၀ါရွင္တန္မွာက်င္းပမယ့္ ႏုိင္ငံတကာသရုပ္ျပ တရားခြင္ၿပိဳင္ပြဲ ျမန္မာလူငယ္ေတြ ပါ၀င္မည္

၀ါရွင္တန္မွာက်င္းပမယ့္ ႏုိင္ငံတကာသရုပ္ျပ တရားခြင္ၿပိဳင္ပြဲမွာ ပါ၀င္မယ့္ ျမန္မာလူငယ္ေတြ

(Zawgyi/Unicode)

ႏိုင္ငံအခ်င္းခ်င္းၾကားအျငင္းပြားမႈေတြနဲ႔ ပတ္သတ္ၿပီးေျဖရွင္းရတဲ့ Philip Jessup အျပည္ျပည္ဆိုင္ရာ သ႐ုပ္ျပ တရားခြင္ ၿပိဳင္ပြဲကို လာမယ့္ ဧၿပီလအတြင္း ဝါရွင္တန္ဒီစီမွာ က်င္းပတဲ့ အခါ ဒုတိယ အႀကိမ္အျဖစ္ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္ဖိုအတြက္ ့ မႏၲေလးတကၠသိုလ္ ဥပေဒပညာေက်ာင္းသားအသင္းကို ေ႐ြးခ်ယ္လိုက္ပါၿပီ။ ICJ ႏိုင္ငံတကာတရား႐ုံးရဲ႕ အသြင္အတိုင္း အဂၤါေန႔ ရန္ကုန္အေမရိကန္စင္တာမွာ ျပဳလုပ္ခဲ့တဲ့ အျပည္ျပည္ဆိုင္ရာ သ႐ုပ္ျပတရားခြင္ ၿပိဳင္ပြဲအေၾကာင္း ကိုစည္သူေျပာျပေပးမွာပါ။

ႏိုင္ငံတကာက ဥပေဒပညာေက်ာင္းသားေတြနဲ႔ ယွဥ္ၿပိဳင္ရမယ့္ သ႐ုပ္ျပတရားခြင္ ၿပိဳင္ပြဲအတြက္ျပည္တြင္းတကၠသိုလ္ ၇ ခု ျဖစ္တဲ့ ရန္ကုန္တကၠသိုလ္၊ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ ပုသိမ္တကၠသိုလ္၊ မေကြးတကၠသိုလ္နဲ႔ ရတနာပုံတကၠသိုလ္ ဥပေဒပညာဌာနေတြက ေက်ာင္းသားေတြယွဥ္ၿပိဳင္ခဲ့ၾကရာမွာ မႏၲေလးတကၠသိုလ္အသင္းက အႏိုင္ရခဲ့တာပါ။

“ညီမတို႔အေနနဲ႔ ျမန္မာႏိုင္ငံကိုယ္စားျပဳဖို႔အတြက္ အမ်ားႀကီးႀကိဳးစားရဦးမွာပါ။ ဒီအေျခအေန ထိေရာက္လာတယ္ဆိုတာလည္းႀကိဳးစားလို႔ပါ။ ဒါေပမယ့္ ဒီထက္ကို အမ်ားႀကီးႀကိဳးစားမွာပါ၊ ဘာလို႔လဲဆို ႏိုင္ငံ့ကိုယ္စားျပဳအေနနဲ႔သြားရမွာဆိုေတာ့ ညီမတို႔ကတိေပးပါတယ္ အမ်ားႀကီးႀကိဳးစားၿပီးသြားၿပိဳင္ပါ့မယ္လို႔”

၂၀၁၉ ခုႏွစ္က ျမန္မာကိုယ္စားျပဳ ကိုယ္တိုင္သြားေရာက္ ယွဥ္ၿပိဳင္ခဲ့သူ အာရွ ဥပေဒ ေက်ာင္းသား ေက်ာင္းသူမ်ား အသင္း (ျမန္မာ) ရဲ႕ ဒုတိယဥကၠဌ လည္းျဖစ္ ျမန္မာႏိုင္ငံၿပိဳင္ပြဲရဲ႕ ႀကီးၾကပ္သူလည္း ျဖစ္တဲ့ မေ႐ႊရည္သန္းထိုက္ဝင္းက အခုလို ႏိုင္ငံတကာသ႐ုပ္ျပ တရားခြင္ၿပိဳင္ပြဲ ျပဳလုပ္ရတဲ့ ရည္႐ြယ္ခ်က္ကို အခုလိုေျပာပါတယ္။

