EU အဖြဲ႔ရဲ႕ Schuman Award လူပုဂၢိဳလ္ႏွစ္ဦးနဲ႔ သံခ်ပ္အဖြဲ႔ ခ်ီးျမႇင့္ခံရ

Schuman Award ရခဲ့တဲ့ သံခ်ပ္အဖြဲ႔

(Zawgyi/Unicode)

ၿငိမ္းခ်မ္းေရး၊ တရားမွ်တေရးနဲ႔ လူ႔အခြင့္ အေရးအတြက္ လုပ္ေဆာင္ေနၾကတဲ့ တိုင္းရင္းသူ အမ်ဳိးသမီးေခါင္းေဆာင္ တဦး၊ ေရွ႕ေနႀကီးတဦးနဲ႔ ေက်ာင္းသားသံခ်ပ္အဖြဲ႔ တို႔ကို ျမန္မာႏုိင္ငံဆိုင္ရာ ဥေရာပသမဂၢ EU Schuman ဆု ခ်ီးျမႇင့္လိုက္ ပါတယ္။ ေလးႀကိမ္ေျမာက္ေပးအပ္တဲ့ ဒီဆုကို ခ်ီးျမႇင့္ခံရသူေတြဘက္က ဘယ္လို တုုံ႔ျပန္ၾကပါသလဲ။ ဆုေပးပြဲမွာ ကိုယ္တိုင္သြားေရာက္ သတင္းယူခဲ့တဲ့ ဗီြအိုေအသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံအတြက္ ေလးႀကိမ္ေျမာက္ျဖစ္တဲ့ Schuman လူ႔အခြင့္အေရးနဲ႔ ၿငိမ္းခ်မ္းေရးဆု ေပးအပ္ ပြဲ အခမ္းအနားကို ြျမန္မာႏိုင္ငံဆိုင္ရာ အီးယူသံအမတ္ႀကီး ေနအိမ္မွာ ဖေဖာ္ဝါရီ ၁၉ရက္ ည ေနပိုင္းမွာ က်င္းပတာပါ။ ျမန္မာႏိုင္ငံရဲ႕ေခတ္အ ေျခအေန၊ ျပည္သူေတြ လက္ေတြ႕ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြနဲ႔ လက္ရွိ ႏိုင္ငံေရး ၿငိမ္းခ်မ္းေရး၊ စီးပြားေရး၊ လူမႈေရး အခင္းအက်င္းေတြကို သံခ်ပ္ထိုးခဲ့လို႔ ေထာင္က်ခံ ေနရတဲ့ ေက်ာင္းသားအဖြဲ႕ ျဖစ္တဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕၊ အမ်ိဳးသမီးနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားေနတဲ့ တ ေအာန္း တိုင္းရင္းသူ ေလြးပိုးငယ္နဲ႔ လူနည္းစု အခြင့္အေရးေတြ ေတာင္းဆိုေပး ေနတဲ့ ေရွ႕ေနဦးႀကီးျမင့္တို႔ကို ဒီႏွစ္အတြက္ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။

ဆုရတဲ့ ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕ဟာ တပ္မေတာ္ဂုဏ္သိကၡာ ညႇိဳးေစတဲ့ အသုံးေတြနဲ႔ သံခ်ပ္ထိုးခဲ့တယ္ ဆိုၿပီး တပ္မေတာ္က အမႈ(၈)မႈနဲ႔ တရားစြဲ ဆိုတာခံေနရတာပါ။ အမႈအားလုံး အတြက္ တရား ရင္မဆိုင္ရ ေသးေပမယ့္ သူတို႔အဖြဲ႕က ေက်ာင္းသားေခါင္းေဆာင္ တခ်ိဳ႕ဟာခုခ်ိန္မွာ ရင္ဆိုင္ၿပီး တခ်ိဳ႕အမႈ ေတြအတြက္ ျပစ္ဒဏ္က်ခံေနရပါတယ္။ ဒါေၾကာင့္ အဖြဲ႕သား အားလုံး ဆုေပးပြဲကို မတက္ေရာက္ႏိုင္ပါဘူး။ ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕က ဒီဆုကို လာေရာက္ လက္ခံရယူသူ ေတြကေတာ့ နန္းလင္း၊ ဆုရည္လင္း(ခ)လင္းလင္း၊ ၿငိမ္းခ်မ္းစိုး(ခ)ခ်စ္ယုံတို႔ ျဖစ္ပါတယ္။


