ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ တိုက္ပဲြျပင္းထန္

ဘူးသီးေတာင္ၿမိဳ႕နယ္ အနီးတြင္ ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား (သတင္းဓာတ္ပံု-Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ရေသ့ေတာင္နဲ႔ ဘုူးသီးေတာင္ျမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႕အၾကား မေန႔က တိုက္ပြဲျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့တယ္လို႕ ႏွစ္ဘက္တပ္ တာ၀န္ရွိသူေတြ ကေျပာပါတယ္။ ဒီရက္ပိုင္းအတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ ၿမိဳ႕နယ္ထဲမွာ စစ္ေရွာင္ ဦးေရ ၃၀,၀၀၀ ေလာက္ ျဖစ္လာေနၿပီလို႔ ေဒသတြင္း လူမႈကူညီေရး အဖြဲ႔ေတြက ေျပာပါတယ္။ အျပည့္အစံုကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း မေန႔ကစၿပီး အင္တာနက္ အဆက္သြယ္ ျဖတ္ေတာက္တာခံခဲ့ရတဲ့ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕ နယ္ေတြမွာ ျမန္မာစစ္တပ္ကေန ၾကည္း၊ ေရ၊ ေလ ပူးေပါင္း အင္အားနဲ႔ အျပင္းထန္ ထိုးစစ္ဆင္လာတယ္လို႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခ ကေျပာပါတယ္။

“မေန႔က ေဖေဖၚ၀ါရီလ ၄ ရက္ေန႔မွာေတာ့ ဘူးသီးေတာင္ ရေသ့ေတာင္ဘက္ေတြမွာ သူတို႕ အင္တာနက္ကို ျဖတ္ေတာက္ၿပီးေတာ့ မနက္မိုးလင္းတာနဲ႔ ၾကည္း၊ ေရ၊ ေလ ေပါင္းၿပီးေတာ့ ထိုးစစ္ အျပင္းထန္လုပ္တာ။ ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာေတာ့ ျမန္မာစစ္တပ္ ဘက္ကေနၿပီးေတာ့ ၾကည္း ေရ ေလ ေပါင္းၿပီးေတာ့ အျပင္းထန္ ထိုးစစ္ဆင္တာေတြ။ ေန႔လယ္ ၁၂ နာရီေလာက္ကဆို ခမရ ၅၃၇ေပါ့ေနာ္။ ရေသ့ေတာင္အေျခစိုက္ေပါ့။ ေနာက္ေရစိုးေခ်ာင္းဗ်ဴဟာရယ္၊ေနာက္ၿပီးလို႕ရွိရင္ ေရတပ္သေဘၤာ တစီးေပါ့ေနာ္။ သေဘၤာ ကေနၿပီးေတာ့ သူတို႕လက္နက္ႀကီးေတြနဲ႔ ေနျပီးေတာ့ စစ္ကူပစ္ခတ္မႈေတြ လုပ္တယ္။

အျမန္တိုက္ခိုက္ေရးယာဥ္ စပိဘုတ္နဲ႔ ေနၿပီး ေတာ့ သူတို ေမယုျမစ္ရဲ႕ တဘက္တခ်က္ေပါ့ေနာ္။ ေခ်ာင္းကမ္း၀ဲယာေတြကို ရမ္းသမ္းပစ္ခတ္ေတြ လုပ္ခဲ့တာရွိတယ္။ ေန႔လယ္ ၂နာရီ၂၆ မိနစ္က စတင္ၿပီးေတာ့ သူတို႕ရဟတ္ယာဥ္ ႏွစ္စီးနဲ႔၄၅ မိနစ္ေလာက္ ဒီေရာ့ကက္ေတြ စက္ေသနတ္ေတြနဲ႔ေန လာ ေရာက္ ပစ္ခတ္တာေတြ လုပ္တယ္။ အဲဒီ မညွင္းေတာင္ရြာ၊ ေက်ာက္ရန္၊ သာစည္ရြာ၊ ေနာက္အမ်က္ေတာင္ရြာ၊ ကုန္တန္းေက်းရြာရဲ႕ အေနာက္ဘက္ေပါ့ေနာ္.. လက္နက္ႀကီးေတြ က်ေရာက္ ေပါက္ကြဲခဲ့တာ ရွိတယ္။ ေန႔လယ္ ၁ နာရီ ၄၅ မိနစ္ေလာက္မွာေတာ့ ျမန္မာ စစ္တပ္ရဲ႕ဒရုန္းတစီးကို က်ေနာ္္တို႔ ပစ္ခတ္ခဲ့တာ ရွိတယ္။”

မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခ်ိန္မွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ တိုက္ပြဲျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ေျပာပါတယ္။

“မေန႔ကတုန္းကေတာ့ အဲဒီမညွင္းေတာင္ ေအာင္ေဇယ်ေပါ့။ အဲဒီအနားမွာေတာ့ တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္တယ္။ ဘာလို႕ျဖစ္လဲဆိုေတာ့ အဲဒီ မညွင္းေတာင္ေဒသက ခဏခဏေပါ့။ AA ေတြက ဘူးသီးေတာင္ကို သြားတဲ့ ေရႊနဒီျဖစ္စဥ္ မွာပဲျဖစ္ျဖစ္ ေအာင္တံခြန္ ျဖစ္စဥ္မွာပဲ ျဖစ္ျဖစ္ ဒီနားကပဲ ရပ္ရပ္ၿပီးေတာ့မွ အေျခခံၿပီးေတာ့မွ သေဘၤာေတြကို ဟိုဟာ ပစ္တာ ဒီဟာပစ္တာတို႔ ခဏခဏ အဲဒီ ေနရာကို လုပ္တာ။ အဲဒီလိုျဖစ္တဲ့အခါ က်ေနာ္္တို႕လည္း မေန႔က နယ္ေျမရွင္းတဲ့အခါမွာ ေသာင္းက်န္းသူ ေတြနဲ႔၂နာရီ၀န္းက်င္ ေလာက္ ပစ္တာေပါ့ေနာ္။ တိုက္ပြဲကေတာ့ ႀကီးႀကီးမားမား ျဖစ္တာေပါ့။ က်ေနာ္္တို႔ကေတာ့ ထိခိုက္ဒဏ္ရာ မရွိဘူးအဲဒီမွာ။ ေသညင္းက်န္းသူ ဘက္ကေတာ့ က်ေနာ္္တို႔ လက္နက္နဲ႔ အေလာင္းရလိုက္တာ ရွိတာေပါ့။”

ဒီတိုက္ပြဲစဥ္မွာ AA ဘက္က ထိခိုက္မႈ ရွိခဲ့တယ္လို႕ တပ္မေတာ္ဘက္က ေျပာဆိုေပမယ့္ AA ဘက္ကေတာ့ အတည္မျပဳခဲ့ပါဘူး။

ရေသ့ေတာင္ၿမိဳ႕နယ္ မညွင္းေတာင္နဲ႔ ျပိန္းေတာေတာင္တန္းဘက္တိုက္ပြဲေတြမွာ တပ္မေတာ္ကေန ရဟတ္ယာဥ္အပါ၀င္ ၾကည္း၊ ေရ၊ ေလ ပူးေပါင္းအဖြဲ႕ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတဲ့ အေျခအေနေၾကာင့္ အနီးနားက ငစံေဘာ္ေက်းရြာသား ၃၀၀ ေလာက္ ရေသ့ေတာင္ျမိဳ႕ကို ဒီကေန႔မွာ စစ္ေဘးတိမ္းေရွာင္ ေရာက္ေနတယ္လို႕ ျပိန္းေတာေက်းရြာအုပ္စုဘက္ကိုေရာက္ေနတဲ့ လူမႈကူညီေရးအဖြဲ႕က ကိုဘကၠာက ေျပာပါတယ္။

“ျပိန္းေတာေတာင္တန္း တေလွ်ာက္ရယ္၊ မညွင္းေတာင္ရယ္၊ အဲဒီၾကားထဲကိုလာၿပီးေတာ့ ျမန္မာ့တပ္မေတာ္က ေလေၾကာင္း၊ ေရ၊ ၾကည္း ေရ ေလ ညွပ္ၿပီးေတာ့ အဲဒီမွာလာၿပီးေတာ့ အကုန္လုံး ပစ္သြားတယ္သူတို႕။ အခုဆိုရင္ ငစံေဘာ္ေက်းရြာက ေရွာင္တိမ္းၿပီး ေတာ့ထြက္ေျပးလာၾကတာ အိမ္ေထာင္စု၄၀ ေက်ာ္ေရာက္ေနတယ္။ လူဦးေရကေတာ့ ၃၀၀ ေလာက္ရွိတာေပါ့။ အခုျဖစ္ေနတဲ့ ေနရာနဲ႔နီးတယ္ေလ။ က်ေနာ္္တို႕မွာလည္း ဒီမွာ ၿမိဳ႕ေပၚဘုန္းႀကီးေက်ာင္းမွာလည္း လက္ခံထားတာ အဲဒီမွာ အကုန္လုံးျပည့္ႏွက္ၿပီး ေတာ့ေတာ္ေတာ္အခက္ခဲ ျဖစ္ေနတယ္။ စစ္ေရွာင္က အကုန္လုံး က်ေနာ္္တို႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ခန္႕မွန္းေျခကေတာ့၃၀,၀၀၀ ေလာက္ရွိတယ္။”