“ဒီႏွစ္ဆက္လုပ္ျဖစ္ခဲ့တာကေတာ့ အဓိကကေတာ့ international law နဲ႔ပတ္သတ္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ knowledge ပိုင္းက အရမ္းနည္းတယ္ ၿပီးေတာ့ ICJ မွာ အခုလိုမ်ိဳး လတ္တေလာျဖစ္ေနတဲ့ကိစၥရပ္ေတြလိုမ်ိဳး ျပႆနာျဖစ္လာတဲ့အခါမွာလည္း တကယ့္တကယ္ ႏိုင္ငံဖက္ကေနၿပီးေတာ့ ရပ္တည္ေပးမယ့္ Lawyer ေတြရွားပါးတယ္ ေပါ့ေနာ္ အခုဒီေက်ာင္းသားေက်ာင္းသူေတြထဲကေန International Lawyers ေတြထပ္ထြက္လာဖို႔အတြက္ ဒီႏွစ္ပြဲကို ထပ္လုပ္ျဖစ္တာေပါ့ေနာ္”

ပထမအႀကိမ္တုန္းက ျပည္တြင္းၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တဲ့ ရန္ကုန္တကၠသိုလ္အသင္းက သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တာပါ။ ဒီႏွစ္မွာ ၿပိဳင္ပြဲအတြက္ ေလ့က်င့္ေရးအစီအစဥ္ေတြကို မႏွစ္ကထက္ ပိုေကာင္းေအာင္ စီစဥ္ထားတယ္လို႔ ၂၀၁၉ မွာ သြားေရာက္ယွဥ္ၿပိင္ခဲ့တဲ့ အာရွ ဥပေဒ ေက်ာင္းသား ေက်ာင္းသူမ်ား အသင္း (ျမန္မာ) ဥကၠဌ ကိုေဇယ်ာႏိုင္က ေျပာပါတယ္။

“အရင္ႏွစ္ကဆိုလို႔ရွိရင္ အဖြဲ႕ဝင္က ၄ ဖြဲ႕ပဲရွိတယ္ Training Session ေတြကလည္း ၿပိဳင္ပြဲမၿပိဳင္မီ ၁ လအလိုေလာက္မွရရွိခဲ့တယ္ေပါ့ေနာ္ ဒီႏွစ္က်ေတာ့ ၃ လအလိုေလာက္ကတည္းက အပတ္တိုင္းနီးပါးေလာက္ အေမရိကန္စင္တာမွာ က်င္းပၿပီးေပးခဲ့ပါတယ္။ အျပည္ျပည္ဆိုင္ရာဥပေဒ ၊ စကားေျပာစြမ္းရည္ ၊ ေလွ်ာက္လႊဲခ်က္ေတြကို ေရးသားတဲ့ စြမ္းရည္ အကုန္လုံးကို ထိထိေရာက္ေရာက္နဲ႔ ေသခ်ာ ေပးခဲ့တာေၾကာင့္မို႔ သူတို႔ ေသခ်ာလုပ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”

အေမရိကန္စင္တာက သ႐ုပ္ျပတရားခြင္ၿပိဳင္ပြဲမွာ အေမရိကန္သံ႐ုံး ဥပေဒအႀကံေပးအဖြဲ႕နဲ႔ ႏိုင္ငံတကာက အျပည္ျပည္ဆိုင္ရာဥပေဒ ကြၽမ္းက်င္သူေတြလာေရာက္ အကဲျဖတ္ ကူညီေပးခဲ့ၾကတာပါ။