လူနည္းစု အခွင့္အေရးေတြ ေတာင္းဆိုေပးတဲ့ အတြက္ ဆုရခဲ့သူ ေရွ႕ေနႀကီး ဦးႀကီးျမင့္ ကေတာ့ တည္ဆဲ ၂၀၀၈ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို မျပင္ႏိုင္ သေ႐ြ႕ ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ စံႏႈန္း က ေတာ့ က်ဆင္းေနဦးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

“ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ တိုးတက္မႈ ကေတာ့ သိပ္ျမင္သာထင္သာမရွိဘူး။ ၂၀၁၀ မွာ ၂၀၀၈ ဖြဲ႔စည္းပံုနဲ႔ စစ္အစိုးရတပိုင္း အရပ္သားတပိုင္း ျပန္ရတယ္ အဲဒီအခ်ိန္မွာ နည္းနည္းေလးတိုးတက္လာတယ္၊ နည္းနည္းေလး အခြင့္အေရးျပန္ရတယ္။ အခုက ဒံုရင္းမဟုတ္ေသာ္လည္း နည္းနည္းေလး ျပန္က်တဲ့အေနအထားေတြ႔ရတယ္။ အဲဒီအတြက္ေၾကာင့္ ဆရာတို႔က လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ႀကိဳးစားအားထုတ္ေနရဦးမယ္ ဆိုတာေျပာခ်င္ပါတယ္။ အေျခခံဥပေဒကေတာ့ ျပင္ရမယ္ ဘာျဖစ္လို႔လဲဆိုေတာ့ တပ္မေတာ္က ဒီဘက္က တည္ေဆာက္တဲ့ လုပ္ငန္းေတြမွန္သမွ်ကို သူက သေဘာမတူဘူး။ ကန္႔ကြက္တယ္ ဒါမ်ိဳးေတြေပါ့ အဲဒီလို ျဖစ္ေနတာ ၂၀၀၈ အေျခခံဥပေဒက သူ႔ကို အာဏာတ၀က္ေပးထားတာေပါ့ေနာ္။ အစိုးရက လြတ္လြတ္လပ္လပ္ ၁၀၀ ရာခိုင္ႏႈန္း လုပ္လို႔မရဘူး။”

ဥေရာပသမဂၢ တည္ေထာင္ခဲ့သူ ေတွထဲက တဦးျဖစ္တဲ့ျပင္သစ္ႏိုင္ငံျခား ေရး ဝန္ႀကီး ေဟာင္း ေရာဘတ္ ရႉးမန္းကိုအစြဲျပဳ ခ်ီးျမႇင့္တဲ့ ဒီဆုအတွက္ ေ႐ြးခ်ယ္တဲ့ေနရာမွာ တက္ႂကြလႈပ္ရွားသူေတြ၊ သုေတသီေတြ၊ ႏိုင္ငံေရးသမားေတြ၊လူမႈေရး အသင္းအဖွဲ႔က သူေတြ၊ သတင္းသမားေတြ၊ ေရွ႕ေနေတြနဲ႔ ရပ္႐ြာေခါင္းေဆာင္ေတြထဲက ထင္ရွားတဲ့သူေတြကို ဥေရာပသမဂၢႏိုင္ငံေတွက ပူးတြဲေ႐ြးခၾယ္ခဲ့ တာျဖစ္ပါတယ္။