ေဖေဖၚ၀ါရီ ၂ ရက္ေန႔ကလည္း ျပိန္းေတာ၊ ကုလားေခ်ာင္း၊ မညွင္းေတာင္၊ ကုန္တန္း စတဲ့ရြာသား၂,၀၀၀ ေက်ာ္ဟာ တိုက္ပြဲေၾကာင့္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

အလားတူ ဘူးသီးေတာင္ျမိဳ႕နယ္ ကၽြဲရိုင္းခတ္ေက်းရြာအုပ္စု စက္ေခၚရြာ၊ ဒိုးေဝေခ်ာင္းဘက္မွာလည္း တပ္မေတာ္ ရဟတ္ယာဥ္နဲ႔ ေရတပ္သေဘာၤတို႕နဲ႔ ပစ္ခတ္ေနတယ္လို႕ ကြ်ဲရိုင္းခတ္ရြာ ရပ္မိရပ္ဖ တဦးက ေျပာပါတယ္။

“မယူကမ္းေတာက္ေလွ်ာက္ ေလယာဥ္နဲ႔ ပစ္တာ။ ဒုံးေ၀ေခ်ာင္းတို႕ စက္ေခၚရြာတို႕ ေလယာဥ္နဲ႔ ပစ္တာေလ။ က်ေနာ္တို႕ ျမင္တာက ၂ စီး။ မသကၤာဖြယ္ရာ ေနရာကို ပစ္တာမေန႔က။ မေန႔က ေလယာဥ္နဲ႔ ပစ္လိုက္ Navyကပစ္လိုက္ ေပါက္ကရေလွ်ာက္ ပစ္တာ ပဲမေန႔က။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသအတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တႏွစ္ေက်ာ္အၾကာ တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနပါတယ္။

စစ္ေရးပဋိပကၡျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ရေသ့ေတာင္ ေမာင္ေတာ ေျမပုံၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္တို႕မွာ မေန႔က ျမန္မာႏိုင္ငံ ဆက္သြယ္ေရးႏွင့္ ပို႕ေဆာင္ေရး ၀န္ၾကီးဌာညႊန္ၾကားခ်က္အရ အင္တာနက္လိုင္း သုံးစြဲမႈကို ဒုတိယအၾကိမ္ ပ္ိတ္ပင္ခဲ့ပါတယ္။

ဒီလိုအင္တာနက္လိုင္း ပိတ္ပင္တဲ့အတြက္ ပဋိပကၡျဖစ္ပြားေနဆဲေဒသအတြင္း လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ ပိုရွိလာနိုင္သလို ေဒသအတြင္း စစ္ေဘးေရွာင္ဒုကၡသည္ေတြနဲ႔ တိုက္ပြဲေၾကာင့္ ထိခိုက္ဒဏ္ရာရျပည္သူေတြကို ကူညီေရးမွာ အခက္ေတြ႕ေနတယ္လို႕ ရခိုင္လူမႈအဖြဲ႕အစည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

[Unicode Version]

ရသေ့တောင်နဲ့ ဘူးသီးတောင် တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်နဲ့ ဘုူးသီးတောင်မြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား မနေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်တပ် တာဝန်ရှိသူတွေ ကပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရသေ့တောင် မြို့နယ်ထဲမှာ စစ်ရှောင် ဦးရေ ၃၀,၀၀၀ လောက် ဖြစ်လာနေပြီလို့ ဒေသတွင်း လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနေ့ကစပြီး အင်တာနက် အဆက်သွယ် ဖြတ်တောက်တာခံခဲ့ရတဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့ နယ်တွေမှာ မြန်မာစစ်တပ်ကနေ ကြည်း၊ ရေ၊ လေ ပူးပေါင်း အင်အားနဲ့ အပြင်းထန် ထိုးစစ်ဆင်လာတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ ကပြောပါတယ်။