အျပည္ျပည္ဆိုင္ရာ သ႐ုပ္ျပတရားခြင္ ၿပိဳင္ပြဲေတြမွာ သြားေရာက္ယွဥ္ၿပိဳင္ေစတာဟာ ျမန္မာဥပေဒ ေက်ာင္းသားေတြအတြက္ သာမက ျမန္မာႏိုင္ငံအတြက္ပါ အက်ိဳးရွိေစမယ္လို႔ ၿပိဳင္ပြဲဝင္ေက်ာင္းသားေတြကို ေလ့က်င့္သင္ၾကားေပးတဲ့ အျပည္ျပည္ဆိုင္ရာ ဥပေဒကြၽမ္းက်င္သူ ေဒါက္တာျမင့္ဇံက ေျပာပါတယ္။

“အမ်ားႀကီးအက်ိဳးရွိပါတယ္ သူတို႔ အေမရိကန္မေရာက္ဖူးဘူး၊ အျပည္ျပည္ဆိုင္ရာ တရား႐ုံးနဲ႔ အျပည္ျပည္ဆိုင္ရာ ပတ္သတ္ၿပီး exposure ရွိတယ္။ အခုလည္း ျမန္မာက အျပည္ျပည္ဆိုင္ရာ ဥပေဒနဲ႔ ပတ္သတ္ေနတယ္ သိတဲ့အတိုင္းပဲ ။ အဲဒီေတာ့ ဒါဟာ အမ်ားႀကီးအက်ိဳးရွိတဲ့ေၾကာင့္မို႔လို႔ သူတို႔အတြက္လည္း ဂုဏ္ယူပါတယ္ ၿပိဳင္တဲ့သူေတြအားလုံးကိုလည္း ခ်ီးက်ဴးပါတယ္။ အထူးသျဖင့္ မႏၲေလးအသင္း ကြၽန္ေတာ္လည္း သင္ေပးခဲ့တာေပါ့ေလ ဂုဏ္ယူေၾကာင္းေျပာလိုပါတယ္”

အျပည္ျပည္ဆိုင္ရာ သ႐ုပ္ျပ တရားခြင္ ၿပိဳင္ပြဲ (Philip C. Jessup International Law Moot Court Competition) ကို ၁၉၅၉ ခုႏွစ္ကတည္းက စတင္က်င္းပခဲ့တာ ျဖစ္ၿပီး မႏွစ္က ဧၿပီလကမွျမန္မာႏိုင္ငံကိုယ္စားျပဳအဖြဲ႕ကအေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီမွာ ပထမဆုံး သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။

မႏွစ္ကၿပိဳင္ပြဲမွာေတာ့ ႏိုင္ငံႏွစ္ခုၾကား အျငင္းပြားၾကတဲ့ ႏြား႐ိုင္းပိုင္ဆိုင္မႈျပႆနာကို သ႐ုပ္တူ ယွဥ္ၿပိဳင္ခဲ့ၾကရၿပီးေတာ့ ဟန္‌ေဂရီႏိုင္ငံ ကိုယ္စားျပဳဥပေဒေက်ာင္းသားမ်ား အသင္းက အႏိုင္ရရွိခဲ့တာပါ။ ဒီႏွစ္မွာေတာ့ Helian Hyacinth ပန္း တစ္မ်ိဳးရဲ႕ ႏွစ္ႏိုင္ငံၾကားပိုင္ဆိုင္မႈ အျငင္းပြားမႈျပႆနာကို အသြင္တူ သ႐ုပ္ျပယွဥ္ၿပိဳင္ၾကရမွာျဖစ္ပါတယ္။

...................

ဝါရှင်တန်မှာကျင်းပမယ့် နိုင်ငံတကာသရုပ်ပြ တရားခွင်ပြိုင်ပွဲ မြန်မာလူငယ်တွေ ပါဝင်မည်

(Unicode)

နိုင်ငံအချင်းချင်းကြားအငြင်းပွားမှုတွေနဲ့ ပတ်သတ်ပြီးဖြေရှင်းရတဲ့Philip Jessup အပြည်ပြည်ဆိုင်ရာ သရုပ်ပြ တရားခွင် ပြိုင်ပွဲကို လာမယ့် ဧပြီလအတွင်း ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ အခါ ဒုတိယ အကြိမ်အဖြစ်မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖိုအတွက့် မန္တလေးတက္ကသိုလ် ဥပဒေပညာကျောင်းသားအသင်းကို ရွေးချယ်လိုက်ပါပြီ။ ICJ နိုင်ငံတကာတရားရုံးရဲ့ အသွင်အတိုင်း အင်္ဂါနေ့ ရန်ကုန်အမေရိကန်စင်တာမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သရုပ်ပြတရားခွင် ပြိုင်ပွဲအကြောင်း ကိုစည်သူပြောပြပေးမှာပါ။