ဆုခ်ီးျမႇင့္ ခံရသူ တဦး ျဖစ္တဲ့ အမ်ိဳးသမီးနဲ႔ လူ႔အခြင့္အေရး တက္ၾကလႈပ္ရွားသူ ေလြးပိုးငယ္က ေတာ့တိုင္းရင္းသားေဒသ ေတြမွာ အမ်ိဳးသမီးေတြ အခြင့္အေရးက ဆုံးရႈံးေနရဆဲ ျဖစ္သလို အမ်ိဳးသမီး ေတြ ေရာ ကေလးငယ္ ေတြပါ စစ္ရဲ႕တန္ဆာခံ အျဖစ္ အသုံးခ်တာ ခံေနရေပမယ့္ အစိုးရ ဘက္ကပါ လက္ပိုက္ၾကည့္ေနတယ္လို႔ ေဝဖန္လိုက္ပါတယ္။

“ အမ်ိဳးသမီးျဖစ္တဲ့အတြက္ေၾကာင့္မို႔ ခႏၶာကိုယ္ရဲ႕ ရပ္ပိုင္းကို လိုင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ခံစားေနရတာကို က်မတို႔ ေတြ႔ရတယ္။ သူတို႔က ဒီတိုက္ပြဲမွာ စစ္ပြဲရဲ႕ လက္နက္တခုအျဖစ္ အသံုးျပဳ ခံေနရတာကို ေတြ႔ရတယ္။ လက္နက္တခုအျဖစ္ အသံုးျပဳခံေနရတာကို က်မတို႔ သက္ေသနဲ႔တကြ သာဓကေတြ အမ်ားႀကီးရွိခဲ့တယ္။ ဒါေပမယ့္ ယေန႔အခ်ိန္အထိ ဒါကို တာ၀န္ယူၿပီးေတာ့ ေျဖရွင္းတာမ်ိဳးက က်မတို႔ ျမန္မာႏိုင္ငံအစိုးရက အခုအခ်ိန္အထိ မလုပ္ႏိုင္ေသးဘူးေပါ့ေနာ္။ အဲဒါအရမ္း၀မ္းနည္းစရာ ေကာင္းပါတယ္။”

လူမႈအသိုင္းအဝန္းထဲမွာ အျပဳ သေဘာ အေျပာင္းအလဲေတြကို လုပ္တဲ့သူ၊ ဒီမိုကေရစီ၊ တရားဥပေဒ စိုးမိုးေရး၊ၿငိမ္းခ်မ္း ေရးနဲ႔လူ႔အခြင့္အေရး ျမင့္တင္ဖို႔ ကိုစြမ္းစြမ္းတမံ လုပ္တဲ့ျမန္မာႏိုင္ငံသား ေတြကို အသိအမွတ္ျပဳကာ ေပးတဲ့ဒီဆုကို ၂၀၀၇ ခုႏွစ္ကစၿပီး ေပးအပ္ခဲ့တာပါ။ ဆုရသူေတြကို တျခားကမာၻ႔ ႏိုင္ငံေတြက အေျပာင္းအလဲလိုလားတဲ့ သူေတြနဲ႔ လက္တြဲ ေဆာင္႐ြက္ႏိုင္ဖို႔ ကြန္ရက္တစ္ခု ဖန္တီးေပးဖို႔လည္း ရည္႐ြယ္တာျဖစ္ပါတယ္။

ျမန္္မာႏိုင္ငံဆိုင္ရာ EU သံအမတ္ႀကီး Kristian Schmidt ကေတာ့ EU အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အျပာင္းအလဲ အတြက္ ဆက္လက္ပံ့ပိုးသြားမွာျဖစ္တယ္လို႔ေျပာပါတယ္။

“ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ထိန္းသိမ္းႏိုင္ဖို႔ကိုယ့္နည္းကိုယ့္ဟန္ကိုယ့္ခြန္အားနဲ႔ ညီၫြတ္တဲ့ျပည္ေထာင္စုတခု ေဖာ္ေဆာင္ေနတဲ့ျမန္မာႏိုင္ငံနဲ႔ အတူရပ္တည္သြားပါမယ္။ လက္ရွိအေျခအေနမွာ ဒီမိုကေရစီနဲ႕ လူ႕အခြင့္အေရး သာတူညီမွ်ေတာင္းဆိုတာေတြကို ျပည္ပနိုင္ငံ စြက္ဖက္တဲ့ ရလဒ္တခု၊ ကိုလိုနီ လက္သစ္ဝါဒ ဆိုၿပီး ျမန္မာနိုင္ငံရဲ႕ လုံၿခဳံေရးၿခိမ္းေျခာက္မႈပမာ အထင္မွားေအာင္ ပံုဖ်က္ေျပာေနတာေတြကို ေတြ႕ေနရတယ္။ ျမန္မာနိုင္ငံ အခ်ဳပ္အျခာအာဏာကို အားနည္းေစတဲ့ ျပည္ပရန္ ကာကြယ္မယ္ဆိုတဲ့ မေရရာတဲ့ ဟစ္ေႂကြးၿပီး ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပတာေတြ ေတြ႔ရတယ္။ ဒါက ဝမ္းနည္းဖို႔ေကာင္းတယ္။ “

