ဆေးပြီးမှ ပြန်လွှတ်တယ်လို့ ချင်းရွှေဟော် နယ်စပ်ဂိတ်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးမှူး ဦးထွန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသဦးစီးအဖွဲ့ကလည်း ကျန်းမာရေးအသိပညာပေးစာစောင်တွေ ဝေငှနေပါတယ်။ ကိုးကန့်နယ်စပ်ဂိတ် နောက်တစ်ခုဖြစ်တဲ့ လောက်ကိုင် ရန်လုံကျိုင်းဂိတ်မှာတော့ နေရပ်ပြန်တဲ့ မြန်မာနိုင်ငံသားတွေ သိပ်မတွေ့ရပါဘူး။

အခုအချိန်ဟာ ကြံတင်ပို့တဲ့ကာလဖြစ်ပြီး ရန်လုံကျိုင်းနယ်စပ်မှာ ကြံကားတွေ ပုံမှန်အတိုင်းသွားလာနေပြီး ကိုးကန့် ဒေသဦးစီးအဖွဲ့ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန သူနာပြုဆရာမတွေ၊ နယ်စပ်ဝန်ထမ်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး လူဝင်လူထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေး နေပါတယ်။

တရုတ်ဘက်ခြမ်း နမ့်ဆန်ဒေသမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား နေရပ်ပြန်သူတွေရှိပေမယ့် ပိတ်မိတာတွေ မရှိသေးကြောင်း၊ အခက်အခဲဖြစ်တဲ့သူတွေကိုလည်း နယ်စပ်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ တရုတ်ပြည်ပဆက်ဆံရေးဌာန တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပြန်လည်လွှဲပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ နယ်စပ် မြန်မာလူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ကျအရာရှိက ပြောပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားတခ်ိဳ႕ လုပ္အားခမရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားတခ်ိဳ႕ လုပ္အားခမရ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.