“မနေ့က ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာတော့ ဘူးသီးတောင် ရသေ့တောင်ဘက်တွေမှာ သူတို့ အင်တာနက်ကို ဖြတ်တောက်ပြီးတော့ မနက်မိုးလင်းတာနဲ့ ကြည်း၊ ရေ၊ လေ ပေါင်းပြီးတော့ ထိုးစစ် အပြင်းထန်လုပ်တာ။ ရသေ့တောင်မြို့နယ်ထဲမှာတော့ မြန်မာစစ်တပ် ဘက်ကနေပြီးတော့ ကြည်း ရေ လေ ပေါင်းပြီးတော့ အပြင်းထန် ထိုးစစ်ဆင်တာတွေ။ နေ့လယ် ၁၂ နာရီလောက်ကဆို ခမရ ၅၃၇ပေါ့နော်။ ရသေ့တောင်အခြေစိုက်ပေါ့။ နောက်ရေစိုးချောင်းဗျူဟာရယ်၊နောက်ပြီးလို့ရှိရင် ရေတပ်သင်္ဘော တစီးပေါ့နော်။ သင်္ဘော ကနေပြီးတော့ သူတို့လက်နက်ကြီးတွေနဲ့ နေပြီးတော့ စစ်ကူပစ်ခတ်မှုတွေ လုပ်တယ်။

အမြန်တိုက်ခိုက်ရေးယာဉ် စပိဘုတ်နဲ့ နေပြီး တော့ သူတို မေယုမြစ်ရဲ့ တဘက်တချက်ပေါ့နော်။ ချောင်းကမ်းဝဲယာတွေကို ရမ်းသမ်းပစ်ခတ်တွေ လုပ်ခဲ့တာရှိတယ်။ နေ့လယ် ၂နာရီ၂၆ မိနစ်က စတင်ပြီးတော့ သူတို့ရဟတ်ယာဉ် နှစ်စီးနဲ့၄၅ မိနစ်လောက် ဒီရော့ကက်တွေ စက်သေနတ်တွေနဲ့နေ လာ ရောက် ပစ်ခတ်တာတွေ လုပ်တယ်။ အဲဒီ မညှင်းတောင်ရွာ၊ ကျောက်ရန်၊ သာစည်ရွာ၊ နောက်အမျက်တောင်ရွာ၊ ကုန်တန်းကျေးရွာရဲ့ အနောက်ဘက်ပေါ့နော်.. လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲခဲ့တာ ရှိတယ်။ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်မှာတော့ မြန်မာ စစ်တပ်ရဲ့ဒရုန်းတစီးကို ကျနော်တို့ ပစ်ခတ်ခဲ့တာ ရှိတယ်။”

မနေ့က ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့ကတုန်းကတော့ အဲဒီမညှင်းတောင် အောင်ဇေယျပေါ့။ အဲဒီအနားမှာတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဘာလို့ဖြစ်လဲဆိုတော့ အဲဒီ မညှင်းတောင်ဒေသက ခဏခဏပေါ့။ AA တွေက ဘူးသီးတောင်ကို သွားတဲ့ ရွှေနဒီဖြစ်စဉ် မှာပဲဖြစ်ဖြစ် အောင်တံခွန် ဖြစ်စဉ်မှာပဲ ဖြစ်ဖြစ် ဒီနားကပဲ ရပ်ရပ်ပြီးတော့မှ အခြေခံပြီးတော့မှ သင်္ဘောတွေကို ဟိုဟာ ပစ်တာ ဒီဟာပစ်တာတို့ ခဏခဏ အဲဒီ နေရာကို လုပ်တာ။ အဲဒီလိုဖြစ်တဲ့အခါ ကျနော်တို့လည်း မနေ့က နယ်မြေရှင်းတဲ့အခါမှာ သောင်းကျန်းသူ တွေနဲ့၂နာရီဝန်းကျင် လောက် ပစ်တာပေါ့နော်။ တိုက်ပွဲကတော့ ကြီးကြီးမားမား ဖြစ်တာပေါ့။ ကျနော်တို့ကတော့ ထိခိုက်ဒဏ်ရာ မရှိဘူးအဲဒီမှာ။ သေညင်းကျန်းသူ ဘက်ကတော့ ကျနော်တို့ လက်နက်နဲ့ အလောင်းရလိုက်တာ ရှိတာပေါ့။”

ဒီတိုက်ပွဲစဉ်မှာ AA ဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ တပ်မတော်ဘက်က ပြောဆိုပေမယ့် AA ဘက်ကတော့ အတည်မပြုခဲ့ပါဘူး။