ဒီဆုကို ၂၀၀၇ ခုႏွစ္မွာ စတင္ ေပးအပ္ခဲ့တာ ျဖစ္ၿပီး အခု ဆိုရင္ ျမန္မာႏိုင္ငံမွာ ဒီဆုရသူ ၁၂ ဦးရွိသြားၿပီ ျဖစ္ပါတယ္။ဒီႏွစ္မွာ ထူးျခားတာကေတာ့ လူတဦးခ်င္းမဟုတ္တဲ့ အဖြဲ႔လိုက္ အတြက္ ပထမဆုံး ဆုေပးခဲ့တာျဖစ္ပါတယ္။

.................

EU အဖွဲ့ရဲ့ Schuman Award လူပုဂ္ဂိုလ်နှစ်ဦးနဲ့ သံချပ်အဖွဲ့ ချီးမြှင့်ခံရ

(Unicode)


ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့် အရေးအတွက် လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသူ အမျိုးသမီးခေါင်းဆောင် တဦး၊ ရှေ့နေကြီးတဦးနဲ့ ကျောင်းသားသံချပ်အဖွဲ့ တို့ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ EU Schuman ဆု ချီးမြှင့်လိုက် ပါတယ်။ လေးကြိမ်မြောက်ပေးအပ်တဲ့ ဒီဆုကို ချီးမြှင့်ခံရသူတွေဘက်က ဘယ်လို တုံ့ပြန်ကြပါသလဲ။ ဆုပေးပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွက် လေးကြိမ်မြောက်ဖြစ်တဲ့ Schuman လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆု ပေးအပ် ပွဲ အခမ်းအနားကို ွမြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး နေအိမ်မှာ ဖဖော်ဝါရီ ၁၉ရက် ည နေပိုင်းမှာ ကျင်းပတာပါ။ မြန်မာနိုင်ငံရဲ့ခေတ်အ ခြေအနေ၊ ပြည်သူတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းတွေကို သံချပ်ထိုးခဲ့လို့ ထောင်ကျခံ နေရတဲ့ ကျောင်းသားအဖွဲ့ ဖြစ်တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ အမျိုးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ တ အောန်း တိုင်းရင်းသူ လွေးပိုးငယ်နဲ့ လူနည်းစု အခွင့်အရေးတွေ တောင်းဆိုပေး နေတဲ့ ရှေ့နေဦးကြီးမြင့်တို့ကို ဒီနှစ်အတွက်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဆုရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဟာ တပ်မတော်ဂုဏ်သိက္ခာ ညှိုးစေတဲ့ အသုံးတွေနဲ့ သံချပ်ထိုးခဲ့တယ် ဆိုပြီး တပ်မတော်က အမှု(၈)မှုနဲ့ တရားစွဲ ဆိုတာခံနေရတာပါ။ အမှုအားလုံး အတွက် တရား ရင်မဆိုင်ရ သေးပေမယ့် သူတို့အဖွဲ့က ကျောင်းသားခေါင်းဆောင် တချို့ဟာခုချိန်မှာ ရင်ဆိုင်ပြီး တချို့အမှု တွေအတွက် ပြစ်ဒဏ်ကျခံနေရပါတယ်။ ဒါကြောင့် အဖွဲ့သား အားလုံး ဆုပေးပွဲကို မတက်ရောက်နိုင်ပါဘူး။ ဒေါင်းတို့မျိုးဆက်အဖွဲ့က ဒီဆုကို လာရောက် လက်ခံရယူသူ တွေကတော့ နန်းလင်း၊ ဆုရည်လင်း(ခ)လင်းလင်း၊ ငြိမ်းချမ်းစိုး(ခ)ချစ်ယုံတို့ ဖြစ်ပါတယ်။