နိုင်ငံတကာက ဥပဒေပညာကျောင်းသားတွေနဲ့ ယှဉ်ပြိုင်ရမယ့် သရုပ်ပြတရားခွင် ပြိုင်ပွဲအတွက်ပြည်တွင်းတက္ကသိုလ် ၇ ခု ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မကွေးတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနတွေက ကျောင်းသားတွေယှဉ်ပြိုင်ခဲ့ကြရာမှာ မန္တလေးတက္ကသိုလ်အသင်းက အနိုင်ရခဲ့တာပါ။

“ညီမတို့အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုဖို့အတွက် အများကြီးကြိုးစားရဦးမှာပါ။ ဒီအခြေအနေ ထိရောက်လာတယ်ဆိုတာလည်းကြိုးစားလို့ပါ။ ဒါပေမယ့် ဒီထက်ကို အများကြီးကြိုးစားမှာပါ၊ ဘာလို့လဲဆို နိုင်ငံ့ကိုယ်စားပြုအနေနဲ့သွားရမှာဆိုတော့ ညီမတို့ကတိပေးပါတယ် အများကြီးကြိုးစားပြီးသွားပြိုင်ပါ့မယ်လို့”

၂၀၁၉ ခုနှစ်က မြန်မာကိုယ်စားပြု ကိုယ်တိုင်သွားရောက် ယှဉ်ပြိုင်ခဲ့သူ အာရှ ဥပဒေ ကျောင်းသား ကျောင်းသူများ အသင်း (မြန်မာ) ရဲ့ ဒုတိယဥက္ကဌ လည်းဖြစ် မြန်မာနိုင်ငံပြိုင်ပွဲရဲ့ ကြီးကြပ်သူလည်း ဖြစ်တဲ့ မရွှေရည်သန်းထိုက်ဝင်းက အခုလို နိုင်ငံတကာသရုပ်ပြ တရားခွင်ပြိုင်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

“ဒီနှစ်ဆက်လုပ်ဖြစ်ခဲ့တာကတော့ အဓိကကတော့ international law နဲ့ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံမှာ knowledge ပိုင်းက အရမ်းနည်းတယ် ပြီးတော့ ICJ မှာ အခုလိုမျိုး လတ်တလောဖြစ်နေတဲ့ကိစ္စရပ်တွေလိုမျိုး ပြဿနာဖြစ်လာတဲ့အခါမှာလည်း တကယ့်တကယ် နိုင်ငံဖက်ကနေပြီးတော့ ရပ်တည်ပေးမယ့် Lawyer တွေရှားပါးတယ် ပေါ့နော် အခုဒီကျောင်းသားကျောင်းသူတွေထဲကနေ International Lawyers တွေထပ်ထွက်လာဖို့အတွက် ဒီနှစ်ပွဲကို ထပ်လုပ်ဖြစ်တာပေါ့နော်”

ပထမအကြိမ်တုန်းက ပြည်တွင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အသင်းက သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဒီနှစ်မှာ ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်တွေကို မနှစ်ကထက် ပိုကောင်းအောင် စီစဉ်ထားတယ်လို့ ၂၀၁၉ မှာ သွားရောက်ယှဉ်ပြိင်ခဲ့တဲ့ အာရှ ဥပဒေ ကျောင်းသား ကျောင်းသူများ အသင်း (မြန်မာ) ဥက္ကဌ ကိုဇေယျာနိုင်က ပြောပါတယ်။