ရသေ့တောင်မြို့နယ် မညှင်းတောင်နဲ့ ပြိန်းတောတောင်တန်းဘက်တိုက်ပွဲတွေမှာ တပ်မတော်ကနေ ရဟတ်ယာဉ်အပါဝင် ကြည်း၊ ရေ၊ လေ ပူးပေါင်းအဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ အခြေအနေကြောင့် အနီးနားက ငစံဘော်ကျေးရွာသား ၃၀၀ လောက် ရသေ့တောင်မြို့ကို ဒီကနေ့မှာ စစ်ဘေးတိမ်းရှောင် ရောက်နေတယ်လို့ ပြိန်းတောကျေးရွာအုပ်စုဘက်ကိုရောက်နေတဲ့ လူမှုကူညီရေးအဖွဲ့က ကိုဘက္ကာက ပြောပါတယ်။

“ပြိန်းတောတောင်တန်း တလျှောက်ရယ်၊ မညှင်းတောင်ရယ်၊ အဲဒီကြားထဲကိုလာပြီးတော့ မြန်မာ့တပ်မတော်က လေကြောင်း၊ ရေ၊ ကြည်း ရေ လေ ညှပ်ပြီးတော့ အဲဒီမှာလာပြီးတော့ အကုန်လုံး ပစ်သွားတယ်သူတို့။ အခုဆိုရင် ငစံဘော်ကျေးရွာက ရှောင်တိမ်းပြီး တော့ထွက်ပြေးလာကြတာ အိမ်ထောင်စု၄၀ ကျော်ရောက်နေတယ်။ လူဦးရေကတော့ ၃၀၀ လောက်ရှိတာပေါ့။ အခုဖြစ်နေတဲ့ နေရာနဲ့နီးတယ်လေ။ ကျနော်တို့မှာလည်း ဒီမှာ မြို့ပေါ်ဘုန်းကြီးကျောင်းမှာလည်း လက်ခံထားတာ အဲဒီမှာ အကုန်လုံးပြည့်နှက်ပြီး တော့တော်တော်အခက်ခဲ ဖြစ်နေတယ်။ စစ်ရှောင်က အကုန်လုံး ကျနော်တို့ ရသေ့တောင်မြို့နယ်မှာ ခန့်မှန်းခြေကတော့၃၀,၀၀၀ လောက်ရှိတယ်။”

ဖေဖေါ်ဝါရီ ၂ ရက်နေ့ကလည်း ပြိန်းတော၊ ကုလားချောင်း၊ မညှင်းတောင်၊ ကုန်တန်း စတဲ့ရွာသား၂,၀၀၀ ကျော်ဟာ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ် ကျွဲရိုင်းခတ်ကျေးရွာအုပ်စု စက်ခေါ်ရွာ၊ ဒိုးဝေချောင်းဘက်မှာလည်း တပ်မတော် ရဟတ်ယာဉ်နဲ့ ရေတပ်သဘောၤတို့နဲ့ ပစ်ခတ်နေတယ်လို့ ကျွဲရိုင်းခတ်ရွာ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။

“မယူကမ်းတောက်လျှောက် လေယာဉ်နဲ့ ပစ်တာ။ ဒုံးဝေချောင်းတို့ စက်ခေါ်ရွာတို့ လေယာဉ်နဲ့ ပစ်တာလေ။ ကျနော်တို့ မြင်တာက ၂ စီး။ မသင်္ကာဖွယ်ရာ နေရာကို ပစ်တာမနေ့က။ မနေ့က လေယာဉ်နဲ့ ပစ်လိုက် Navyကပစ်လိုက် ပေါက်ကရလျှောက် ပစ်တာ ပဲမနေ့က။”

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တနှစ်ကျော်အကြာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင် မောင်တော မြေပုံမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မနေ့က မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာညွှန်ကြားချက်အရ အင်တာနက်လိုင်း သုံးစွဲမှုကို ဒုတိယအကြိမ် ပိတ်ပင်ခဲ့ပါတယ်။

ဒီလိုအင်တာနက်လိုင်း ပိတ်ပင်တဲ့အတွက် ပဋိပက္ခဖြစ်ပွားနေဆဲဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပိုရှိလာနိုင်သလို ဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရပြည်သူတွေကို ကူညီရေးမှာ အခက်တွေ့နေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုႏိုင္ကြန္းအိန္ / VOA (Burmese)
https://burmese.voanews.com
ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ တိုက္ပဲြျပင္းထန္ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ တိုက္ပဲြျပင္းထန္ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.