လူနည်းစု အခှင့်အရေးတွေ တောင်းဆိုပေးတဲ့ အတွက် ဆုရခဲ့သူ ရှေ့နေကြီး ဦးကြီးမြင့် ကတော့ တည်ဆဲ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင် သရွေ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် စံနှုန်း က တော့ ကျဆင်းနေဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှု ကတော့ သိပ်မြင်သာထင်သာမရှိဘူး။ ၂၀၁၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်အစိုးရတပိုင်း အရပ်သားတပိုင်း ပြန်ရတယ် အဲဒီအချိန်မှာ နည်းနည်းလေးတိုးတက်လာတယ်၊ နည်းနည်းလေး အခွင့်အရေးပြန်ရတယ်။ အခုက ဒုံရင်းမဟုတ်သော်လည်း နည်းနည်းလေး ပြန်ကျတဲ့အနေအထားတွေ့ရတယ်။ အဲဒီအတွက်ကြောင့် ဆရာတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ်နေရဦးမယ် ဆိုတာပြောချင်ပါတယ်။ အခြေခံဥပဒေကတော့ ပြင်ရမယ် ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က ဒီဘက်က တည်ဆောက်တဲ့ လုပ်ငန်းတွေမှန်သမျှကို သူက သဘောမတူဘူး။ ကန့်ကွက်တယ် ဒါမျိုးတွေပေါ့ အဲဒီလို ဖြစ်နေတာ ၂၀၀၈ အခြေခံဥပဒေက သူ့ကို အာဏာတဝက်ပေးထားတာပေါ့နော်။ အစိုးရက လွတ်လွတ်လပ်လပ် ၁၀၀ ရာခိုင်နှုန်း လုပ်လို့မရဘူး။”

ဥရောပသမဂ္ဂ တည်ထောင်ခဲ့သူ တှေထဲက တဦးဖြစ်တဲ့ပြင်သစ်နိုင်ငံခြား ရေး ဝန်ကြီး ဟောင်း ရောဘတ် ရှူးမန်းကိုအစွဲပြု ချီးမြှင့်တဲ့ ဒီဆုအတှက် ရွေးချယ်တဲ့နေရာမှာ တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေ၊ နိုင်ငံရေးသမားတွေ၊လူမှုရေး အသင်းအဖှဲ့က သူတွေ၊ သတင်းသမားတွေ၊ ရှေ့နေတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေထဲက ထင်ရှားတဲ့သူတွေကို ဥရောပသမဂ္ဂနိုင်ငံတှေက ပူးတွဲရွေးခြယ်ခဲ့ တာဖြစ်ပါတယ်။

ဆုချီးမြှင့် ခံရသူ တဦး ဖြစ်တဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေး တက်ကြလှုပ်ရှားသူ လွေးပိုးငယ်က တော့တိုင်းရင်းသားဒေသ တွေမှာ အမျိုးသမီးတွေ အခွင့်အရေးက ဆုံးရှုံးနေရဆဲ ဖြစ်သလို အမျိုးသမီး တွေ ရော ကလေးငယ် တွေပါ စစ်ရဲ့တန်ဆာခံ အဖြစ် အသုံးချတာ ခံနေရပေမယ့် အစိုးရ ဘက်ကပါ လက်ပိုက်ကြည့်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

“ အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မို့ ခန္ဓာကိုယ်ရဲ့ ရပ်ပိုင်းကို လိုင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားနေရတာကို ကျမတို့ တွေ့ရတယ်။ သူတို့က ဒီတိုက်ပွဲမှာ စစ်ပွဲရဲ့ လက်နက်တခုအဖြစ် အသုံးပြု ခံနေရတာကို တွေ့ရတယ်။ လက်နက်တခုအဖြစ် အသုံးပြုခံနေရတာကို ကျမတို့ သက်သေနဲ့တကွ သာဓကတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် ယနေ့အချိန်အထိ ဒါကို တာဝန်ယူပြီးတော့ ဖြေရှင်းတာမျိုးက ကျမတို့ မြန်မာနိုင်ငံအစိုးရက အခုအချိန်အထိ မလုပ်နိုင်သေးဘူးပေါ့နော်။ အဲဒါအရမ်းဝမ်းနည်းစရာ ကောင်းပါတယ်။”

လူမှုအသိုင်းအဝန်းထဲမှာ အပြု သဘော အပြောင်းအလဲတွေကို လုပ်တဲ့သူ၊ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးရေး၊ငြိမ်းချမ်း ရေးနဲ့လူ့အခွင့်အရေး မြင့်တင်ဖို့ ကိုစွမ်းစွမ်းတမံ လုပ်တဲ့မြန်မာနိုင်ငံသား တွေကို အသိအမှတ်ပြုကာ ပေးတဲ့ဒီဆုကို ၂၀၀၇ ခုနှစ်ကစပြီး ပေးအပ်ခဲ့တာပါ။ ဆုရသူတွေကို တခြားကမ္ဘာ့ နိုင်ငံတွေက အပြောင်းအလဲလိုလားတဲ့ သူတွေနဲ့ လက်တွဲ ဆောင်ရွက်နိုင်ဖို့ ကွန်ရက်တစ်ခု ဖန်တီးပေးဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Kristian Schmidt ကတော့ EU အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အပြာင်းအလဲ အတွက် ဆက်လက်ပံ့ပိုးသွားမှာဖြစ်တယ်လို့ပြောပါတယ်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထိန်းသိမ်းနိုင်ဖို့ကိုယ့်နည်းကိုယ့်ဟန်ကိုယ့်ခွန်အားနဲ့ ညီညွတ်တဲ့ပြည်ထောင်စုတခု ဖော်ဆောင်နေတဲ့မြန်မာနိုင်ငံနဲ့ အတူရပ်တည်သွားပါမယ်။ လက်ရှိအခြေအနေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သာတူညီမျှတောင်းဆိုတာတွေကို ပြည်ပနိုင်ငံ စွက်ဖက်တဲ့ ရလဒ်တခု၊ ကိုလိုနီ လက်သစ်ဝါဒ ဆိုပြီး မြန်မာနိုင်ငံရဲ့ လုံခြုံရေးခြိမ်းခြောက်မှုပမာ အထင်မှားအောင် ပုံဖျက်ပြောနေတာတွေကို တွေ့နေရတယ်။ မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို အားနည်းစေတဲ့ ပြည်ပရန် ကာကွယ်မယ်ဆိုတဲ့ မရေရာတဲ့ ဟစ်ကြွေးပြီး ရန်ကုန်မြို့မှာ ဆန္ဒပြတာတွေ တွေ့ရတယ်။ ဒါက ဝမ်းနည်းဖို့ကောင်းတယ်။ “

ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင် ပေးအပ်ခဲ့တာ ဖြစ်ပြီး အခု ဆိုရင် မြန်မာနိုင်ငံမှာ ဒီဆုရသူ ၁၂ ဦးရှိသွားပြီ ဖြစ်ပါတယ်။ဒီနှစ်မှာ ထူးခြားတာကတော့ လူတဦးချင်းမဟုတ်တဲ့ အဖွဲ့လိုက် အတွက် ပထမဆုံး ဆုပေးခဲ့တာဖြစ်ပါတယ်။

ေမခ/ VOA (Burmese)
https://burmese.voanews.com
EU အဖြဲ႔ရဲ႕ Schuman Award လူပုဂၢိဳလ္ႏွစ္ဦးနဲ႔ သံခ်ပ္အဖြဲ႔ ခ်ီးျမႇင့္ခံရ EU အဖြဲ႔ရဲ႕ Schuman Award လူပုဂၢိဳလ္ႏွစ္ဦးနဲ႔ သံခ်ပ္အဖြဲ႔ ခ်ီးျမႇင့္ခံရ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.