“အရင်နှစ်ကဆိုလို့ရှိရင် အဖွဲ့ဝင်က ၄ ဖွဲ့ပဲရှိတယ် Training Session တွေကလည်း ပြိုင်ပွဲမပြိုင်မီ ၁ လအလိုလောက်မှရရှိခဲ့တယ်ပေါ့နော် ဒီနှစ်ကျတော့ ၃ လအလိုလောက်ကတည်းက အပတ်တိုင်းနီးပါးလောက် အမေရိကန်စင်တာမှာ ကျင်းပပြီးပေးခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေ ၊ စကားပြောစွမ်းရည် ၊ လျှောက်လွှဲချက်တွေကို ရေးသားတဲ့ စွမ်းရည် အကုန်လုံးကို ထိထိရောက်ရောက်နဲ့ သေချာ ပေးခဲ့တာကြောင့်မို့ သူတို့ သေချာလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”

အမေရိကန်စင်တာက သရုပ်ပြတရားခွင်ပြိုင်ပွဲမှာ အမေရိကန်သံရုံး ဥပဒေအကြံပေးအဖွဲ့နဲ့ နိုင်ငံတကာက အပြည်ပြည်ဆိုင်ရာဥပဒေ ကျွမ်းကျင်သူတွေလာရောက် အကဲဖြတ် ကူညီပေးခဲ့ကြတာပါ။

အပြည်ပြည်ဆိုင်ရာ သရုပ်ပြတရားခွင် ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်စေတာဟာ မြန်မာဥပဒေ ကျောင်းသားတွေအတွက် သာမက မြန်မာနိုင်ငံအတွက်ပါ အကျိုးရှိစေမယ်လို့ ပြိုင်ပွဲဝင်ကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ဒေါက်တာမြင့်ဇံက ပြောပါတယ်။

“အများကြီးအကျိုးရှိပါတယ် သူတို့ အမေရိကန်မရောက်ဖူးဘူး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ပတ်သတ်ပြီး exposure ရှိတယ်။ အခုလည်း မြန်မာက အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ပတ်သတ်နေတယ် သိတဲ့အတိုင်းပဲ ။ အဲဒီတော့ ဒါဟာ အများကြီးအကျိုးရှိတဲ့ကြောင့်မို့လို့ သူတို့အတွက်လည်း ဂုဏ်ယူပါတယ် ပြိုင်တဲ့သူတွေအားလုံးကိုလည်း ချီးကျူးပါတယ်။ အထူးသဖြင့် မန္တလေးအသင်း ကျွန်တော်လည်း သင်ပေးခဲ့တာပေါ့လေ ဂုဏ်ယူကြောင်းပြောလိုပါတယ်”

အပြည်ပြည်ဆိုင်ရာ သရုပ်ပြ တရားခွင် ပြိုင်ပွဲ (Philip C. Jessup International Law Moot Court Competition) ကို ၁၉၅၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပြီး မနှစ်က ဧပြီလကမှမြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကအမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပထမဆုံး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

မနှစ်ကပြိုင်ပွဲမှာတော့ နိုင်ငံနှစ်ခုကြား အငြင်းပွားကြတဲ့ နွားရိုင်းပိုင်ဆိုင်မှုပြဿနာကို သရုပ်တူ ယှဉ်ပြိုင်ခဲ့ကြရပြီးတော့ ဟန်‌ဂေရီနိုင်ငံ ကိုယ်စားပြုဥပဒေကျောင်းသားများ အသင်းက အနိုင်ရရှိခဲ့တာပါ။ ဒီနှစ်မှာတော့ Helian Hyacinth ပန်း တစ်မျိုးရဲ့ နှစ်နိုင်ငံကြားပိုင်ဆိုင်မှု အငြင်းပွားမှုပြဿနာကို အသွင်တူ သရုပ်ပြယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

ကိုစည္သူ/ VOA (Burmese)
https://burmese.voanews.com
၀ါရွင္တန္မွာက်င္းပမယ့္ ႏုိင္ငံတကာသရုပ္ျပ တရားခြင္ၿပိဳင္ပြဲ ျမန္မာလူငယ္ေတြ ပါ၀င္မည္ ၀ါရွင္တန္မွာက်င္းပမယ့္ ႏုိင္ငံတကာသရုပ္ျပ တရားခြင္ၿပိဳင္ပြဲ ျမန္မာလူငယ္ေတြ ပါ၀င္မည္ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.